MNA Online Shop

25/06/2022

" ငွေက အဓိက လက်နက် ''💰💰💰
=====================

➪ငယ်ပါသေးတယ်ဆိုပြီး
➪ဘဝကို ဖြစ်သလိုမနေပါနဲ့
➪ပိုက်ဆံရှာပါ
➪လောကမှာ ပိုက်ဆံရှိမှ
➪ပိုအဆင်ပြေ နိုင်ပါတယ်။

➪မိသားစုထဲမှာ ကြည့်ပါ
➪ပိုက်ဆံရှာနိုင်တဲ့ သူက
➪ပိုအရေးပါ အရာရောက်ပါတယ်။

➪အပေါင်းသင်းတွေထဲ ကြည့်ပါ
➪ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။

➪လူမှုအဖွဲ့စည်း တခုခုကိုကြည့်ပါ
➪ပိုက်ဆံရှိတဲ့သူက ပိုအရာရောက်ပါတယ်။

➪ဒါဟာ လောကကြီးထဲမှာ
➪ရာခိုင်နှုန်းတော်တော်များများဖြစ်နေတာပါ။

➪ဘယ်နည်းနဲ့ ကြည့်ကြည့်
➪သင်ပိုက်ဆံ ရှာရပါ့မယ်
➪ငွေစုရပါ့မယ်။

➪သင်ပိုက်ဆံရှိမှ
➪သင်ချစ်တဲ့သူတွေ အတွက်
➪သင်လုပ်ချင်တဲ့ အရာတွေအတွက်
➪သင်ပြောချင်တဲ့ စကားတွေအတွက်
➪အားလုံး မဟုတ်ရင်တောင်
➪တော်တော်များများ လုပ်လို့ရပါတယ်။

➪ခင်မင်မှုက ပိုအရေးကြီးတယ်

➪ဟုတ်ကဲ့
➪လူတော်တော် များများကတော့
➪ငွေရှိရင် ပိုခင်တတ်ကြပါတယ်။

➪ရိုးသားမှုက ပိုအရေးကြီးတယ်

➪ဟုတ်ကဲ့
➪လူအများစုကတော့ မရိုးသားရင်တောင်
➪ငွေရှိတဲ့လူဆို သိပ်မပြောရဲကြပါဘူး။

➪ပညာက. ပိုအရေးကြီးတယ်

➪ဟုတ်ကဲ့
➪ငွေရှိမှ ပညာသင်လို့ရတဲ့ခေတ်မှာ
➪ပညာရွှေအိုးက. ငွေရှိမှဝယ်လို့ရတာပါ။

➪ကိုယ်ကျင့်တရားက. အရေးကြီးဆုံး

➪ဟုတ်ကဲ့
➪ကိုယ်ကျင့်တရား မကောင်းတဲ့သူတွေ
➪ငွေရှိလာရင် အမှန်တရားရောက်လာဖို့
➪ခြေလှမ်းတွေက. သိပ်နှေးကွေးလွန်းပါတယ်။

➪စိတ်ချမ်းသာဖို့က. အရေးကြီးတယ်

➪ဟုတ်ကဲ့
➪ငွေရှိလည်း စိတ်ဆင်းရဲတဲ့သူတွေရှိပါတယ်
➪ဒါပေမယ့် ငတ်နေရင်းစိတ်ဆင်းရဲနေရတဲ့
➪သူတွေထက်တော့ နည်းနည်းသက်သာတာပေါ့။

➪အချစ်က အရေးကြီးတယ်

➪ဟုတ်ကဲ့
➪ရယ်စရာ အကောင်းဆုံးပျက်လုံးပါ
➪လူတွေအားလုံး လိုလိုကတော့
➪ငွေမရှိရင် ရုပ်ဆိုးတယ်မြင်တယ်
➪ငွေမရှိရင် နံတယ်လို့ထင်မယ်
➪ငွေမရှိရင် ပိုင်းလုံးလို့မြင်တယ်
➪ငွေမရှိရင် ရင်မခုန်ကြတော့ပါဘူး။

➪ဒါပါပဲ
➪ဘယ်နည်းနဲ့ တွေးတွေး
➪ငွေရှိမှ အရာအားလုံးလိုလို
➪အဆင်ပြေ နိုင်ပါတယ်

➪ထို့ကြောင့် ပိုက်ဆံများများရှာပါ။

11/06/2022

”စကားပြောတတ်ဖို့လိုတယ်” April 11, 2022 admin Motivation 0 \\”စကားပြောတတ်ဖို့လိုတယ်”// ———————————————— ဝေဖန်ထောက်ပြတာနဲ့ ကဲ့ရဲ့တ...

