Note Book

Note Book ယုံကြည်​မှုလိုချင်​ရင်​ ​လေးစားမှုရှ

💚  ​နွေး​ထွေးမှု 💚မိသားစုတစ်​ခုမှာ အိပ်​ယာထ​စောတဲ့သူက အိပ်​ယာထ​နောက်​ကျတတ်​သူကို ​မွှေး​မွှေး​ပေးခဲ့သင့်သလို 💚အိပ်​ယာဝင်ေ...
09/10/2020

💚 ​နွေး​ထွေးမှု 💚

မိသားစုတစ်​ခုမှာ အိပ်​ယာထ​စောတဲ့သူက
အိပ်​ယာထ​နောက်​ကျတတ်​သူကို 
မွှေး​မွှေး​ပေးခဲ့သင့်သလို 💚

အိပ်​ယာဝင်​​စောတဲ့သူကိုလည်း
အိပ်​ယာဝင်​​နောက်​ကျတတ်​သူက 
မွှေး​မွှေး​မွှေး​ပေးပြီး
အိပ်​တာကလည်း 
နွေး​ထွေးမှုတစ်​ခုပါ💚

#စာချစ်​သူ

အဖြူထည်​နဲ့တည်​​ဆောက်​ထားတဲ့ အချစ်​အိမ်​​လေးဟာ ဘယ်​​တော့မှပြိုလဲမသွားဘူး💚ဒါ​ပေမဲ့ မာန်​မာန​တွေ စည်းစိမ်​​တွေနဲ့တည်​​ဆော...
09/10/2020

အဖြူထည်​နဲ့တည်​​ဆောက်​ထားတဲ့ အချစ်​အိမ်​​လေးဟာ ဘယ်​​တော့မှပြိုလဲမသွားဘူး💚

ဒါ​ပေမဲ့ မာန်​မာန​တွေ စည်းစိမ်​​တွေနဲ့တည်​​ဆောက်​ထားတဲ့အချစ်​ဟာလည်း ဘယ်​​တော့မှ မတည်​မြဲဘူး💚

တည်​မြဲတဲ့အချစ်​အိမ်​​လေးပိုင်​ဆိုင်​ချင်​ရင်​​တော့ နှစ်​ဦးနှစ်​ဖက်​ သစ္စာရှိမှု ​လေးစားမှုနဲ့ နားလည်​မှု​တွေ အပြန်​အလှန်​ထားသင့်​ပါတယ်​💚
#စာချစ်​သူ

💚 မျှတစွာချစ်​တတ်​ကြပါ​စေ 💚ချစ်သူအပေါ်ကို ဆိုးပေမယ့် နင့်နေအောင်ချစ်တဲ့ ကောင်မလေးတွေဟာ ချစ်သူကို ကိုယ့်ဖက်က စပြီးဘယ်တော့မ...
08/10/2020

💚 မျှတစွာချစ်​တတ်​ကြပါ​စေ 💚

ချစ်သူအပေါ်ကို ဆိုးပေမယ့် နင့်နေအောင်ချစ်တဲ့ ကောင်မလေးတွေဟာ ချစ်သူကို ကိုယ့်ဖက်က စပြီးဘယ်တော့မှ ခေါ်မှာမဟုတ်ပါဘူး။😔

နင်နဲ့ငါပြတ်ပြီ လို့ပြောသာ ပြောနေတာ ချစ်သူလာခေါ်မယ့်၊ လာချော့မယ့် အချိန်ကို စောင့်မျှော်နေကြတာ ဖြစ်ပါတယ်။😔

ချစ်သူကို စသာမခေါ်တာ ရင်ထဲမှာတော့ မိနစ်တိုင်းက နာကျင်နေတာ ဖြစ်ပါတယ်။😔

ချစ်သူများစိတ်ကုန်သွားမလား၊ တကယ်ပြတ်သွားမလား ဆိုတာ တွေးပြီး အရမ်းကြောက်ကြပါတယ်။ 😔

ဒါကြောင့် ရန်ဖြစ် စိတ်ကောက်ကြတဲ့အခါ သူ့ကိုအကြာကြီး ပစ်မထားပါနဲ့၊ အမြန်ချော့လိုက်ပါ။ သင့်ကို နင့်နေအောင် ချစ်ပါတယ်ဆိုတာ သင်သိထားပါ။💚
#စာချစ်​သူ

