27/11/2020
Kegal exercise device လေးများ မှာယူနိုင်ပါပြီနော်
💵💵Price. 20000 ကျပ်ဖြင့် ဈေးနှုန်းချိုသာစွာဝယ်ယူနိုင်ပါပြီ💵💵
⏰waiting time နဲ့ပါနော်⏰
ဒီ exercise device လေးကို ဘယ်နေရာမှာ အသုံးပြုပြီး ဘာအတွက် အသုံးပြုလေ့ကျင့်သင့်တယ်ဆိုတာ ရှင်းပြပေးပါ့မယ်နော်💁💁💁
ကျွန်မတို့ရဲ့ ခန္ဓာကိုယ်က ကြွက်သားတွေနဲ့ တည်ဆောက်ထားတာဆိုတော့ ကြွက်သားတွေကို အသုံးမပြုဘဲနေတာ ကြာလာတာနဲ့အမျှ အားမရှိဘဲ ချိနဲ့လာတာ ထုံးစံပါ။ Pelvic floor muscle ဆိုရင် အတွင်းကလီစာတွေ အကုန်လုံးကို အမြဲပင့်မထားရတာဖြစ်တဲ့အတွက် လေ့ကျင့်ခန်းမလုပ်ပဲ နေတာကြာလေ လျော့တွဲကျပြီး အားနည်းလာတာကြောင့် ဆီးမနိုင်တာတွေ ဖြစ်လာမှာပါ။ ဒါတွေအပြင် တကိုယ်ဝန်ဆောင်တာ၊ ကလေးကို ရိုးရိုးမွေးတာဖြစ်စေ၊ ခွဲမွေးတာဖြစ်စေ၊ အသက်ကြီးတာ၊ အဝလွန်တာ၊ ခွဲစိတ်မှုခံယူထားတာ စတဲ့ အကြောင်းကြောင်းတွေကြောင့်လည်း ပျက်စီးယိုယွင်းတတ်ပါတယ်။ kegel exercise လုပ်ပေးခြင်းအားဖြင့် ပျက်စီးပြီး အားနည်းနေတဲ့ pelvic floor ကြွက်သားကို ပြန်လည်သန်မာလာအောင်လုပ်ပေးနိုင်တဲ့အပြင် pelvic floor ကြွက်သားအားနည်းတာကြောင့်ဖြစ်တတ်တဲ့ နှာချေ၊ ချောင်းဆိုးရင်း ဆီးထွက်ကျတာတွေ၊ ဆီးဝမ်းမထိန်းနိုင်တာ၊ သားအိမ်ကျတာတွေကိုပါ ယောက်ကျားလေးဆိုရင် အချိန်မတိုင်မီ သုတိထွက်မြန်တာ အူကျ ခြင်းများကို ကာကွယ် သက်သာစေနိုင်တယ်။ ကလေးမွေးပြီးရက်ပိုင်းကစပြီး kegel exercise ကိုလုပ်ရင် အမျိုးသမီးင်္အဂါတဝိုက်ပါ သွေးလည်ပတ်မှု ကောင်းစေလာပြီး ကလေးမွေးထားတဲ့ဒဏ်ကို မြန်မြန်သက်သာစေပါတယ်။ အိမ်ထောင်ရှင် အမျိုးသမီးတွေ အထူးသဖြင့် စိတ်ဝင်စားရမယ် လေ့ကျင့်ခန်းမျိုးပေါ့။
Kegel လေ့ကျင့်ခန်းဆိုတာဘာလဲ?
pelvic floor muscle လေ့ကျင့်ခန်း ကို တနည်းအားဖြင့် Kegel လေ့ကျင့်ခန်း လို့လဲခေါ်ကြပါတယ်။ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်အတွင်းအောက်ပိုင်း pelvic floor ကြွက်သားတွေကို ကျုံ့သွားအောင်ညစ်ထားလိုက်ပြီး တဖန်ကြွက်သား တွေကို ပြန်လျော့လိုက်တာမျိုးကို အကြိမ်ကြိမ် မကြာခဏ လုပ်ပေးခြင်းအားဖြင့် pelvic floor ကြွက်သားကို ပြန်လည် သန်မာလာအောင် လေ့ကျင့်တာကို kegel exercise လို့ ခေါ်ပါတယ်။
ဒါပေမယ့် တခါမှ လေ့ကျင့်ခန်းမလုပ်ဖူးတဲ့သူတွေဆိုရင် ဒီလို pelvic floor ကြွက်သားတွေကို ကျုံ့နိုင်ဖို့အတွက် core muscle နဲ့ ခန္ဓာကိုယ်အောက်ပိုင်း ကြွက်သားတွေကို အရင်သန်မာအောင် လေ့ကျင့်ပေးဖို့လိုပါလိမ့်မယ်။
Kegel လေ့ကျင့်ခန်းလုပ်ချိန်မှာ ဘာတွေသတိထားရမလဲ?
Kegel လေ့ကျင့်ခန်းလုပ်နေချိန်မှာ pelvic floor ကြွက်သားကို ကျုံ့ထား တင်းထားရမှာမှန်ပေမယ့် ဝမ်းဗိုက်၊ ကျောဖက်၊ တင်ပါးနဲ့ ဘေးဘက်ကြွက်သားတွေကို လျော့ထားရပါမယ်။ နောက်ပြီး kegel လေ့ကျင့်ခန်းကို အလွန်အကျွံမလုပ်မိဖို့လဲ ဂရုစိုက်ရမယ်။ အလွန်အကျွံလုပ်မိရင် ဒဏ်ဖြစ်စေနိုင်ပြီး ကြွက်သားတွေသန်မာဖို့အတွက်ကိုပါ နှောင့်နှေးစေနိုင်ပါတယ်။
ရလဒ်ကိုဘယ်အချိန်မှာတွေ့နိုင်မလဲ?
Kegel လေ့ကျင့်ခန်းကို ပုံမှန်လုပ်သွားမယ်ဆိုရင် ရက်သတ္တပတ် ဒါမှမဟုတ် လအနည်းငယ်အတွင်းမှာ ဆီးမထိန်းနိုင်တာလိုမျိုး ပြသနာတွေကို သိသိသာသာသက်သာလာတာတွေ့ရပါလိမ့်မယ်။ ရေရှည်အတွက် ရလဒ်ကောင်းတွေ လိုချင်တယ်ဆိုရင်တော့ Kegel လေ့ကျင့်ခန်းကို နေ့စဉ် လုပ်ဆောင်ရမယ့် အလုပ်တစ်ခုလို သတ်မှတ်ပြီး မှန်မှန်လုပ်သွားဖို့ လိုပါတယ်ရှင်။
ဒီလေါက်ဆိုရင်တော့ ဒီ device လေးကို ဘာကြောင့်အသုံးပြုသင့်တယ်ဆိုတာကို
ချစ်တို့တွေ နားလည်သွားပြီလို့ထင်ပါတယ်နော်။ သေချာဖတ်ရှုပေးတဲ့သူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။
Ph.09971370358 .09977359235