Shwe Au Book Shop

Shwe Au Book Shop Sharing Knowledge

စိတ်ကို ပေါ့ပေါ့ပါးပါးထားပါ။ အသက်ကို ဝဝရှူပါ။ စိတ်လေးနေတာမျိုး မဖြစ်စေနဲ့။အသက်ရှူ ကျပ်နေတာမျိုး မဖြစ်စေနဲ့။အချို့အရာတွေဟ...
27/03/2025

စိတ်ကို ပေါ့ပေါ့ပါးပါးထားပါ။ အသက်ကို ဝဝရှူပါ။ စိတ်လေးနေတာမျိုး မဖြစ်စေနဲ့။အသက်ရှူ ကျပ်နေတာမျိုး မဖြစ်စေနဲ့။

အချို့အရာတွေဟာ ကိုယ်ထင်ထားသလောက်ကြီးလည်း သိပ်ခက်ခဲမနေပါဘူး။ ခက်ခဲမယ်လို့ ထင်ထားတဲ့အရာတွေဟာ အချိန်တန်တော့လည်း ပြီးသွားတာပါပဲ။ မလုပ်ရသေးခင် ကြိုတွေးပြီး စိုးရိမ်ပူပန်မနေပါနဲ့။ စိတ်ပင်ပန်း မခံပါနဲ့။

မလွဲမသွေ လုပ်ရမယ့်အရာတွေအတွက် ကြိုးတွေးပြီး စိုးရိမ်ပူပန်နေမယ့်အစား၊ စိတ်လေးနေမယ့်အစား၊ အသက်ရှူကျပ်နေမယ့်အစား လုပ်ရမယ့်အတူတူ စိတ်ကို ပေါ့ပေါ့ပါးပါးထား၊ အသက်ကို ဝဝရှူပြီး အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမလဲပဲ စဉ်းစားပါ။

လောကမှာ စွမ်းအားအကြီးဆုံးအရာသည် စိတ်ဖြစ်ပြီး ခွန်အားအကြီးဆုံးသတ္တဝါဟာ လူသားဖြစ်ပါတယ်။ စွမ်းအားအကြီးဆုံးစိတ်ကို အသုံးချပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်ထားကာ အခက်အခဲတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖြေရှင်းပါ။ ဘယ်လောက်ခက်ခဲတဲ့ အရာပဲဖြစ်ဖြစ် အချိန်တန်ရင် ပြီးသွားမှာပါ။

#ခွင့်လွှတ်ပေးလိုက်ပါ
#မောင်ဘုန်း (သပြု)
#စာအုပ်စာပေလူ့မိတ်ဆွေ 📖📚


🩷🍀စာဖတ်ပါ။ ပျော်ရွှင်ပါ။
Shwe Au Book Shop
09987045108

ကမ္ဘာကျော်အံ့ဖွယ်ပုံပြင်များသစ္စာနီပုံပြင် ၄၁ ပုဒ် ပါဝင်ပါတယ်တန်ဖိုး - ၁၀၀၀၀ ကျပ်စာမျက်နှာ ၁၉၅မျက်နှာဖုံး- မောင်ဒေးနှစ်က...
27/03/2025

ကမ္ဘာကျော်အံ့ဖွယ်ပုံပြင်များ
သစ္စာနီ
ပုံပြင် ၄၁ ပုဒ် ပါဝင်ပါတယ်
တန်ဖိုး - ၁၀၀၀၀ ကျပ်
စာမျက်နှာ ၁၉၅
မျက်နှာဖုံး- မောင်ဒေး
နှစ်ကာလများစာပေ

#သစ္စာနီ
#နှစ်ကာလများ

🩷🍀စာဖတ်ပါ။ ပျော်ရွှင်ပါ။
Shwe Au Book Shop
09987045108

✍🏼 ထက်ထက်ထွန်း📖 ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့စိတ်တန်ဖိုး ၁၅၀၀၀ ကျပ်၊ 🩷🍀စာဖတ်ပါ။ ပျော်ရွှင်ပါ။Shwe Au Book Shop099870451...
26/03/2025

