Golden Ground

Golden Ground Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Golden Ground, Shopping & retail, Pindaya.

We are Helping Farmers to get direct income and upgrading agricultural ways to sustainable by promoting ORGANIC CROPS and Products around DANU SELF-ADMINISTERED ZONE.

☘️🍿📦 "Hearts Of Wife "  ☘️🍿📦 အတွဲလေး ြဖစ်ပါတယ်... ဒီ   အတွဲလေးမှာတော့ ..☘️☘️.  #ကြက်သွန်ဖြူ ၊  #ကြက်သွန်နီ ၊  #အာလူး ၊  ...
28/01/2021

☘️🍿📦 "Hearts Of Wife " ☘️🍿📦 အတွဲလေး ြဖစ်ပါတယ်... ဒီ အတွဲလေးမှာတော့ ..

☘️☘️. #ကြက်သွန်ဖြူ ၊ #ကြက်သွန်နီ ၊ #အာလူး ၊ #ဖရုံသီး ၊ #ဂေါ်ရခါးသီး ၊ #ခရမ်းချဉ်သီး ၊ #မုန်လာဥနီ ၊ #ဂျူးဖူး ၊ #ဂျူးမြစ် ၊ #ရွှေပဲသီး ၊ #ြငုပ်သီး ၊ #ဂေါ်ဖီထုပ် ၊ #လက်ဖက်နှပ် ၊ #တိုဖူးခေါက် ၊ ၏Tea ၊ #ခေါ ်ပုတ် ၊ #နေကြာစေ့ ၊ #ဂျူးပဲပုတ် ၊ #လက်ဖက်‌ေြခာက် တွေပါ၀င်ပါတယ်........

အားလုံးအမယ်စုံ 19 မျိုး ပါ မိန်းမချစ်စေမယ့်အတွဲ လေးကတော့ $$ 💰💰 33500ကျပ် 💰💰ပါ ...

💰💰 အိမ်ထိရောက်အောင် ပို့ပေးတဲ့ ၀န်ဆောင်မူ့ ပါပါတယ်နော်....❤️❤️

  ရဲ့ 📦📦  🚚🚚 နဲ့အတူလာတဲ့📦📦  🥬🥬🥬🥬Kitchen Green Pack 🥬🥬🥬☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️📦☘️📦 Kitchen Green Package 📦☘️📦📦 📦 ‌အထဲမှာ...
25/01/2021

ရဲ့

📦📦 🚚🚚 နဲ့အတူလာတဲ့📦📦

🥬🥬🥬🥬Kitchen Green Pack 🥬🥬🥬

☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

📦☘️📦 Kitchen Green Package 📦☘️📦

📦 📦 ‌အထဲမှာက .. ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ အာလူး ၊ ဖရုံသီး ၊ ဂေါ ်ရခါးသီး ၊ ခရမ်းချဉ်သီး ၊ မုန်လာဥနီ ၊ ဂျူးဖူး ၊ ဂျူးမြစ် ၊ ရွှေပဲသီး ၊ ြငုပ်သီး ၊ ဂေါ ်ဖီထုပ်

စုစုပေါင်း Organic သီးနှံ ၁၂ မျိုး ကိုမှ
$$ ဈေးက 💰💰 15000 ကျပ်💰💰 ..

Order မှာလိုရပါပြီနော်...
☎️📞📱09784377241

မဂ္လာပါ..☘️☘️  ရဲ့အိမ်‌ေရာက် ပို့ပေးတဲ့ Organic  Package လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်.. #လတ်ဆတ်တဲ့ ဒေသ Organic ဟင်းသီးဟ...
24/01/2021

မဂ္လာပါ..☘️☘️

ရဲ့အိမ်‌ေရာက် ပို့ပေးတဲ့ Organic Package လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်..

#လတ်ဆတ်တဲ့ ဒေသ Organic ဟင်းသီးဟင်းရွက်
တွေကို သင့်တင့်တဲ့ဈေး နဲ့ တစ်စုတစ်စီးတည်း လိုချင်တဲ့ မိတ်‌ေဆွတွေအတွက်....

☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

📦☘️📦 Kitchen Green Package 📦☘️📦

📦 📦 ‌အထဲမှာက .. ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ အာလူး ၊ ဖရုံသီး ၊ ဂေါ ်ရခါးသီး ၊ ခရမ်းချဉ်သီး ၊ မုန်လာဥနီ ၊ ဂျူးဖူး ၊ ဂျူးမြစ် ၊ ရွှေပဲသီး ၊ ြငုပ်သီး ၊ ဂေါ ်ဖီထုပ်

စုစုပေါင်း Organic သီးနှံ ၁၂ မျိုး ကိုမှ
$$ ဈေးက 💰💰 15000 ကျပ်💰💰 ..

နောက်တစ်မျိုးက တော့ #ဒေသကုန်ချောလေးတွေကို စုထားတဲ့
🍿🍟🍿🍟 Party Snack Package 🍿🍟🍿🍟

📦 📦 အထဲမှာက .. ခေါ်ပုတ် ၊ တိုဖူးခေါက် ၊ ဆန်လုံးစီ(ကောက်ညင်းခွက်) ၊ အာလူးကြော် ၊ ဂျူးပဲပုတ်ချပ် ၊ ဖရုံစေ့ ၊ နေကြာစေ့ ၊ လက်ဖက်‌ေြခာက် ၊ ကော်ဖီ ၊ လက်ဖက်နှပ် ၊ Green Tea ....

စုစုပေါင်း 11 မျိုးပါ အတွဲလိုက်ကိုမှ
$$ ဈေးက 💰💰 27500ကျပ် 💰💰..

နောက်ထပ်တစ်မျိုးကတော့ မီးဖိုအတွက်ရော အချိုပွဲ အတွက်ပါ အဆင်သင့်ဖြစ်စေမယ့် ..
☘️🍿📦 "Hearts Of Wife " ☘️🍿📦 အတွဲလေး ြဖစ်ပါတယ်... ဒီ အတွဲလေးမှာတော့ ..

☘️☘️. #ကြက်သွန်ဖြူ ၊ #ကြက်သွန်နီ ၊ #အာလူး ၊ #ဖရုံသီး ၊ #ဂေါ်ရခါးသီး ၊ #ခရမ်းချဉ်သီး ၊ #မုန်လာဥနီ ၊ #ဂျူးဖူး ၊ #ဂျူးမြစ် ၊ #ရွှေပဲသီး ၊ #ြငုပ်သီး ၊ #ဂေါ်ဖီထုပ် ၊ #လက်ဖက်နှပ် ၊ #တိုဖူးခေါက် ၊ ၏Tea ၊ #ခေါ ်ပုတ် ၊ #နေကြာစေ့ ၊ #ဂျူးပဲပုတ် ၊ #လက်ဖက်‌ေြခာက် တွေပါ၀င်ပါတယ်........

