All For All Online Bookshop - Wai Hlaing

All For All Online Bookshop - Wai Hlaing Books are a finer world.

ခင်ဗျား အထီးကျန်နေတာ "ပေါင်းသင်းဆက်ဆံရေး" ညံ့လို့ မဟုတ်ပါဘူး။ ခင်ဗျားရဲ့ "အမြင့်" (Altitude) က သာမာန်နဲ့မတူပဲ များနေလို့...
19/01/2026

ခင်ဗျား အထီးကျန်နေတာ "ပေါင်းသင်းဆက်ဆံရေး" ညံ့လို့ မဟုတ်ပါဘူး။ ခင်ဗျားရဲ့ "အမြင့်" (Altitude) က သာမာန်နဲ့မတူပဲ များနေလို့ပါ။ 🦅☁️

ကမ္ဘာကျော် စကားတစ်ခွန်း ရှိပါတယ်။
"Eagles don't fly with Pigeons." (လင်းယုန်တွေဟာ ခိုတွေနဲ့ အတူမပျံသန်းဘူး)
ဒီစကားက ရက်စက်တယ်လို့ ထင်ရပေမယ့်၊ ဒါဟာ ခေါင်းဆောင်မှုနဲ့ အောင်မြင်မှုရဲ့ ပြင်းထန်တဲ့ အမှန်တရား (Brutal Truth) တစ်ခုပါပဲ။

🦅 လင်းယုန် (The Eagle)
လင်းယုန်ဆိုတာ တိမ်တိုက်တွေရဲ့ အထက်မှာ ပျံသန်းတယ်။
မုန်တိုင်းလာရင် ကြောက်လန့်မနေဘဲ မုန်တိုင်းလေကို စီးပြီး ပိုမြင့်တဲ့နေရာကို တက်လှမ်းတယ်။
သူ့မျက်လုံးက သားကောင် (ပန်းတိုင်) ကိုပဲ အာရုံစိုက်တယ်။

🕊️ ခို (The Pigeon)
ခိုဆိုတာ မြေပြင်နား ကပ်ပျံတယ်။
အုပ်စုဖွဲ့ပြီး "ဂူဂူ... ဂူဂူ" နဲ့ အမြဲတမ်း ဆူညံနေတတ်တယ်။ (အတင်းပြောမယ်၊ ညည်းတွားမယ်၊ အပြစ်တင်မယ်)။
သူတို့က အစာလိုက်ကောက်ဖို့ (Comfort Zone) ကိုပဲ စိတ်ဝင်စားတယ်။

⚠️ The Problem (ပြဿနာ)
လင်းယုန်တစ်ကောင်က ခိုတွေနဲ့ အတူပျံချင်ရင် ဘာလုပ်ရမလဲ?
သူ့ရဲ့ အမြင့် (Altitude) ကို လျှော့ချပြီး မြေပြင်နားကို ဆင်းရပါမယ်။
သူ့ရဲ့ အမြန်နှုန်း (Speed) ကို လျှော့ချရပါမယ်။
ဒါကြောင့် ခင်ဗျားရဲ့ ဘဝမှာ...
"ငါ ဒီလူတွေနဲ့ အဆင်ပြေအောင် နေမှဖြစ်မယ်" ဆိုပြီး ခင်ဗျားရဲ့ စံနှုန်း (Standard) တွေကို လျှော့ချနေမိသလား?
ခင်ဗျားရဲ့ ရည်မှန်းချက်ကြီးကြီးမားမားတွေကို သူတို့နားလည်အောင် ပြောပြရင်း မောပန်းနေသလား?

မှတ်ထားပါ။
"You cannot change the people around you, but you can change the people you choose to be around."
(ခင်ဗျားဘေးက လူတွေကို လိုက်ပြုပြင်လို့ မရပါဘူး။ ဒါပေမဲ့ ဘယ်သူ့ဘေးမှာ နေမလဲဆိုတာကိုတော့ ရွေးချယ်လို့ ရပါတယ်)။

