Shwe Thiha Min

Shwe Thiha Min Engine Oil မျိုးစုံနှင့် အပိုပစ္စည်းများရောင်းဝယ်ရေး

😍😍
12/09/2023

😍😍

Dash Boah Cover မျိုးစုံလဲ ရနေပါပြီးနော် 😘😘😘ပုသိမ် -မုံရွာ လမ်းမကြီး ၊ မြတ်တိုမီးပွိုင်အနီး ၊ အာဇာနည် ဘုန်ကြီးကျောင်းဘေး...
12/09/2023

Dash Boah Cover မျိုးစုံလဲ ရနေပါပြီးနော် 😘😘😘

ပုသိမ် -မုံရွာ လမ်းမကြီး ၊ မြတ်တိုမီးပွိုင်အနီး ၊ အာဇာနည် ဘုန်ကြီးကျောင်းဘေး ၊ လျှပ်စစ်ဝန်ကြီးဌာနရုံးရှေ့ ၊ ၁၅ရပ်ကွက် ပုသိမ်မြို့ ။

# ပုသိမ် Onlie ရောင်းမယ် / ၀ယ်မယ် #ပုသိမ် အလုပ်အကိုင်အခွင့်အလမ်း ပုသိမ်ထူးခြားသတင်းနှင့်ား free group. ပုသိမ် ပစ္စည်းအဟောင်းဝယ်ရောင်းသူများ ဆုံဆည်းရာ ပုသိမ် မြောင်းမြ လပ္ပတ္တာ ဆိုင်ကယ်/ကား online ချိတ်ဆက်ရောင်းဝယ်ရေး ပုသိမ် သတင်းစုံ ပုသိမ် ဆိုင်ကယ် ရောင်းဝယ်ရေး ပုသိမ်သူ/ပုသိမ်သားများဆုံစည်းရာ

ကားအတွင်းပိုင်ထဲ ဝင်ထိုင်လိုက်တာနဲ့ အမွှေးနံသာ အနံလေးရမှ ကြိုက်တတ်ကြတဲ့ လူကြီးမင်ူများအတွက် ကားအတွင်းခန်းထဲ ထားလို့ရတဲ့ ...
12/09/2023

ကားအတွင်းပိုင်ထဲ ဝင်ထိုင်လိုက်တာနဲ့ အမွှေးနံသာ အနံလေးရမှ ကြိုက်တတ်ကြတဲ့ လူကြီးမင်ူများအတွက် ကားအတွင်းခန်းထဲ ထားလို့ရတဲ့ အမွှေးနံသာ အစုံ ရနေပါပြီးနော် လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်ဗျ😘😘😘

ပုသိမ် -မုံရွာ လမ်းမကြီး ၊ မြတ်တိုမီးပွိုင်အနီး ၊ အာဇာနည် ဘုန်ကြီးကျောင်းဘေး ၊ လျှပ်စစ်ဝန်ကြီးဌာနရုံးရှေ့ ၊ ၁၅ရပ်ကွက် ပုသိမ်မြို့ ။

# ပုသိမ် Onlie ရောင်းမယ် / ၀ယ်မယ် #ပုသိမ် အလုပ်အကိုင်အခွင့်အလမ်း ပုသိမ်ထူးခြားသတင်းနှင့်ား free group. ပုသိမ် ပစ္စည်းအဟောင်းဝယ်ရောင်းသူများ ဆုံဆည်းရာ ပုသိမ် မြောင်းမြ လပ္ပတ္တာ ဆိုင်ကယ်/ကား online ချိတ်ဆက်ရောင်းဝယ်ရေး ပုသိမ် သတင်းစုံ ပုသိမ် ဆိုင်ကယ် ရောင်းဝယ်ရေး ပုသိမ်သူ/ပုသိမ်သားများဆုံစည်းရာ

ယ​နေ့မှ စ၍ ရွှေသီဟမင်းတွင် 😊ဆိုင်ကယ် အင်ဂျင်ဝိုင်😃တုတ်တုတ် အင်ဂျင်ဝိုင် 😃အိုဝေ အင်ဂျင်ဝိုင်း  များ စျေးနှုန်းချိုချို သာ...
12/09/2023

ယ​နေ့မှ စ၍ ရွှေသီဟမင်းတွင် 😊
ဆိုင်ကယ် အင်ဂျင်ဝိုင်😃
တုတ်တုတ် အင်ဂျင်ဝိုင် 😃
အိုဝေ အင်ဂျင်ဝိုင်း များ စျေးနှုန်းချိုချို သာသာဖြင့် လာရောက်ဝယ်ယူအားပေး၍ ရနိုင်ပါပြီး😊😊😊