အားလုံးအမယ်စုံ 19 မျိုး ပါ မိန်းမချစ်စေမယ့်အတွဲ လေးကတော့ $$ 💰💰 33500ကျပ် 💰💰ပါ ...

💰💰 အားလုံး က အိမ်ထိရောက်အောင် ပို့ပေးတဲ့ ၀န်ဆောင်မူ့ ပါပါတယ်နော်....❤️❤️

📝📝Tuesday ( အဂ္ါနေ့)ညနေ အထိ မှာယူနိုင်ပြီးတော့.. 📝📝📝

🚚📦🚚📦🚚ကြာသပတေး နေ့မှာ ပို့ပေးမှာဖြစ်ပါတယ်...

အသေးစိတ် သိချင်တာလေးတွေရှိတယ်ဆိုင်ရင်
☎️📞📱 ၀၉-၇၈၄၃၇၇၂၄၁ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်...

"Golden Ground" ရဲ့၀န်ဆောင်မူ့ဆိုတာ...  #ဓါတုကင်းလွတ် တဲ့အသီးအနှံ ြဖစ်တဲ့အတွက် စား‌တဲ့အခါ စိတ်ရှင်းရှင်း နဲ့ စားသောက်နို...
19/01/2021

"Golden Ground" ရဲ့၀န်ဆောင်မူ့ဆိုတာ...

#ဓါတုကင်းလွတ် တဲ့အသီးအနှံ ြဖစ်တဲ့အတွက် စား‌တဲ့အခါ စိတ်ရှင်းရှင်း နဲ့ စားသောက်နိုင်မယ်...

#အဟာရဓါတ် ပြည့်၀စွာ ပါ၀င်တဲ့အတွက် ကျန်မာရေးကို ၁၀၀% အထောက်အပံ့ ြဖစ်စေမယ်...

#ဈေးနှုန်းအားြဖင့် သင့်တင့်လျှောက်ပတ်မူ့ရှိတဲ့ အတွက် ၀န်ထုတ်၀န်ပိုး မဖြစ်စေဘူး....

#စိုက်ခင်းတိုက်ရိုက် မှာယူစားသောက်ရတာဖြစ်လို့ လတ်ဆက်မူ့အရသာက ဘာနဲ့မှမလဲနိုင်တဲ့တန်ဖိုးတစ်ခု...

#တောင်တန်းဒေသစိုက်ခင်း ဆိုတာက တောင်ငွေ့၊ နှင်းရည် ၊ မိုးရေ ကို အဓိကထား စိုက်ပျိုးတဲ့ အခင်းတွေမို့ တမိုထူးြခားတဲ့ အရသာရှိတာက တစ်ချက်...

#ဈေးမှာတော့မှ တောင်သူကလတ်လတ်ဆတ်ဆတ် ခူးပေးတာမို့ စင်တင်ပြီးရောင်းတဲ့ သီးနှံနဲ့ လတ်ဆတ်မူ့တန်ဖိုး ဘယ်လိုမှမတူတာလေးကလဲ တစ်ချက်...

#အိမ်အရောက်ပို့ပေးတဲ့စနစ် နဲ့ မိတ်ဆွေတို့ရဲ့ လက်ထဲအရောက် ရောက်လာမှာပါ...

🌻🌻🌻နေကြာစေ့တွေရဲ့ ကျန်းမာရေးစွမ်းအင်🌻🌻နေကြာစေ့ဆိုတာနဲ့နေကြာပန်းကနေ ရတဲ့ အစေ့သေးသေးလေးတွေကိုမြင်ယောင်မိကြမှာပါ။နေကြာစေ့ကိ...
19/01/2021

🌻🌻🌻နေကြာစေ့တွေရဲ့ ကျန်းမာရေးစွမ်းအင်

🌻🌻နေကြာစေ့ဆိုတာနဲ့နေကြာပန်းကနေ ရတဲ့ အစေ့သေးသေးလေးတွေကိုမြင်ယောင်မိကြမှာပါ။နေကြာစေ့ကို ရုပ်ရှင်ရုံထဲမှာလည်းတော်တော်များများ စားကြပြီး ဆားအငန်ပါတာနဲ့ မပါတာနဲ့ဆိုပြီးတော့လည်း ရှိပါသေးတယ်။ ဆားအငံပါတာနဲ့ မပါတာက အရမ်းတော့ မကွာပါဘူး။

💁💁သွေးတိုးရှိတဲ့သူတွေကတော့ ဆားအငန်ပါတာကိုရှောင်စားကြပါတယ်။

🌻❤️🌻❤️နေကြာစေ့သေးသေးလေးတွေက နှလုံးကျန်းမာရေးကို အထောက်အကူပြုတဲ့ ရင်းမြစ်ဆိုရင် အံ့သြသွားလောက်ပါတယ်။နေကြာစေ့မှာကောင်းမွန်တဲ့အဆီနဲ့ နှလုံးကျန်းမာရေးကို အကျိုးပြုတဲ့phytosterolsတွေ ပါဝင်ပါတယ်။ ဒီအဆီဓါတ်တွေဟာသွေးတွင်းမှာ ကိုလက်စထရောလျှော့နည်းအောင် ကူညီပေးပါတယ်။ ဒါ့ကြောင့် နှလုံးကျန်းမာရေးကိုကောင်းမွန်အောင် ထိန်းထားချင်တယ်ဆိုရင်တော့နေကြာစေ့လေး စားပေးဖို့ လိုပါတယ်။

😉🌻😋နေကြာစေ့ စားတဲ့အခါမှာ ခွာရတဲ့အရသာ၊ အစေ့လေးတွေခက်ခက်ခဲခဲ ထုတ်ရပြီး စားရတဲ့ ခံစားချက်ကိုတော်တော်လေး နှစ်သက်တဲ့သူတွေ ရှိပါတယ်။နေကြာစေ့ကို ခံစားချက်ကောင်းမွန်ဖို့ စားတဲ့သူတွေလည်း ရှိပါတယ်။နေကြာစေ့မှာ စိတ်ခံစားချက်ကောင်းမွန်စေမယ့် အာဟာရဓါတ်တွေ အများကြီး ပါဝင်ပါတယ်။နေကြာစေ့မှာ ပရိုတင်းနဲ့ အမိုင်နိုအက်ဆစ် ပါဝင်ပါတယ်။ အမိုင်နိုအက်ဆစ်က ခန္ဓါကိုယ်ထဲသွေးလည်ပတ်စီးဆင်းမှုကိုကောင်းမွန်စေတာကြောင့်ပါ။