✍🏼 ထက်ထက်ထွန်း

📖 ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့စိတ်

တန်ဖိုး ၁၅၀၀၀ ကျပ်၊

🩷🍀စာဖတ်ပါ။ ပျော်ရွှင်ပါ။
Shwe Au Book Shop
09987045108

🔹 "ရင်းနှီးမြှုပ်နှံမှုအားလုံးထဲမှာ ကိုယ့်ကိုယ်ကိုယ်ရင်းနှီးမြှုပ်နှံခြင်းက အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပဲ"=== ▸ ဘ၀မှ...
26/03/2025

🔹 "ရင်းနှီးမြှုပ်နှံမှုအားလုံးထဲမှာ
ကိုယ့်ကိုယ်ကိုယ်ရင်းနှီးမြှုပ်နှံခြင်းက
အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပဲ"
===

▸ ဘ၀မှာ ကိုယ်ရည်မှန်းထားတဲ့ Level ကိုရောက်ဖို့ပဲဖြစ်ဖြစ်၊ အလုပ်မှာ တိုးတက်ဖို့ပဲဖြစ်ဖြစ်၊ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုမှာအကျိုးအမြတ်ကောင်းကောင်းရဖို့အတွက်ပဲဖြစ်ဖြစ် အရေးကြီးဆုံးအချက်တစ်ခုက ကိုယ်တိုင်အရည်အချင်းပြည့်မီနေဖို့ပဲ။

▸ အဓိကအားဖြင့် ကိုယ်လုပ်နေတဲ့နယ်ပယ်မှာ အမြင့်ဆုံးစွမ်းဆောင်ရည်ရဖို့၊ အမြင့်ဆုံးအအကျိုးမြတ်ရဖို့အတွက် လိုအပ်တဲ့ကျွမ်းကျင်မှု၊ လိုအပ်တဲ့လုပ်နိုင်စွမ်း ရှိထားဖို့လိုတယ်။ ကိုယ်က ပရော်ဖက်ရှင်နယ်တစ်ယောက်ဆိုရင် ကိုယ့်အလုပ်မှာတစ်ဖက်ကမ်းခပ်ကျွမ်းကျင်လေ အမြင့်ဆုံးဝင်ငွေကို ရနိုင်လေပဲ။ ဒီလိုပဲ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်မယ်ဆိုရင်လည်း Business နဲ့ Investment နဲ့ဆိုင်တဲ့ အသိပညာတွေ၊ ကျွမ်းကျင်မှုတွေ မဖြစ်မနေလိုအပ်ပါတယ်။ ဘ၀မှာ အခွင့်အလမ်း (Opportunity) တွေက တစ်ချိန်မဟုတ်တစ်ချိန်လာနေတာပဲ။ ကိုယ်က အဆင့်သင့်ရှိမနေရင် အခွင့်အလမ်းတွေ ဘယ်လောက်လာလာ ခင်ဗျား လက်လွှတ်နေရမှာပဲ။ အဆင့်သင့်ဖြစ်နေဖို့အတွက်ဆိုရင် ကိုယ့်ကိုယ်ကိုယ်တည်ဆောက်ထားရမယ်။

▸ တကယ်တမ်းတော့ ကိုယ့်ကိုယ်ကိုယ်ရင်းနှီးမြှုပ်နှံခြင်း (Investing In Yourself)ဆိုတာ အလုပ်၊ စီးပွားရေးနဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေအတွက်တင်မကပါဘူး။ ကိုယ့်ရဲ့ကျန်းမာရေး၊ ပျော်ရွှင်မှု၊ ပေါင်းသင်းဆက်ဆံရေး စတာတွေအတွက်လည်း အရေးကြီးတာပါပဲ။

