Symphony Used Musical Instruments Store

Symphony        Used Musical Instruments Store Used Musical Instruments

01/07/2025

🎹🎹🎹 MAJOR SCALE အကြောင်းမျှဝေခြင်း VEDIO အမှတ် (2) ပါခင်ဗျာ။

01/07/2025

🎹🎹🎹 MAJOR SCALE အကြောင်း မျှဝေခြင်း VEDIO အမှတ် (1) ပါခင်ဗျာ။

01/07/2025

🎹🎹🎹 FREE LESSON SHEARING FOR BEGINNER PIANO PLAYER ဒီနေ့ အတန်အသင့်အခြေခံလေးတွေရပြီးပြီ Piano Only လေးတွေဘယ်လိုတီးရမှာလဲဆိူပြီးမေးလာတဲ့ ဝါသနာရှင် မိတ်ဆွေတို့အတွက် ကျွန်တော်ဥာဏ်မှီသလာက် "ပြက်သိကာ=အနည်းငယ်သိသည်ဆိုယုံမျှပမာဏ" မျှဝေပြောပြထားပေးပါတယ်ခင်ဗျာ။စိတ်ထဲပေါ်လာတဲ့ အားလုံးလဲကြားဖူးကြတဲ့ သီချင်းလေးတစ်ပုဒ်ကို စိတ်ထဲ/ လက်ထဲမှာပေါ်လာသလို ချက်ခြင်းကောက်တီးတာလဲဖြစ် ပညာရှင်လဲမဟုတ်တော့ အဆင့်မြင့်တီးခတ်ခြင်းမဟုတ်တာကိုတော့နားလည်ပေးပြီး ကျွန်တော်ပြောပြချင်တဲ့ ပေးချင်တဲ့ Message လေးကိုသာမြင်အောင်ကြည့်ပြီး ရအောင်ယူသွားကြပါ။ကျွန်တော်တီးခတ်မှု လိုအပ်ချက် ချွတ်ချော်တိမ်းစောင်းမှုလေးတွေကိုနားလည်ခွင့်လွှတ်ပေးကြပါလို့လည်းတောင်းပန်ပါတယ်ခင်ဗျာ။ကျွန်တော့်ကို ဒီသီချင်းကိုပဲနောက်တစ်ကြိမ်ထပ်တီးခိုင်းရင် အခုတီးထားတာနဲ့မတူတော့တဲ့နောက်ထပ်ပုံစံတစ်မျိုးဖြစ်သွားမှာသေချာပါတယ်ခင်ဗျာ။ဘာလို့လဲဆိုတော့ ကျွန်တော်ကစိတ်ထဲပေါ်သလို လျှောက်တီးနေတာမို့ပါခင်ဗျာ။😊
အားလုံးပဲဘေးအန္တရာယ်ခပ်သိမ်းမှ ကင်းလွတ်ငြိမ်းကြပြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာစွာဖြင့် ဝါသနာပါရာ အနုပညာရပ်များကို လေ့လာလေ့ကျင့်နိုင်ကြပါစေခင်ဗျာ။

25/06/2025

🎹🎹🎹 ဂီတသင်္ကေတ အခြေခံ "ဝ" လုံး နံပါတ် "သုံး" ပါခင်ဗျာ။FREE LESSON (3) ပါ။ဝါသနာရှင်လေးများအတွက် ပညာကုသိုလ် အလို့ငှါ "အခမဲ့" ပညာဒါနမျှဝေပေးခြင်းပါခင်ဗျာ။🙏🙏🙏

🙏🙏🙏 Commet. မှာရှင်းပြထားတဲ့စာရွက်လေး ထည့်ပေးထားပါမယ်ခင်ဗျာ။လိုအပ်သူများအတွက်ပါခင်ဗျာ။

21/06/2025

🎹🎹🎹 Piano Only တီးခြင်းနှင့် Band နှင့်တီးခတ်ခြင်းများအတွက် ဘယ်လိုတီးရလဲ (အထူးသဖြင့် ဘယ်ဖက်လက် ) သိလိုသော စိတ်ဝင်စားသူ ဝါသနာရှင်များအတွက်တတ်နိုင်သလောက်လေးမျှဝေပေးချင်ပါတယ်။ဆိုတဲ့အကြောင်းလေး အသိပေးတာပါခင်ဗျာ။