🧘🌻🧘လေ့လာသူတွေကတော့နေကြာစေ့မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဟာ အမျိုးသမီးတွေ ဓမ္မတာ လာတဲ့အခါမှာ စိတ်တိုလွယ်ခြင်း၊ စိတ်ဆတ်ခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ မဖြစ်အောင် ကူညီပေးတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင်နေကြာစေ့မှာ ကာဗိုလ်ဟိုက်ဒရိတ် ပါဝင်တာကြောင့် ဦးနှောက်စုပ်ယူနိုင်မှု စွမ်းအင်ကို ပိုအားကောင်းစေပါတယ်။ ဘာလို့လဲဆိုတော့ ဦးနှောက်ဆီကို သတင်းအချက်အလက်ပေးပို့မှုမြန်ဆန်စေတာကြောင့်ပါ။

🕺🤰🕺နေကြာစေ့မှာ ပါဝင်တဲ့ ဇင့်ဓါတ်ကလည်း အမျိုးသားတို့အတွက် မျိုးအောင်ဖို့ အထောက်အကူပြုပါတယ်။လေ့လာချက်တွေအရ ဇင့်ဓါတ်ဟာ သုတ်ပိုးအရေအတွက်၊ အရည်အသွေးနဲ့ စွမ်းဆောင်ရည်တွေကိုမြင့်တက်စေပါတယ်။နေကြာစေ့ (၁၀၀) ဂရမ်မှာ ဇင့်ဓါတ်(၅) မီလီဂရမ် ပါဝင်တာကြောင့် ဇင့်ဓါတ်အများဆုံး ပါဝင်တဲ့ အစားအစာဆိုရင်လည်း မမှားပါဘူး။

🧘🧘နေကြာစေ့မှာ စိတ်ဖိစီးမှုတွေကိုလျှော့ကျစေမယ့် အာဟာရဓါတ်တွေအပြင် အိပ်ပျော်စေမယ့် သတ္တုဓါတ်တွေလည်း ပါဝင်ပါတယ်။နေကြာစေ့မှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဟာ အိပ်ပျော်စေဖို့ အပြည့်အဝ စွမ်းဆောင်နိုင်ပါတယ်။ ဒါကြောင့် ညဘက်အိပ်မပျော်တာတွေဖြစ်တယ်ဆိုရင် အိပ်ခါနီးမှာနေကြာစေ့နည်းနည်းလောက် စားပြီးမှ အိပ်ပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှာပါ။

နေကြာစေ့သေးသေးလေးတွေရဲ့ စွမ်းအင်တွေကို သိထားပြီးပြီဆိုတော့ အပျင်းပြေလေးလောက်တော့ စားပေးနော်။

Reference :https://hellosayarwon-com.cdn.ampproject.org/v/s/hellosayarwon.com/healthy-eating/nutrition-facts/

Good Morning to you all
17/01/2021

Good Morning to you all

ပဲပိုးတီ (Chinese Artichoke)ကျွန်တော်တို့ မုန့်ညှင်းချဉ်စားရင် ပဲပိုးတီလေးတွေကို စားမိကြသည်။ ငယ်ငယ်ကအတွေးအရဆိုရင် သူ့ကို...
16/01/2021

ပဲပိုးတီ (Chinese Artichoke)

ကျွန်တော်တို့ မုန့်ညှင်းချဉ်စားရင် ပဲပိုးတီလေးတွေကို စားမိကြသည်။ ငယ်ငယ်ကအတွေးအရဆိုရင် သူ့ကို ပိုးကောင်လေးတွေလို့ ထင်မိခဲ့သည်။ ဥကလေးက ပိုးတုံးလုံးဖြူဖြူလေးနဲ့ တူလွန်းလှသည်။ စားရတာကလည်း ချိုချိုစိမ့်စိမ့်လေး။ အရသာလည်းရှိသည်။ အများစုက ပဲပိုးတီအပင်ကို မမြင်ဖူးကြ၊ အာတာလွတ်ဥအပင်လို့ ထင်မိကြသည်။ နှစ်ပင်က မတူကြပါ။ ပဲပိုးတီအပင်သည် ပင်စိမ်းမျိုးနွယ်ထဲကအပင်တစ်ပင် ဖြစ်သည်။

ပဲပိုးတီ၏ မူရင်းဒေသက တရုတ်ပြည်ဖြစ်သည်။ သူ့ရဲ့ မြေအောက်ပင်စည် Rhizome ကို root vegetable ဖြစ်ပြီး အစိမ်းလိုက်စားကြသလို အချဉ်တည်ပြီး စားကြသည်။ အခြောက်ခံပြီး ချက်ပြုတ်စားကြသည်။ တရုတ်ပဲပိုးတီအပင်သည် နှစ်ရှည်ခံ ပင်ပျော့အမျိုး ဖြစ်သည်။ အပင်အမြင့်က ၁ ပေမှ ၄ ပေခန့်အထိမြင့်သည်။ အရွက်တွေက ရွက်ဆိုင်ထွက်ပြီး ဖက်ယားရွက်ပုံစံ အရွက်များက ဘဲဥပုံ ovate cordate or ovate oblong ရှိကြပြီးအရင်းဖက်မှာ နှလုံးပုံအဝိုက်ရှိသည်။ အနီရောင်နှင့် ပန်းရောင်ပန်းများ ပွင့်ကြသည်။ ရွက်ညှာများက အခြေဖက်မှာ ရှည်သော်လည်း ထိပ်ဖျားနားရောက်လျှင် တိုသွားသည်။

ပဲပိုးတီဖြစ်ပေါ်လာပုံက အာလူးသီးဖြစ်လာပုံနှင့် ဆင်တူသည်။ ပင်စည်က ထွက်လာသောထူးကဲပင်စည်များက မြေအောက်သို့ ထိုးဝင်သွားကြသည်။ ထိုမြေအောက်ပင်စည် rhizomes တွေက အရှည် ၈ စင်တီလောက်ရှည်သည်။ မညီညာသော ကြီးထွားပုံက ပဲပိုးတီရဲ့ပုံစံကို ဖြစ်စေသည်။ ပဲပိုးတီ အပေါ်ကနေ thin, pale-beigeto-ivory အခွံ skin နဲ့ ဖုံးကာထားသည်။ ယင်းအခွံအောက်ဖက်က အဖြူရောင်အသားဖြစ်ပြီး နူးညံ့လှသည်။ ပဲပိုးတီသည် အမြစ်မဟုတ်ပါ၊ အစာစုဆောင်းခြင်းကြောင့် ထူးကဲလာသည့် modified stems ခေါ်သည့် ထူးကဲမြေအောက်ပင်စည်သာဖြစ်သည်။

