Khan Hte

Khan Hte Online Shopping

26/04/2023

Transform NPKစိုက်ပျိုးရေးသုံး ရွက်ဖျန်းအား‌ဆေးရဲ့အစွမ်း

NPK

📞09456148263

Sunset🥰🥰♥️
26/04/2023

Sunset🥰🥰♥️

Transform 4T သုံးစွဲခြင်းကြောင့်ရရှိလာမယ့်အကျိုးကျေးဇူးများ👑 မြေရဲ့ချဉ်ငန်ဓာတ်တွေညီညွတ်မျှတလာပီးစိုက်ပျိုးရန်သင့်တော်တဲ့...
07/04/2023

Transform 4T သုံးစွဲခြင်းကြောင့်ရရှိလာမယ့်အကျိုးကျေးဇူးများ

👑 မြေရဲ့ချဉ်ငန်ဓာတ်တွေညီညွတ်မျှတလာပီးစိုက်ပျိုးရန်သင့်တော်တဲ့မြေကိုရရှိနိုင်ခြင်း

👑 အပင်အတွက်လိုအပ်တဲ့အဟာရများကိုသိုလှောင်ထားပီးအပင်ရဲ့အမြစ်ဆီသို့ပို့ဆောင်ပေးခြင်း

👑 အပင်ရဲ့မြစ်ပွားလေးတွေတိုးပွားစေတာကြောင့်အစာအဟာရကိုပိုပိုစားသုံးနိုင်၍အပင်ကြီးထွားစေခြင်း

👑 ရာသီဥတုနဲ့ရောဂါပိုးများဒဏ်ကိုအပင်မှခံနိုင်ရည်ရှိခြင်း

👑 အကိုင်းဖြာမှုအားကောင်းပီးအပွင့်များလှိုင်လှိုင်ပွင့်ခြင်း

👑 ပွင့်သမျှအပွင့်တိုင်းကအသီးတင်ပီးအစေ့ဆန်အောင်ခြင်း

👑 သီးနှံများ၏အလေးချိန်တိုးခြင်းကြောင့် ဝင်ငွေပိုရခြင်း

👑 ကုန်ကျစရိတ်သက်သာပီးအထွက်တိုးခြင်း

👑 သဘာဝကုန်ကြမ်းများနဲ့ထုတ်လုပ်ထားတာကြောင့် သုံးစွဲသူတောင်သူများနဲ့စားသုံးသူတို့အတွက် ဘေးထွက်ဆိုးကျိုးမရှိခြင်းစတဲ့အကျိုးကျေးဇူးတွေရှိစေမှာဖြစ်ပါတယ်ရှင့်

ဆက်သွယ်မေးမြန်းမှာယူသုံးစွဲရမယ့်
📲09-456148263

🤝 အတူလက်တွဲလူပ်ကိုင်ဖို့အတွက်ကိုယ်စားလှယ်များကိုလည်းဖိတ်ခေါ်ပါတယ်🤝

တစ်နှစ်တာ လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ (Guide Line)1 ကိုင်းဖြတ်ပြုပြင်ထိန်းသိမ်းခြင်းအသီးခူးစွတ်ပြီး တစ်လအတွင်းမှာ ကိုင...
05/04/2023

တစ်နှစ်တာ လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ (Guide Line)

1 ကိုင်းဖြတ်ပြုပြင်ထိန်းသိမ်းခြင်း

အသီးခူးစွတ်ပြီး တစ်လအတွင်းမှာ ကိုင်းဖြတ်ပြုပြင်ထိန်းသိမ်းခြင်းကို လုပ်ဆောင်ရပါမည်။ သရက်ပင်သည် နှစ်ရှည်ပင်ဖြစ်သည့်အတွက် နှစ်စဉ်ပြုပြင်ထိန်းသိမ်းမှသာ အရည်အသွေးကောင်းမွန်သော သရက်သီးများထုတ်လုပ်နိုင်မည့်အပြင် ဆေးဖျန်းခြင်း ပေါင်းမြက်ရှင်းခြင်း အိတ်စွတ်ခြင်း အသီးခူးခြင်း လုပ်ငန်းများ သက်သာလွယ်ကူစေမှာ ဖြစ်ပါသည်။