31/05/2022

" လဲကျတိုင်းသာ ကြောက်စိတ်ဝင်ရမယ်ဆိုရင်
ဘယ်ကလေးမှ လမ်းလျှောက်တတ်မှာမဟုတ်ဘူး

လူတော်တော်များများက ပြောတတ်ကြတယ်..
လူတစ်ယောက်အောင်မြင်ပြီဆိုရင်
"သြော် သူကတော့ ကံကောင်းလိုက်တာနော်"တဲ့
သွားပြီ အဲ့စကားထဲမှာ အကုန်ပါသွားပြီ..

'ကံကောင်းလိုက်တာနော်'လို့ ပြောတဲ့သူမှန်သမျှဟာ
သူဘာလို့အောင်မြင်ရသလဲဆိုတဲ့
အဓိကအချက်ကို မကြည့်တော့ဘူး..
သူဘယ်လိုကြိုးစားခဲ့သလဲဆိုတာကို
စိတ်မဝင်စားတော့ဘူး..
အဲဒီတော့ ဘာတွေအတုခိုးမလဲ
ဘာပညာ ဘာနည်းလမ်းမှ မရတော့ဘူး ။

တို့ဂေါတမဘုရားဟာ
ကံကောင်းလို့ဘုရားဖြစ်တာမဟုတ်ဘူး..
လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ရတာ
ကြိုးစားခဲ့ရတာ ။

အောင်မြင်သူတွေကို အားကျရင်
နောက်ကြောင်းကို ကြည့်ပါ..
သူဘာတွေလုပ်ခဲ့သလဲ
သူဘယ်လောက်ကြိုးစားခဲ့လဲ ကြည့်ပါ..
ဒါမှ ကိုယ့်အတွက် ပညာဗဟုသုတရမှာပေါ့..
'ကံကောင်းလိုက်တာနော်'ဆိုတော့ လမ်းကဆုံးပြီ ။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေကို ကြည့်..
ကံကောင်းလို့ချမ်းသာလာတာ ငါမတွေ့ဖူးဘူး..
ဗေဒင်တွေ ယတြာတွေနဲ့ ချမ်းသာလာတာလည်း
ငါမတွေ့ဖူးဘူး..
ဘယ်တန်ခိုးရှင်ကမှ မစတာ မဟုတ်ဘူး..
ကြိုးစားပါ ကိုယ့်ကိုကိုယ်ယုံကြည်ပါ
အဲ့ဒါ တန်ခိုးပဲ ။

' ငါတော့ကံဆိုးလိုက်တာ'ဆိုရင်
အဲ့ဒီကောင် ကံဆိုးပြီသာမှတ်တော့
'ငါမဖြစ်နိုင်ပါဘူး'ဆိုရင်
အဲ့ဒီကောင် ဖြစ်ကိုမဖြစ်တော့ဘူး..
လုပ်ကြည့်ချင်စိတ်မှ မရှိတာ ။

' ငါ ဖြစ်လောက်ပါတယ်'ဆိုရင်
အဲ့ဒီကောင် တစ်ခါတော့ကြိုးစားကြည့်လိမ့်မယ်
ဖြစ်ဖို့အလားအလာရှိတယ်..

' ငါမဖြစ်သေးတာပါ'ဆိုရင်
အဲ့ဒီကောင် ၂ကြိမ် ၃ကြိမ် ကြိုးစားကြည့်လိမ့်မယ်..
ဖြစ်ဖို့နီးစပ်တယ်..

' ငါဖြစ်ကိုဖြစ်ရမယ်'ဆိုရင်
အဲ့ဒီကောင် ဖြစ်ကိုဖြစ်မှာ..
သူ့မှာ ထပ်တလဲလဲကြိုးစားလိုစိတ် ရှိတယ်
သူ့မှာ အောင်မြင်လိုစိတ်ပြင်းထန်တယ်..

အောင်မြင်ချင်ရင် ဇွဲရှိရမယ်..
ဇွဲဆိုတာ ကြာရှည်ခံနိုင်တဲ့သတ္တိ
လဲကျတိုင်းသာကြောက်စိတ်ဝင်ရမယ်ဆိုရင်
ဘယ်ကလေးမှ လမ်းလျှောက်တတ်မှာမဟုတ်ဘူး..