ပဲပိုးတီထဲပါသည့် Compounds များ

ကျူဘာရှိဆဲလ်ရေကွက် Vacuoles ထဲတွင် stachyose ဒြပ်ပေါင်း ကြွယ်ဝစွာ ပါဝင်သည်။Stachyose ဆိုတာ tetrasaccharide တက်တြာဆက်ခရိုက်သကြားဖြစ်ပြီး ယင်းအထဲမှာ ဂလက်တို့စ် galactose, ဂလူးကို့စ် glucose၊ ဖရပ်တို့စ် fructose သကြားများပါဝင်သည်။ ပဲပိုးတီအခြောက်ထဲမှာ Stachyose ပါဝင်မှုက ၈၀-၉၀ရာခိုင်နှုန်းအထိ ရှိသည်။

ပဲပိုးတီသမိုင်း

ပဲပိုးတီအပင်တို့၏ မူလအစ ဒေသသည် တရုတ်ပြည် အလယ်ပိုင်းနှင့်မြောက်ပိုင်း ဖြစ်သည်။ ပထမဆုံး ပဲပိုးတီကို မစိုက်ခင်က သူနဲ့နှီးနွှယ်သော S. palustris ကို သဘာဝအတိုင်းစုဆောင်းပြီး ဟင်းသီးဟင်းရွက်အဖြစ် စားသုံးခဲ့ကြသည်။ နောက်ပိုင်း ဂျာမန်လူမျိုးတွေက ပဲပိုးတီနှင့် အမျိုးတော်သည့် S. recta ကို ဆေးဝင်ပင်အဖြစ် စိုက်ပျိုးခဲ့ကြသည်။ ၁၈၈၂ ခုနှစ်မှာ ဒီအပင်ကို စိုက်ပျိုးခဲ့ရာ ဥရောပမှာ ပထမဆုံး စိုက်သည့် labiatae မျိုးရင်းဝင်အပင် ဖြစ်ခဲ့ရသည်။ ၂၀ ရာစုရောက်တော့ ပဲပိုးတီဟာ ဥရောပတစ်ခွင်လူသိများ ကျော်ကြားလာတော့သည်။ virus နှင့်ဘက်တီးရီးယား ပြဿနာတွေကြောင့် ၁၉၇၀ ခုနှစ်မှာ လက်လွှတ်ခဲ့ရသည့် ကာလမတိုင်မီအထိဖြစ်သည်။ ၁၉၉၀ ခုနှစ်ကစပြီး ပဲပိုးတီကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာခဲ့သည်။ သူဟာ ဥရောပတိုက်ကို ထိုးဖောက်ဝင်လာသည့် invasive plant အပင်ဖြစ်သည်။

အစားအစာနဲ့ ဆေးဝင်ပုံ

ပဲပိုးတီဥလေးကိုစားလျှင် ကျွတ်ကျွတ်မည်သော အထိအတွေ့ကိုရသလို ချိုပြီးဆိမ့်သောအရသာကိုလည်း ပေးစွမ်းပါသည်။ ပဲပိုးတီဥလေးတွေကို အစိမ်းပဲစားစား၊ အချဉ်တည်စားစား၊ ချက်ပြုတ်စားစား အမျိုးမျိုး စားလို့ရသည်။ ပဲပိုးတီသည် နိုင်ငံများစွာ၏ မီးဖိုချောင်တွင် အမျိုးမျိုးသောဟင်းပွဲများထဲတွင်ပါသော အသီးအနှံတစ်ခုဖြစ်သည်။ အရွက်ခြောက်ကို လက်ဖက်ရည်အဖြစ် အသုံးပြုနိုင်သည်။

တရုတ်နှင့် ဂျပန်အစားအစာများတွင် ပဲပိုးတီသည် အချဉ်တည်ပြီးသား vegetable အနေဖြင့် အဓိကပါလေ့ရှိသည်။ အထူးသဖြင့် ပဲပိုးတီဥသည် ဂျပန်နိုင်ငံ၏ နှစ်သစ်ကူးပွဲတော်အတွက်ချက်သော Osechi ဟင်းလျာ၏ အဓိကအစိတ်အပိုင်းအဖြစ်ပါဝင်သည်။ အနီရောင် Shiso ၏အရွက်များဖြင့် ချဉ်ထားဟင်းကို chorogi ဟုခေါ်သည်။ ကိုရီးယားတွင်မူ optokjam ဟုခေါ်သည်။

ဆေးဘက်ဝင်ပုံ

ရိုးရာတရုတ်ဆေးပညာတွင် ပဲပိုးတီဥကို အအေးမိခြင်းနှင့် အဆုတ်ရောင်ရောဂါ ကုသရန်အတွက် အဓိကအထောက်အကူပြုပစ္စည်း(အေးဂျင့်) အဖြစ် အသုံးပြုခဲ့သည်။ ထို့အပြင်ပဲပိုးတီအမြစ်က ထုတ်ယူရသည့် စစ်ထုတ်ရည်ထဲမှာ ရောဂါပိုးမွှားတိုက်ဖျက်ရေးလုပ်ဆောင်မှု antimicrobial activity ရှိနေပါသည်။

Credit to Original writer

🥦🌽🥒🥬ဟင်းသီးဟင်းရွက် စားသုံးြခင်းရဲ့ အကျိုးကျေးဇူးများ..🥦🧘🍅🧘🥑🧘🥒🧘🥬🧘🌾🧘🌽🥦🥦၁။  ရောင်ရမ်းြခင်း ကို လျော့ကျစေတယ်။နာတာရှည်ရောင်ရ...
15/01/2021

🥦🌽🥒🥬ဟင်းသီးဟင်းရွက် စားသုံးြခင်းရဲ့ အကျိုးကျေးဇူးများ..
🥦🧘🍅🧘🥑🧘🥒🧘🥬🧘🌾🧘🌽

🥦🥦၁။ ရောင်ရမ်းြခင်း ကို လျော့ကျစေတယ်။
နာတာရှည်ရောင်ရမ်းတဲ့ရောဂါဝေဒနာက အ၀လွန်ရောဂါ၊ နှလုံးရောဂါ၊အူသိမ်အူမကြီးရောဂါတို့နှင့် ဆက်စပ်နေပြီး အဆီ၊သကြား နှင့် အမျှင်ဓါတ်နည်းပါးတဲ့ အစားအစာတွေကြောင့်လည်း နာတာရှည် ရောင်ရမ်းတဲ့ ဝေဒနာကို ြဖစ်ပေါ်စေပါတယ်။ ဟင်းနုနွယ်ရွက် အပါအ၀င်ရာသီအလိုက်ထွက်ရှိတဲ့ အော်ဂဲနစ်ဟင်းသီးဟင်းရွက်တွေကို စားသုံးြခင်းအားြဖင့် ကိုယ်ရောင်ရမ်းြခင်းကိုလျော့ကျစေပြီး Antioxidant နဲ့ အစွမ်းထက်ဓာတ်ပေါင်းစုများ ပါ၀င်တဲ့အတွက် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာကို ပေးစွမ်းနိုင်ပါတယ်။