▸ ဆိုတော့ ကိုယ့်ရဲ့ ပိုကောင်းတဲ့အနာဂတ်ဘ၀ကို ပိုင်ဆိုင်နိုင်ဖို့အတွက် ကိုယ့်ရဲ့အချိန်၊ ငွေကြေး၊ Energy တွေကို အရင်းအနှီးပြုပြီး ရင်းနှီးမြှုပ်နှံဖို့ အရေးကြီးပါတယ်။ တစ်နည်းအားဖြင့် ပိုကောင်းတဲ့ အနာဂတ်ကိုရဖို့အတွက် ကိုယ်တိုင်တိုးတက်ပြောင်းလဲနေဖို့လိုပါတယ်။ အရေးကြီးတာက ပုံမှန်တိုးတက်ပြောင်းလဲဖို့အတွက် လေ့လာမှုတွေ၊ လေ့ကျင့်မှုတွေနဲ့ တစိုက်မတ်မတ်တည်ဆောက်သွားဖို့ပဲ။ နှေးတာက ပြဿနာမဟုတ်ဘူး၊ ရပ်မနေဖို့နဲ့ လုပ်လိုက်မလုပ်လိုက် ကောက်ရိုးမီးမဖြစ်ဖို့ပဲလိုတယ်။

▸ ဒီစာအုပ်မှာ Personal Development နဲ့ Career Development အပိုင်းနှစ်ပိုင်း ပါဝင်ပြီး အဓိကအားဖြင့် ကိုယ့်ရဲ့အလုပ်နဲ့ ဘ၀မှာတိုးတက်ပြောင်းလဲဖို့၊ အသက်မွေးဝမ်းကျောင်းနဲ့ ဝင်ငွေဖန်တီးမှုမှာ နောက်တစ်ဆင့်မြှင့်တင်ဖို့အတွက် ဝေမျှမှုတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။

🍀 မိမိကိုယ်တွင်ရင်းနှီးမြှုပ်နှံခြင်း (ဟိန်းဇော်)
• စာအုပ်တန်ဖိုး - 𝟏𝟒𝟓𝟎𝟎 ကျပ် (စာ 𝟐𝟎𝟑

🩷🍀စာဖတ်ပါ။ ပျော်ရွှင်ပါ။
Shwe Au Book Shop
09987045108

✍🏼 တာတေ📖 ကိုယ်တွေ့ မဖဲဝါပေါင်းချုပ်တန်ဖိုး ၁၁၀၀၀ ကျပ်🩷🍀စာဖတ်ပါ။ ပျော်ရွှင်ပါ။Shwe Au Book Shop09987045108
26/03/2025

✍🏼 တာတေ

📖 ကိုယ်တွေ့ မဖဲဝါပေါင်းချုပ်

တန်ဖိုး ၁၁၀၀၀ ကျပ်

🩷🍀စာဖတ်ပါ။ ပျော်ရွှင်ပါ။
Shwe Au Book Shop
09987045108

Pre Order Now ❗❗❗လူသားတွေရဲ့ သားရဲစိတ်အလွှာကို လှစ်ကြည့်နိုင်မယ့် The Stalker စာအုပ်အမည် - The Stalkerစာရေးသူ - မယ်လွင့်...
25/03/2025

Pre Order Now ❗❗❗

လူသားတွေရဲ့ သားရဲစိတ်အလွှာကို လှစ်ကြည့်နိုင်မယ့် The Stalker

စာအုပ်အမည် - The Stalker
စာရေးသူ - မယ်လွင့်
စာမျက်နှာ - ၂၂၃
စက္ကူအမျိုးအစား - Woodfree 60 g
ရောင်းဈေး - ၁၂၀၀၀ ကျပ်

ဆရာမ မယ်လွင့်ရဲ့ စာအုပ်လို့ ဆိုလိုက်တာနဲ့ သူ့စာအုပ်တွေကနေ ဘာရမလဲ ဆိုတာထက် ဘယ်လောက် စီးမျောပျော်ဝင်လို့ ရမလဲ အတွေးနဲ့ပဲ ဖတ်ပါတယ်လို့ စာဖတ်သူတွေဆီက ခွန်းတုံ့စကားကို ကြားရလေ့ ရှိပါတယ်။