ကိုင်းဖြတ်ပြုပြင်ရာတွင် မိမိစိုက်ပျိုးသည့် နေရာဒေသ၊ ရာသီဥတု ၊ ပင်ကြားတန်းကြား အကွာအဝေးနှင့် သင့်လျော်သည့် လုပ်ဆောင်မှုပုံစံကို ပြုလုပ်ရပါမည်။ မိုးများသောဒေသများတွင် မိုးကောင်းသောအချိန်မှာ ကိုင်းဖြတ်ပြုပြင်ခြင်းကို မပြုလုပ်သင့်သေးပါ။

မိုးနည်းသည့် အချိန်မှသာ လုပ်ဆောင်ရပါမည်။ မိုးများသောဒေသများတွင် ကိုင်းဖြတ်ပြီးချိန်မှာ မိုးရေကြောင့် မှိုရောဂါဝင်ခြင်းမှ ကာကွယ်ရန် ကျပ်လုံးအရွယ်ထက်ကြီးသော ဖြတ်ထားသည့်ကိုင်းထိပ်များကို သင်္ဘောဆေး သုတ်ပေးရပါမည်။

2 အစာကျွေးခြင်း(အပင်အားပြန်လည်အားဖြည့်ခြင်း)

ပန်းဖူးချိန် အသီးကြီးထွားချိန်များမှ ထုတ်ယူသုံးစွဲလိုက်သည့်အားအင်များ ပြန်လည်ပြည့်ဝလာစေရန် အပင်အားပြန်လည်အားဖြည့်ခြင်း လုပ်ဆောင်ရပါမည်။ အားအင်ပြည့်ဝမှသာ နောက်လာမည့်နှစ်မှာလည်း အသီးကောင်းစွာ သီးပါမည်။

သရက်ပင်သည် ပန်းဖူးချိန်၊ အသီးကြီးထွားချိန်များတွင် နိုက်ထရိုဂျင်ဓာတ်ကို အများအပြားထုတ်ယူသုံးစွဲထားပါသောကြောင့် ယခုအစာကျွေးမည့်အချိန်တွင် နိုက်ထရိုဂျင်ဓာတ်ကို ပိုမိုအားဖြည့်ရပါမည်။ နွားချေး ၊ကြက်ချေး ကျွေးခြင်း၊

ဘိုကာချီမြေသြဇာကျွေးခြင်း၊ 3:1:1အချိုးဖြင့်ဓာတ်မြေသြဇာကျွေးခြင်း မိမိလုပ်ဆောင်နိုင်သည့်တစ်ခုခုကို အပင်သက်တမ်းအလိုက် ချိန်ဆကျွေးရပါမည်။ အစာကျွေးချိန်တွင် ရေဝအောင်တိုက်ပါ။

3 ပိုးမွှားရောဂါထိန်းသိမ်းကာကွယ်ခြင်း

ရွက်နု ၃ လက်မအရွယ်တွင် ရွက်နုအား ပိုးကိုက်စုပ်စားခြင်းမှ ကာကွယ်ရန် ထိသေစားသေအာနိသင်ရှိ ပိုးသတ်ဆေးတစ်မျိုးကို ပင်စည်ကိုပါ ထိရောက်အောင် ဖျန်းရပါမည်။

ထို့နောက် ၃ ရက်အကြာတွင် ပင်လုံးပြန့်အာနိသင်ရှိ မှိုသတ်ဆေးတစ်မျိုးကိုလည်း ပင်စည်ကိုပါ ထိရောက်အောင်ဖျန်းရပါမည်။ ထို့နောက် ၁၀ ရက်တွင် ပင်လုံးပြန့်အာနိသင်ရှိ ပိုးသတ်ဆေးဖျန်းရပါမည်။