💞💞💞 ကျွန်တော့်ကို ဝါသနာရှင်ညီငယ်လေးတစ်ယောက် မေးလာပါတယ်ခင်ဗျာ။ Piano Only နှင့် Band လိုက်အုပ်စုထဲမှာဝင်တီးတဲ့အခါမှာ ဘယ်ဖက်လက်တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာလေးတွေ ပြောပြပေးပါလားအကို တဲ့ခင်ဗျာ။သူက One Man လေးတော့အခြေခံလောက်စပြီး တီးနိုင်နေပါပြီတဲ့။ အထက်ကပြောခဲ့တဲ့ အချက်လေးတွေကိုသိချင်နေတာပါတဲ့။ 😟 ကျွန်တော် ဖျားချင်ချင်ဖြစ်သွားပါတယ်ခင်ဗျ။စိတ်ထဲမှာလဲ သြော် ဟုတ်တာပေါ့ ဒီလို ဝါသနာရှင်တွေလဲ အများကြီးရှိနိုင်တာပေါ့ဆိုတာကိုလည်းပဲ တွေးမိသွားပါတယ်။ကျွန်တော်ကိုယ်တိုင်လဲ ငယ်ငယ်က အဲ့လို တွေဖြစ်ခဲ့ဘူးပါတယ်။ ကိုယ့်ထက်ပိုပြီး တီးနိုင်တဲ့သူတွေဆီကို ချဥ်းကပ်လေ့လာ မေးမြန်းကြည့်တော့လဲ Piono Only ဆိုရင် ဘယ်လက်က ဒို ဆို ဒိုး ဆို ပဲလေ တဲ့။ Band နဲ့တီးရင် ရင်တော့ ဘယ်လက်က အဆင်ပြေသလို ကျုတ် ကျက် လိ " ကြည့်ကျက်လုပ်လိုက်တာပဲလေ " တဲ့။ ဒါပေမယ့် ဆောင်ရန် ရှောင်ရန် အချက်လေးတွေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ စောင့်စည်းလိုက်နာရမည့် အခြေခံ သီအိုရီလေးတွေရှိနေသေးကြောင်း အဲ့ဒါတွေကိုတော့ သေချာလေးထပ်ပြီးလေ့လာဖို့တော့လိုမယ်ဖြစ်ကြောင်းကိုတော့ အချိန်မရလို့နဲ့တူပါရဲ့ ထည့်ပြောမသွားနိုင်ဘူးပေါ့ခင်ဗျာ။ ကျွန်တော်လဲ စိတ်ထဲမှာ ဘယ်လိုဆက်ပြီး အားထုတ်ရမှာလဲဆိုတာကို သေချာလမ်းညွှန်မပေးဘူး အတော်နေစိမ့်တဲ့လူတွေဆိုပြီး ထပ်လဲမမေးရဲတော့ ဘာထပ်ပြီးမေးရမှန်းလဲမသိ စိတ်ထဲလဲ ဘဝင်မကျနဲ့ပေါ့ဗျာ။ အမှန်ကတော့ သူက နောက်ဆက်တွဲထပ်ပြီးလုပ်ရမယ့် လေ့လာရမယ့်အချက်တွေကို မပြောချင်လို့ ပညာလျှိုချင်လို့ မပြောသွားတာမဟုတ်ဘူးခင်ဗျ။အဲ့ဒါတွေက တကယ့်လက်တွေ့လိုက်ပြီးလေ့လာရမှာက နှစ်ချီပြီးကြာနိုင်ပါတယ်ခင်ဗျာ။ (1) Piano ပဲစပြီးသင်ခဲ့ တီးခဲ့သူတွေအတွက်ကတော့ ဒါတွေဟာ သိပ်ကြီးကျယ်တဲ့ပြဿနာကြီးမဟုတ်နိုင်ပဲ လှုပ်ကာလှက်ကာ လေ့လာလိုက်ယုံနဲ့ အဆင်ပြေသွားနိုင်ပေမယ့် (2) One Man ကနေစပြီးသင်ခဲ့ပြီး ( ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်ပေါ့ခင်ဗျာ။ ဒါကိုအပြစ်လို့ဆိုလိုတာမဟုတ်ဘူး ကျွန်တော်လည်းပဲ One Man ကပဲစပြီးသင်ခဲ့ရသူပါခင်ဗျာ။) Piano ဖက်ကိုအားနည်း ခဲ့သူတွေအတွက်တော့ အတိုင်းအတာတစ်ခုအထိတော့ ဝန်ထုပ်ဝန်ပိုး တစ်ခုဖြစ်နေနိုင်ပါတယ်ခင်ဗျာ။