😔ချစ်​ခဲ့ဖူးတယ်​😔   ဘုရင်​မ တင်​စားပြီး အ​ဝေးက​နေ​ငြေးကြည့်​​နေရင်​​တောင်​ သူ့အပြုံး​လေး​တွေ​ကြောင့်​ ကိုယ့်​ခံစားချက်​​...
08/10/2020

😔ချစ်​ခဲ့ဖူးတယ်​😔

ဘုရင်​မ တင်​စားပြီး အ​ဝေးက​နေ​ငြေးကြည့်​​နေရင်​​တောင်​ သူ့အပြုံး​လေး​တွေ​ကြောင့်​ ကိုယ့်​ခံစားချက်​​တွေ နှလုံးခုန်​နှုန်း​တွေ ရပ်​သန့်​သွားမသတ်​ ချစ်​ခဲ့ဖူးတယ်​😔

နတ်​သမီးနဲ့နှိုင်းကာ နတ်​ဘုံနတ်​နန်းရဲ့အမြင့်​ဆုံးတစ်​​နေရာမှာ သူ​လေးနဲ့ကျွန်​​တော်​ ကမ္ဘာကြီးကိုအတူတကွလှပ​အောင်​ဖန်​တီးကြဖို့ သူငယ်​ချင်း​တွေကို ဝံ့ကြွားစွာ​​ပြောဆိုရဲတဲ့အထိ ချစ်​ခဲ့ဖူးတယ်​😔

ပညာရှိတစ်​​ယောက်​ကဲ့သို့​လေးစားပြီး သူ​မရဲ့​ပေါင်​​လေး​ပေါ်မှာမှီကာ သူ့အကြိုက်​ဆုံးဘာလဲသိ​အောင်​ကြိုးစားပြီး သူဖတ်​​နေတဲ့စာအုပ်​​လေး​တွေကအစ အကုန်​သိ​အောင်​ သူ့အ​ကြောင်း​တွေနဲ့ ငါ့ဘဝကိုလွှမ်း​မိုးတဲ့ထိ ချစ်​ခဲ့ဖူးတယ်​😔

အဖြူ အစိမ်း​လေး​တွေကိုမြင်​လိုက်​ရင်​ သူဒီ​နေ့ဘယ်​ဘာသာရပ်​​တွေသင်​ကြားမယ်​ဆိုတာကအစ သူ့​ကြောင့်​​ကျောင်းသူ/သား​တွေ​ပျော်​ရွှင်​ရသလို ကိုယ့်​​ကြောင့်​သူအမြဲ​ပျော်​ရွှင်​​​စေရမယ်​ဆိုတဲ့ ရင်​ထဲက ကတိသစ္စာအထပ်ထပ်​​တိုင်​တည်​ပြီး ချစ်​ခဲ့ဖူးတယ်​😔

#စာချစ်​သူ

မိန်းကလေးတွေပဲမဟုတ်ဘူး ​ယောင်္ကျားလေးတွေလည်း သူ့ချစ်သူရဲ့ သစ္စာရှိမှုနဲ့ ကြင်​နာမှုကို သိပ်​လိုချင်​တာ​ပေါ့💚�   ပိန်နေရင်ဖြစ်...
07/10/2020

မိန်းကလေးတွေပဲမဟုတ်ဘူး ​ယောင်္ကျားလေးတွေလည်း သူ့ချစ်သူရဲ့ သစ္စာရှိမှုနဲ့ ကြင်​နာမှုကို သိပ်​လိုချင်​တာ​ပေါ့💚�
ပိန်နေရင်ဖြစ်စေ ဝနေရင်ဖြစ်စေ
လှနေရင်ဖြစ်စေ ရုပ်ဆိုးနေရင် ဖြစ်စေ
အောင်မြင်ရင်ဖြစ်စေ ကျရှုံးနေရင် ဖြစ်စေ
အားနည်းချက်​ အားသာချက်​ကိုလက်​ခံ​ပေးပြီး ကိုယ့်အနားမှာ အမြဲရှိနေမယ့် လက်တွဲဖော်တော့ ရှိစေချင်တာ အမှန်ပါပဲ။💚
#စာချစ်​သူ

