01/04/2022
Toner သုံးနည်း အမြဲမေးကြတဲ့ ကိုယ့်အချစ်တွေ
သေချာ ဖတ်ကြည့်ပေးနော်
***တိုနာလိမ်းနည်း**
ပထမဦးစွာ မျက်နှာကို Cleansing water နဲ့သေချာသန့်ရှင်းပြီးမှမျက်နှာသစ်ပေးပါ❗️
တိုနာလိမ်းတဲ့အခါမှာ အချက်နှစ်ချက်နဲ့ ညီအောင်လိမ်းပေးမှ လိုချင်တဲ့ Skin လေးကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်❣️
ပထမအချက် တိုနာဂွမ်းနဲ့လိမ်းပေးပါ ဒုတိယအချက် တိုနာကိုလက်နဲ့လိမ်းပုတ်ပေးရပါတယ်❣️
ဘာကြောင့်လဲ 🙄 တိုနာဆိုတာ မျက်နှာသစ်ရုံနဲ့မပေါ်တဲ့အညစ်အကြေးတွေကိုဖယ်ရှားပေးတာပါ❣️
ပထမအဆင့်နဲ့ပဲလိမ်းမယ်ဆို အညစ်အကြေးသန့်စင်ရုံပဲရပါတယ် ❣️
ဒုတိယ အဆင့်ပါလိမ်းမှသာ မျက်နှာထဲစိမ့်ဝင်မှုအားကောင်းပြီး မျက်နှာမှာမမြင်နိုင်တဲ့ မွှေးညှင်းပေါက်လေးအထိစိမ့်ပေးနိုင်ပါတယ်❣️
အဆင့်နှစ်ဆင့်နဲ့ညီမှ တိုနာကပို effect ရမှာဖြစ်ပါတယ် အခုလိုနှစ်ဆင့်လိမ်းခြင်းကို Toner & Double Toner လိမ်းတယ်လို့ ခေါ်ပါတယ် ❣️
တိုနာသုံးရင် အထူးသဖြင့် မေးစေ့၊ ပါးပြင်၊နှာခေါင်းနဲ့ ဆံသယ်စတွေကို သေချာလိမ်းပေးရတယ် ❣️
သို့သော် မျက်လုံး၊ မျက်ခွံနဲ့ နှုတ်ခမ်းကိုတော့ ချန်ထားရမယ် လိမ်းချင်ပါတယ်ဆိုရင် Alcohol free ဖြစ်တဲ့တိုနာ သုံးပါ ဒါဆို အကုန်လိမ်းလို့ရပါတယ် ❣️
ဂွမ်းစ၊ဂွမ်းဖတ်နဲ့ သုံးတဲ့အခါ အရည်ကို ရွှဲနစ်နေအောင် စိမ်ပြီး မသုံးရဘူး။❗️
အနေတော်လောက်ထည့်ပြီး သုံးရပါတယ်ဂွမ်းစမှာမဲလာရင် အသစ်ပြောင်းသုံးပေးပါ လိမ်းတဲ့အခါ စက်ဝိုင်းပုံလိမ်းပါ❣️
ဘယ်ပစ္စည်းမဆို ကိုယ့်အသားရည်နဲ့ ကိုက်ပြီး သူ့နေရာနဲ့သူသုံးတက်မှ သိသာမှာဖြစ်ပါတယ် ❣️