The Stalker မှာလဲ ဆွေရည်နဲ့အတူ စာဖတ်သူတွေ စီးမျောပျော်ဝင်ခဲ့ကြဖူးတာ အမှတ်ရလိမ့်ဦးမယ် ထင်ပါတယ်။

ဈေးကွက်ထဲမှာ ကာလအတန်ကြာ ပြတ်လပ်နေတဲ့၊ ဘယ်တော့ ပြန်ထွက်မှာလဲလို့ စာဖတ်သူတွေ မေးနေကြတဲ့ ဆရာမ မယ်လွင့်ရဲ့ The Stalker ကို ဆရာ ဇော်မောင်ရဲ့ မျက်နှာဖုံး ပန်းချီလက်ရာနဲ့ ဒုတိယအကြိမ် ထပ်မံထုတ်ဝေပါတော့မယ်။

ဆွေရည်နဲ့အတူ လူသားတွေရဲ့ သားရဲစိတ်အလွှာကို လှစ်ကြည့်ကြရအောင်။

🩷🍀စာဖတ်ပါ။ ပျော်ရွှင်ပါ။
Shwe Au Book Shop
09987045108

✍🏼 ဝင်းဝင်းလတ်📖 အောက်မေ့ဖွယ်.....သူတန်ဖိုး ၁၀၀၀၀ ကျပ်၊ စာ ၂၄၉🩷🍀စာဖတ်ပါ။ ပျော်ရွှင်ပါ။Shwe Au Book Shop09987045108
24/03/2025

✍🏼 ဝင်းဝင်းလတ်

📖 အောက်မေ့ဖွယ်.....သူ

တန်ဖိုး ၁၀၀၀၀ ကျပ်၊ စာ ၂၄၉

🩷🍀စာဖတ်ပါ။ ပျော်ရွှင်ပါ။
Shwe Au Book Shop
09987045108

❤️ပျော်ရွှင်တဲ့ အလေ့အကျင့်များ #မြတ်နေခြည်💥 𝙋𝙧𝙚 𝙊𝙧𝙙𝙚𝙧 𝙉𝙤𝙬!◼ အကျင့်အသစ်တွေကို တည်ဆောက်ခြင်းက သင့်ရဲ့ခံစားချက်နဲ့ နေ့စဉ်တာ...
23/03/2025

❤️ပျော်ရွှင်တဲ့ အလေ့အကျင့်များ
#မြတ်နေခြည်
💥 𝙋𝙧𝙚 𝙊𝙧𝙙𝙚𝙧 𝙉𝙤𝙬!

◼ အကျင့်အသစ်တွေကို တည်ဆောက်ခြင်းက သင့်ရဲ့ခံစားချက်နဲ့ နေ့စဉ်တာဝန်တွေကို လန်းဆန်းစေပါတယ်။ ဒါပေမဲ့
ဘယ်အကျင့်တွေကို လိုက်လုပ်၊ ဖြတ်ထုတ်ရမလဲ ဆိုတာတော့ ရှာဖွေရမှာပါ။ သင့်ရဲ့ ပျော်ရွှင်မှုနဲ့ စိတ်ခံစားချက်တွေကို
ပြည့်စုံစေဖို့ ဘယ်လိုအကျင့်အသစ်တွေကို အောင်မြင်အောင် တည်ဆောက်ရမလဲ။
ဒီစာအုပ်က သင့်ကို လမ်းပြပေးပါလိမ့်မယ်။

◼ ဒီစာအုပ်က ခန္ဓာ၊ စိတ်၊ ဆက်ဆံရေး၊ အလုပ်၊ အိမ် နဲ့ အကျင့်စရိုက်တွေကို တိုးတက်လာစေမဲ့ အလေ့အကျင့်တွေအကြောင်းကို ဖော်ပြထားပါတယ်။ သင့်ရဲ့ ရှိနေတဲ့အကျင့်တွေကို
ပိုကောင်းလာအောင်ဘယ်လို အသုံးချမလဲ ၊
ပျော်ရွှင်မှုကို ပိုတိုးလာစေမဲ့ အံ့ဩစရာကောင်းတဲ့ နည်းလမ်းတွေနဲ့ သင့်ရဲ့ နေ့စဉ်ဘဝထဲကို အကျင့်ကောင်းလေးတွေ ဘယ်လိုရောက်လာအောင်လုပ်ရမလဲဆိုတာတွေ ပါဝင်ပါတယ်။