ပုသိမ် -မုံရွာ လမ်းမကြီး ၊ မြတ်တိုမီးပွိုင်အနီး ၊ အာဇာနည် ဘုန်ကြီးကျောင်းဘေး ၊ လျှပ်စစ်ဝန်ကြီးဌာနရုံးရှေ့ ၊ ၁၅ရပ်ကွက် ပုသိမ်မြို့ ။

# ပုသိမ် Onlie ရောင်းမယ် / ၀ယ်မယ် #ပုသိမ် အလုပ်အကိုင်အခွင့်အလမ်း ပုသိမ်ထူးခြားသတင်းနှင့်ား free group. ပုသိမ် ပစ္စည်းအဟောင်းဝယ်ရောင်းသူများ ဆုံဆည်းရာ ပုသိမ် မြောင်းမြ လပ္ပတ္တာ ဆိုင်ကယ်/ကား online ချိတ်ဆက်ရောင်းဝယ်ရေး ပုသိမ် သတင်းစုံ ပုသိမ် ဆိုင်ကယ် ရောင်းဝယ်ရေး ပုသိမ်သူ/ပုသိမ်သားများဆုံစည်းရာ

ကားအလှ ဆင်ပစ္စည်းများလဲ ရနေပါပြီးနော်☺☺☺☺ပုသိမ်-မုံရွာလမ်းရွား ၊ မြတ််တိုမီးပွိုင့်အနီး ၊ အာဇာနည် ဘုန်ကြီးကျောင်းဘေး ၊ လ...
11/09/2023

ကားအလှ ဆင်ပစ္စည်းများလဲ ရနေပါပြီးနော်☺☺☺☺

ပုသိမ်-မုံရွာလမ်းရွား ၊ မြတ််တိုမီးပွိုင့်အနီး ၊ အာဇာနည် ဘုန်ကြီးကျောင်းဘေး ၊ လျှပ်စစ်ဝန်ကြီးဌာနရုံးရှေ့ ၊ ၁၅ ရပ်ကွက် ပုသိမ်မြို့။

အရာရာက စျေးတက်နေတဲ့ .🤧ဒီလို ချိန်ခါမျိုးမှာ.....😐လူကြီးမင်းတို တန်ဖိုးထားရတဲ့ ကားများကို ☺လက်ခ အခမဲ့ နဲ့..☺☺Engine Oil လ...
10/09/2023

အရာရာက စျေးတက်နေတဲ့ .🤧
ဒီလို ချိန်ခါမျိုးမှာ.....😐
လူကြီးမင်းတို တန်ဖိုးထားရတဲ့ ကားများကို ☺
လက်ခ အခမဲ့ နဲ့..☺☺
Engine Oil လာရောက် လဲလှယ်နိုင်ပါပြီး....☺☺☺
၁၀.၉.၂၀၂၃ မှ ၁၂.၃.၂၀၂၃ ရက်အတွင်း 🤔🤔
လူကြီးမင်းတို့ရဲ့ ကားများကို ခက်ခ (အခမဲ့) လာရောက်လှယ်လဲနိုင်ပါသည်။

ပုသိမ်-မုံရွာလမ်းရွား ၊ မြတ််တိုမီးပွိုင့်အနီး ၊ အာဇာနည် ဘုန်ကြီးကျောင်းဘေး ၊ လျှပ်စစ်ဝန်ကြီးဌာနရုံးရှေ့ ၊ ၁၅ ရပ်ကွက် ပုသိမ်မြို့။

09/09/2023

Maw Taw Car
0


Blog
HOME KNOWLEDGEသင် သတိမပြုမိပါက အန္တရာယ်ပေးနိုင်သော ကားအောက်ပိုင်းရောဂါ လက္ခဏာများ
Show Sidebar

admin | February 12, 2022 | 0 Comments
သင် သတိမပြုမိပါက အန္တရာယ်ပေးနိုင်သော ကားအောက်ပိုင်းရောဂါ လက္ခဏာများ
ကားရဲ.အကြီးမားဆုံးပြဿနာရယ်လို့ ဆိုလိုက်ရင် တော်တော်များများ က အင်ဂျင်ပိုင်းဆိုင်ရာ ဂီယာပိုင်းဆိုင်ရာ ပြဿနာတွေကို ပြေးမြင် တတ်ကြပါတယ်၊ တကယ်တော့ အင်ဂျင်ရောဂါပိုင်းဆိုင်ရာ တွေကဖြေရှင်းရခက်ခဲပြီးငွေကုန်ကြေးကျများတဲ့ ရောဂါတွေဖြစ်ပေမယ့့်၊ သင့်ကားနဲ့ သင်ရဲ့ အသက် အန္တရာယ်အထိ အကြီးမားဆုံး ဒုက္ခပေးနိုင် တာကတော့ Suspension ပိုင်းလို့ခေါ်တဲ့ သင့်ကား အောက်ပိုင်း ရောဂါတွေပါ။

