Written By Heart

Written By Heart I can peace.

03/02/2022
အိပ်သာ အိပ်ခဲ့ရပြီးတ‌စ်မှေးမျှ မပျော်ခဲ့ရတဲ့ညတွေလိုအမှောင်ရောက်လို့သာခေါင်းချခဲ့ရပေမယ့်မပျော်ဘဲနေရမယ့် ဘ၀တွေပြန်မရောက်ချ...
07/02/2021

အိပ်သာ အိပ်ခဲ့ရပြီး
တ‌စ်မှေးမျှ မပျော်ခဲ့ရတဲ့ညတွေလို

အမှောင်ရောက်လို့သာ
ခေါင်းချခဲ့ရပေမယ့်
မပျော်ဘဲနေရမယ့် ဘ၀တွေပြန်မရောက်ချင်ဘူး

အရှင်နေမင်း ပြန်လင်းလတ်လို့
နေ့သစ်ဆီသို့
အမြန်ဆုံးရောက်နိုင်ပါစေ🙏🙏🙏

08/12/2020

အချစ်က ကျွန်တော်နဲ့မဆိုင်ခဲ့သလို

ကျွန်တော်နဲ့ သက်ဆိုင်ခဲ့သူကလည်း
အချစ်မဖြစ်ခဲ့ဘူးဗျာ... 😥...

30/11/2020

နိဗ္ဗာန်လား ငရဲလား???

သေဆုံးနေပြီလား ရှင်သန်နေသေးလား???

အတိတ်လား အနာဂါတ်လား ???

ငါတကယ်မသိတော့ဘူး😥😥😥

မနက်ဖြန်မှာ ဘာထပ်လိုချင်လဲ မေးရင်

ဘာမှ မလိုချင်တော့ဘူး တကယ်ပါ

စွန့်လွှတ်လိုက်ခြင်းထက် မမီတော့တာဆိုပိုမှန်မယ်

မဖြစ်နိုင်တော့ခြင်း‌‌တွေဆိုတာ ဘာလဲ
ငါ့နဲ့လာယှဉ်ပါလား 😥😥😥

မပျော်ရခြင်းတွေဆိုတာ ဘာလဲ
ငါနဲ့လာယှဉ်ပါလား😥😥😥

အထီးကျန်ခြင်းတွေဆိုတာ ဘာလဲ
ငါနဲ့လာယှဉ်ပါလား😥😥😥

ဆုံးရှုံးလိုက်ရခြင်း‌တွေဆိုတာ ဘာလဲ
ငါနဲ့လာယှဉ်ပါလား😥😥😥

သောကဆိုတာ ဘာလဲ
ငါနဲ့လာယှဉ်ပါလား😥😥😥

ဆိုးရွားလှပါတယ်ဆိုတဲ့ လောကဓံရှိသေးလား
လာခဲ့ပါ ငါ့ဆီကိုပဲ ငါအဖော်မရှိလို့ပါ 😥😥😥

20/05/2020

တစ်ခါတလေကျ... ...

ချုပ်မရ တည်းမရတဲ့ ခံစားချက်တွေနဲ့ ... ...

အရူးမီးဝိုင်းနေသလိုပဲ

ဒါတွေသူမသိဘူး ...😢....

မင်းအကြင်နာ နဲ့ ကင်းကွာနေလို့ မရတဲ့ ကိုယ်ပါ..
22/04/2020

မင်းအကြင်နာ နဲ့ ကင်းကွာနေလို့ မရတဲ့ ကိုယ်ပါ..

ကိုယ့်အရုပ်ကသာ အကျည်းတန်တာပတ်၀န်းကျင်အလှတရားတွေကျ သိပ်မြတ်နိုးတတ်တယ်...ဥပမာ ...ပန်းပွင့်လေးတွေကို နမ်းခြူမိတာမျိုး😘😘မင်း...
22/04/2020

ကိုယ့်အရုပ်ကသာ အကျည်းတန်တာ

ပတ်၀န်းကျင်အလှတရားတွေကျ သိပ်မြတ်နိုးတတ်တယ်...

ဥပမာ ...
ပန်းပွင့်လေးတွေကို နမ်းခြူမိတာမျိုး😘😘
မင်းကို လှမ်းလို့ ချစ်မိတာမျိုး...😘....

အစိုးမရတဲ့ ဥယျာဉ်မှူးပေမယ့် ရင်မှ ဖူးတဲ့ပန်းမို့လေရူးလေးတွေတောင်မတိုးဝေ့စေချင်ဘူး ... ..
20/04/2020

အစိုးမရတဲ့ ဥယျာဉ်မှူးပေမယ့်

ရင်မှ ဖူးတဲ့ပန်းမို့

လေရူးလေးတွေတောင်

မတိုးဝေ့စေချင်ဘူး ... ..

20/04/2020

လွမ်း ရ တဲ့ နာ ရီ တွေ က

မင်း မ ရှိ တဲ့ တိုင်း ပြည် လို ပဲ

ရင် ထဲ မှာ ဗ လောင် ဆူ လို့

အ စိုး ရ တယ် မ ရှိ ဘူး ... ..

17/04/2020

နှစ်ဟောင်းကနေ နှစ်သစ်ထိ
စွဲငြိရတဲ့.... မင်းအပြုံး
မင်းရယ်သံ
မင်းအာရုံ တွေကို....
ဘ၀ဟောင်းကနေ ဘ၀သစ်ကူးသည်ထိ...
ထုပ်ပိုးလို့သယ်သွားပါရစေ ... ..

သူ နဲ့ ကိုယ် သင်္ကြန်ခင်းဖို့သိကြားမင်းရယ် ဆင်းလှည့်ပါ...သူ့ဆံကေသာမှာ ပန်ဆင်ပေးဖို့ရွှေအိုပိတောက်ရယ် ပွင့်လှည့်ပါ....လော...
12/04/2020

သူ နဲ့ ကိုယ် သင်္ကြန်ခင်းဖို့
သိကြားမင်းရယ် ဆင်းလှည့်ပါ...

သူ့ဆံကေသာမှာ ပန်ဆင်ပေးဖို့
ရွှေအိုပိတောက်ရယ် ပွင့်လှည့်ပါ....

လောကမှ သောကအပူတွေပြေအေးဖို့
သင်္ကြန်မိုးရယ် ရွာသွန်းလှည့်ပါ ....

မနှစ်သက်လို့ မဟုတ်ပါဘူးချစ်ရသော မင်း ပျော်ရွှင်ဖို့လွတ်လပ်ခွင့်လေး ပေးလိုက်တာပါ ....မတွယ်တာလို့မဟုတ်ပါဘူးကြင်နာရသော ရင်ခ...
17/11/2019

မနှစ်သက်လို့ မဟုတ်ပါဘူး
ချစ်ရသော မင်း ပျော်ရွှင်ဖို့
လွတ်လပ်ခွင့်လေး ပေးလိုက်တာပါ ....

မတွယ်တာလို့မဟုတ်ပါဘူး
ကြင်နာရသော ရင်ခွင်မှာ
အနာတရ များနဲ့ ကျန်နေရစ်သူပါ ....

အချစ်ဖြင့် စ၍
အချစ်ဖြင့်သာ ဆုံးခဲ့သောဇာတ်လမ်းပါ
ငါ မင်းကို
အိမ်မက်တစ်ချို့မှာတောင် မမုန်းရက်ခဲ့ပါဘူး .....

Address

Pyawbwe

Website

Alerts

Be the first to know and let us send you an email when Written By Heart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Written By Heart:

Share