💡 The Message
ခင်ဗျားက ကြီးမားတဲ့ ပန်းတိုင်တွေရှိတဲ့ "လင်းယုန်" တစ်ကောင်ဆိုရင်...
မြေပြင်မှာ အစာလိုက်ကောက်နေတဲ့ "ခို" တွေရဲ့ စကားကို နားမယောင်ပါနဲ့။
အထီးကျန်တာကို မကြောက်ပါနဲ့။ ကောင်းကင်အမြင့်ပိုင်းဆိုတာ လူရှင်းပါတယ်။
ခင်ဗျားနဲ့ တောင်ပံခတ်နှုန်း တူညီတဲ့၊ အမြင့်ချင်း တူညီတဲ့ လင်းယုန်အချင်းချင်းကိုပဲ ရှာဖွေပါ။

🚀 Where to find Eagles? (လင်းယုန်တွေ ဘယ်မှာ ဆုံကြလဲ?)
သာမန်စကားဝိုင်းတွေမှာ လင်းယုန်တွေ မရှိပါဘူး။
သူတို့က ကိုယ့်ကိုယ်ကိုယ် မြှင့်တင်မယ့်နေရာ (Growth Environment) တွေမှာပဲ ရှိပါတယ်။

Lin Tun
Professional Hypnotist

“အတိတ်ကို အတိတ်မှာပဲ မထားခဲ့နိုင်ဘူးဆိုရင် ဒီပုံပြင်လေးက သင့်အတွက်ပါပဲ”တခါတုန်းက တိတ်ဆိတ်ငြိမ်သက်တဲ့ သစ်တောကြီးတစ်ခုမှာ ...
23/09/2025

“အတိတ်ကို အတိတ်မှာပဲ မထားခဲ့နိုင်ဘူးဆိုရင် ဒီပုံပြင်လေးက သင့်အတွက်ပါပဲ”

တခါတုန်းက တိတ်ဆိတ်ငြိမ်သက်တဲ့ သစ်တောကြီးတစ်ခုမှာ ချစ်စရာကောင်းတဲ့ ငှက်ကလေးတစ်ကောင် နေထိုင်ခဲ့ပါတယ်။ သူ့မှာ တောက်ပတဲ့ အမွေးအတောင်တွေနဲ့ ကြင်နာတတ်တဲ့ စိတ်နှလုံးရှိပါတယ်။

ဒါပေမယ့် သူ့မှာ ထူးဆန်းတဲ့ အလေ့အကျင့်တစ်ခု ရှိတယ်။ သူဟာနေ့တိုင်း မြင်သမျှ၊ ကြားသမျှ၊ ခံစားရသမျှကို ကျောက်စရစ်ခဲလေးတစ်ခုပေါ်မှာ ရေးမှတ်ထားပါတယ်။ ပျော်စရာကောင်းတဲ့ အရာဖြစ်ဖြစ်၊ နာကျင်စရာကောင်းတဲ့ အရာဖြစ်ဖြစ်၊ ဘယ်အခိုက်အတန့်ကိုမဆို မှတ်သားထားသင့်တယ်လို့ သူကယုံကြည်တယ်။

ပျော်ရွှင်ဖွယ်အမှတ်တရတွေက ကျွန်တော်တို့ကို ပြုံးပျော်ရွှင်စေတာကြောင့် အမြဲတမ်းသတိရနေဖို့အတွက် ရေးမှတ်သင့်ပြီး ၊ မကောင်းတဲ့အရာတွေကိုတော့ နှလုံးသားထဲမှာ မထားဘဲ ရေးမှတ်ပြီး လွှတ်ချသင့်တယ်လို့ သူထင်ပါတယ်။

ဒါကြောင့် နေ့တိုင်း ကျောက်စရစ်ခဲအသစ်တစ်ခုကို ကောက်ယူ၊ သူ့နှုတ်သီးနဲ့ သူ့အတွေးတွေကို အပေါ်မှာရေးပြီး၊ သူပျံသန်းတဲ့နေရာတိုင်းမှာ သယ်ဆောင်သွားတဲ့ အဝတ်အိတ်ကလေးထဲ ထည့်ပြီးသယ်သွားလေ့ရှိတယ်။

အစပိုင်းမှာတော့ ဒါဟာအရမ်းကိုလှပတဲ့ခံစားချက်
တစ်ခုဖြစ်ခဲ့ပါတယ်။ သူဟာအမှတ်တရတွေကို စုဆောင်းရတာ နှစ်သက်ပြီး၊ ဒါတွေက သူ့အနာဂတ်အတွက် အထောက်အကူဖြစ်မယ်လို့ ယုံကြည်ခဲ့ပါတယ်။