ဥပမာပြောရရင် အဝေးပြေးလမ်းကြောင်းခရီးသွားဖို့ ရှိတယ်။
ဒါမှမဟုတ် ကားကို မိုင်နှုန်းမြင့် မောင်း တော့မယ်ဆို ကားအောက်ပိုင်းတွေကို အဲ့ဒါကြောင့် အဓိက စစ်ဆေးကြတာပါ။ ဘာကြောင့်လဲဆိုရင် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်နေတဲ့ကားတစ်စီးဟာ အင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ရုတ်တရက် စက်ထိုးရပ်သွားရင်၊ သင့်ခရီးလမ်းမှာ စိတ်အနှောက်အယှက်ဖြစ်မယ်၊ ယုတ်စွအဆုံး အင်ဂျင်တစ်လုံး လဲလိုက်ရတာကလွဲလို့ ကျန်တာမဖြစ်နိုင်ပါ ။ ဒါပေမယ့် ကားအောက်ပိုင်း Suspensionပိုင်းက ပစ္စည်းတွေ ပျက်နေတာ သတိမပြုမိလို့ ကားမောင်းနေတုန်း ပြုတ်ထွက်သွားမယ်၊ ကျိုးပဲ့သွား မယ်ဆိုရင် သင့်ကားမှောက်နိုင်ပြီး သင့်အသက်အန္တရာယ်အထိ ထိခိုက်လာနိုင်ဖွယ်တွေ ရှိပါတယ်။

ဒါကြောင့် သင်နဲ့ သင့်ကားရဲ့ လုံခြုံစိတ်ချရမှု Safety အတွက် သင်ကိုယ်တိုင် သတိပြုနိုင်တဲ့့ ကားအောက်ပိုင်းရောဂါလက္ခဏာတွေ ကိုအကျဉ်းချုပ်တင်ပြပေးပါ့မယ်။

ကားအောက်ပိုင်း (Suspension )ကို အဓိကအားဖြင့် အောက်ပါ ပစ္စည်းများဖြင့် ဖွဲ့စည်းထားပါတယ်။

( Tie rod ) တိုင်းရော့
( Tie rod end or Rack End ) မိန်းလုံး
( Ball Joint ) ဘောလ်ဂွိုင့်
( Constant Velocity -CV Joint ) ဒူးဆစ်
(Stabilizer Bar ) နှုတ်ခမ်းမွှေးလိုင်း
(Shock Absorbent ) ရှော့ခ်ဘား
(Upper Arm ) အပေါ်လက်ဝါး
(Lower Arm ) အောက်လက်ဝါး
(Coil Spring ) ကွိုင်စပရင်
(Rubber Bushing ) ရာဘာဘွတ်
(Bellows ) သဲကာ
အစရှိတဲ့ အခြေခံပစ္စည်းတွေနဲ့ ဖွဲ.စည်းထားပြီး ကားအမျိုးအစား မော်ဒယ် အမျိုးအစား ထုတ်လုပ်တဲ့ ကုမ္ပဏီပေါ် မူတည်ပြီး အောက်ပိုင်းပစ္စည်း အစိတ်အပိုင်းတွေ အများကြီး ပါ၀င်ပါသေးတယ် ။ အဲ့ဒီပစ္စည်းတွေနဲ့ အဓိက တွဲဖက် အလုပ်လုပ်နေတာကတော့
Brake System ဘရိတ်အဖွဲ့အစည်းတွေနဲ့ တာယာတွေပါ ။

(၁) တိုင်းရော့ (Tie rod )နဲ့ မိန်းလုံး(Tie rod end or Rack End) မကောင်းရင် ဘယ်လို ရောဂါလက္ခဏာတွေ ပြမလဲ