တကယ်​​တော့ မာနကြီးတာ မဟုတ်ဘူးလိုအပ်တာထက် အပိုစကားတွေမပြောတတ်တာမလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်ချင်လို့ပါ💚တကယ်​​​တော့ ​စာနာမှုမ...
07/10/2020

တကယ်​​တော့ မာနကြီးတာ မဟုတ်ဘူး
လိုအပ်တာထက် အပိုစကားတွေ
မပြောတတ်တာ
မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်ချင်လို့ပါ💚

တကယ်​​​တော့ ​စာနာမှုမရှိလို့ မဟုတ်ဘူး
အမှန်တရားကို အမှန်တရားပါလို့
ပြောတတ်တာ
အမှန်တရားကို လက်ကိုင်ထားတတ်လို့ပါ💚

တကယ်​တော့ မချစ်တတ်လို့တော့ မဟုတ်ဘူး
နှလုံးသားနဲ့ ရင်းလို့
အချစ်ကြီးချစ်ခဲ့ပြီးမှ
အလွမ်းတွေနဲ့ ကျန်ခဲ့မှာကိုကြောက်မိလို့ပါ💚
#စာချစ်​သူ

အချစ်ဆိုတာ💚💚💚အခုခေတ်မှာ လူငယ်တွေ အချစ်ဆိုတာကြီးကို အထင်မြင်လွဲလာကြတယ်.....😍တစ်ပတ်ကို သုံးကြိမ်လောက်  ရုပ်ရှင်ကြည့်....ဟိ...
09/09/2020

အချစ်ဆိုတာ💚💚💚

အခုခေတ်မှာ လူငယ်တွေ အချစ်ဆိုတာကြီးကို
အထင်မြင်လွဲလာကြတယ်.....😍

တစ်ပတ်ကို သုံးကြိမ်လောက် ရုပ်ရှင်ကြည့်....
ဟိုဆိုင်သွားစား ဒီဆိုင်သွားစားတာကို ကြွေး
နိုင်မှ အချစ်လို့ထင်လာကြတယ်....😍

အရုပ်လေး ၀ယ်ပေး ဟိုဟာဝယ်ပေး နိုင်မှ
အချစ်လို့ ထင်လာကြတယ်....😍

လူအများကြားမှာ အနမ်းတွေပေး ဖက်ပြနေမှ
အချစ်လို့ထင်လာကြတယ်...Sex ကိုပျော်စရာ
အဖြစ်သတ်မှတ်လာကြတယ်....😍

သူတို့ဆီမှာ အနာဂတ်ကိုမတွေးတော....
တစ်ဘ၀စာထက် တစ်ခဏတာကြားမှာ ပျော်
မြူးလာကြတယ်.....အရည်အချင်းထက်..ရုပ်
ရည်ကို ဦးစားပေးလာကြတယ်.....😍

အောင်မြင်တဲ့ယောင်္ကျားတွေရဲ့နောက်ကွယ်မှာ
ထက်မြက်တဲ့မိန်းမတွေရှိတယ်....ထက်မြတ်တဲ့
မိန်းမတွေ ဘေးမှားလည်း အောင်မြင်တဲ့ ယော
င်္ကျားတွေရှိကြတယ်....😍

ဘ၀အာမခံချက်ဆိုတာ ကိုယ်တိုင် ဖန်တီးရတဲ့
အရာပါ..ဘယ်အာမခံ company မှ ခုံဖိနပ်တစ်
ရံကို ဒေါ်လာသန်းချီမပေးနိုင်သလို.....😍

ထီ မထိုးပဲ ထီပေါက်ချင်, အပင် မစိုက်ပဲ အသီး
စားချင်, ပါရမီမဖြည့်ပဲ အောင်မြင်တဲ့ယောင်္ကျား
တွေကို မမျှော်လင့်ချင်ပါနဲ့ ......Ready made
တွေက ဘယ်အရာမှ မကောင်းဘူး...😍

