19/12/2022
ဆန်သစ်ဆန်ဟောင်းဖတ်မိတာလေးတင်ပေးလိုက်ပါတယ်။
ဆန်အသစ်ဝယ်မလား? ဆန်အဟောင်းဝယ်မလား?
ဆန်အသစ်နဲ့ အဟောင်း ဘယ်လိုရွေးချယ်ဝယ်ယူရမလဲ ဆိုတာမပြောပြခင်မှာ ဆန်အဟောင်းဆိုတာ ဘယ်လိုဆန်ကိုခေါ်တယ် ဆန်အသစ်ဆိုတာဘယ်လိုဆန်ကိုခေါ်တယ်ဆိုတာကို အနည်းငယ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။
ရွှေဘိုပေါ်ဆန်းက နှစ်တစ်နှစ်အစ ဇန်နဝါရီလမှာ စပြီးပေါ်ပါတယ်။အဲ့ဒီ စပေါ်ပေါ်ခြင်း ဆန်ကို ဆန်သစ်လို့ခေါ်ပါတယ်။ ဆန်အသစ်ရဲ့ သဘာဝဖြစ်တဲ့ စေးခြင်း၊ပျော့ခြင်းနှင့် ပေါ်ဆန်းမွှေးရဲ့ရနံ့ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
ဆန်အသစ်က တဖြည်းဖြည်းဟောင်းလာပြီး မေလ၊ ဇွန်လ မျိုးကိုရောက်တဲ့အခါမှာ စေးကပ်တာမျိုးမရှိတော့ဘဲ စားကောင်းလာမှာဖြစ်ပါတယ်။
နောက်တစ်နှစ်ရဲ့ နှစ်စရာသီ ဆန်အသစ်စပေါ်လာတဲ့အချိိန်မှာ အရင်နှစ်က စားခဲ့တဲ့ ဆန်ကို ဆန်ဟောင်းလို့ပြောင်းလဲခေါ်ဆိုကြပါတယ်။
ဆန်အဟောင်းကိုဘယ်လိုလူတွေရွေးချယ်သင့်လဲ။
👉
လူကြီးတွေ ၊အသက်အရွယ်ကြီးတဲ့သူတွေ၊ ကလေးငယ်တွေနဲ့ ရင်ပြည့်ရင်ကယ် ကျန်းမာရေးဝေဒနါရှိတဲ့သူတွေ၊ အစာအိမ်ဝေဒနာရှိတဲ့သူတွေ အတွက် ''ဆန်ဟောင်း'' ကိုရွေးချယ်ဖို့အကြံပြုချင်ပါတယ်။
ကျွန်မတို့စားနေတဲ့ ဆန်အဟောင်းက အရင်နှစ်ရဲ့ နှစ်အစ ဇန်နဝါရီလကတည်းက ပေါ်ခဲ့တဲ့ဆန်ဖြစ်တာမို့လို့ တစ်နှစ်ကျော်ပြီဆိုရင် ဆန်သားဖွာခြင်း ၊ ထမင်းစားလို့မကောင်းခြင်း ၊ ဆန်ရဲ့ မွှေးရနံ့မရခြင်းတို့ဖြစ်နေတတ်ပါသည်။
👉
ဇန်နဝါရီ၊ဖေဖော်ဝါရီလတွေမှာ ဆန်အသစ်ကို ဘာကြာင့် မရွေးချယ်သင့်သလဲဆိုတော့ ဆန်အသစ်က ပေါ်ပေါ်ခြင်းဖြစ်တဲ့အတွက် ထမင်းချက်တဲ့အချိန်မှာ မာသွားခြင်း၊ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊စားပြီးတဲ့အချိန်မှာ အစာမကြေတာမျိုးတွေ ဖြစ်တတ်တဲ့အတွက် အစာအိမ်ဝေဒနါ ရှိတဲ့သူတွေ ဆန်ဟောင်းကိုပဲ ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။
👉
ဆန်အသစ်ကို ဘယ်လိုလူမျိုးတေ နှစ်သက်ကြသလဲ...?
လူငယ်တွေ အများဆုံးကြိုက်ပါတယ်။ဘာကြောင့်ဆန်အသစ်ကို လူငယ်တွေအများဆုံးကြိုက်တာလဲဆိုတော့ ဆန်အသစ်ကိုချက်လိုက်တဲ့အခါ မွှေးပျံ့တဲ့အနံ့ရှိပါတယ်။ ဆန်အသစ်က ပေါ်ပေါ်ခြင်းဖြစ်တာကြောင့် ပေါ်ဆန်းမွှေးရဲ့အရသာက မွှေးပျံ့ပြီးတော့ ချက်ပြီးပြီးချင်းစားမယ်ဆိုရင် အိစိမ့်နေပြီး သူရဲ့အရသာက ချိုမြိန်နေတာကိုခံစားလို့ရပါတယ်။
👉ဆန်အသစ်ကိုဘယ်အချိန်မှာ စားလို့ကောင်းသလဲဆိုတာ အကြံပေးပါရစေ။
ဆန်အသစ်ကို စားလို့အကောင်းဆုံး အချိန်ကတော့ သကြ်န်အပြီး ဧပြီလ အကုန် မေလဆန်းလောက်မှာ ဆန်အသစ်ကိုစားလို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်ရှင်။
အဲ့ဒီအချိန်မှာ ဆိုရင် ဆန်အသစ်ကိုချက်တဲ့အခါ စေးခြင်း၊မာသွားခြင်း မဖြစ်တော့ဘဲ မွှေးမွှေးလေးနဲ့ ဆန်သားအိအိပျော့ပျော့လေးကို ရရှိမှာ ဖြစ်ပါတယ်။
မေလလောက်မှာ ဆန်အသစ်ကိုစားရင် လူကြီးတွေအတွက်လဲ အဆင်ပြေ၊ ကလေးငယ်တွေ အတွက်လည်း အဆင်ပြေပါတယ်။
ဆန်အသစ်နဲ့ အဟောင်းကိုရောပီးစားရင်လည်း စေးပျာ့မနေဘဲ မွှေးပျံတဲ့ ထမင်းသားကို ရရှိမှာဖြစ်ပါတယ်။
ရင်ပြည့်တတ်တဲ့သူတွေအတွက်လည်း အဆင်ပြေပြီးတော့ အစာအိမ်ရောဂါရှိတဲ့သူတွေလဲ စားလို့အဆင်ပြေပြီဖြစ်ပါတယ်။
ဒီလိုအချိန်မျိုးမှာ စပြီး စားရင်လည်း စိတ်ပူစရာမလိုတော့ပါဘူး။
ဒီ ပို့စ်လေးက ဆန်ဝယ်မယ့်သူတွေအတွက် အကျိုးရှိစေမယ်ဆိုရင် Like&share လေးလုပ်သွားပါနော်။