စိတ်ဓာတ်ယိမ်းယိုင်သွားတဲ့အခါတိုင်း
"ငါ ငယ်ငယ်က လဲဖူးပါလား ငါပြန်ထလို့
အခုလိုလမ်းလျှောက်တတ်လာတာပါလား" ဆိုပြီး
ကိုယ့်ခွန်အား ကိုယ်ပြန်မွေးပါ

ထိုင်နေရင်းနဲ့တော့ မျှော်လင့်ချက်မထားနဲ့..
ဘာမှမလုပ်ရင် ဘာမှမရဘူး..
လှိုင်းကြောက်ရင် လှေမစီးနဲ့ ကမ်းစပ်မှာပဲထိုင်နေ..

လုပ်ချင်စိတ်ရှိရင် အလုပ်ပေါတယ်..
အလုပ်မရှိရင် စာဖတ်..
ဘဝအတွက် အထောက်အကူအများကြီးရတယ်..

အခွင့်အလမ်းမရှိခင်မှာ
အသိပညာပိုင်းဆိုင်ရာ အတတ်ပညာပိုင်းဆိုင်ရာတွေကို
ကိုယ့်ဘက်က အသင့်ပြင်ထား ready လုပ်ထား
မောင်းတင်ထား ဒါအလုပ်ပဲ..

(ဆရာကြီးဦးအောင်သင်း)

26/05/2022

စီးပွားရေးလုပ်တဲ့အခါ မုဆိုးလိုကျင့်ပါ April 11, 2022 admin Motivation 0 တခါတုန်းက စီးပွားရေး လုပ်တာ အဆင်မပြေလို့ စိတ်ညစ်နေတဲ့ လ....

24/05/2022

ပို၍လှသောမနက်ဖြန်သို့...

_______________

ငိုကြွေးနေတာလား? … မနာကျင်လိုက်ပါနဲ့
အနာဂတ်မှာ ကြင်နာခြင်းအပြုံးတွေ ဖူးဖွင့်နိုင်မှာပါ။

အသဲကွဲနေတာလား … ဘဝမပျက်လိုက်ပါနဲ့
အနာဂတ်မှာ အသဲစွဲချစ်ရတဲ့သူ တွေ့ဆုံနိုင်ဖို့ပါ။

လဲကျနေတာလား … စိတ်ဓာတ်တော့မကျလိုက်ပါနဲ့
အနာဂတ်မှာ အောင်မြင်ခြင်းပန်းတိုင်းက အပြုံးလှလှလေးနဲ့
စောင့်ကြိုနေမှာပါ။

သူငယ်ချင်းရေ … လောကကြီးမှာ အခက်အခဲတွေနဲ့ကြုံလာရင်
စိတ်ဓာတ်တွေ ထွေးပြားဝေဝါးပြီးကျဆင်းနေခဲ့ရင် ကိုယ့်ရဲ့လက်ချောင်းလေးတွေကို ပြန်ကြည့်လိုက်နော်။

လက်ချောင်းလေးတွေက အနိမ့်၊ အမြင့် မတူကြသလို့
လောကကြီးမှာလည်း နိမ့်လိုက်၊ မြင့်လိုက်၊ နိုင်လိုက်၊ ရှုံးလိုက်၊ ပျော်ရွှင်လိုက်၊ ငိုကြွေးလိုက်နဲ့ အမြဲတမ်းတွေ့ကြုံနေရမှာပဲလေ။

ရှုံးနေလို့ ပြန်မကြိုးစားရင်
အောင်မြင်မှုတွေ ပျောက်ဆုံးနေမှာပေါ့။

နိမ့်နေလို့ အားငယ်နေရင်
အမြင့်ကို မတွေ့ရပဲနေမှာပေါ့။

ငိုကြွေးနေလို့ ပြီးဆုံးသွားရင်
ပျော်ရွှင်မှု အရသာ မသိပဲနေမှာပေါ့။

လာပါ … သူငယ်ချင်း
ထိုင်ပြီးတွေဝေမနေပါနဲ့ အနာဂတ်နေ့ရက်တွေ လှပဖို့
ဒီနေ့က စပြီး … မနက်ဖြန်များစွာကို ရင်ဆိုင်လိုက်ကြစို့။

Credit..
@@

23/05/2022

❝သန်မာနေတာ မဟုတ်ပါဘူး လဲကျလို့ မရလို့ ရပ်နေရုံပါ ❞ April 28, 2022 admin Motivation 0 ❝သန်မာနေတာ မဟုတ်ပါဘူး လဲကျလို့ မရလို့ ရပ်နေရ....

Address

Ngazun

Website

Alerts

Be the first to know and let us send you an email when MNA Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share