ဘ၀မှာ ဟင်းကောင်းကောင်းစားရုံ, အလှပြင်ရုံ
သက်သက်လူဖြစ်လာတဲ့ သာမာန်မိန်းမတွေဟာ
အောင်မြင်ပြီးသားယောင်္ကျားတွေကိုရှာပြီး သူတို့
ဘ၀ကို
တည်ဆောက်ချင်ကြတယ်😍
ထက်မြတ်တဲ့မိန်းမတွေကတော့ သူတို့ တကယ်
ချစ်တဲ့သူနဲ့သာ ဘ၀ကိုရုန်းကန်လှုပ်ရှား ဖေးမကူ
ညီရင်း အောင်မြင်တဲ့ယောင်္ကျားတွေရဲ့ အရေးပါ
တဲ့ မိန်းမတွေဖြစ်ချင်ကြတယ်....😍

ငွေ တစ်ထောင်ကို တစ်သောင်းဖြစ်အောင် ဘယ်
လိုလုပ်ပေးရမလဲစဉ်းစားမယ့်အစား ဘယ်လိုဖြုန်း
ရမလဲ...စဉ်းစားနေတဲ့ လက်တွဲဖော် ရှိရင် ခုထဲက
လက်တွဲဖြုတ်လိုက်ပါ..သင့်ဘ၀ရဲ့ ပါရမီဖြည့်ဖက်
ဘယ်တော့မှ ဖြစ်လာမှာမဟုတ်လို့ပါပဲ.....😍

အချစ်ဆိုတာ ဒါပါပဲ💚💚💚

၁။ သူမက မင်းကို ယုံကြည်အားကိုးရင်..အချစ်ဆိုတဲ့အရာက လူတွေကိုတောင် ရူးသွပ်စေတတ်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ အချစ်ကို ရရှိထားတာ...
09/09/2020

၁။ သူမက မင်းကို ယုံကြည်အားကိုးရင်..

အချစ်ဆိုတဲ့အရာက လူတွေကိုတောင် ရူးသွပ်စေတတ်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ အချစ်ကို ရရှိထားတာဟာ အလွန်ကောင်းမွန်တဲ့အရာပဲဖြစ်ပါတယ်.💚

ဒါပေမဲ့ မင်းက မင်းကို ချစ်နေတဲ့ ချစ်သူရထားရင် ကံကောင်းနေပြီလို့ ထင်ပါလိမ့်မယ်..။💚

အချစ်ဆိုတာဟာ အစွန်းနှစ်ဖက်ကို ရောက်တတ်ပါတယ်။ ဒါကြောင့် မင်းရဲ့ ဘဝလက်တွဲဖော်ကို အချစ်တစ်ခုတည်းနဲ့ ဆုံးဖြတ်ပြီး မရွေးလိုက်ပါနဲ့..၊💚

သူမက မင်းကို ယုံကြည်အားကိုးပြီး မင်းရဲ့ အရည်အချင်းတွေကို ယုံကြည်ပြီး အမြဲ စိတ်ဓာတ်ခွန်အားပေးတတ်တဲ့ ကောင်မလေးမျိုး ရထားရင်တော့ လက်မလွှတ်ပါနဲ့တော့..💚

၂။ သူမက မင်းရဲ့ ဒေါသကို ဖြေလျော့ပေးနိုင်ရင်..၊

လူတိုင်း ဒေါသထွက်တတ်ပါတယ်။ ကျွန်တော်တို့အားလုံးမှာ သည်းခံနိုင်စွမ်းတွေ မတူညီကြပါဘူး။ မင်းရဲ့ ချစ်သူက မင်းရဲ့ ဒေါသကို ဘယ်လို ထိန်းချုပ်ပေး ဖြေလျော့ပေးနိုင်လဲဆိုက်ပါနဲိုက်ပါနဲ့ ..၊💚

မင်းရဲ့ ချစ်သူလေးက စိတ်အနှောင့်အယှက်မပေးဘဲ မင်းဒေါသကို ဖြေလျော့ပေးနိုင်ရင် သူမက မင်းအတွက် သင့်တော်တဲ့သူတစ်ယောက်ပါ..။💚