ပထမ ရွက်နုကို ဂရုစိုက်ခြင်းသည် သီးကိုင်းမွေးမည့် ရွက်နုများအား ဂရုစိုက်ခြင်း၊ ပင်စည်ထိုးပိုး ကိုင်းထိုးပိုးများသည် ၇-၈လပိုင်းတွင် အပင်ပေါ်တက်ပြီး ဥဥတတ်သဖြင့် ကာကွယ်ခြင်း ၊ အခေါက်များအတွင်းရှိ ခိုအောင်းနေသော မှိုရောဂါများအား နှိမ်နင်းရှင်းလင်းခြင်း ဖြစ်ပါသည်။

(ဖြစ်နိုင်လျှင် ပထမရွက်နုအား ညီညာစွာထွက်အောင် အရွက်ထုတ်ခြင်းပြုလုပ်နိုင်လျှင် ပိုကောင်းပါသည် ။ အဘယ့်ကြောင့်ဆိုသော် ပထမရွက်နု ညီညာစွာ ထွက်ခြင်းသည် ပန်းဖူးချိန်မှာလည်း အဖူးများညီညာစွာ ထွက်ခြင်းနှင့် သက်ဆိုင်နေသောကြောင့် ဖြစ်ပါသည်။

ပင်စည်ထိုးပိုး၊ ကိုင်းထိုးပိုးများသည် ထိုအချိန်တွင် မြေကြီးထဲမှ ထွက်၍ အပင်ပေါ်မှာ ဥဥတတ်သဖြင့် ပင်စည်ထိုးပိုး ကိုင်းထိုးပိုးများ၏ ဖျက်ဆီးမှုအား ကာကွယ်မှုပြုလုပ်ခြင်းဖြစ်ပါသည်။

မှိုစပိုးများသည်လည်း အိုက်ထွေးသောအချိန်များတွင် အခေါက်များကြား၌ ခိုအောင်းနေပါတယ် ။ နောင်တချိန် စိုစွတ်အိုက်ထွေးသောအချိန်များတွင် မှိုစပိုးများ၏ ဖျက်ဆီးနှောင့်ယှက်မှု ကို ကာကွယ်ရန် ရွက်နုထွက်ချိန်မှာ ပင်စည်ကိုပါ ထိရောက်စွာ ဖျန်းပြီး စောစောစီးစီးနှိမ်နင်းစေပါတယ်။

ရွက်နုထွက်ချိန်တိုင်းတွင် ထိုကဲ့သို့ ဂရုစိုက်လုပ်ဆောင်ရပါမည်။ အပင်ဟုန်သောခြံ (သို့မဟုတ်)မိုးများသော ဒေသများတွင် pbz အသုံးပြုသင့်ပါသည်)

4 အပင်အားဖြည့်ခြင်းနှင့် ပိုးမွှားရောဂါ ကာကွယ်ခြင်း

ရွက်ဖျန်းမြေသြဇာများဖြင့် ထပ်မံအားဖြည့်ခြင်းဖြစ်ပါသည်။ (သီးကိုင်းများများမွေးရန် လိုအပ်သောခြံများအနေဖြင့် ယူရီးယား ၄ ဇွန်း+ဘိုရွန်(လက်ချား) ၁ ဇွန်းနှူန်းဖြင့် အညွန့်များ ပွားများနိုင်ပါသည်။) ငါးအမိုင်နိုပြုလုပ်၍ အပင်အားဖြည့်ပါ။

ငါးအမိုင်နိုသည် အကုန်အကျနည်းနည်းဖြင့် ပြုလုပ်ရလွယ်ကူသလို နိုက်ထရိုဂျင်ဓာတ် များစွာပါဝင်သဖြင့် အပင်အားဖြည့်ရာမှာ ထိထိရောက်ရောက် အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

ငါးအမိုင်နိုနှင့် ဆားခါး(မဂွနီစီယမ်ဆာလ်ဖိတ်) တွဲဖက်အသုံးပြုခြင်းသည် အပင်၏အရွက်များအား ပိုမိုစိမ်းစိုသန်မာနေမည်ဖြစ်ပါသည်။ လိုင်းဆာလ်ဖာပြုလုပ်၍ ပိုးမွှားရောဂါ ကာကွယ်ပါ။