အဲဒီအိတ်ကလေးဟာလည်း သူ့ဘဝရဲ့ အခိုက်အတန့်တွေနဲ့ ပြည့်နှက်နေတဲ့ သူ့ရဲ့ဘဏ္ဍာတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် နေ့တွေကြာလာတာနဲ့အမျှ သူ့အိတ်က ပိုလေးလာပါတယ်။

ကျောက်တွေများလာတာနဲ့အမျှ အလေးချိန်တိုးလာပြီး တဖြည်းဖြည်းနဲ့ သူ့အတောင်ပံတွေကို ထိခိုက်လာပါတော့တယ်။ သူပျံသန်းနှုန်းက နှေးကွေးလာပြီး၊
အရင်လို မြင့်မြင့်မပျံနိုင်တော့တာကို ငှက်ကလေးက သတိမထားမိဘဲ ကျောက်တွေကိုသာဆက်ပြီး စုဆောင်းနေခဲ့ပါတယ်။

တစ်နေ့မှာတော့ သူက အတွေ့အကြုံရှိတဲ့ ဇီးကွက်ကြီးတစ်ကောင်နဲ့ တွေ့ပါတယ်။ ဇီးကွက်ကြီးက "ဘာကြောင့် အဲဒီအိတ်ကို သယ်နေတာလဲ ငှက်ကလေး" လို့ မေးတော့ ငှက်ကလေးက ပြုံးပြီး "ဒါက ကျွန်မဘဝကို သယ်ထားတာပါ။ ပျော်စရာ၊ နာကျင်စရာ၊ သင်ခန်းစာတိုင်းပါပဲ။" လို့ပြန်ဖြေပါတယ်။

ဇီးကွက်ကြီးက နဖူးတွန့်ပြီး "ဒါဆို မင်းက အခုလက်ရှိအချိန်မှာရော နေရဲ့လား။ ဒါမှမဟုတ် မနေ့ကအရာတွေကို ကျောပေါ်မှာတင်ပြီး ပျံနေတာလား" လို့ထပ်မေးတော့ ငှက်ကလေးက ဇီးကွက်ကြီးရဲ့အမေးကိုနားမလည်တာကြောင့် အဖြေမပေးဘဲ အဝေးတစ်နေရာကို ပျံထွက်သွားခဲ့ပါတယ်။

အချိန်တွေကြာလာတော့ သူ့အိတ်က အပြည့်ဖြစ်လာပြီး ကျောက်တွေက ထွက်ကျလာပါတယ်။ မြေကြီးပေါ်ကနေ ပျံတက်ဖို့တောင် သူခက်ခဲနေပါပြီ။ သူ့အတောင်တွေက နာကျင်နေပြီး၊ အားအင်တွေ ကုန်ခမ်းသွားခဲ့ပါတယ်။

မိုးရွာတဲ့ညနေခင်းတစ်ခုမှာ ဘေးကင်းစွာ ပျံသန်းဖို့ကြိုးစားနေစဉ်သူမြေပြင်ပေါ်ကို အရှိန်နဲ့ကျဆင်းသွားခဲ့ပါတယ်။ သူပိုင်ဆိုင်တဲ့ အမှတ်တရကျောက်တွေရဲ့ အလေးချိန်က သူ့ရဲ့နုနယ်တဲ့ခန္ဓာကိုယ်ကို ဖိမိပြီး ငှက်ကလေးဟာ အဆုံးသတ်မလှစွာနဲ့ ကြေမွသွားခဲ့ပါတယ်။

သူအသက်ရှင်ဖို့ အထောက်အကူဖြစ်မယ်လို့ ထင်ခဲ့တဲ့ အမှတ်တရတွေကပဲ သူ့အသက်ကို နှုတ်ယူသွားခဲ့ပါတယ်။

အဲဒီညမှာပဲ ဇီးကွက်ကြီးက သူ့ကို ထပ်ပြီးလာတွေ့ပါတယ်။ သူဟာလဲကျနေတဲ့ ငှက်ကလေးကို ကြည့်ရင်း "အမှတ်တရတွေက လမ်းပြဖို့သာ ရည်ရွယ်တာ၊ မင်းကို နောက်ပြန်ဆွဲဖို့ မဟုတ်ဘူး" လို့ ဝမ်းနည်းစွာ တိုးတိုးလေးပြောလိုက်ပါတယ်။