◼ အရမ်းကောင်းတဲ့ လေ့လာချက်တွေနဲ့ ရိုးရှင်းတဲ့ နည်းလမ်းတွေ အများကြီးပါဝင်ပြီး သင့်ဘဝကို ပျော်ရွှင်မှုတွေ နည်းလမ်းပေါင်းစုံသုံးပြီး ဖိတ်ခေါ်ပေးမှာဖြစ်ပါတယ်။

• စာအုပ်ထွက်မည့်ရက် - 𝟐𝟒.𝟑.𝟐𝟎𝟐𝟓
• စာအုပ်တန်ဖိုး - 𝟓𝟎𝟎𝟎 ကျပ် (စာ 𝟖𝟎 )

🩷🍀စာဖတ်ပါ။ ပျော်ရွှင်ပါ။
Shwe Au Book Shop
09987045108

မြေကမ္ဘာရေ ခင်ဖုန်းသက်ဝေရေ ဟောဒီလို ရတုဆိုးတွေ လင်္ကာပျက်တွေနဲ့ သေးနုပ်သူရဲ့ ဆက်သမှုမှာ ပျော်နိုင်ကြပါစေ။ #သန်းတင့် #ခင်...
21/03/2025

မြေကမ္ဘာရေ
ခင်ဖုန်းသက်ဝေရေ
ဟောဒီလို ရတုဆိုးတွေ လင်္ကာပျက်တွေနဲ့
သေးနုပ်သူရဲ့ ဆက်သမှုမှာ
ပျော်နိုင်ကြပါစေ။

#သန်းတင့်
#ခင်ဖုန်းသက်ဝေဂယ်လာရီ

တစ်နေ့က ဆရာနဲ့တွေ့တယ်။
ဆေးလိပ်သောက်ဦးလေလို့
ဧည့်ခံတယ်။

Crd - photo
Crd- post
Crd-
Crd

🩷🍀စာဖတ်ပါ။ ပျော်ရွှင်ပါ။
Shwe Au Book Shop
09987045108

ခရုလေးကိုသွားထိလိုက်တဲ့အခါ ခေါင်းကလေးက အခွံထဲကိုပြန်ဝင်သွားတတ်တယ်။သူ့ကိုထိမှာကြောက်တယ်။နာမှာကြောက်တယ်။သူ့အတွက် အန္တရာယ်ဆ...
21/03/2025

ခရုလေးကိုသွားထိလိုက်တဲ့အခါ ခေါင်းကလေးက အခွံထဲကိုပြန်ဝင်သွားတတ်တယ်။သူ့ကိုထိမှာကြောက်တယ်။နာမှာကြောက်တယ်။သူ့အတွက် အန္တရာယ်ဆိုတာသိနေတာဟာ..သဘာဝကပေးအပ်ထားတဲ့ အသိပဲဖြစ်တယ်။

တိရစ္ဆာန်တွေကတော့ရှင်းတယ်။သူတို့ရဲ့ကြောက်စိတ်ဟာ Survival Instinct အရအသက်ရှင်သန်ဖို့အတွက် ထွက်ပြေးရင်လည်းထွက်ပြေးမယ်။ပြန်ကိုက်ရင်လည်းပြန်ကိုက်မယ်။Fight or Flight ဆိုတဲ့..သဘောတိုင်းပါပဲ ။