ကျွန်တော်ကတော့ တီးခတ်ခြင်းဆိုင်ရာ အလုပ်တစ်ခုခုနဲ့လုပ်ကိုင် ရပ်တည်ရမှာကိုပျော်လို့ စားဝတ်နေရေးအတွက် ပူပင်စရာမလိုတဲ့ ဝင်ငွေ ကိုလည်းပဲ ရချင်လို့ ဆိုပြီး အဲ့လိုအနေအထားလေး ရအောင် ဘယ်လိုအလုပ်မျိုးလုပ်ရင်ရမလဲ ဆိုပြီးလေ့လာကြည့်တဲ့အခါမှာ အသိမိတ်ဆွေတချို့တလေ ကီးဘုတ် ဝမ်းမန်းတီးနေကြပြီးအဆင်ပြေနေကြတာကိုသတိပြုမိပြီး Keyboard ပြောင်းတီးမယ်လို့ ဆုံးဖြတ်လိုက်ပြီး One Man ကိုနှစ်လခန့် အပြင်းအထန်ကြိုးစားလေ့ကျင့်ပြီး ဖြစ်ချင်ရာဖြစ်ကွာရအောင် ရုန်းမယ်ဆိုပြီး One Man လောက ဆိုင်လောက ထဲကို ဒိုင်ဗင်ထိုးဝင်ခဲ့တာပါ။မှတ်မှတ်ရရ ပထမဦးဆုံး အတွေ့အကြုံရအောင်ဆိုပြီး ရတဲ့ဆိုင်သေးလေးတစ်ဆိုင်မှာစတီးတာ တစ်လမှ တစ်သောင်းကျပ်ပဲ ရပါတယ်။အဲ့ဒီဆိုင်မှာပဲ "8" လကြာခဲ့ပါတယ်။ကျွန်တော့်အပေါ်မှာကောင်းကောင်းကျေးဇူးရှိခဲ့တဲ့ အတွေ့အကြုံတွေအများကြီးရခဲ့တဲ့ အလွန်ချစ်စရာကောင်းသော ပျော်စရာကောင်းသော လေ့ကျင့်ကွင်းလေးပါပဲ။🙏
နောက်ပိုင်းမှာတော့ Piano Keyboard တီးရတာကို တော်တော့်ကိုကြိုက်လာပြီးတော့ Piano ဖက်ကိုလဲပိုပြီးလေ့လာဖြစ်ခဲ့ကာ အင်မတန်ဖြစ်ချင်လှပါတယ်ဆိုတဲ့ အတိုင်းအတာတစ်ခုအထိလဲ နေရာ သေးသေးလေး တစ်ခုစပြီးရနေပြီဖြစ်တဲ့ Guitarist တစ်ယောက်ဖြစ်ဖို့အိပ်မက်တွေပါ ဆက်ပြီးမမက်ဖြစ်တော့တဲ့အထိပါပဲ။ဒါတွေဘာလို့ထည့်ပြောနေတာလဲဆိုတော့ မင်းက ဝမ်းမန်းသမားတွေကိုဘာပြောချင်တာလဲ ဘာညာသာရကာတွေ ဖြစ်နေမှာစိုးလို့ ကျွန်တော်ဟာ ဝမ်းမန်းတောင်မှ ခြေတပေါင်ကျိုး ထော့နဲ့ထော့နဲ့ ပေမမှီ ဒေါက်မမှီ အနေအထားကနေ စခဲ့တဲ့ ဝမ်းမန်းသမား စစ်စစ် တစ်ယောက်အဖြစ်ကစခဲ့ပြီး ဆယ်စုနှစ်တစ်စုကျော်ကြာခဲ့တဲ့အချိန်ကာလတစ်ခုအထိ တီးပြီးရပ်တည်ရှင်သန်ခဲ့ရဘူးခဲ့တဲ့ One Man တီးခဲ့တဲ့ ဝမ်းမန်း သမားပါဆိုတာကို ပြောချင်တာပါ။
ဒါပေမယ့် ကျွန်တော်ဟာ လည်းဝါသနာရှင်အဆင့်လေ့လာသူပါပဲခင်ဗျာ။စွမ်းစွမ်းတမံတီးနိုင်တဲ့ Keyboardist တစ်ယောက်မဟုတ်ပါဘူးခင်ဗျာ။အနည်းငယ်လေ့လာဖူးသူ နည်းနည်းပါးပါး တီးခတ်ဖူး အတွေ့အကြုံရှိဖူးသူ ဆိုတာလောက်ပါပဲဆိုတာလေးကို တော့ အသေအချာ အတိအလင်းပြောထားပါရစေခင်ဗျာ။ ဆရာမဟုတ်ပါဘူး ကျွန်တော်ဟာ အမြဲတမ်း ဝါသနာရှင်ပါပဲခင်ဗျာ။