ငှက်ကလေးဟာ အရာအားလုံးကို သယ်ဆောင်ဖို့ ကြိုးစားရင်း ဘဝကို ရှင်သန်ဖို့ မေ့သွားခဲ့တယ်။

တခါတလေ ငှက်ကလေးလိုပဲအမှတ်တရတွေကို စုဆောင်းမိပြီး အကောင်းနဲ့အဆိုးကို အမြဲတမ်းတွေးနေတတ်ကြပါတယ်။ အကယ်၍ အတိတ်တွေကို နေ့တိုင်းသယ်ဆောင်ထားမယ်ဆိုရင် စိတ်အတွင်းထဲမှာ သေချာပေါက်ပင်ပန်းလာပါလိမ့်မယ်။

ဒါ့အပြင်အမြဲတမ်းအတိတ်မှာပဲ နေထိုင်နေတာကြောင့် ဒီနေ့ကို မခံစားနိုင်တော့တဲ့အပြင် အနာဂတ်ဆီကိုပျံသန်းဖို့လည်း မတတ်နိုင်တော့ပါဘူး။

ငှက်ကလေးလိုပဲ လူတွေအတော်များများဟာ အတိတ်ရဲ့နာကျင်မှုတွေ၊ ပျော်ရွှင်မှုတွေကို အချိန်အကြာကြီး သယ်ဆောင်ထားတတ်ကြပါတယ်။ ဒါပေမယ့် တကယ့်ဘဝဆိုတာ လွှတ်ချတတ်ဖို့ပါပဲ။ ဖြစ်ပြီးသွားတဲ့အရာတွေကို ပြန်ပြောင်းလို့မရပါဘူး။ ဒါပေမယ့် လက်ရှိအချိန်ကိုတော့ လှပအောင် ဖန်တီးနိုင်ပါတယ်။

ဒါကြောင့် ခွင့်လွှတ်ပါ၊ မေ့ပစ်လိုက်ပါ၊ ရှေ့ဆက်သွားပါ။ အသစ်တွေကို အတွေ့အကြုံရယူပါ၊ အသစ်တွေဆီကို ခြေလှမ်းလှမ်းပါ၊ ပေါ့ပါးတဲ့နှလုံးသားနဲ့ နေထိုင်ပါ။ ကျေးဇူးတင်တတ်ပါ၊ သည်းခံပါ၊ အမြဲတမ်း ရှေ့ဆက်သွားပါ။

- Hello It's Xing Xing

2026 Diary လေးနဲ့ စာအုပ်သည်ကြီး ပြန်လာပါပြီနော် ကဗျာဆန်ဆန် မြန်မာဟန်နဲ့ Diary လေးပါတစ်နှစ်တာဘဝခရီးကို ရှုမညီးဖွယ် ဒိုင်ယ...
23/09/2025

2026 Diary လေးနဲ့ စာအုပ်သည်ကြီး ပြန်လာပါပြီနော်

ကဗျာဆန်ဆန် မြန်မာဟန်နဲ့ Diary လေးပါ

တစ်နှစ်တာဘဝခရီးကို ရှုမညီးဖွယ် ဒိုင်ယာရီလေးနဲ့ ဖြတ်သန်းကြပါစို့နော်

"အသက်အရွယ်က အရေးမကြီးပါဘူး၊ အသုံးဝင်နေဖို့သာလျှင် အရေးကြီးပါတယ်။"ဆရာအောင်သင်း__________________________ #ဆရာအောင်သင်း  #...
08/12/2024

"အသက်အရွယ်က အရေးမကြီးပါဘူး၊
အသုံးဝင်နေဖို့သာလျှင် အရေးကြီးပါတယ်။"

ဆရာအောင်သင်း
__________________________

#ဆရာအောင်သင်း
#အတွေးစာစုများ


# lifeguideinstitute

စိတ်ကို လေးလံစေတဲ့အရာတွေကိုနှလုံးသားထဲ အမြဲမထည့်ထားပါနဲ့...စိတ်ဆိုတာ အနားပေးဖို့ တကယ်လိုအပ်တယ်သဘာဝနဲ့ ထိတွေ့ရမယ်တစ်စုံတစ...
08/12/2024

စိတ်ကို လေးလံစေတဲ့အရာတွေကို
နှလုံးသားထဲ အမြဲမထည့်ထားပါနဲ့...