၃။ မင်းအပေါ် ယုံကြည်မှုရှိရင်..၊

ယုံကြည်မှုဆိုတဲ့အရာဟာ အလွယ်တကူနဲ့ ပျက်စီးလွယ်ပါတယ်။ ယုံကြည်မှုဆိုတဲ့အရာက လှပတဲ့အရာတစ်ခုဖြစ်ပြီး ချစ်သူနှစ်ဦးကြား အရေးကြီးတဲ့အရာဖြစ်ပါတယ်။ မင်းရဲ့ ချစ်သူရဲ့ ယုံကြည်မှုကို ရရှိထားရင်တော့ မင်းဟာ ကံကောင်းတဲ့သူတစ်ယောက်ပါ..။💚

၎။ သူမက မင်းရဲ့ မိသားစုကို လေးစားတန်ဖိုးထားရင်..၊

မင်းရဲ့ မိသားစုနဲ့ မင်းရဲ့ ချစ်သူနဲ့ အတူတူ ညစာစားတာမျိုး တွေ့ဆုံပေးတာကောင်းပါတယ်။ မင်းရဲ့ ချစ်သူဟာ မင်းမိသားစုနဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေတတ်ပြီး လေးစားတန်ဖိုးထားတယ်ဆိုရင် သူမက မင်းအတွက် သင့်တော်တဲ့သူတစ်ယောက်ပါ..။💚

၅။ မင်းရဲ့ ဝါသနာတွေကို မျှဝေခံစားပေးနိုင်ရင်..၊

မင်းကြိုက်နှစ်သက်တဲ့ သီချင်းတွေ နားထောင်ရတာ ဇာတ်လမ်းတွေကြည့်ရတာ အလွန်ပဲကောင်းပြီး စိတ်အပန်းပြေစေပါတယ်။ ( ကိုယ်ဝါသနာပါတဲ့ အားကစားပွဲတွေ ကြည့်ရတာ ဥပမာ ဘောလုံးပွဲ စသည်ဖြင့်) ဒါတွေကို မင်းရဲ့ ချစ်သူနဲ့ အတူ လုပ်ရရင်တော့ ပိုပြီး ကောင်းတာပေါ့ဗျာ..။💚

၆။ မင်းရဲ့ ကိုယ်ပိုင်အချိန်တွေကို တန်ဖိုးထားပေးတတ်ရင်..

ကောင်မလေးတွေတော်တော်များများက သူတို့ချစ်သူတွေကို အမြဲတမ်း သူတို့နဲ့ပဲ အချိန်ဖြုန်းစေချင်ကြပါတယ်။ လူတွေမှာ သူတို့အတွက် ကိုယ်ပိုင်အချိန်တွေ လိုအပ်ပါတယ်..။💚

၇။ မင်းရဲ့ အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ အမြဲ အထောက်အပံ့ပေးနေရင်..၊

ကျွန်တော်တို့ ဘဝမှာ အောင်မြင်ဖို့အတွက် ကိုယ်တိုင်တင်သာမက တစ်ခြားသူတွေရဲ့ အကူအညီအထောက်အပံ့တွေ လိုအပ်ပါတယ်။ စိတ်ဓာတ်ခွန်အားတွေ ပေးနိုင်တဲ့ ချစ်သူမျိုးရထားရင်တော့ မင်းကံကောင်းပါတယ်..။💚

တကယ်လို့ မင်းရဲ့ ချစ်သူကောင်မလေးက မင်းရဲ့ အောင်မြင်မှုအတွက် အမြဲလိုလားပြီး အကူအညီအထောက်အပံ့ပေးနိုင်တယ်ဆိုရင် လက်မလွှတ်လိုက်ပါနဲ့တော့..၊💚

မေးထူး ခေါ်ပြော လောက်သာတန်တဲ့ ဆက်ဆံရေးတွေကို မေးထူးခေါ်ပြောပဲ ပြန်ဆက်ဆံပါ💚လမ်းကြုံမှ နှုတ်ဆက်တတ်တဲ့ဆက်ဆံရေးမျိုးဆိုလည်းလမ်...
23/08/2020