သက်ရှိချင်းအတူတူ..လူသားတွေမှာကျတော့ ကြောက်စိတ်ဆိုတာငါဆိုတဲ့ အတ္တစိတ် အပေါ်မှာအခြေခံတာကို.
တွေ့ရတယ်။ငါ့ကိုထိမှာကြောက်တယ်။ ငါမရမှာကြောက်တယ်။ငါ့မှာကုန်သွားမှာကြောက်တယ်။ငါမလောက်တော့မှာကြောက်တယ်။ငါ့သမီး..ငါ့သား..ငါ့ယောက်ျား.. ငါ့မိန်းမ..ငါ့မိသားစုငါ့အလုပ်အကိုင် အစရှိသဖြင့်အရာရာတိုင်းကို..ငါနဲ့တွဲလိုက်တဲ့အခါ စိုးရိမ်ပူပန်စိတ်တွေ ကြောက်စိတ်တွေ ဖြစ်လာကြတယ်။

ကျွန်မတို့တွေအားလုံးကကြောက်တတ်ကြပါတယ်။ကျွန်မဆိုရင်ကြောက်တယ်ဆိုတဲ့ခံစားချက်ကြီးကို လုံးဝမကြိုက်ပါဘူး.. ကြောက်နေရတာကိုကအဆင်မပြေပါဘူး။

ဒါပေမယ့်လူတွေမှာက စိတ်မလုံခြုံမှုတွေ၊စိုးရိမ်ပူပန်မှုတွေ၊အနည်းနဲ့အများဆိုသလို ရှိနေတာပဲဖြစ်ပါတယ်။အလုပ်မမှီမှာကြောက်တယ်။အစည်းဝေးလုပ်နေရင်း အင်တာနက်လိုင်းပြတ်သွားမှာကြောက်တယ်။ကိုယ်ချစ်တဲ့သူတစ်ယောက်ဆုံးသွားမှာကြောက်တယ်။နေမကောင်းဖြစ်မှာကြောက်တယ်။စီးပွားမဖြစ်မှာ ကြောက်တယ်။ကြောက်စိတ်..ပူပန်စိတ်ဆိုတာဟာ သေးသေးလေးကနေ အကြီးကြီးထိ ဖြစ်နိုင်ပါတယ်။

ဒါကြောင့်မို့ကျွန်မတို့ဟာမသေချာမှုတွေကြားထဲမှာသေချာနိုင်သလောက်သေချာအောင်အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်ကြတယ်။နည်းမျိုးစုံသုံးပြီးကိုယ့်ကိုယ်ကိုယ်ကာကွယ်ထားတတ်ကြတယ်။

ဘာသာရေးအရဆိုရင်လည်း အဓိဋ္ဌာန်လုပ်တာ..ရွတ်ဖတ်တာဆုတောင်းတာ တွေဟာကျွန်မတို့အတွက် စိတ်လုံခြုံမှုရစေတယ်၊အကာအကွယ်ကိုဖြစ်စေတယ်..လို့ ယူဆကြတယ်။

မိတ်ဆွေ..တစ်ယောက်ကတော့ စိတ်သဘောထားလည်းသိပ်ကောင်းတယ်။အလှူအတန်းလည်း ပြတ်တယ်လို့မရှိပါဘူး။ သူဟာလူကောင်းတစ်ယောက်ပါပဲ သူ့ဆီမှာကုသိုလ်တွေလည်း အများကြီးရှိတယ်။ဒါပေမယ့်မျှော်လင့်မထားတဲ့
အကြောင်းအရာတစ်ခုကြောင့် သူ့ဘဝမှာ အရာအားလုံးပျက်စီးသွားခဲ့တယ်။ ဒုက္ခရောက် သွားတယ်။

ဒါကိုကြည့်တော့ ယခုလုပ်နေတဲ့ကောင်းတဲ့ ပစ္စုန်ပန် ကံတွေထက်..ပိုပြီးအင်အားကြီးမားတဲ့ အတိတ်က..မကောင်းတဲ့..အကုသိုလ်ကံက ရှေ့ကို..စောရောက်ပြီးအကျိုးပေးလိုက်တာပါလားလို့ ကံ..ကံရဲ့ #အချိန်ကာလအရ..အကျိုးပေးပုံကို မျက်ဝါးထင်ထင်မြင်လိုက်ရတယ်။
အမှန်ပါပဲ။တချို့ကံတွေဟာ အကျိုးပေးခွင့်မရဘဲအဟောသိကံတောင်ဖြစ်သွားသေးတာပဲ။