ကျွန်တော်တို့ဆက်ပြောကြရအောင်ခင်ဗျာ။ ဆိုတော့ဗျာ One Man ကနေစပြီးသင်ဖြစ်ခဲ့တဲ့ သူတွေအတွက်တော့ Piano Only နှင့် Band တွေမှာဝင်တီးရင် ဘယ်လိုတီးရမှာလဲဆိုတာက ဝန်ထုပ်ဝန်ပိုးတစ်ခုလိုဖြစ်လာနိုင်ပါတယ်။ကျွန်တော်လဲအဲ့ဒီ ဝန်ထုပ်ဝန်ပိုး တော်တော် "အပိ"0 ခံခဲ့ရပါတယ်။ နောက်ပိုင်းမှ ဘယ်လိုကြိုးစား လေ့လာ လေ့ကျင့်ရမှာလဲဆိုတဲ့ ဆိုတဲ့အချက်အလက်တွေကို စပြီးတွေ့လာခဲ့ရပြီး လိုက်လံ လေ့လာလေ့ကျင့်ခဲ့တော့မှပဲ တော်တော်သဘောပေါက်လာခဲ့ပါတယ်။

ကဲ ဒါဆိုရင်ကျွန်တော့်ရဲ့ ဒီနေ့တင်ဖြစ်တဲ့ Post လေးကို အပေါ်က ဝါသနာရှင်ညီငယ်တောင်းဆိုထားတာလေးအတွက် အဖြေပေးရင်းရပ်နားလိုက်ပါ့မယ်ခင်ဗျာ။
🎹 Piano Only & Music Band တွေနဲ့ တီးခတ်ရာမှာ ဘယ်လက်ဟာ နည်းလမ်းအမျိုးမျိုးနဲ့ ကိုယ်အာရုံရှိသလို ကောင်းတယ်ထင်သလိုတီးလို့ရပါတယ်။တီးခွင့်ရှိပါတယ်။ဒါပေမယ့် သိထားသင့်တဲ့ အခြေခံ သီအိုရီတွေ Scales / Chords / Playing Techniques / Rhythm Style / Vamping Accompaniment backing / Rhythmic Patterns / Comping / Fills & Runs / Piano Patterns / Arpeggio / Chords & Scale Relation Others Instruments တွေရဲ့ Characteristic တွေ
Various Characteristic of Music Style ( Classical - Blues -Rock "n" Roll - Jazz - Rock - Country- Balled -Latin စသည်ဖြင့်ပေါ့ အများကြီးပါပဲ
(ဒါကစဥ်းစားလို့ရသလောက်ပါမေ့ကျန်သွားလို့ပဲ​ြဖစ်ဖြစ် ကျွန်တော်မသိလို့ပဲ​​​ဖြစ်ဖြစ် အများကြီးထပ်ပြီးရှိနိုင်ပါသေးတယ်ခင်ဗျာ။)
လက်တွေ့လာလေ့ကျင့်ရမည့် လေ့လာစရာတွေ စောင့်စည်းလိုက်နာထိမ်းသိမ်းရမည့်အပိုင်းတွေ အတီးသမားအချင်းချင်း အပေါ်မှာထားရမည့် ကိုယ်ခြင်းစာတရား စတဲ့အချက်ပေါင်းများစွာကတော့ လေ့ကိုလေ့လာရပါမည်။ဒါတွေကိုလေ့လာမယ်ဆိုရင် နှစ်ပေါက်အောင်လဲဖြစ်သွားနိုင်ပါတယ်။တကယ့်အမှန်တရားကိုပြောရမယ်ဆိုရင်တော့ တစိသက်လုံး လေ့လာနေရမှာပါခင်ဗျာ။ ကျွန်တော်သိထားသော အခြေခံလေးအနည်းငယ်ကိုလဲ သိသလောက်လေး မျှဝေပေးပါ့မယ်ခင်ဗျာ။စိတ်ဝင်စားသော ဝါသနာရှင်လေးများကိုသာဆိုလိုတာပါခင်ဗျာ။ကျွန်တော်သိသမျှအနည်းငယ်သာလျှင်ပါခင်ဗျာ။ အဲ့လိုမျိုးလေးတွေသိချင်တာဆိုတဲ့ ဝါသနာရှင် ညီအကို မောင်နှမ များ ရှိတယ်ဆိုရင် လေ့လာစောင့်ကြည့်အားပေးပါ။မိမိအတွက်အကျိုး တစုံတရာ ရရှိတယ်ဆိုရင် အခြား ဝါသနာတူ အများသူငါ မြင်ကြရအောင်လဲ မျှဝေပေးကြပါလို့ပြောပါရစေခင်ဗျာ။