🌾🍅🌾၂။ အူကျန်းမာရေး ကိုတိုးတက်ကောင်းမွန် စေတယ်။
အူမကြီးဟာ ‌ခန်ဓာကိုယ်ရဲ့ စွမ်းအင်၊ကိုယ်အလေးချိန်၊အာရုံကြော၊နှလုံးရောဂါနဲ့ ခန်ဓာဗေဒဆိုင်ရာ ကိစ်စရပ်တွေနဲ့ ဆက်စပ်နေပြီး ကျန်မာရေးအတွက် အရေးပါတဲ့ကိုယ်တွင်းကလီစာတစ်ခုလည်းြဖစ်ပါတယ်။အူမကြီးကျန်းမာဖို့ အမျှင်ဓာတ်မြင့်မားပြီး ဘက်တီးရီးယားတွေကို တိုက်ထုတ်နိုင်စွမ်းကြီးမားတဲ့ ပရီဘိုင်အိုတစ်ပါ၀င်မူနှုန်းြမင့်မားပြီး အူမှာကပ်ငြိနေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေကို ရက်အနည်းငယ်အတွင်းမှာပဲ ဖယ်ရှားပေးနိုင်ပါတယ်။ အူမကြီးကျန်းမာနေဖို့အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ပန်းပွင့်စိမ်း၊ပန်းဂေါ်ဖီ၊ မှို၊ မုန်ညှင်းစိမ်း၊ ကိုက်လန်၊ ကညွတ်၊ ၊ခရမ်းချဉ်သီးနဲ့မုန်လာဥ တို့လို ဟင်းသီးဟင်းရွက် တို့ကို စားသုံးပေးနိုင်ပါတယ်။

🥬🥬၃။ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ပါတယ်

ဟင်းသီးဟင်းရွက်တွေက ကိုယ် မှာရှိတဲ့ ကယ်လိုရီနဲ့အဆီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။အမျှင်ဓာတ်များပြားပြီး ရေဓာတ်ပြည့်၀တာကြောင့်လည်း အစာအိမ်ထဲမှာ နေရာအများအပြားယူနိုင်ပြီး တော်ရုံတန်ရုံအဆာခံနိုင်သွားပါတယ်။ တစ်ခါတရံ အူမှာတွယ်ကပ်နေနိုင်တဲ့ ဘက်တီးရီးယားတွေက ကိုယ်အလေးချိန်ကို မြင့်တတ်စေပြီး ပရီဘိုင်အိုတစ်ပါ၀င်တဲ့ ဟင်းသီးဟင်းရွက်တွေက ဒီဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်တာကြောင့် ကိုယ်အလေးချိန် မြင့်တတ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

🥑🥑၄။ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
ဟင်းသီးဟင်းရွက်များများစားလေ ဆီးချိုရောဂါကို ကာကွယ်နိုင်လေဖြစ်တယ်လို ့ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။ ဟင်းသီးဟင်းရွက်တွေက ကိုယ်ခန်ဓါ ရောင်ရမ်းမူနဲ့ သွေးတွင်း အင်းဆူလင်ခုခံအားကို ကျဆင်းစေတာကြောင့် အစေ့အဆံတွေနဲ့ အခွံမာသီးတွေကိုပါစားသုံးပေးသင့်ပါတယ်။ဒီအစားအစာတွေက အမျှင်ဓာတ်၊ ဗီတာမင်၊ သတဏ္ဍုဓာတ်၊ ဓါတ်တိုးပစ်စည်းများနဲ့ အခြားသော အကျိုးရှိတဲ့ဒြပ်ပေါင်းတွေပါ၀င်ပြီး မဂ္ဂနီဆီယမ်ဓါတ်ကြွယ်၀တဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကလည်း ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

🍅🍅🥦၅။ နှလုံးရောဂါ နဲ့လေဖြတ်ဝေဒနာကို ကာကွယ်ပေးနိုင်တယ်။
ဟင်းသီးဟင်းရွက်တွေမှာပါ၀င်တဲ့ ြဒပ်ပေါင်းတွေက နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပြီး ကိုလက်စထရော လျော့ကျစေခြင်း၊ သွေးကြောလည်ပတ်မူ့ ပိုမိုကောင်းမွန်စေခြင်းနဲ့ သွေးဖိအားလျော့နည်းစေခြင်းတို့လို အကျိုးကျေးဇူးတွေကိုပေးစွမ်းနိုင်ပါတယ်။ အဲ့ဒါကြောင့် အစိမ်းရောင်ဟင်းသီးဟင်းရွက်များ ၊ ပန်းဂေါ်ဖီစိမ်း ၊ ပန်းဂေါ်ဖီထုပ် တို့လို အမျှင်ဓာတ်မြင့်မားပြီး ကိုယ်ခန်ဓာအတွက် အန်တရယ်ဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါအပြင် အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေက သွေးတွင်းဖိအားလျော့ချပေးပြီး သွေးကြောလည်ပတ်မူ့ကို ပိုမိုကောင်းမွန်စေတဲ့ ဗီတာမင်ကေ နဲ့ နိုက်ထရိတ်ဓာတ်များ မြင့်မားစွာပါ၀င်ပါတယ်။ ခရမ်းချဉ်သီးတွေကလည်း နှလုံးရောဂါနဲ့ လေဖြတ်ဝေဒနာဖြစ်နိုင်ချေ ကို လျော့ကျစေပြီး မုန်လာဥ ၊ကညွတ် ၊ ပန်းပွင့်စိမ်း တို့ကလည်း သွေးတွင်းကိုလက်စထရော ကို လျော့ကျစေပါတယ်။