တိုင်းရောနဲ့ မိန်းလုံးမကောင်းရင်ဖြစ်တတ်တဲ့ ထင်ရှားတဲ့ လက္ခဏာ ကတော့ သင်ကားကို အရှိန်ဖြည်းဖြည်းနဲ့ မောင်းနေတဲ့အခါမျိုး ဒါမှ မဟုတ် ကားကို ရုတ်တရက် ထောင့်ချိုးကွေ့ လိုက်တဲ့အခါမျိုးမှာ အရှေ့ဖက်အစွန်းဆုံးဆီကနေ ဒုတ် ဒုတ် မြည်သံထွက်လာမယ်။ လာထုနှက်တဲ့ အသံမျိုး ထွက်နေမယ်ဆိုရင် သင့်ကားရဲ့ တိုင်းရော့နဲ့ မိန်းလုံးတွေ ချို့ယွင်းနေပါပြီ။ နောက်တစ်ချက် က သင်ကားမောင်းနေ တဲ့အချိန်၊ ကားဘရိတ်အုပ်လိုက်တဲ့ အချိန်မှာ ကားက တဖက်ဖက်ကို ဆွဲနေမယ်။ ဒါ့အပြင် ကားတာယာတွေက အတွင်းဖက်ကိုဖြစ်စေ အပြင်ဖက်ကိုဖြစ်စေ ဘက်မညီမမျှ စားသွားမယ်ဆိုရင်လည်း အဲ့ဒါ တိုင်းရော့နဲ့ မိန်းလုံးမကောင်းတဲ့ရောဂါလက္ခဏာပါ။ တိုင်းရော့နဲ့ မိန်းလုံးဆိုတာကတော့ ကားအောက်ပိုင်းမှာ ပျက်စီးမှု အများဆုံး ပစ္စည်းပါ။ တိုင်းရော့ ကျိုးပိုင်းလို့၊ပြုတ်ထွက်လို့ တောင်တက်တို့ အဝေးပြေးတို့မှာ အသက်အန္တရာယ် ကြုံရတဲ့အထိ ဒုက္ခရောက်ရတဲ့ ကားတွေရှိဖူးပါတယ် ။ ဒီတော့ အခုဖော်ပြထားတဲ့ ရောဂါ လက္ခဏာလေးတွေ တွေ.ရင် မြင်ရင် ကြားရင် ကြီးကြီးမားမား ပျက်စီးမှု မဖြစ်ခင် ၀ပျရှော့သှားပွီး တိုင်းရော့နဲ. မိန်းလုံးကို အသစ်လဲတန်လဲ ၊ Press ခုံမှာနင်းပြီး ပြန်သုံးတန်သုံးဖို့ လိုအပ်နေပါပြီ။

(၂) Ball Joint မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

Ball Joint မကောင်းရင် ဖြစ်တတ်တဲ့ လက္ခဏာတွေက သင့်ကား အောက်ဘက်ထောင့်ဆီကနေ တစ်ချက်တစ်ချက်၊ အသံခပ်မျှဉ်းမျှဉ်း ထုနှက်သံမျိုးတွေ ထွက်တတ်တယ်။ အထူးသဖြင့် လမ်းအတိမ်းအ စောင်း ဖြစ်နေတဲ့နေရာတွေတို့ ချိုင့်ခွက်တွေထဲတို့ မှာ မောင်းလိုက်ရင် အဲဒီအသံက ထွက်လာတယ်ဆိုရင် အဲဒါ Ball Joint မကောင်းတဲ့ လက္ခဏာပါပဲ ။ ပြောရရင် သံကိုတူနဲ့ ထုတဲ့ အသံမျိုးနဲ့ဆင်ပါတယ် ။
Ball Joint က သင့်ကားဘီးရဲ့ ဘယ်ညာအကွေ့အထိန်းတွေမှာ အဓိကထိန်းပေးထားတာမို့၊ Ball Joint မကောင်းဘူးဆိုတာနဲ့ သင့်ကားစတီယာရင် ( Steering ) ကို လာပြီး သက်ရောက်မှုတွေ ရှိလာပါမယ်။ ဖြစ်လာနိုင်တာကသင့်ကားစတီယာရင် မာပြီးလှည့်ရတာ ခက်သွားမယ်၊ ဒါမှမဟုတ် အရမ်းပေါ့ရွှတ်ပြီး ထိန်းရခက်သွားမယ်။ လမ်းအဖြောင့်မောင်းနေရင်းက အနိမ့်ပိုင်းကို ဆင်းလိုက်ရင် သင့်စတီယာရင် လက်ကိုင်ခွေကို လာတိုးတာမျိုးတွေဟာ Ball Joint မကောင်းခြင်းရဲ့ ရောဂါ လက္ခဏာတွေပါ။ အခြားရောဂါလက္ခဏာ ကတော့ တိုင်းရောမိန်းလုံးတို့လိုပဲ တာယာအတွင်းအပြင် မညီမညာစား သွားတာမျိုးပါပဲ ။

(၃) (Constant Velocity -CV Joint ) ဒူးဆစ် မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

ဒူးဆစ်လက္ခဏာကတော့ သိသာထင်ရှားပါတယ်။ သင့်ကား ဘယ် ကိုဖြစ်ဖြစ် ညာကိုဖြစ်ဖြစ် ကွေ့လိုက်လို့ တစ်ခုနဲ့တစ်ခု ကြိတ်ဝါးနေ သလို * ကလစ်ကလစ် တောက်တောက်တောက် တက်တက်တက် * အသံတွေ ထွက်လာတယ်။ ကွေ.တိုင်း အဲ့ဒီလို အသံတွေထွက်နေ တယ်ဆိုရင် အဲ့ဒါ ဒူးဆစ်မကောင်းတဲ့လက္ခဏာတစ်ရပ်ပါ။ နောက် ဒူးဆစ်ဘောတွေကို ထိန်းထားတဲ့ ကလစ် ပြုတ်ထွက်တာမျိုးဆိုရင်တော့ ကားကဂီယာ ဘယ်လိုထိုးထိုး ဂီယာဖရီးလို ဖြစ်နေတတ်ပါတယ်။
မနေ့ကပဲ ကားတစ်စီ းဒူးဆစ်ဘောကိုထိန်းထားတဲ့ကလစ်ပြုတ်ပြီး ၀ပျရှော့ကို ကြိုးနဲ့ ဆွဲလာရပါ သေးတယ်။

(၄) Shock bar , Coil Spring , Struts မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

ဒီအပိုင်းတွေ မကောင်းရင်ပြတဲ့ လက္ခဏာတွေက သိသာ ထင်ရှား ပါတယ်။ အထူးသဖြင့် လမ်း အနိမ့်အမြင့် မညီမညာဖြစ်တဲ့နေရာတွေ ၊ ဒါမှမဟုတ် ချိုင့်ခွက်တွေထဲ မောင်းတယ်ဆိုရင် ညိမ့်ညော ညင်သာမှု မရှိတော့ဘဲ အောက်ဘက်ကနေ ပြင်းထန်စွာ လာစောင့်နေတာ မျိုးတွေကို သိသာ ထင်ရှားစွာ ခံစားရပြီဆိုရင်တော့ အဲ့ဒါ Shock bar , Coil Spring , Struts တို့ မကောင်းတဲ့ လက္ခဏာရပ်ပါ ။ ရှော့ဘားတွေ မကောင်းတဲ့ လက္ခဏာ နောက်တစ်မျိုးကသင့်ကားကိုယ်ထည်တစ်ခု
လုံးကို ပြင်းပြင်းထန်ထန် ယိမ်းနွဲ.စေတတ်ပါတယ်။ နောက်တစ်မျိုး ကလည်း တချို့ရှော့ဘားမှာဆိုရင် ဆီတွေ ယိုကျတာတို့၊ ရှော့ဘားကေ အာက်ကို ကျပြီး အပေါ်ကို ပြန်ကန် မတက်တော့တာမျိုးတွေကို လည်း မြင်တွေ.နိုင်ပါတယ်ခမျာ။

(၅) ကားတဖက်ဖက်ကိုဆွဲနေတဲ့ ရောဂါလက္ခဏာပြရင်

ကားတဖက်ဖက်ကို ဆွဲနေတဲ့ရောဂါလက္ခဏာပြရင် ဖြစ်နိုင်တာတွေက တာယာလေနည်းနေတာ ၊ တာယာလေပေါင် တစ်ဖက်နဲ့တစ်ဖက်မညီတာဖြစ်တတ်ပါတယ် ။ တာယာလေပေါင် အရင်စစ်ဆေး ရပါမယ်။ အခုနောက်ပိုင်းတချို့မော်ဒယ်မြင့် ကားတွေမှာတော့ တာယာ လပေါင်မညီရင် ဒက်ဘုတ်မှာ လေပေါင်မညီတာကိုပြတဲ့ မီးလင်း ပါတယ်။ တာယာတစ်ဖက်ဖက်စားနေတာ ဖြစ်နိုင်ပါတယ်၊ တာယာ တစ်ဖက်ဖက်မညီမညာ စားနေလား၊ ရှေ.နောက်ဘေး သေချာ စစ်ဆေးရပါမယ်။ မညီမညာဖြစ်နေရင် ဘာကြောင့်ဖြစ်တယ်စစ်ဆေးပြီး အသစ်လဲတန်လဲရပါမယ်။ ကားအလိုင်းမင့် (Alignment) မညီမညာ ဖြစ်တာမျိုးလည်းဖြစ်တတ်ပါတယ်။ အလိုင်းမင့်ချိန်ဆိုင်တွေမှာ သေချာစစ်ဆေးသင့်ပါတယ်။ တိုင်းရော့တို့ မိန်းလုံးတို့ မကောင်း တာလည်းဖြစ်တတ်ပါတယ် ။ ကားအောက်ပိုင်းပြုပြင်ရေ းဆိုင်တွေမှာ ပြုပြင်သင့်ပါတယ်။

(၆) Brake မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ

ဘရိတ်နင်းရတာထိုင်းနေမယ်၊ ကပ်နေမယ် (ဝါ) လျောနေမယ်၊ ဘရိတ်အုံတွေအရမ်းပူနေမယ်၊ ဘရိတ်ကလစ်နဲ့ ဘရိတ်ဒရမ်နဲ့ ပွတ်တဲ့ ဂျစ်ဂျစ်ဂျစ်ဆိုတဲ့ ရောဂါလက္ခဏာပြရင် Break Pads တွေ ကုန်နေတာ၊ ဘရိတ်ပစ်စတင်တွေ ဂျမ်းဖြစ်နေတာ၊ ဘရိတ်ရူးလျော့နေတာ၊ ပင်တွေ သံချေးတက်ပြီး ကိုက်နေတာတွေဖြစ်နိုင်ပါတယ်။