ကီးဘုတ်တီးခတ်နည်း မူလတန်း အဆင့် အလယ်အလတ်အဆင့်သိသင့်သိထိုက်စရာလေးတွေကို အလျဥ်းသင့်သလို တစ်လှည့်စီ မျှဝေပေးသွားပါမယ်ခင်ဗျာ။ကျွန်တော်အနယ်းငယ်လေ့လာဖူးခဲ့တဲ့ အခြေခံ လေးတွေပေါ့ခင်ဗျာ။

အားလုံးပဲ ဘေးအန္တရာယ်ခပ်သိမ်း ရန်ခပ်သိမ်းမှ အလျှဥ်းကင်းလွတ်ကြပြီးလျှင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ဝါသနာပါရာ အနုပညာရပ်များကိုလဲ လေ့လာလေ့ကျင့်နိုင်ကြပါစေခင်ဗျာ။ 🙏🙏🙏

19/06/2025

🎹🎹🎹 ဒိုရေမီဖာ /1234/ ကို တစ်နစ်သုံးလေး လို့မဖတ်ကြပါနဲ့ခင်ဗျာ။ ဒို ရေ မီ ဖာ လို့ပဲဖတ်ကြပါခင်ဗျာ။အင်မတန်အရေးကြီးတဲ့အချက်ပါခင်ဗျာ။ဗီဒီယိုထဲမှာလဲထည့်ပြောထားပါတယ်။အ​ခြေခံ "ဝ" လုံးလေးနောက်ထပ်တစ်လုံးပါခင်ဗျာ။

🎹🎹🎹 ​SYMPHONY ရဲ့ကီးဘုတ်တီးနည်းအခြေခံမျှဝေခြင်း Post လေးကို Share. ပေးတဲ့ ချစ်ခင်လေးစားအားကျရပါသော ကျွန်တော့်ရဲ့ ညီလေး P...
19/06/2025

🎹🎹🎹 ​SYMPHONY ရဲ့ကီးဘုတ်တီးနည်းအခြေခံမျှဝေခြင်း Post လေးကို Share. ပေးတဲ့ ချစ်ခင်လေးစားအားကျရပါသော ကျွန်တော့်ရဲ့ ညီလေး Piano သင်တန်းဆရာကြီး ဆရာ Wai Phyo Ko Ko ကိုလဲ အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။🙏🙏🙏

🎹🎹🎹 ကျေးဇူးအထူးပဲတင်ရှိပါကြောင်း မှတ်တမ်းလေးပါခင်ဗျာ။ကျွန်တော့်ရဲ့ညီအကိုဆိုလဲဟုတ် မိတ်ဆွေ သူငယ်ချင်းလို့လဲပြောလို့ရတဲ့ တ...
19/06/2025

🎹🎹🎹 ကျေးဇူးအထူးပဲတင်ရှိပါကြောင်း မှတ်တမ်းလေးပါခင်ဗျာ။ကျွန်တော့်ရဲ့ညီအကိုဆိုလဲဟုတ် မိတ်ဆွေ သူငယ်ချင်းလို့လဲပြောလို့ရတဲ့ တကယ့်ကိုချစ်ခင်လေးစားရသူတစ်ယောက်က ကျွန်တော့်ရဲ့"ဝ" လုံးလေးတွေ မျှဝေခြင်းအစီအစဥ်လေးတွေကို Share ပေးထားတာလေးပါ။သူကိုယ်တိုင်လဲ Piano & Keyboard ကို ချစ်စရာကောင်းအောင် နားဝင်ပီယံဖြစ်အောင် အလွန်တီးတတ်သူပါ။ခင်ဗျာ။ Share. ပေးခြင်းဖြင့် ဝါသနာရှင်များအတွက်လည်းပဲ အကျိုးရှိအောင် ကျွန်တော့အတွက်လဲ ပညာကုသိုလ် ရအောင် ကူညီပေးသော ချစ်မိတ်ဆွေကြီး ဆြာပေါက် ရေ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ ဆရာတွေနှင့်သေချာစနစ်ကျစွာသင်ယူဖို့အခက်အခဲတစ်ခုခုရှိနေသောကြောင့် စနစ်တကျသင်ယူခွင့်မရသေးဘူးဖြစ်နေသူများကျွန်တော့်ရဲ့ မျှဝေခြင်း Post လေးတွေကို မြင်​ရ​အောင် ဝိုင်းဝန်းကူညီ Share. ပေးခြင်းဖြင့် ပညာကုသိုလ်ဒါန ထပ်တူပြု၍ ကောင်းကျိုးကုသိုလ်များလဲ ထပ်တူရကြပါစေခင်ဗျာ။