လိုင်းဆာလ်ဖာသည်လည်း အကုန်အကျနည်းနည်းဖြင့် ပြုလုပ်ရလွယ်ကူသလို ပိုးမွှားရောဂါများအား များစွာအထောက်အကူပြု ကာကွယ်နှိမ်နင်းနိုင်မည် ဖြစ်ပါသည်။ လိုင်းဆာလ်ဖာသည် မှိုရောဂါများအား အတန်အသင့်နိုင်သည့်အပြင် အပင်ကိုလည်း အားဖြစ်စေပါသည်။

လိုင်းဆာလ်ဖာတွင် ပါဝင်သော ဆာလ်ဖာကြောင့် ပိုးကိုလည်း အတန်အသင့်ထိန်းနိုင်ပါသည်။ လိုင်းဆာလ်ဖာသည် အပင်ကိုလည်းအားဖြစ်၊ မှိုရောဂါကိုလည်း အတန်အသင့်နှိမ်နင်းနိုင်၊ ပိုးကိုလည်း အတန်အသင့်ကာကွယ်သည့်အပြင် ကုန်ကျစရိတ်အနည်းငယ်ဖြင့် ပြုလုပ်ရလွယ်ကူသောကြောင့် ခြံတိုင်းတွင် ပြုလုပ်သုံးစွဲသင့်ပါသည်။

(လိုင်းဆာလ်ဖာကို မည်သည့်ဆေးနှင့်မျှ ရောစပ်မသုံးရ၊ ရွက်နုငယ်ချိန် ပန်းဖူးချိန် အသီးသီးချိန်များတွင် လုံးဝမသုံးရ) အပင်အားဖြည့်ခြင်းနှင့် ပိုးမွှားရောဂါကာကွယ်ခြင်းတွင် ထိုအရာများပြုလုပ်၍ မိမိလိုအပ်သလို ဂရုစိုက်ဆောင်ရွက်ခြင်းဖြင့် ကောင်းမွန်သောအပင်များ ထိန်းသိမ်းလုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

5 မလိုလားအပ်သော ကိုင်းသိမ် ကိုင်းမွှားများ ရှင်းလင်းဖယ်ရှားခြင်း

မိုးနည်းသည့် ကာလ ၉-၁၀ လပိုင်းတွင် ပြုလုပ်ရမည်။ မလိုလားအပ်သော ကိုင်းများအား ရှင်းလင်းခြင်းကြောင့် နေရောင်ခြည်ကို ကောင်းစွာရရှိစေပါမည်။ အပင်ကို အစာချက်နှူန်း မြင့်တက်စေပါမည်။ လေဝင်လေထွက် ကောင်းမွန်စေပါမည်။

ဆေးဖျန်းရာတွင်လည်း ပိုမိုနှံ့စပ်၍ ပိုးမွှားရောဂါကို ထိရောက်စွာ နှိမ်နင်းကာကွယ်နိုင်မည်ဖြစ်ပါသည်။ (ကိုင်းဖြတ်ပြုပြင်ပြီးနောက် မလိုလားအပ်သော ကိုင်းများကိုမရှင်းလင်းလျှင် ကိုင်းဖြတ်ပြုပြင်ခြင်း၏ ကောင်းကျိုးများကို ကောင်းစွာရရှိစေမည်မဟုတ်ပါ)

6 ပန်းဖူးခြင်းအတွက် အားဖြည့်ဆောင်ရွက်ခြင်း

1:3:1အချိုး (သို့မဟုတ်) 1:3:3အချိုးဖြင့် ဓာတ်မြေသြဇာ ကျွေး ရေဝအောင်တိုက်ရပါမည်။ အပင်ဖြစ်ထွန်းမှုအား လျော့ချ၍ အဖူးထွက်သေချာအောင် လုပ်ဆောင်ကြိုးစားရပါမည်။

0:52:34 0.5%ဖျန်းခြင်း အီသလင်းအသုံးပြုပြီး ပန်းဖူးစေရန် လှုံ့ဆော်ခြင်းနှင့် တခြားအားဖြည့်ခြင်းများကို လုံလောက်စွာ ပြုလုပ်ရပါမည်။

