Gallery Book Bar

Gallery Book Bar ��

❝ သမီးတစ်ယောက်ရှိရင်ပေါ့လေ ❞ - ပါပီယွန်သမီးလေး တစ်ယောက် ရှိရင်ပေါ့လေ။ အဖေတူလေးဆိုတော့ အချောစားလေး၊ တောက်တောက်တောက်တောက် ...
15/02/2024

❝ သမီးတစ်ယောက်ရှိရင်ပေါ့လေ ❞ - ပါပီယွန်

သမီးလေး တစ်ယောက် ရှိရင်ပေါ့လေ။ အဖေတူလေး
ဆိုတော့ အချောစားလေး၊ တောက်တောက်တောက်တောက် နဲ့ အသွက်စားလေးပေါ့ဗျာ။
လိမ္မာယဉ်ကျေးလေး မဖြစ်စေချင်ဘူး။

ငယ်ငယ်ကတည်းက အနိုင်ကျင့်ခံရရင် ❛ ခဲတံနဲ့ ထိုးပစ်ခဲ့ပြီ အဖေ~ဆိုတာမျိုးပဲဖြစ်စေချင်တယ်။ ဉာဏ်လေးထက်သလောက် မဟုတ်မခံ ဆတ်ဆတ်ကြဲလေးပေါ့။
တာတေလန်အောင်သာဆိုးစမ်း။ငါငယ်ငယ်က အတိုင်းပဲဆိုပြီး သဘောတွေ ကျလိုက်မယ့်အမျိုး။ ကြီးပြင်းလာတဲ့ အခါမှာလည်း ဗိုင်းကောင်းကျောက်ဖိလေး မဖြစ်စေချင်ပါ။ အဲ့ဒိီ စကားလုံးရဲ့နောက်ကွယ်မှာ အသိဉာဏ်မရှိသောခပ်တုံးတုံးဆိုတဲ့ အရာတွေ ကပ်ပါနေတာ အဖေသိတယ် သမီးရ။ ခေတ်ဆန်ဆန် ပျံလန်နေတတ်တဲ့ အမျိုးသမီးကောင်းလေး ဖြစ်စေချင်တယ်။ အဲ့ဒီလိုအမျိုးသမီးက ဘယ်လိုပုံလဲ ