14/08/2026
ပလတ်စတစ် Pallet သက်တမ်း ၁၀နှစ်ခံနိုင်ဖို့ နည်းလမ်း ၆ချက်
6 Secrets to a 10-Year Pallet Lifespan
ပုံမှန်အားဖြင့် ပလတ်စတစ် Pallet တွေရဲ့ သက်တမ်းက ၅နှစ်မှ ၁၀နှစ် အတွင်းရှိပါတယ်။ ဒါပေမယ့် တချို့တွေရဲ့ လက်ထဲမှာ ၁နှစ်မှ ၂နှစ် အထိသာ ခံပါတယ်။ အဓိကအကြောင်းရင်းကတော့ အသုံးပြုပုံ မှားယွင်းနေသောကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် Pallet များ သက်တမ်းပြည့်ခံနိုင်ဖို့ အရေးကြီးတဲ့ နည်းလမ်း ၆ ချက်ကို ဖော်ပြပေးသွားပါမယ်။
Most plastic pallets fail within 2 years due to improper use, despite having a potential 10-year lifespan. Here are 6 essential handling rules to help extend the life of your plastic pallet.
📦 Load & Weight Management
၁။ ခံနိုင်အားအမျိုးအစား သုံးမျိုးကို လေးစားလိုက်နာပါ
1. Respect the Three Capacity Types
Pallet တွေရဲ့ ခံနိုင်အားကို သိဖို့ အခြေခံအချက် ၃ ချက်ကို သိထားဖို့ လိုပါတယ်။
၁) မြေပြင်တွင် တင်နိုင်အား (Static Loading)
၂) စက်ကိရိယာဖြင့် တင်လျှင် တင်နိုင်အား (Dynamic Loading)
၃) ငြမ်းကဲ့သို့ စင်ပေါ်တွင် တင်နိုင်အား (Racking Loading)
Always check Static, Dynamic, and Racking weight limits before loading.
၂။ မျက်နှာပြင်အနှံ့ အညီမျှတင်ဆောင်ပေးပါ
2. Distribute Weight Equally
အလေးချိန်ရှိသော ကုန်စည်တွေကို တနေရာထဲမှာ တင်ဆောင်လျှင် (သို့) ကုန်စည်၏ အလေးချိန် မညီမျှလျှင် ထောင့်များနှင့် အစိတ်အပိုင်းများ ပျက်စီးနိုင်ပါသည်။
Unbalanced loads cause corner damage; keep cargo centered and level.
၃။ Pallet ကို ဖောက်ထွင်း၊ ဖြတ်တောက်၊ သို့မဟုတ် ကြိတ်ထိုးခြင်း မပြုလုပ်ပါနှင့်
3. Avoid Physical Modifications
Pallet များကို အပေါက်ဖောက်ခြင်း၊ ဖြတ်တောက်ခြင်းနှင့် မူလီဆွဲခြင်း မပြုလုပ်ပါနှင့်။ Pallet များ၏ ခံနိုင်ရည် ပျက်စီးနိုင်ပါသည်။
Never drill, cut, or screw into pallets as it destroys structural integrity.
⚙️ Operational Handling & Environment
၄။ Forklift နှင့် Hand Lift များဖြင့် သတိထားအသုံးပြုပါ
4. 50% of Damage is Machinery-Related
Pallet ပျက်စီးမှုများ၏ ၄၀-၅၀% သည် Forklift နှင့် Hand Lift များဖြင့် မှားယွင်းစွာ အသုံးပြုသောကြောင့် ဖြစ်ပါသည်။ ထိုစက်ကိရိယာများဖြင့် အသုံးပြုရာတွင် အထူးသတိထားပါ။
Exercise extreme caution when using forklifts and hand lifts to avoid impact. 40-50% of all damage comes from this cause.
၅။ Pallet များကို အမြင့်မှ မပစ်ချပါနှင့်၊ အလေးချိန်ပါသော ပစ္စည်းများကိုလည်း မပစ်ချပါနှင့်
5. Stop the "Drop and Throw"
Pallet များကို အမြင့်မှ ပစ်ချခြင်း သို့မဟုတ် အပေါ်မှ အလေးချိန်ပါသော ပစ္စည်းများ ပစ်ချခြင်းများသည် ပျက်စီးမှုကို ဖြစ်စေပါသည်။
Never throw pallets from heights or drop heavy objects onto them.
၆။ နေရောင်ခြည် တိုက်ရိုက်မထိအောင် ကာကွယ်ပါ
6. Limit Direct Sun Exposure
Pallet များကို နေရောင်ခြည် တိုက်ရိုက်ထိသောနေရာတွင် ကြာရှည်မထားပါနှင့်။ ပလတ်စတစ် ပျက်စီးမှုကို မြန်ဆန်စေပါသည်။
Avoid leaving plastic pallets under direct sunlight for long periods.
မှန်ကန်သောနည်းလမ်းများဖြင့် အသုံးပြုပါက Pallet များကို သက်တမ်းစေ့ ကြာရှည်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Use it the right way, and your plastic pallet's lifespan will last for years to come.