စိတ်ဆိုတာ အနားပေးဖို့ တကယ်လိုအပ်တယ်
သဘာဝနဲ့ ထိတွေ့ရမယ်
တစ်စုံတစ်ယောက်ရှိမှ ပျော်နိုင်တဲ့
ကိုယ့်ရဲ့စိတ်ကို ပြုပြင်ရမယ် ။

နာကျင်စရာတွေဆို ကြာကြာမထားဘဲ
စစ်မှန်တဲ့ ပျော်ရွှင်ခြင်းတွေကို ရွေးချယ် လက်ခံရင်း
အထိအရှနည်းတဲ့ နှလုံးသားလေးကို ပိုင်ဆိုင်ကြပါစေ...။



 #သားသားမီးမီး တို့အတွက် #ပုံပြင် စာအုပ်များ-အိမ်အရောက်ပို့စနစ် ရရှိသောမြို့နယ်များကို အိမ်အရောက်ပို့ စာအုပ်ဖိုး ကြိုတင်...
08/07/2024

#သားသားမီးမီး တို့အတွက်
#ပုံပြင် စာအုပ်များ

-အိမ်အရောက်ပို့စနစ် ရရှိသောမြို့နယ်များကို အိမ်အရောက်ပို့ စာအုပ်ဖိုး ကြိုတင်ငွေချေ

-အိမ်အရောက်ပို့ မရရှိ​သောမြို့နယ်များကို
ကားဂိတ်တင်(စာအုပ်ဖိုးကြိုတင်ငွေချေ)
စနစ် ဖြင့် ပို့ဆောင်ပေးပါတယ်ရှင့်

ကိုယ်တိုင်ဖတ်ဖို့ပဲဖြစ်ဖြစ်
ချစ်ရခင်ရတဲ့သူတွေကို
စာအုပ်လက်ဆောင်ပေးချင်လို့ပဲဖြစ်ဖြစ်
စာအုပ်ဝယ်ဖို့စိတ်ကူးပေါ်လာရင်
လေးကိုသတိရပေးပါရှင့်
အသေးစိတ်သိလိုသည်များကို page chat box မှာ စုံစမ်းလို့ရပါတယ်ရှင့်

နိုင်ငံတကာ စာမတတ်သူများပပျောက်ရေးနေ့ (၈.၉.၁၉၇၁) အား ဂုဏ်ပြုသည့် အနေဖြင့် ရသမြောက်အောင် ရေးဖွဲ့ထားသော မြဝတီမဂ္ဂဇင်းပါ ဝတ္...
02/07/2024

နိုင်ငံတကာ စာမတတ်သူများပပျောက်ရေးနေ့ (၈.၉.၁၉၇၁) အား ဂုဏ်ပြုသည့် အနေဖြင့် ရသမြောက်အောင် ရေးဖွဲ့ထားသော မြဝတီမဂ္ဂဇင်းပါ ဝတ္ထုရှည် ဖြစ်သည်။ တောရွာဒေသများသို့ သွားရောက်၍ စာပေသင်ကြားပေးရန် ကွင်းဆင်းလာကြသည့် ကောလိပ်ကျောင်းသူကျောင်းသားများနှင့် တောရွာတွင်းရှိ ရွာသူရွာသားများအား စာသင်ကြားပေးပုံတို့ကို အခြေပြုပြီး ဇာတ်လမ်းဖွဲ့ရေးသားထားပါသည်။ ဆရာမင်းကျော်၏ လက်ရာကောင်းတစ်ခုဖြစ်ပြီး ရုပ်ရှင်ဒါရိုက်တာကြီး ဦးသုခက ရုပ်ရှင်ပိတ်ကားထက်တွင် ဇာတ်ကားအသွင် ဖန်တီးတင်ဆက်ခဲ့သဖြင့် လူကြမ်းမင်းသားကြီး ဦးအံ့ကျော် အကယ်ဒမီဆုကြီး ရရှိခဲ့ရသည့် စာအုပ်ဖြစ်သည်။ ဇာတ်လမ်းထဲတွင် ပုပ္ပါးတောင် နယ်တစ်ဝိုက်အနီးတွင် တာဝန်ကျသည့် စေတနာရှင် ကျောင်းသူကျောင်းသားများသည် အ,သုံးလုံး စခန်းများထံသို့ တက်ကြွစွာ သွားရောက်ကြပုံများ၊ လူငယ်များနှင့် ကျေးလက်နေပြည်သူများ သံယောဇဉ်တွယ်တာခဲ့ကြပုံတို့ကို ဆရာမင်းကျော်က စရိုက်မျိုးစုံ၊ ဇာတ်ကောင်မျိုးစုံဖွဲ့ပြီး လှလှပပ ရေးဖွဲ့တင်ပြထားသည်ကို ဖတ်ရှုခံစားရမည် ဖြစ်သည်။ အဆိုပါခေတ်ကာလက သက်ကြီးရွယ်အိုများ အပါအဝင် ကျေးလက်နေလူတန်းစားများအားလုံး စာတတ်မြောက်ရေး လှုပ်ရှားမှုအဖြစ် ပညာရေးဌာနရှိ တက္ကသိုလ်နှင့် ကောလိပ်ကျောင်းသားကျောင်းသူများက မြန်မာပြည်အနှံ့ ကွင်းဆင်းပြီး အ,သုံးလုံး ပညာရေးစီမံချက်ကို အကောင်အထည် ဖော်ခဲ့ကြရသည်ကို အောက်မေ့သတိရဖွယ် ဖြစ်ပါသည်။