ကြောက်စိတ်မှာ..ငါ..ကပ်နေတဲ့အကြောင်းကိုစဉ်းစားတော့..ဒီ..ငါ..ကို မဖြုတ်နိုင်ရင်တောင် လျော့ချနိုင်သေးတာကို တွေ့ရတယ်။ငါမရှိဘူးဆိုတာကို သေချာ နားလည်လက်ခံနိုင်ရင်ကြောက်စိတ် သိသိသာသာ လျော့ပါတယ်။

ကြောက်စိတ်ပေါ်လာရင်လုပ်လို့ရတာက
💥ကြောက်နေတာကို..သိလိုက်ပါ။
💥ကိုယ့်ဘေးမှာ..အအေးလှိုင်းရှိလား အပူလှိုင်းတွေရှိနေလား။
💥ကိုယ်က အပူကိုဆွဲငင်နေမိလား။
အအေးကို ထုတ်လွှတ်ပေးနေလားစဥ်းစားပါ။
💥ကိုယ့်ရဲ့ နေ့စဉ်..ပြောနေ..တွေးနေ..လုပ်နေတဲ့ ကံတွေအကုန်လုံးမှာ..ကုသိုလ်ကများလား ..အကုသိုလ်ကများလား ဆန်းစစ်ပါ။
💥လက်ရှိ အချိန်မှာ ဘဝကို ဘယ်လို အလုပ်တွေ..စိတ်အတွေးတွေနဲ့ဖြတ်သန်းနေသလဲ စဉ်းစားပါ။

ကြောက်နေလည်း..အလကားပဲ။ဘယ်လိုအရာတွေနဲ့...ကာကွယ်ထားပါစေ။ဖြစ်ဖို့အကြောင်းပါလာရင် ဘယ်အရာကမှ တားဆီးလို့မရ ..ဖြစ်ကိုဖြစ်ပါမယ်။

အတိတ်ကံအရ..ဖြစ်ဖို့ကံပါလာရင်ဖြစ်တာပဲ။ရှောင်လို့မရတဲ့ ကံ အကြီးကြီးတွေရှိတယ်။အသက်ဆုံးတာအထိဖြစ်နိုင်တာပါပဲ။ဒါပေမဲ့ အဲဒီအခြေအနေထဲမှာ ကိုယ်ဘယ်လောက်ထိ အဆင်ပြေအောင်နေနိုင်လဲ။ဘယ်လို လွတ်မြောက်ရာလမ်းကို ရှာနိုင်မလဲ။ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်မလဲ..ဆိုတာ.. ကံစွမ်း ဉာဏ်စွမ်းပေါ်မှာ..မူတည်ပါတယ်။

တကယ်တော့..ကျွန်မတို့ဟာသံသရာခရီးသည်တွေဖြစ်ပါတယ်။ကျွန်မတို့ရဲ့ဘဝနဲ့ကိုက်ညီတဲ့ အခြေအနေတွေကို..ကျွန်မတို့လုပ်နေတဲ့..လုပ်ခဲ့တဲ့ အလုပ်
တွေကရွေးချယ်ပေးခဲ့ကြတာဖြစ်ပါတယ်။

ငါဖြစ်စေချင်တာတွေလည်း ဖြစ်မလာတတ်ဘူးဆိုတာ အနတ္တသဘောပါပဲ။ဒီသဘောကိုသိတာဟာ..ကြောက်စိတ်ကနေ..လွတ်မြောက်ခြင်းလည်းဖြစ်ပါတယ်။