18/06/2025

🎹🎹🎹 Music Notation အမျိုးအစားလေးတွေအကြောင်း တစေ့တစောင်း ဗီဒီယိုကအချိန်အခက်အခဲအရ ခပ်သွက်သွက်လေးပြောနေရတာကို ခေတ္တ ခဏ သည်းခံပေးကြပါခင်ဗျာ။ 🙏🙏🙏

🎹🎹🎹 VEDIO EDIT ကလဲမလုပ်တတ်သေးတော့ ဒီနေ့ တင်မည့် "ဝ" လုံးလေးတစ်လုံးအတွက် Setting လေးလုပ်ထားကြည့်တာပါ။နောက်ဆုံး (2) ပုံကအသ...
18/06/2025

🎹🎹🎹 VEDIO EDIT ကလဲမလုပ်တတ်သေးတော့ ဒီနေ့ တင်မည့် "ဝ" လုံးလေးတစ်လုံးအတွက် Setting လေးလုပ်ထားကြည့်တာပါ။နောက်ဆုံး (2) ပုံကအသက်နော်။ နောက်ဆုံးပုံတွေကိုကြည့်ပြီး လာ "ဘလိန်း" ရင် "ဘလော့" မှာနော်။😜😜😜
တစ်ချက်ပြုံးမိရင် ပိုပြီး သက်ရှည်ကျန်းမာကြပါစေ ခင်ဗျာ။ 🙏🙏🙏

17/06/2025

🎹🎹🎹 PIANO / KEYBOARD / GUITAR တီးခတ်နည်း "ဝ" လုံးလေးတွေကို ဝါသနာရှင် ညီအကို မောင်နှမတွေအတွက် စတင်မျှဝေ ပေးပါတော့မည်ခင်ဗျာ။မနက်ဖြန်မှာ MUSICAL NOTATION များအကြောင်းကစလို့ မသိမဖြစ် အခြေခံ "ဝ" လုံးလေးပေါင်းများစွာကို အဆင့်ဆင့်စနစ်တကျ မျှဝေပြီး ပညာကုသိုလ် ရယူလိုပါသဖြင့် ဝါသနာရှင်များ လာရောက်ကြည့်ရှုလေ့လာပေးကြပါဦးလို့ ချစ်ခင်လေးစား နွေထွေးစွာဖြင့် အသိပေး ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

အားလုံးပဲ ဘေးအန္တရာယ်ခပ်သိမ်း ရန်ခပ်သိမ်းမှ အလျှဥ်း ကင်းလွတ်ကြပြီးလျှင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းများလဲတောင်းပေးပါတယ်ခင်ဗျာ။🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

မိတ်ဆွေရင်းတွေလာအားပေးတော့လည်း ညီအကိုစျေးနှင့် တန်အောင်ရောင်းပေးလိုက်ရတာပေါ့ခင်ဗျာ။ Drum ကိုဆင်ပေးပါ့မယ် တစ်ရက်နှစ်ရက်စေ...
04/10/2024

မိတ်ဆွေရင်းတွေလာအားပေးတော့လည်း ညီအကိုစျေးနှင့် တန်အောင်ရောင်းပေးလိုက်ရတာပေါ့ခင်ဗျာ။ Drum ကိုဆင်ပေးပါ့မယ် တစ်ရက်နှစ်ရက်စောင့်ပါဆိုတာကို မစောင့်ဘူး ကိုယ့်ဟာကိုယ်ဆင်မယ် ဆိုပြီး ဇွတ်ဝယ် သွားကြသော မိတ်ဆွေရင်းညီအကိုများအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။🙏🙏🙏

Address

Patheingyi
0952

Telephone

+959982778831

Website

Alerts

Be the first to know and let us send you an email when Symphony Used Musical Instruments Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share