🌽🌽🌽၆။ အရိုးကျန်းမာရေး ကို တိုးတက်ကောင်းမွန်စေတယ်။
ဟင်းသီးဟင်းရွက်တွေဟာ အခြားသော အစားအသောက်တွေလိုပဲ အရိုးကျန်းမာရေးအတွက်အရေးပါတဲ့ နေရာမှာရှိပါတယ်။ ဟင်းသီးဟင်းရွက်မှာ ပါ၀င်တဲ့ မဂ်ဂနီဆီယမ် ၊ပိုတက်ဆီယမ်၊ ဗီတာမင်ကေ နဲ့ ဗီတာမင်စီ တို့က အရိုးကျန်းမာရေးအတွက် အရေးပါတဲ့ ဓာတ်ပေါင်းတွေ ြဖစ်နေလို့ပါ။ ဟင်းနုနွယ်၊မုန်ညင်းစိမ်း တို့မှာ ဗီတာမင်ကေ ကြွယ်၀ပြီး ခရမ်းချဉ်သီး က ပိုတက်ဆီယမ်ဓာတ် ၊ ရုံးပတီသီးက မဂ်ဂနီဆီယမ်ဓါတ် ၊ ငရုတ်သီးအနီ၊ငရုတ်သီးစိမ်းနဲ့ စတော်ဘယ်ရီတို့က ဗီတာမင်စီဓာတ် တွေကို ကိုယ်အတွက်ဖြည့်တင်းပေးနိုင်ပါတယ်။

🥑🌽🌽🍅၇။ မျက်စိကျန်းမာရေး ကိုတိုးတက်စေပါတယ်။
Lutein နဲ့ Zeaxanthin ဓာတ်ကြွယ်၀တဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးြခင်းအားဖြင့် အသက်အရွယ်ကိုလိုက်ပြီး ြဖစ်ပွားတတ်တဲ့ မျက်စိအတွင်း တိမ်ဖြစ်ပွားခြင်း နှင့် မျက်လုံးအားနည်းြခင်း တို့ကို ကာကွယ်ပေးနိုင်ပါတယ်။

🥦🥦🥦၈။ ဦးနှောက်ကျန်းမာရေး ကို ကောင်းမွန်စေတယ်။
စစ်တမ်းတွေအရ အစားအသောက်အပေါ်ကိုလိုက်ပြီး အယ်လ်ဇိုင်းမားရောဂါဖြစ်ပွား နိုင်ချေက ၃၅% ကနေ ၅၃% ထိကျဆင်းသွားနိုင်ပါတယ် ။အဲ့ဒါကြောင့် တစ်ပတ်ကို ‌ေြခာက်ကြိမ်နဲ့အထက် ဦးနှောက်ကို အကျိုးပြုနိုင်မယ့် အစားအစာတွေကို စားသုံးပေးသင့်ပြီး ၊ ကိုက်လန်၊ဟင်းနုနယ်၊ပန်းဂေါ်ဖီစိမ်း တို့လို ဗီတာမင် အေ ၊ ဗီတာမင် စီ နဲ့ အခြားအာဟာရဓာတ်များပါ၀င်တဲ့ အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။

Credit to HealthyLifeStyle

❤️❤️❤️" ခေး တို့အတွက် ခရမ်းချဉ်သီး 🍅🍅....."    🧏🧏 ပါးနုသွေး၊ နီမြန်းစေချင်ရင် 🍅🍅တချို့ပျိုလေးတွေရဲ့ ပါးလေးတွေဟာ နီးမြန်း...
14/01/2021

❤️❤️❤️" ခေး တို့အတွက် ခရမ်းချဉ်သီး 🍅🍅....."

🧏🧏 ပါးနုသွေး၊ နီမြန်းစေချင်ရင် 🍅🍅

တချို့ပျိုလေးတွေရဲ့ ပါးလေးတွေဟာ နီးမြန်းပြီး နှင်းဆီရောင် သမ်းနေတတ်ပါတယ်။ ဒီလိုမျိုး ဖြစ်ချင်ရင် ခရမ်းချဉ်သီးကို များများစားပေးပါ။ ပါးပြင်ကို ပန်းနုရောင် သမ်းရုံမျှမက အသားရည်ကို ရွှန်းစိုဝင်းလဲ့စေပါတယ်။ ခရမ်းချဉ်သီးကို ဒီအတိုင်း စားပေးရင် ပါးပြင် ပန်းနုရောင်သန်းရုံမျှမက မျက်လုံး၊ သွား၊ အရည်ပြားတွေပါ ကောင်းမွန်စေပါတယ်။

🧏🧏🧏မျက်နှာသန့်စင်စေချင်ရင်🍅🍅🍅

အိပ်ရာမဝင်ခင်နဲ့ အိပ်ရာထပြီး ဆယ်ငါးမိနစ်၊ စုစုပေါင်း တစ်နေ့ကို မိနစ် ၃၀ လောက် အချိန်ပေးရင် ရပါပြီ။ အိပ်ရာမဝင်ခင်မှာ မျက်နှာကို ခရမ်းချဉ်သီးတစ်ဝက်နဲ့ (တစ်လုံးကို လှီးပြီး) မျက်နှာကို ပွတ်သပ်ပေးပါ။ လည်ပင်းတစ်ဝိုက်နေရာတွေကိုပါ ပွတ်ပေးပါ။ ပြီးရင်တော့ ဆယ်ငါးမိနစ်ခန့်ထားပြီး ရေနဲ့ ပြန်ဆေးပေးပါ။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လုပ်ပေးပါ။ မျက်နှာကို သန့်စင်ဝင်းပစေပါတယ်။

❤️❤️❤️ အဆီပြန်သော အသားအရေအတွက်🍅🍅🍅
ပျားရည်နဲ့ ခရမ်းချဉ်သီးဟာ အဆီပြန်တဲ့ အသားအရည်အတွက် အရမ်းကို ဆေးဖက်ဝင်တဲ့ ပစ္စည်းများပဲ ဖြစ်ပါတယ်။ ပျားရည်တစ်ဇွန်း(လက်ဖက်ရည်ဇွန်း) နဲ့ ခရမ်းချဉ်သီး အလတ်စား အရွယ်တစ်လုံးကို ယူပြီးရောစပ်ချေနှယ်ပေးပါ။ ပြီးရင် အဲဒီ့ ပျားရည်ရော ခရမ်းချဉ်သီးရည်ကို မျက်လုံးကလွဲပြီး မျက်နှာအပြင် အနှံ့လိမ်းပေးပါ။ လိမ်းပြီး အသားထဲ စိမ့်ဝင်သွားအောင် ၁၅ မိနစ်ခန့် စောင့်ဆိုင်းပေးပါ။ ၁၅ မိနစ်ပြည့်မှ ရေနဲ့ ပြန်ဆေးပေးပါ။ နှစ်ပတ်လောက် လုပ်ကြည့်တာနဲ့ သိသာလာပါလိမ့်မယ်။ ဒါပေမယ့် ခရမ်းချဉ်သီးနဲ့ ဓာတ်မတည့်တဲ့ သူများအနေနဲ့တော့ မသုံးပါနဲ့။

