10/05/2024
Robot Technology 🤖
အားလုံးမင်္ဂလာပါဗျ။ 🙇🏻 Code Palace Pageကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျ။ 🤗 ကျနော်တို့ ဟိုနေ့က AI (Artificial Intelligence) 🧠 အကြောင်းတင်ဆက်ပြီးပီ ဆိုတော့ ဒီနေ့မှာ Ai နဲ့ ဆက်စပ်နေတဲ့ Robot တွေအကြောင်းတင်ဆက်ပေးချင်ပါတယ်ဗျ။ 🦾🤖 Robot တွေကို ကျနော်တို့ အန္တာရယ် ရှိတဲ့အလုပ်တွေခိုင်းစေဖို့ပဲဖြစ်ဖြစ်၊ အိမ်သန့်ရှင်းရေး လုပ်ဖို့ဖြစ်ဖြစ် စသည်ဖြင့ အသုံးပြုကြပါတယ်ဗျ။ နည်းပညာတိုးတက်လာသည်နှင့်အမျှ Robot 🤖တွေကို နေရာအများအပြားမှာ အသုံးပြုလာကြပီုပဲဖြစ်ပါတယ်ဗျ။ ဥပမာ- စားသောက်ဆိုင်တွေမှာ service ပေးဖို့ နဲ့တချို့ လေယာဉ်ကွင်း တွေမှာပါ Robot တွေကိုအသုံးပြုလာကြပါတယ်။
ဆိုတော့ Robot တွေကို ဘယ်လို တည်ဆောက်ထားလဲ ?🤖 🤔
ကျနော့်အနေနဲ့ လူကြီးမင်းတို့ နားလည်ရလွယ်ကူအောင် ရှင်းပြပေးပါမယ်ဗျ။ 🤗 Robot တစ်ရုပ်တည်ဆောက်ဖို့ Hardware နဲ့ Software လိုအပ်ပါတယ်ဗျ။ Hardware ကတော့ စက်ရုပ် ရဲ့ physical ပိုင်း ဖြစ်ပြီး Software ကတော့ စက်ရုပ် အလုပ်လုပ်ဖို့အတွက်ပဲဖြစ်ပါတယ်ဗျ။
ဆိုတော့ Hardware မှာ Body, Motors, sensors နဲ့ energy ဆိုပြီး ပါရှိပါတယ်။
🤖Body
Body ဟာဆိုရင် တည်ဆောက်မဲ့စက်ရုပ်ပေါ်မူတည်ပြီး အမျိုးမျိုးရှိပါတယ်ဗျ။🤗 ဥပမာ- Humanoid robots (လူပုံစံ စက်ရုပ်), arms only🦾or legs only 🦿 robots နဲ့ wheeled robotsတို့ပဲဖြစ်ပါတယ်ဗျ။ Robot bodyကိုတော့ များသောအားဖြင့် အတွင်းပိုင်း စက်ကိရိယာတွေကို မထိခိုက်အောင် လို့ Metal နဲ့တည်ဆောက်ကြတာများပါတယ်ဗျ။ ဒါပေမဲ့ plastic သို့မဟုတ် အခြား materialsတွေဖြစ်တဲ့ (Carbon or fiber) တို့နဲ့ လဲ Robot bodyကို ပြုလုပ်လို့ရပါတယ်ဗျ။ 🛠️
⚙️Motors
Motors သည်လဲ စက်ရုပ် တစ်ရုပ်ရွေ့လျား နိုင်ဖို့အတွက် အရေးကြီးအစိတ်အပိုင်း တစ်ခုပဲဖြစ်ပါတယ်ဗျ။ Motorsအမျိုးအစားအများကြီးထဲကမှ တစ်ချို့ကိုဖော်ပြပေးချင်ပါတယ်ဗျ။ Bidirectional step motors, rotational motors, pumps နဲ့ vibrating disks တို့ပဲဖြစ်ပါတယ်ဗျ။ ဒီmotorsတွေဟာဆိုရင်ဖြင့် စက်ရုပ် တစ်ရုပ်ရွေ့လျားဖို့အတွက်အရေးကြီးအစိတ်အပိုင်းအနေနဲ့ပါရှိပါတယ်ဗျ။ အစိတ်အပိုင်းများစွာပါရှိတဲ့ စက်ရုပ်တွေမှာဆို motorsတွေကို တစ်ထပ်တည်းကျအောင်လို့ micro-scaleကိုအသုံးပြုပြီး တပ်ဆင်ရပါတယ်ဗျ။ ဒါမှ ခိုင်းစေတဲ့အခါ စက်ရုပ်တွေက အတိအကျရွေ့လျားနိုင်မှာပဲဖြစ်ပါတယ်ဗျ။ ဥပမာ- ခြေလှမ်းတစ်လှမ်းလှမ်းခြင်း🦿၊ လက်တစ်ဖက်ထဲဖြင့် ပစ္စည်းတစ်ခုခုကို ကိုင်ပြီးလိုချင်တဲ့နေရာသို့ကွေ့လျား စသည်တို့ကို လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်ဗျ။🤗
Sensors & Energy 🤖🦾