#ဘယ်သူပြိုင်လို့လှပါတော့နိုင်
#မင်းကျော်

crd-စိတ်ကူးချိုချို

လူရာ ဝင်ချင်တယ်။ လူတလုံး သူတလုံး ဖြစ်ချင်တယ်ဆိုရင် စာမဖတ်လို့  ဖြစ်ကိုမဖြစ်ပါဘူး။ တခုတော့ ရှိတာပေါ့လေ။ စာဖတ်တယ်ဆိုပြီး ပ...
30/06/2024

လူရာ ဝင်ချင်တယ်။ လူတလုံး သူတလုံး ဖြစ်ချင်တယ်ဆိုရင် စာမဖတ်လို့ ဖြစ်ကိုမဖြစ်ပါဘူး။
တခုတော့ ရှိတာပေါ့လေ။
စာဖတ်တယ်ဆိုပြီး ပေါက်လွတ်ပဲစား အလေနတော စာတွေကို အချိန်မှကုန်စေတော့ဆိုပြီး လျှောက်ဖတ်နေလို့ကတော့ ဘယ်ဖြစ်မလဲ။
စာကောင်းပေ ကောင်းကတော့ ရွေးဖတ်တတ်ရလိမ့်မယ်။စာကောင်းပေကောင်းတွေထဲမှာ ဝတ္ထုလည်းပါတယ်။
ဝတ္ထုတို့၊ ပြဇာတ်တို့၊ ကဗျာတို့ကို ရသစာပေ၊ ဖန်ဆင်းတဲ့ စာပေ၊ စိတ်ကူးစာပေလို့ ခေါ်တယ်။ သုတစာပေကို ဖတ်ရသလို ရသစာပေကိုလည်း ဖတ်ရတယ်။ ရသစာပေကို ဖတ်ပါမှ အသိဉာဏ် ထက်မြက်လာ၊ ဖွံ့ဖြိုးလာတဲ့အပြင် လူအကြောင်း၊ လူ့သဘာဝကိုလည်း သိလာရတယ်။ လူ့စိတ်ဓာတ်ကို လေ့လာချင်ရင် စိတ်ပညာကျမ်းစာအုပ်ကြီးတွေထက် ဝတ္ထုကို ဖတ်တာက ပိုပြည့်ပြည့်စုံစုံ နှိုက်နှိုက်ချွတ်ချွတ် သိစေနိုင်ပါကြောင်း။

မောင်သာနိုး(သိအောင်စာဖတ်ရတယ်)



Ethic ( စည်း - ကျင့်ဝတ် )  Ethic ရှိတယ်ဆိုတာ ဘယ်လိုမျိုးကို ခေါ်တာလဲ❓အရမ်း ခင်နေရာကနေ မခင်ကြတော့ဘူးမုန်းသွားမယ်ဆိုတောင် ...
29/06/2024

Ethic ( စည်း - ကျင့်ဝတ် )
Ethic ရှိတယ်ဆိုတာ ဘယ်လိုမျိုးကို ခေါ်တာလဲ❓

အရမ်း ခင်နေရာကနေ မခင်ကြတော့ဘူး
မုန်းသွားမယ်ဆိုတောင်
ခင်မင်ကြတုန်းက ပြောခဲ့တဲ့ လှို့ဝှက်ချက်တွေ
အတွင်းစကားတွေကို အတင်းမပြောတဲ့ စည်း။

တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ရင်
မဆိုင်တဲ့ personalတွေ သူတပါးရဲ့
အားနည်းချက်တွေကို မပြောသင့်တဲ့ စည်း။

ကိုယ့်ကိုယုံကြည်လို့ ပြောခဲ့တဲ့စကားတွေကို
မျက်နှာလို မျက်နှာရ လိုချင်ဇောနဲ့
သွားသတင်းမပေးသင့်တဲ့ စည်း။

စည်းမရှိတော့ ဘာဖြစ်လဲ? ? ?
ဟုတ်ကဲ့။ ဘာမှတော့ မဖြစ်ပါ။
ကိုယ့်တန်ဖိုး ကိုယ် သတ်မှတ်တာပေါ့။ ။

Ethic ကို လူ့ကျင့်၀တ်၊ ကိုယ်ကျင့်သိက္ခာ၊
ကျင့်၀တ်တရား၊ ကိုယ်ကျင့်တရား
စသည်ဖြင့် အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။

လူ့အသိုင်းအဝိုင်းကြီးထဲမှာ Ethic ဆိုတဲ့
လူ့ကျင့်၀တ် အရမ်းကို အရေးကြီးပါတယ်။
အချင်းချင်းလေးစားမှုတွေ၊ စည်းကမ်းတွေ၊
လူသားချင်း စာနာမှု နဲ့ နားလည်မှုတွေ
အများကြီးပါ၀င်ပါတယ်။

Public Area တွေမှာ စကားကို အကျယ်ကြီး
မပြောတာမျိုး၊ သီချင်းသံ အကျယ်ကြီး မဖွင့်တာမျိုး။

၀င်ပေါက်နေရာမှာ ပိတ်မရပ်တာမျိုး။

တခြားသူတွေ စကားပြောနေတဲ့အချိန်မှာ
ကြားဖြတ်ပြီး ၀င်မပြောတာမျိုး။

ငွေကြေးအခက်အခဲရှိနေတဲ့
သူငယ်ချင်းတစ်ယောက်ရှေ့မှာ ကိုယ်သုံး‌နေတဲ့
တန်ဖိုးကြီး Brandတွေ အကြောင်း မပြောတာမျိုး။

မိသားစု ဖြစ်နေစေကာမူ သူများအခန်းထဲ
၀င်မယ်ဆိုရင် တံခါးခေါက်တာမျိုး။

အမှိုက်ကို အမှိုက်ပုံးထဲ‌ သေချာစွန့်ပစ်လိုက်တာမျိုး။

Privacy ကိုထိခိုက်စေနိုင်တဲ့မေးခွန်းတွေ
(ဥပမာ- ကလေးမယူကြသေးဘူးလား၊ လစာက
ဘယ်လောက်ရလဲ၊ နင်တို့သမီးရည်းနှစ်ယောက်
လက်မထပ်ကြသေးဘူးလား )
စတဲ့မေးခွန်းတွေ မမေးတာမျိုး။

သူတစ်ပါးရဲ့ ဖြစ်တည်မှုကို မရှုံ့ချတာမျိုး။
(ဥပမာ- ဟယ် နင်၀လာလိုက်တာ၊
နင်အသားတွေ မဲသွားတယ်နော်၊
အမလေး နင့်မျက်နှာကြီးကလဲ အဖုတွေနဲ့နော်
Skin Care မလုပ်ဘူးလား စသည်ဖြင့်)

စတဲ့ အသေးမွှားမွှား ကိစ္စလေးတွေကအစ
ကြီးကြီးမားမား ကိစ္စတွေအဆုံး သိတတ်
နားလည်ခြင်းကို Ethic ရှိတယ်လို့ ခေါ်ပါတယ်။

Ethic ရှိတယ်ဆိုတာ
IQ ဘယ်လောက် ကောင်းတယ်၊
စာ ဘယ်လောက် တော်တယ်၊
ငွေ ဘယ်လောက် ရှာနိုင်တယ် ဆိုတာနဲ့ မဆိုင်ပါဘူး။