🍅🍅🧏🧏🧏အရေးပြားကျန်းမာစေရေး ခရမ်းချဉ်သီးစားသုံးပေး 😇😇😇

ဂျာမန်သုတေသီများလေ့လာချက်အရ ခရမ်းချဉ်သီးတွင်ပါ၀င်သော လိုက်ကိုပင်း သည် အသားအရေကျန်းမာစေရန်၊နုပျိုစေရန်၊ လှပစေရန် အထောက်အကူပြု သည်ဆိုပါသည်။ထိုပြင်ခရမ်းချဉ်သီးတွင်ပါ၀င်သော Caffeicနှင့် Ferulic Acid ဓာတ်တို့သည်ကလည်း ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်သည်ဟုဆိုပါသည်။
ယခုခေတ်အခါခရမ်းချဉ်းသီးဖြင့်ပြုလုပ်သော အသားဖြူ(Lotion)များနှင့် ခရမ်းချဉ် ဆပ်ပြာပင် လူသုံး ကုန်ပစ္စည်းများအဖြစ်ထုတ်လုပ်နေကြသည်။

🛀🛀🛀🛀ရေချိုးကြောက်သူရေချိုးချင်စိတ်၊🍅🍅🍅
အအေးပတ်မည်စိုး၍ဆောင်းကာလ ရေမချိုးချင်သူများ အသားပက်ခြင်း၊ ဆံပင် ကျွတ်ခြင်း၊ မျက်စိကြည့်မကောင်းခြင်း၊ဗောက်ထခြင်း၊မျက်ရည်ပူကျခြင်းတို့ဖြစ် ပါက ခရမ်းသီးစိမ်းကိုသုပ်ကျွေးခြင်းဖြင့် ရေချိုးချင်စိတ်ကိုဖြစ်စေသည်။

💇💇💇အစာလဲဆေး ...ဆေးလဲအစာ တဲ့ဗျ... တနေ့တနေ့ နေ့တိုင်းတော့ စားနေကြတာပါပဲ ..🤪🤪ဒါပေမယ့် လှပကျန်းမာ ဖို့ အတွက် ဒီအောက် က ပုံလေ...
13/01/2021

💇💇💇အစာလဲဆေး ...ဆေးလဲအစာ တဲ့ဗျ...

တနေ့တနေ့ နေ့တိုင်းတော့ စားနေကြတာပါပဲ ..🤪🤪

ဒါပေမယ့် လှပကျန်းမာ ဖို့ အတွက် ဒီအောက် က ပုံလေးတွေက သင့်ကို အထောက်အကူလေး တစ်ခု ြဖစ်စေမှာပါ... 🍀🌻🌾

13/01/2021

သင်ဟာ Chemical မသုံးထား ရုံ နဲ့ ‌Organic ြဖစ်ပြီ လို ့ ထင်နေသေးလာ ?? 🤔🤔🤔

🥒🌽🥦အော်ဂဲနစ်စိုက်ပျိုးရေးဆိုတာဘာလဲ???

အော်ဂဲနစ်လယ်ယာစိုက်ပျိုးရေးနှင့်ကောင်းမွန်သောစိုက်ပျိုးရေးနည်းစနစ်များသည်ကွဲပြားသောထုတ်လုပ်မှုနည်းစနစ်များကိုအသုံးပြုသည်။ အော်ဂဲနစ်စိုက်ပျိုးရေးနှင့်မတူဘဲဓာတုဓာတုပစ္စည်းများ (ဟော်မုန်းများ၊ ပိုးသတ်ဆေးများနှင့်ဒြပ်ဓာတ်မြေသြဇာများအပါအ ၀ င်အပင်များအကာအကွယ်ပေးသည့်ထုတ်ကုန်အားလုံး) ကိုကောင်းမွန်သောစိုက်ပျိုးရေးအလေ့အထများတွင်အသုံးပြုသည်။ ၎င်းတို့တွင်တူညီသောအရာများစွာရှိသည်၊ သို့သော်မျိုးရိုးဗီဇပြုပြင်ထားသောသက်ရှိများကိုတားမြစ်ခြင်း၊ ခြေရာခံနိုင်ခြင်း၊ တိရိစ္ဆာန်သက်သာချောင်ချိရေး၊ ဤဓာတုသွင်းအားစုများကြောင့်ကောင်းမွန်သောစိုက်ပျိုးရေးထုတ်ကုန်များ၏လူ့ကျန်းမာရေး၊ မြေဆီလွှာ၊ ရေအရင်းအမြစ်နှင့်သဘာဝအပေါ်သက်ရောက်မှုများကိုအော်ဂဲနစ်စိုက်ပျိုးရေးထုတ်ကုန်များနှင့်နှိုင်းယှဉ်။ မရပါ။

ဇီဝ၊ ဂေဟဗေဒနှင့်ဇီဝကဲ့သို့သောစကားလုံးများဖြင့်အဓိပ္ပါယ်ဖွင့်ဆိုထားသည့်“ Organic Agriculture” သည်ဓာတုမြေသြဇာနှင့်ပိုးသတ်ဆေးများစိုက်ပျိုးရေးနှင့်လူ့ကျန်းမာရေးနှင့်ကူးသန်းရောင်းဝယ်ရေးဆိုင်ရာပြonနာများအပေါ်ဆိုးကျိုးသက်ရောက်မှုများကိုကျော်လွှားရန်အခြားနည်းလမ်းနည်းလမ်းတစ်ခုအဖြစ်မွေးဖွားခဲ့သည်။ အင်္ဂလိပ်စကားပြောသောနိုင်ငံများတွင် Organik Organic Agriculture içinဟူသောဝေါဟာရကိုစိုက်ပျိုးရေးနည်းစနစ်များတွင်အသုံးပြုသည်။ ဂေဟဗေဒဆိုင်ရာအခြေခံမူများကိုထုတ်လုပ်ရာတွင်အသုံးပြုသည်။ အခြားနိုင်ငံများတွင် ek ecological စိုက်ပျိုးရေး kendi နှင့်ညီမျှသည်။

🌎🌎သဘာဝချိန်ခွင်လျှာကိုအနှောင့်အယှက်မဖြစ်စေဘဲကျန်းမာသောထုတ်ကုန်များထုတ်လုပ်နိုင်ရန်အတွက်သဘာဝပတ်ဝန်းကျင်၊ အပင်နှင့်တိရိစ္ဆာန်ထုတ်လုပ်မှုတို့တွင် ဦး စားပေးအဖြစ်ယဉ်ကျေးမှုဆိုင်ရာအစီအမံများချမှတ်ခြင်းအားဖြင့်အသိအမှတ်ပြုလက်မှတ်ထုတ်ပေးသည့်လုပ်ငန်းစဉ်မှအပကာကွယ်မှုနှင့်ပိုးမွှားထိန်းချုပ်မှုကိုထိန်းချုပ်သည့်ထုတ်လုပ်မှုကိုဤနည်းဖြင့်အော်ဂဲနစ်ထုတ်လုပ်မှုဟုခေါ်သည်။ ။