Sensors ဟာစက်ရုပ်တစ်ရုပ်ကိုစေခိုင်းအတွက်အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်သည့်အလျှောက် ပတ်ဝန်းကျင်အခြေအနေတွေကိုစုဆောင်းကာပြန်လည်တွက်ချက်၍ စေခိုင်းချက်တွေကိုလုပ်ဆောင်ဖို့အတွက်အသုံးပြုပါတယ်ဗျ။ Robots မှာပါရှိတဲ့ sensors အချို့ကတော့ cameras, microphones, pressure sensors, thermometers, position sensors, speed sensors, location sensors, humidity sensors နဲ့ tactile sensors တို့ပဲဖြစ်ပါတယ်ဗျ။🤗 Energy ကလဲ စက်ရုပ်တစ်ရုပ်လည်ပတ်ဖို့အရေးကြီးပါတယ်ဗျ။ Energy🦾 မရှိရင်စက်ရုပ်ကမလှုပ်ရှားနိုင်သလို စေခိုင်းတာတွေကိုလဲလုပ်နိုင်မှာမဟုတ်ပါဘူး။ Energy ကိုတော့ စက်ရုပ်မှာပါရှိတဲ့ battery ကနေထုတ်လွှတ်ပေးပါတယ်ဗျ။ Solar power နဲ့ gas အပေါ်မူတည်ပြီးလည်ပတ်ဖို့တည်ဆောက်ထားတဲ့စက်ရုပ်တွေလဲရှိပါတယ်ဗျ။ တည်ဆောက်မဲ့စက်ရုပ်အပေါ်မူတည်ပြီး energy base ကိုရွေးချယ်လို့ရပါတယ်ဗျ။🤗
Software 🤖⚙️
Software တွေကစက်ရုပ်တစ်ရုပ်အလုပ်လုပ်ဖို့အတွက်လိုအပ်ပါတယ်ဗျ။ စက်ရုပ်မှာပါရှိတဲ့ software တွေက လူတွေကိုအဝေးကနေထိန်းချုပ်ဖို့အတွက်အထောက်အကူပြုတယ်။ ဥပမာ- smartphone application📱 or remote control 🕹️နဲ့စက်ရုပ်ကိုထိန်းချုပ်လို့ရတာပဲဖြစ်ပါတယ်ဗျ။ နည်းပညာတိုးတက်လာသည်နှင့်အမျှစက်ရုပ်မှာပါရှိတဲ့ software ကို internet နဲ့ပါ upgrade လုပ်လို့ရနေပြီပဲဖြစ်ပါတယ်ဗျ။ ထိုသို့ upgrade လုပ်ခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ service နဲ့ function အသစ်တွေကိုပါရရှိနိုင်ပါတယ်ဗျ။ နောက်ထပ်အရေးကြီးတဲ့ software တစ်ခုကတော့ AI🧠 ပဲဖြစ်ပါတယ်ဗျ။ AI ဟာဆိုရင် software technology မှာ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာပြီး robot တွေကို next level✴️ ဖြစ်အောင်စွမ်းဆောင်ပေးပါတယ်။ AI ပါရှိတဲ့ robot တွေဟာဆိုရင်သာမန်စက်ရုပ်တွေထက်တစ်ဆင့်မြင့်နေတာကို တွေ့ရှိရမှာပဲဖြစ်ပါတယ်ဗျ။ ဥပမာ- Sophia robot🤖 ဟာဆိုရင် humanoid robot အမျိုးအစားဖြစ်ပြီး AI ပါရှိတဲ့robotပဲဖြစ်ပါတယ်ဗျ။ ဒီ robot ကို Hong Kong အခြေစိုက်ကုမ္ဗဏီတစ်ခုဖြစ်တဲ့ Hanson Robotics ကတီထွင်ခဲ့တာဖြစ်ပါတယ်။ Sophia robot ရဲ့စွမ်းရည်တွေကို အောက်က video link မှာ ကြည့်ရှုလို့ရပါတယ်ဗျ။
https://youtu.be/5_jp9CwJhcA?si=B3ju0Kw2Snqk6yZK
အချိန်ပေးပြီးဖတ်ရှုပေးတဲ့တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးတင်ရှိပါတယ်ဗျ။ တခြား သိချင်တဲ့ Technology နဲ့ပတ်သတ်တဲ့အကြောင်းအရာလေးတွေရှိရင်လဲ Comment မှာ ရေးခဲ့လို့ရပါတယ်ဗျ။🙇🏻 နောက်နေ့တွေမှာလဲ တခြား IT & Technology အကြောင်းအရာတွေ တင်ဆက်ပေးမှာမလို့ကျနော်တို့ Code Palace Pageလေးကို like & follow လုပ်ထားဖို့မမေ့ပါနဲ့အုန်းနော် 😁 အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ။ 🙇🏻