(၇) Steering မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ

စတီယာရင် လှည့်ရတာချော်နေမယ်၊ သင်စတီယာရင်ကို လှည့်တဲ့ အခါဖြစ်စေ၊ လှည့်ထားတဲ့ အတိုင်းလေး ထိန်းတာတဲ့အခါဖြစ်စေ၊ စတီယာရင်က ချော်ထွက်နေမယ် ဒါမှမဟုတ် လှည့်ဖို့ ခက်ခဲနေမယ် ဆိုရင် Steering Fluid နည်းနေတာဖြစ်နိုင်တယ်၊ Steering Belt ကြိုးလျော့နေတာ ဒါမှမဟုတ် ပွန်းစားနေတာဖြစ်နိုင်ပါတယ်. Steering Pump မကောင်းတာလည်းဖြစ်နိုင်ပါတယ်၊ Steering Pump က O ring ပျက်ပြီး ဆီယိုနေတာလည်းဖြစ်နိုင်ပါတယ်။

ဒါတွေက ကားတစ်စီးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေခံအောက်ပိုင်း ရောဂါလက္ခဏာရပ်တွေပါ၊ အခြားခြားသော ကားအောက်ပိုင်းရောဂါ တွေ အများကြီး ကျန်ရှိပါသေးတယ်၊ မြန်မာနိုင်ငံမှာက လမ်းမကောင်း တာရယ်၊ နောက် Used ကားတွေသာများတာကြောင့် ကားအောက်ပိုင်း ရောဂါတွေကတော့ အဖြစ်များဆုံးရောဂါတွေလို့လည်းဆိုနိုင်ပါတယ်။ တချို့ကားတွေမှာဆို ဒူးဆစ်တို့ မိန်းလုံးတို့ ဘောဂွိုင့် တိုက်ရော့တို့ကို အုပ်ထားတဲ့ သဲကာလေးပေါက်တာကို မလဲတာကနေပြီးအဲ့ဒီ အရာတွေ ကြားထဲမှာနေရမယ့် အမဲဆီတွေ အပြင်ထွက်ပြီး ၊ အထဲမှာ မရှိရမယ့် သဲတွေ ဖုန်တွေ ရွှံ.တွေက အထဲ၀င်ကာ အောက်ပိုင်းဆက်စပ် ပစ္စည်းတွေကို ပျက်စီးစေတာလည်း မကြာခဏဆိုသလို တွေ့မြင်ရ ပါတယ် ။ အောက်ပိုင်းကလင့်တွေ ၊ Bushing တွေ မကောငျးတာေ ကြာင့်လည်း အထက်က ရောဂါတွေဖြစ်နိုင်ပါသေးတယ်။

နောက်တစ်ခုက အထက်ပါရောဂါတွေက တစ်ခုခြင်းဖြစ်နိုင်သလို ၊ နှစ်ခုကနေ အကုန်လုံး စုပေါင်းပြီးလည်း ဖြစ်နိုင်ပါတယ်။ ကားပေါ် တက်လိုက်လို့ အောက်ပိုင်းဆီကနေ သံစုံတီးဝိုငျးသံတှေ ကြားနေရ ရင်တော့ သင့်ကားအောက်ပိုင်း တော်တော်များများ ပျက်စီးယို ယွင်းနေပြီဆိုတာ သတိပြု သင့်ပါတယ်။ စစဖြစ်ခြင်း ရောဂါလက္ခ ဏာတွေ သတိမမူဘ ဲမပြုပြင် မထိန်းသိမ်းရင် အောက်ပိုင်း အခြား ဆက်စပ်ပစ္စည်းတွေကိုပါ လိုက်ပျက်စီးစေပြီးအနည်းဆုံး တာယာ စားသွားတာ၊ ကားမောင်းရတာ မငြိမ်တော့ဘဲ အသံတွေထွက်လာတာ ကနေ အဆိုးဝါးဆုံး သင့်အသက်အန္တရာယ်ထိအောင် ထိခိုက်စေမှာပါ။ ဒါကြောင့်သင့်ကားအောက်ပိုင်းကနေမူမမှန်တဲ့ အသံတွေ တုန်ခါမှုတွေ ကို သတိထားပြီး ရောဂါလက္ခဏာပြပြီဆိုတာနဲ့ သင်နဲ့ သင့်ကား ဘေးအန္တရာယ် ကင်းရှင်းရေး လုံခြုံရေးအတွက် ချက်ခြင်း ကျွမ်းကျင် ၀ပျရှော့တှမှော စစ်ဆေးပြသပြီး ရောဂါကုသမှု ခံယူသင့်ကောင်း အကြုံပြုတင်ပြပေးလိုက်ရပါတယ်ခမျာ။

Prime Auto Technology

အင်ဂျင်ဝိုင် အမျိုးအစား ဘယ်လိုရွေးဝယ်မလဲConventional Oil-အင်ဂျင်ဝိုင်တွေထဲမှာ စျေးအသက်သာဆုံးပါ. သဘာဝဆီကို ချက်လုပ်ထားတာပ...
09/09/2023

အင်ဂျင်ဝိုင် အမျိုးအစား ဘယ်လိုရွေးဝယ်မလဲ

Conventional Oil-အင်ဂျင်ဝိုင်တွေထဲမှာ စျေးအသက်သာဆုံးပါ. သဘာဝဆီကို ချက်လုပ်ထားတာပါ. အပူချိန်ကို မခံနိုင်ပါဘူး. စျေးကွက်ထဲမှာ ပေပါလိုက်တွေ ဝင်လေ့ရှိပါတယ်. အင်ဂျင်ဝိုင်ဖြစ်ရင်ပြီးရော ဆိုတဲ့ လူတွေ သုံးစွဲသင့်ပါတယ်.

Synthetic oil- ဓာတ်ခွဲခန်းတွေမှာ သိပ္ပံပညာရှင်တွေ စနစ်တကျ ထုတ်လုပ်ထားတဲ့ အင်ဂျင်ဝိုင်တွေပါ. Conventionalထက် စျေးများပါတယ်. ပိုတာရှည်ခံပါတယ်. မိမိကား ဆိုင်ကယ် အင်ဂျင်နဲ့ သင့်တော်မယ် အင်ဂျင်ဝယ်gradeတွေ အမျိုးမျိုး ထုတ်လုပ်ပါတယ်.
မိမိရဲ့ကားတွေ ဆိုင်ကယ်တွေကို တန်းဖိုးထားတဲ့ လူတွေ သုံးသင့်ပါတယ်.

Synthetic blend oil - Conventional oilနဲ့ Synthetic Oilအရောပါ. သုံးမျိုးမှာ သူ့စျေးက အလယ်အလတ်ပါ. Blend oilကို စျေးများရင် မဝယ်ယူသင့်ပါဘူး.
Syntheticကို မတတ်နိုင် Conventional oilကိုလည်း မသုံးချင်တဲ့ လူတွေ အတွက်ပါ.

ခေတ်တွေ တိုးတတ်လာတာနဲ့အညီ အင်ဂျင်ဝိုင်တွေမှာ ဆီကြည့်မဟုတ်ဘဲ အင်ဂျင်အတွက် ပိုကောင်းမွန်မဲ့ Engine Oil Additivesတွေ ထည့်လာကြပါတယ်.အင်ဂျင်ဝိုင်ဗူးမှာ ပါဝင်တဲ့ additivesတွေကို ရေးထားကြပါတယ်

-Anti-foam additives အင်ဂျင်ဝိုင်အတွင်းမှာ လေပူဖောင်းဖြစ်ခြင်းကို ကာကွယ်ပေးတဲ့ ပစ္စည်းပါ.အင်ဂျင်ဝိုင်အတွင်းမှာ လေပူဖောင်းတွေ ဖြစ်ရင် အင်ဂျင်ကပိုရုန်းရပါတယ်. အေးဖို့လည်း ကြာပါတယ်.

-Anti-wear additives အင်ဂျင်အတွင်း သတ္တုတခုနဲ့ တခု ပွတ်တိုက်တဲ့ အခါ သတ္တုတွေ ပွန်းပဲ့ခြင်းမှ ကာကွယ်ပေးပါတယ်

-Antioxidants အင်ဂျင်အတွင်းမှာ အောက်စီဂျင်က တခြား ဓာတုပစ္စည်းတွေနဲ့ ဓာတ်ပြုပါတယ်. သံကို သံခြေးကိုက်သလိုပါပဲ. ဒီ additiveက အဲ့လိုဖြစ်တာတွေကို ကာကွယ်ပေးပါတယ်. အပူချိန်မြင့်မားတဲ့ အပိုင်းတွေ သန့်ရှင်းအောင်နဲ့ အညစ်အကြေးတွေ အနည်ထိုင်တာကို ကာကွယ်ပေးပါတယ်.

-Detergents အင်ဂျင်က အလုပ်လုပ်တဲ့ အခါ ပူပါတယ်. အင်ဂျင်ဝိုင်အတွင်း Detergentsတွေက အပူချိန်မြင့်မားတဲ့ အချိန်မှာလဲ အလုပ်လုပ်နိုင်အောင် ပြုလုပ်ထားပါတယ်.

-Friction modifiers အင်ဂျင်အတွင်း ပွတ်တိုက် အလုပ်လုပ်ရတဲ့ အစိတ်အပိုင်းတွေကို ပွတ်တိုက်မှုကြောင့်ဖြစ်လာတဲ့ အပူတွေကိုလျော့ချပေးပါတယ်.