🌱🌱🌱အော်ဂဲနစ်စိုက်ပျိုးရေးကိုအောက်ပါအခြေခံမူများနှင့်အညီအသုံးပြုသည်။

🪴🪴ထုတ်လုပ်ရာတွင်ဓာတုပစ္စည်းများအသုံးပြုခြင်းမရှိပါ

🐜🐜🦗🦗🦠🐾🕷️ရောဂါနှင့်ပိုးမွှားထိန်းချုပ်ရေးတွင်ဇီဝနည်းပညာ၊ ဇီဝဗေဒနှင့်စက်မှုထိန်းချုပ်မှုနည်းလမ်းများကိုအသုံးပြုခြင်း

🥬🥬မြေဆီသြဇာကောင်းမွန်လာစေရန်သဘာဝပစ္စည်းများကိုသာအသုံးပြုခြင်း

🍀🍀🍀သဘာ ၀ သယံဇာတများပျက်စီးခြင်းကိုမဖြစ်စေဘဲစိုက်ပျိုးရေးထုတ်လုပ်မှုဖြစ်ခြင်း

၂၀ ရာစုအစတွင်သဘာဝပတ်ဝန်းကျင်ကိုကာကွယ်ခြင်း၊ သဘာဝအရင်းအမြစ်များကိုကာကွယ်ခြင်းနှင့်သဘာ ၀ သယံဇာတများကိုမဖျက်ဆီးဘဲအနာဂတ်မျိုးဆက်များအားသန့်ရှင်းသောကမ္ဘာသို့စွန့်ခွာခြင်းဟူသောအတွေးအခေါ်ပေါ်ပေါက်လာသည်။ ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေးများအဖြစ်ဒြပ်ဓာတုပစ္စည်းများအသုံးပြုမှုတိုးပွားလာသည်နှင့်အမျှအော်ဂဲနစ်စိုက်ပျိုးရေးလမ်းကြောင်းသည်စတင်ကြီးထွားလာသည်။

စနစ်သစ်အဖြစ်ရိပ်မိပေမယ့် အော်ဂဲနစ်စိုက်ပျိုးရေး ကမ္ဘာပေါ်တွင်သက်တမ်းအရင့်ဆုံးစိုက်ပျိုးရေးပုံစံဖြစ်သည်။ အကြောင်းမှာဒုတိယကမ္ဘာစစ်အပြီးတွင်မမှန်ကန်သော၊ အလွန်အကျွံဓာတုဓာတ်မြေသြဇာအသုံးပြုမှုစတင်ခဲ့သည်။ တစ်နည်းပြောရလျှင်အော်ဂဲနစ်စိုက်ပျိုးခြင်းကိုအသစ်အဖြစ်တင်ဆက်ခြင်းသည်မကြာသေးမီအချိန်အထိအသုံးပြုသောနည်းစနစ်ဖြစ်သည်။ ဓာတုမြေသြဇာအသုံးပြုမှုနှင့်စိုက်ပျိုးရေးနည်းစနစ်များသို့နည်းပညာတိုးတက်မှုများကြောင့်တီထွင်မှုများကြောင့်သဘာ ၀ သယံဇာတများတိုက်စားမှုကြောင့်လူနှင့်တိရစ္ဆာန်ကျန်းမာရေးကိုအန္တရာယ်ဖြစ်စေနိုင်ပြီးအော်ဂဲနစ်စိုက်ပျိုးရေးလုပ်ငန်းသည်အဟောင်းကို ဦး တည်သောလမ်းကြောင်းအဖြစ်သို့ရောက်ရှိခဲ့သည်။

အော်ဂဲနစ်စိုက်ပျိုးရေးကဏ္ sector ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူနိုင်ငံများသည်အော်ဂဲနစ်စိုက်ပျိုးရေးထုတ်ကုန်များထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်းနှင့်ရောင်းချခြင်းနှင့်သက်ဆိုင်သောအော်ဂဲနစ်စိုက်ပျိုးရေးဥပဒေများကိုတရား ၀ င်အစီအစဉ်များချမှတ်ရန်လိုအပ်သည်။ ဤစည်းမျဉ်းများတွင်အော်ဂဲနစ်စိုက်ပျိုးရေးသည်မည်ကဲ့သို့ပြုလုပ်ရမည်၊ မည်သို့ထုတ်လုပ်ရမည်၊ အော်ဂဲနစ်ထုတ်ကုန်များကိုမည်သို့ရောင်းချရမည်နှင့် ပတ်သက်၍ ပြဌာန်းချက်များရှိသည်။ ဤရှုထောင့်မှကြည့်လျှင်အော်ဂဲနစ်စိုက်ပျိုးရေးသည်ရေရှည်တည်တံ့ခိုင်မြဲသောစိုက်ပျိုးရေးအတွက်စံပြဖြစ်လာသည်။

Credit to Original

🥬🥬 အော်ဂဲနစ် စိုက်ပျိုးတဲ့တောင်သူ တွေ ကုန်ကျစရိတ် သက်သာစေဖို့ ...အမြဲကြိုးပမ်းပေးနေပါတယ်....🥬🥬🥬" ၂၀၂၀ နှစ်ကုန်  တောင်သူမ...
13/01/2021

🥬🥬 အော်ဂဲနစ် စိုက်ပျိုးတဲ့တောင်သူ တွေ ကုန်ကျစရိတ် သက်သာစေဖို့ ...အမြဲကြိုးပမ်းပေးနေပါတယ်....🥬🥬🥬

" ၂၀၂၀ နှစ်ကုန်
တောင်သူများအတွက် လက်ဆောင်

ပထမမျိုးယူတယ် ဒုတိယထပ်ယူတယ်
အခုက တတိယမျိုး

တောင်သူတွေ အတွက်
မျိုးဖိုးကုန်ကျစရိတ်သက်သာဖို့
မျိုးပြန်ယူနိုင်ဖို့
ဒီအခြေအနေရောက်ပြီ

စျေးကွက်ကလည်း အဆင့်သင့်ရှိနေပြီ
မျိုးစေ့ရယင် တောင်သူတွေပေးပြီး စိုက်မယ်
စစိုက်တဲ့နေ့ကနေ ၄၅ ရက်ဆို ငွေပေါ်ပြီ...."

Credit လှမြင့်ကျော်

Address

Pindaya

Website

Alerts

Be the first to know and let us send you an email when Golden Ground posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share