7 ရေဖြတ်ခြင်း

ပန်းမဖူးခင် ၂ လအလိုမှာ ရေဖြတ်တောက်ရပါမည်။ အကယ်၍ ထိုအချိန်တွင် မိုးများလာပါက အခေါက်ရစ်ခြင်း ၊ ဓာထစ်ခြင်း ၊ အမြစ်ဖြတ်ခြင်း တစ်ခုခုပြုလုပ်ထိန်းသိင့်ပါသည်။

8 အဖူးထုတ်ခြင်း

ပုရစ်ဖူးလေးတွေ နိုးလာပြီ အဖူးထွက်တော့မှာ သေချာတော့မည်ဟု ယူဆရချိန်တွင် အဖူးထုတ်ခြင်းအား ပြုလုပ်ရပါမည် ။ အဖူးထုတ်ရာတွင် kno 3 (13:046)ကို 2%အသုံးပြု၍သော်၎င်း သိုင်အိုယူရီးယား 0.5%အသုံးပြု၍ ထိသေစားသေ အာနိသင်ရှိ ပိုးသတ်ဆေး နှင့်တွဲ၍ အဖူးထုတ်ခြင်းကို ပြုလုပ်ပါ ။

ပန်းဖူး ၃ လက်မခန့်အရွယ်မှာ ထိသေစားသေပိုးသတ်ဆေး တစ်ကြိမ်ဖျန်းပါ ။ ပိုးသတ်ဆေးဖျန်းပြီး ၃ရက်အကြာတွင် ထိသေစားသေမှိုသတ်ဆေး တစ်ကြိမ်ဖျန်းပါ ။ ပန်းဖူး တစ်မိုက်တစ်ထွာ အရွယ်တွင် ပင်လုံးပြန့်ပိုးသတ်ဆေး တစ်ကြိမ်ဖျန်းပါ ။

၃ ရက်အကြာတွင် ပင်လုံးပြန့်မှိုသတ်ဆေး တစ်ကြိမ်ဖျန်းပါ ။ အခြေအနေအရ ထပ်မံလိုအပ်ပါက ထပ်ဖျန်းပါ။ (မိမိစိုက်ပျိုးသည့် ဒေသ၏ ရေလိုအပ်ချက်အပေါ် မူတည်ပြီး အဖူးထုတ်ခါနီးမှာ ရေပေးသွင်းသင့်လျှင် ပေးသွင်းရပါမည်။)

9 ဝတ်မှုန်ကူးအားကောင်းအောင် အားဖြည့်ခြင်းနှင့် ပိုးမွှားရောဂါ ကာကွယ်ခြင်း

ပန်းပွင့်ခါနီးမှာ တစ်ကြိမ် ပန်းပွင့်ပြီးချိန်မှာ တစ်ကြိမ် ဆောင်ရွက်ရပါမည်။ ငါးအမိုင်နိုနှင့် ဆားခါး၊ ဝတ်မှုန်ကူးအားကောင်းစေသော ဟော်မုန်းဆေး ၊ CaB(ကယ်လစီယမ်း+ဘိုရွန်) ထိုအထဲမှ မိမိသုံးနိုင်သည့်ဆေးများနှင့် ပိုးသတ်ဆေး တွဲ၍သုံးပါ။

၃ရက်အကြာတွင် မှိုသတ်ဆေး တစ်ကြိမ်သုံးပါ။ ထိုကဲ့သို့ကို ပန်းပွင့်ခါနီးမှာ တစ်ကြိမ် ပန်းပွင့်ပြီးချိန်မှာ တစ်ကြိမ် လုပ်ဆောင်ပါက ပိုးမှိုကင်းစင်ပြီး အရည်အသွေးကောင်းသော သရက်သီးများစွာ ပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။ ပိုးမွှားရောဂါ မကင်းစင်သေးပါက ပိုးသတ်ဆေး၊ မှိုသတ်ဆေး ထပ်မံအသုံးပြုပါ။