မွန်ဟော်စီ
၂၀၂၃



#မနက်စာအာဟာရ
#ကြောက်စိတ်မှလွတ်မြောက်ခြင်း




🩷🍀စာဖတ်ပါ။ ပျော်ရွှင်ပါ။
Shwe Au Book Shop
09987045108

✍🏼 ဒေါက်တာခင်မောင်လွင်(FAME)📖 မြန်မာ့ဆေးဖက်ဝင် အပင်များ ပေါင်းချုပ်တန်ဖိုး ၆၀၀၀၀ ကျပ်၊ 🩷🍀စာဖတ်ပါ။ ပျော်ရွှင်ပါ။Shwe Au B...
20/03/2025

✍🏼 ဒေါက်တာခင်မောင်လွင်(FAME)

📖 မြန်မာ့ဆေးဖက်ဝင် အပင်များ ပေါင်းချုပ်

တန်ဖိုး ၆၀၀၀၀ ကျပ်၊

🩷🍀စာဖတ်ပါ။ ပျော်ရွှင်ပါ။
Shwe Au Book Shop
09987045108

"ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ခြင်း"ရှင်သန်လာခဲ့တဲ့ ကာလတစ်လျှောက် ကျွန်တော်တို့ ကိုယ့် ကိုယ်ကိုယ် ပြန်လည်သုံးသပ်ကြည့်ရ...
20/03/2025

"ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ခြင်း"
ရှင်သန်လာခဲ့တဲ့ ကာလတစ်လျှောက် ကျွန်တော်တို့
ကိုယ့် ကိုယ်ကိုယ် ပြန်လည်သုံးသပ်ကြည့်ရအောင်နော် ။

အသက်ရှင်သန်ခဲ့တဲ့ ကာလတွေမှာ ဘယ်လောက်များများ ရယ်မောခဲ့ဖူးပါသလဲ ။ ဘယ်အတိုင်းအတာထိ ပျော်ရွှင်ဖူးခဲ့ပါသလဲ ။ လူတွေကို ဘယ်လောက်များများ ဖေးမ ကူညီဖူးပါသလဲ ။ မိသားစုနဲ့ သူငယ်ချင်းတွေအတွက် ဘယ်လောက်များများ အသုံးဝင်ခဲ့ပါသလဲ ။

ဘယ်လောက်များများ အတ္တကြီးခဲ့ပြီး ဘယ်လောက်များများ မာနတွေ ထားခဲ့ပါသလဲ ။ ဘယ်လောက်များများ မ,နာလိုဝန်တိုဖြစ်ခဲ့ပြီး ဘယ်လောက်များများ ယု,တ်မာကောက်ကျစ်ခဲ့ဖူးပါသလဲဆိုတာ ဒီစာဖတ်နေတဲ့ အတောအတွင်းမှာ ကျွန်တော်တို့ အသေအချာလေးတွေးပြီး ပြန်လည် သုံးသပ်ကြည့်ရအောင်ပါ ။

သေဆုံးဖို့ ရက်စွဲတွေ ၊ အချိန်တွေက တဖြည်းဖြည်း နီးကပ် လာပြီ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့မှာ သူတစ်ပါးကို ကဲ့ရဲ့ပြစ်တင်ဖို့ အချိန်မရှိတော့ပါဘူး ။ သူတစ်ပါးကို တိုက်ခိုက်ဝေဖန်နေဖို့ အချိန်မရှိတော့ပါဘူး ။

လောကကြီးထဲက ပျောက်ကွယ်မသွားခင် အခိုက်အတန့်လေးမှာ ပျော်ရွှင်စရာတွေ ၊ အပြုံးတွေ ၊ စာနာတတ်ခြင်းတွေနဲ့ သာ နေထိုင်သွားကြရအောင်နော် ။

#မျက်ရည်လွယ်သောသူများဖတ်ဖို့ #သော်တာမင်း
#စာအုပ်စာပေလူ့မိတ်ဆွေ 📖📚
Crd- photo
Crd- review
Crd-

🩷🍀စာဖတ်ပါ။ ပျော်ရွှင်ပါ။
Shwe Au Book Shop
09987045108

Address

Pakokku

Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00

Telephone

+959987045108

Website

Alerts

Be the first to know and let us send you an email when Shwe Au Book Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category