အကြံပေးချက်
-အရေအသွေးနိုမ့်တဲ့ အင်ဂျင်ဝိုင်တွေက ကား ဆိုင်ကယ် အင်ဂျင်ကို ထိခိုက်စေပါတယ်.
-မိမိကား ဆိုင်ကယ် အင်ဂျင်နဲ့ မကိုက်ညီတဲ့ အင်ဂျင်ဝိုင်တွေဟာ အင်ဂျင်ကို ထိခိုက်စေပါတယ်.
-အင်ဂျင်ဝိုင်လဲရင် လိုတာထက် လျံအောင် မထည့်သင့်ပါဘူး.
-ကားပေါ်မှာ အင်ဂျင်ဝိုင်တဗူးကိုဆောင်ထားသင့်ပါတယ်.
-oil filterကို အင်ဂျင်ဝိုင်လဲတိုင်း လဲ သင့်ပါတယ်.
-၃လ ဒါမှမဟုတ် ကီလို ၃၀၀၀-၅၀၀၀ တခါ အင်ဂျင်ဝိုင်လဲသင့်ပါတယ်

အင်ဂျင်ဝိုင်ဗူးပေါ်မှာ ပါတဲ့ ပြစ်အားဂဏန်းတွေ
အင်ဂျင်ဝိုင် ဘယ်လို ရွေးဝယ်မလဲ

ပြစ်အား
အင်ဂျင်ဝိုင်ဗူးတွေမှာ အင်ဂျင်ဝိုင်ရဲ့ပြစ်အားကို ရေးထားကြပါတယ်.
xxW-xx
ဥပမာ
10W-30
10W-40
5W-30

Wဆိုတာ winter ဆောင်းရာသီကိုပြောတာပါ. 0°F မှာ အင်ဂျင်ဝိုင်ရဲ့ ပြစ်အားကို ပြောတာပါ.
10W-30နဲ့ 5W-30 အင်ဂျင်ဝိုင် နှစ်ခုမှာ
5W-30က ဆောင်းရာသီမှာ ပြစ်အားနည်းပါတယ်. အေးတဲ့ဒေသမှာ Wရှေ့က ဂဏန်းကို ကြည့်သင့်ပါတယ်.
Wနောက်က ဂဏာန်းကတော့ ပူတဲ့အချိန် 212°F မှာ
အင်ဂျင်ဝိုင်ရဲ့ ကျဲအားပါ.
ဂဏန်းများလေ ပူလို့ကျဲသွားတာကို ခံနိုင်လေပါပဲ
10W-40နဲ့ 10W-30မှာ 10W-40က အင်ဂျင်ပူလို့ အင်ဂျင်ဝိုင်ကျဲသွားတာကို ပိုခံနိုင်ပါတယ်.
အင်ဂျင်ဝိုင်ရဲ့ အလုပ်က သူ့သတ်မှတ်ထားတဲ့ ပြစ်အားတခုမှာ နေပြီး အင်ဂျင်အစိတိအပိုင်းတွေကို ကာကွယ်ပေးရမှာပဲ ဖြစ်ပါတယ်.
အေးလွန်းရင်လည်း ပြစ်ခဲမသွား ပူလွန်းရင်လည်း ကျဲမသွားတဲ့ အင်ဂျင်ဝိုင်ကို ရွေးချယ်သင့်ပါတယ်. ကား ဆိုင်ကယ်ရဲ့ manual စာအုပ်တွေမှာ မိမိကား ဆိုင်ကယ်နဲ့သင့်တော်မဲ့ အင်ဂျင်ဝိုင်ရဲ့ ပြစ်အားကို ဖော်ပြထားပါတယ်

Engine Oil နှင့်ကားအပိုပစ္စည်းများကို စျေးနှုန်းချိုသာစွာဖြင့် တစ်နေရာထဲတွင် ရရှိနိုင်ပါပြီးမြတ်တို မီးပွိုင့်အနီး ၊ ပုသ...
09/09/2023

Engine Oil နှင့်ကားအပိုပစ္စည်းများကို စျေးနှုန်းချိုသာစွာဖြင့် တစ်
နေရာထဲတွင် ရရှိနိုင်ပါပြီး

မြတ်တို မီးပွိုင့်အနီး ၊ ပုသိမ်မုံရွာလမ်းခွဲ ၊ ၁၅ ရပ်ကွက် ၊ပုသိမ်မြို့ ၊အာဇာနည်ဘုန်းကြီးကျောင်းအနီး၊ လျှပ်စစ်ဝန်ကြီးဌာနရုံရှေ့

Address

Pathein

Telephone

+959266226606

Website

Alerts

Be the first to know and let us send you an email when Shwe Thiha Min posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share