10 ရေသွင်းအစာကျွေးခြင်း

အသီးတင်ပြီးနောက် မရမ်းသီးခန့်အရွယ် အသီးကြီးထွားမှု အားကောင်းသောအရွယ်တွင် 3:1:3အချိုး ဓာတ်မြေသြဇာ ကျွေးပါ။ ရေဝအောင်တိုက်ပါ။ ရေလိုအပ်ချက်ရှိပါက ရေထပ်မံတိုက်ပါ။

11 အိတ်စွတ်ခြင်း

အသီးကြက်ဥခန့်အရွယ်တွင် အိတ်စွတ်ခြင်းကို ပြုလုပ်ရပါမည် ။ အိတ်စွတ်ခါနီးတွင် ပင်လုံးပြန့်မှိုသတ်ဆေးဖျန်းပြီး အိတ်စွတ်ပါ။ အိတ်ကို လုံခြုံမြဲမြံအောင် စွတ်ပါ။

(အအေးပိုင်းဒေသများတွင် အိတ်စွတ်ပြီးချိန်မှ အသီးအခွံကိုခြစ်ကိုက်စားပြီး အသီးကိုမည်းစေသော ပိုးတစ်မျိုးကျရောက်တတ်ပါသည်။ အိတ်စွတ်ပြီး ၁၅-၂၀ရက်ခန့်တွင် အိတ်တချို့ ဖြည်ကြည့်စစ်ဆေးပြီး ကျရောက်မှုတွေ့ပါက ပိုးသတ်ဆေးဖျန်းပါ။)

12 အသီးခူးစွတ်တင်ပို့ရောင်းချခြင်း

အကြောတင်း ပုခုံးသားကြွတက်လာပြီး ကောင်းစွာရင့်မှည့်လာပြီဆိုလျှင် ဈေးကွက်အတွင်းသို့ အရည်အသွေးကောင်းသရက်သီးများ တင်ပို့ရောင်းချနိုင်ပြီ ဖြစ်ပါသည်ခင်ဗျာ

(ပေါင်းရှင်းခြင်း ၊ ရေတိုက်ခြင်းများကို မိမိဘာသာ လိုအပ်မည်ထင်သလို လုပ်ဆောင်ပါ)

Credit- Ayl Mango Gipsy

Photo Credit

မြန်မာပြည်ရဲ့ လက်ရှိအခြေအနေ🥲
05/04/2023

မြန်မာပြည်ရဲ့ လက်ရှိအခြေအနေ🥲

အပင်စိုက်ပြီး NPK လောက်တော့ သိထားသင့်ပါတယ်။N.P.K. အကြောင်း သိကောင်းစရာ-မြန်မာစိုက်ပျိုးရေးမှာ   ဘယ်ဒေသမှာမဆို   မိရိုးဖလ...
04/04/2023

အပင်စိုက်ပြီး NPK လောက်တော့ သိထားသင့်ပါတယ်။
N.P.K. အကြောင်း သိကောင်းစရာ

-မြန်မာစိုက်ပျိုးရေးမှာ ဘယ်ဒေသမှာမဆို မိရိုးဖလာ စိုက်ပျိုးသူက များပါတယ် ။

လိုအပ်ရင် မြေသြဇာ အလွယ်တကူ ဝယ်ပြီးသုံးတာကများပါတယ်။

မြေသြဇာကျွေးတော့ကျွေးတယ် ဘယ်အချိန် ဘယ်လိုမြေသြဇာ သုံးရမယ်ဆိုတာ သေချာမသိကြတာက ပြသနာပါ

အဲဒီပြသနာ ဖြေရှင်းနိုင်ရင် စိုက်ပျိုးရေးမှာ ၅၀%အောင်မြင်ဖြစ်ထွန်းနိုင်မယ်လို့. ယုံကြည်ပါတယ်။

NPK အကြောင်း ပြောကြရအောင်ပါ ...