ဘယ်လောက် တော်တော်
ဘယ်လောက် ကောင်းကောင်း
Ethic မရှိတဲ့သူက မရှိတာပါပဲ။

သင့်မှာ ရှိတဲ့ Ethic နှင့် စည်းက
သင့် အဆင့်အတန်း တန်ဖိုးပါပဲ။

Credit


ပုစွန်လုံးမှာ ဦးခေါင်း မပါဘူး။သို့ပေမယ့်..ချမ်းချမ်းသာသာ နေဖို့အတွက်ကိုယ့်တွင်းကိုယ် တူးတတ်တယ်။ ဦးခေါင်းပါတဲ့ လူက နေရာတက...
29/06/2024

ပုစွန်လုံးမှာ ဦးခေါင်း မပါဘူး။
သို့ပေမယ့်..ချမ်းချမ်းသာသာ နေဖို့အတွက်
ကိုယ့်တွင်းကိုယ် တူးတတ်တယ်။

ဦးခေါင်းပါတဲ့ လူက နေရာတကာ
ဟိုလူ့ မှီခို..ဒီလူ့ မှီခို လိုက်လုပ်နေရင်
ပုစွန်လုံးကို အားနာဖို့ ကောင်းတယ်။

ဘဝ ဆုတ်ယုတ်နေတဲ့
လူငယ်တွေကို အကဲခတ်ကြည့်။
ရှေ့မဆက်နိုင်ဘဲ စိတ်ပျက်နေသူတွေ ရှိတယ်။

အဆိုး လောကဓံ နှိပ်စက်ခံရလို့
လက်လျှော့ အရှုံးပေး နေသူတွေ ရှိတယ်။

တစ်ခါရှုံးရုံ နဲ့ လုံးဝ ရှုံးသွားပြီလို့
သတ်မှတ်လိုက်ရင် တိုးတက်ဖို့
အခွင့်ဆိုတာ ပျောက်ကွယ် သွားမှာပေါ့။

အတောင်ပံ မခတ်တဲ့ ပိုးစုံးကြူးမှာ
အရောင် ထွက်ဖို့ ခက်တယ်။

ရည်မှန်းချက် နဲ့ ကြိုးစားမှု မရှိတဲ့
လူငယ်မှာလည်းတိုးတက်လာဖို့ ခက်မှာပါပဲ။

လူငယ် တစ်ယောက် ရဲ့ အနှစ်
အမြူ့တေ ဆိုတာ မျှော်လင့်ချက်နဲ့ အိပ်မက်ပါ။

ဘဝမှာ မော့ကြည့်ရတဲ့ အိပ်မက်မျိုးတော့
လူငယ်မှန်သမျှ မက်သင့်ကြတာပေ့ါ။

ထူးချွန်ထက်မြက်တဲ့ လူငယ်ဆိုတာ
ကိုယ့်ဘဝကိုလည်း မြှင့်တင်နိုင်သလို
သူတစ်ပါးတို့ရဲ့ ဘဝကိုလည်း
မြှင့်တင် ပေးနိုင်စွမ်း ရှိတယ်။

စာနာစိတ် ရှိတဲ့ လူငယ်ဆိုတာ
တစ်ကိုယ်ကောင်းဆန်စိတ် နည်းပါးသလို
တစ်ပါးသူတို့ရဲ့ စိတ်ပင်ပန်းမှုတွေကိုလည်း
မျှဝေခံစား ပေးနိုင်တတ်ကြတယ်။

အသားဖြူခြင်း ..မဖြူခြင်း
ရုပ်ရည်လှခြင်း..မလှခြင်းတွေက
လူငယ်တစ်ယောက်ရဲ့ တန်ဖိုး မဟုတ်ဘူး။

ဘယ်လောက် အစွမ်းအစ ရှိ.. မရှိ
ဘာတွေ လုပ်နိုင်.. မလုပ်နိုင် ဆိုတာကမှ
လူငယ်တစ်ယောက်ရဲ့ တန်ဖိုးပါ။

#ဆရာအောင်သင်း

Address

Ayeyarwaddy Street
Pakokku
90401

Alerts

Be the first to know and let us send you an email when All For All Online Bookshop - Wai Hlaing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share