မေးထူး ခေါ်ပြော လောက်သာ
တန်တဲ့ ဆက်ဆံရေးတွေကို
မေးထူးခေါ်ပြောပဲ ပြန်ဆက်ဆံပါ💚

လမ်းကြုံမှ နှုတ်ဆက်တတ်တဲ့
ဆက်ဆံရေးမျိုးဆိုလည်း
လမ်းကြုံမှပဲ နှုတ်ဆက်ပါ💚

အရေးတယူ တန်ဖိုးထားပေးတတ်တဲ့
ဆက်ဆံရေးမျိုးဆိုလည်း
ထပ်တူ ပြန်ပြီးတန်ဖိုးထားဆက်ဆံပါ💚

ကိုယ့်ဘက်ကပဲ လိုက်ပြီး အောက်ကျခံ
ဆက်သွယ်ပတ်သက်နေစရာမလိုပါဘူး💚

ဘယ်နေရာမဆို တူရာ တန်ရာလေး
ဆက်ဆံ တတ်ဖို့ လိုတယ်ဆိုတာ သိထားပါ။💚

"အားတင်းထားပါ"မတိုက်ဆိုင်လို့ လမ်းခွဲသွားကြရင်ဝမ်းနည်းစရာ မလိုသလိုပြန်ပြီးလည်း မမျှော်လင့်ပါနဲ့ရေစက်ရှိလို့ ဆုံခဲ့ကြပြီး...
17/08/2020

"အားတင်းထားပါ"

မတိုက်ဆိုင်လို့ လမ်းခွဲသွားကြရင်
ဝမ်းနည်းစရာ မလိုသလို
ပြန်ပြီးလည်း မမျှော်လင့်ပါနဲ့

ရေစက်ရှိလို့ ဆုံခဲ့ကြပြီး
ကံကုန်ရင် လမ်းခွဲကြရမယ်
ကံမကုန်သေးရင် ပြန်ဆုံတွေ့ဖြစ်ကြမယ်

ဘဝရဲ့ လှည့်ကွက်တွေအောက်မှာ
တစ်ယောက်နဲ့တစ်ယောက်
မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ကြပြီး
မျှော်လင့်မထားတဲ့ ကံကြမ္မာမုန်တိုင်း
ဖန်တီးလာပြီဆိုရင် ထင်မှတ်မထားတဲ့
အခြေအနေတွေကြောင့်လည်း
တစ်ယောက်နဲ့ တစ်ယောက်
ဝေးကွာသွားကြရတာပါပဲ

တစ်ကယ်တမ်းကြတော့
ရေစက်ရှိလို့ ဆုံတာထက်
တစ်ယောက်ကို တစ်ယောက်
ဝဋ်ကြွေးဆပ်ဖို့ ဆုံဖြစ်ခဲ့ကြတာပါ

အနားမှာ ထွက်ခွာသွားသူကို
ကျေးဇူးတင်လိုက်ပါ
သူ့ကြောင့် ဝဋ်ဒုက္ခမှ လွတ်ကင်းသွားလို့ပါ

ဘဝဆိုတာ ...?
ကိုယ်က ချစ်နေပြန်တော့လည်း
တစ်ဖက်သားက မုန်းနေပြန်တတ်တယ်
ကိုယ်က မုန်းနေပြန်တော့လည်း
တစ်ဖက်သားက ချစ်နေပြန်တတ်တယ်

ချစ်ခြင်းမုန်းခြင်းတွေအောက်မှာ
သိပ်ပြီးတော့လည်း လိုက်ခံစားမနေပါနဲ့
တွေ့ကြဆုံကြ ခဏလေးပါ...

နေရတဲ့ အချိန်လေးမှာ
ကိုယ့်ကြောင့်လည်း သူတစ်ပါး စိတ်မဆင်းရဲစေနဲ့
သူတစ်ပါးကြောင့်လည်း
ကိုယ့်ကိုယ်ကို စိတ်ညစ်မခံပါနဲ့

ကိုယ့်ကိုယ်ကို အေးချမ်းစွာနေရင်း
ဘဝလမ်းခရီးကို အကောင်းမြင်တတ်တဲ့ မျက်လုံး
စာနာတတ်တဲ့ နှလုံးသား
ကူညီတတ်တဲ့ လက်တစ်စုံနဲ့
လျှောက်လှမ်းကြပါ။

Address

Paletwa
28023

Opening Hours

09:00 - 17:00

Telephone

+959427946185

Website

Alerts

Be the first to know and let us send you an email when Note Book posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Note Book:

Share

Category