NPK ဆိုတာ

၁၊နိုက်ထရိုဂျင်၂၊ ဖော့စဖရက် ၃၊ ပိုတတ်ဆီယမ်
ဆိုပြီး ၃ မျိုးရှိပါတယ်
N. ဆိုတာက နိုက်ထရိုဂျင်ပါ

နိုက်ထိုဂျင်က ပင်စည် ၊ အကိုင်းအခက်၊
အရွက်နဲ့ အညွန့် တို့ကို အားပေးတဲ့ ပရိုတိန်းဓာတ်ကို ဖြစ်စေပါတယ်၊

အင်ဇိုင်းဓာတ်ကိုလည်းဖြစ်ပေါ် စေပါတယ်၊

အပင်အရွက်တွေက နေရောင်ရရှိမှုကို ပိုမိုချက်လုပ်နိုင်အောင် ဖြည့်စည်းပေးပါတယ်။

၂။ P. ဆိုတာကတော့ ဖော့စဖရက်ပါ

ဖော့စဖရက် ကတော့ အပွင့် ၊ အသီးနဲ့ အစေ့ကို အားပေးပါတယ်၊ ကဇီဓာတ်ကို အချိုဓာတ် ဖြစ်အောင် ပြောင်းလဲပေးနိုင်ပါတယ်၊

မျိုးရိုးဗီဇကိုလည်း ပိုမိုကောင်းမွန်စေပါတယ်၊

အရောင်းအစင်းကိုလှစေတယ်၊ အပင်အစိတ်အပိုင်း မှာလိုအပ်တဲ့ ဓာတ်တွေကိုပို့ဆောင်ပေးတယ်။

၃။ K.ကတော့ ပိုတက်ဆီယမ်ပါ

ပိုတတ်ဆီယမ်က အမြစ်ကိုအားပေးတယ် ၊ အချိုဓာတ်ကိုဖြစ်ပေါ်စေတယ်၊

အသီးကိုအချိုဓာတ်ရအောင်ပို့ဆောင်ပေးတယ်၊

အလေးချိန်ကိုစီးစေတယ်၊ အရွပ်တွေကို နိုက်ထရိုဂျင်ဓာတ်ပိုပြီးစုပ်နိုင်အောင် လုပ်ဆောင်ပေးတယ်။

သီးပင်စားပင်နှင့်နှစ်ရှည်သီးနှံစိုက်ပျိုးရာမှာ ဘယ်လို

အပင် ဘယ်လိုအချိန် ဘယ်လိုအရွယ်အစားမှာ ဘာမြေသြဇာ သုံးရမယ်ဆိုတာကို

ကွဲကွဲပြာပြား သိနိုင်အောင်တင်ပေးလိုက်ပါတယ်ခင်ဗျ။

16/11/2022

ကိုယ့်တန်ဖိုးမြင့်တင်လို့ရတဲ့နေရာမှာ ပိုပြီး အလုပ်ကြိုးစားပါ

မင်္ဂလာနံနက်ခင်းလေးပါ သူဌေးလောင်းများ နေ့သစ်ကိုအကောင်းဆုံးဖြတ်သန်းနိုင်ကြပါ‌စေ  hte
14/11/2022

မင်္ဂလာနံနက်ခင်းလေးပါ သူဌေးလောင်းများ နေ့သစ်ကိုအကောင်းဆုံးဖြတ်သန်းနိုင်ကြပါ‌စေ

hte

ဘယ်အလုပ်မဆို မိမိကိုယ်တိုင်‌လေ့လာပြီးမှ ဆုံးဖြတ်သင်ယူပါအပေါ်ယံနဲ့မဆုံးဖြတ်လိုက်ပါနဲ့မိမိအတွက် အခွင့်အလမ်းကောင်းပျေက်ဆုံး...
13/11/2022

ဘယ်အလုပ်မဆို မိမိကိုယ်တိုင်‌
လေ့လာပြီးမှ ဆုံးဖြတ်သင်ယူပါ
အပေါ်ယံနဲ့မဆုံးဖြတ်လိုက်ပါနဲ့
မိမိအတွက် အခွင့်အလမ်းကောင်း
ပျေက်ဆုံးသွားပါလိမ့်မယ်

Address

Pin Laung Township, Southern Shan State
Pinlaung
00000

Website

Alerts

Be the first to know and let us send you an email when Khan Hte posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share