01/07/2024
သိတတ်တဲ့အရွယ်ကစ ရေးခဲ့တဲ့ဒိုင်ယာရီကို
ပြန်ကြည့်လိုက်ရင်
နေလာရင်းအခုချိန်ထိ ဘဝမယ်
ဆုံးရှုံးခဲ့ရတာတွေကပဲ အများဆုံးပါပဲ….
ထွက်ခွါသွားကြတာတွေ
လက်လွှတ်လိုက်ရတာတွေ
လွတ်ထွက်သွားခဲ့ရတာတွေ
အစုံပဲပေါ့။
ဆရာကြီး မင်းယုဝေရေးခဲ့တဲ့
“သူတစ်ပါးကိုလဲ ခွင့်လွှတ်
ကိုယ့်ကိုယ်ကိုလည်း ခွင့်လွှတ်
အနာရွတ်မှန်သမျှ
ဆွဲချွတ်ဖယ်ရှားကြပါ “ဆိုသလိုပေါ့။
ဒီနှစ်တွေထဲမှာ
သူတစ်ပါးကိုလဲ ခွင့်လွှတ်တတ်ဖို့အပြင်
ကိုယ့်ကိုယ်ကိုလဲ ခွင့်လွှတ်တတ်ဖို့
အများကြီး သင်ယူခဲ့ရတယ်နဲ့ တူပါတယ်။
အဓိကက ဘာအတွက်နဲ့မှ
ကိုယ့်စိတ်ကို မပူလောင်စေချင်တော့တာပါပဲ
ရခဲ့တဲ့ အနာရွတ်တွေကို ကြည့်ပြီး
ပြန်လည်သုံးသပ်မိတာမျိုးပေါ့။
ကျန်ရှိတဲ့ ဘဝသက်တမ်းမှာတော့
အအေးချမ်းဆုံးမဟုတ်ရင်တောင်
စိတ်အပူနည်းနည်းနဲ့
ဖြတ်သန်းချင်တော့တယ်။
ဒါအခုချိန်ထိ တွေးမိသမျှ ဆန္ဒသေးသေးလေးပါပဲ။
1stJuly2024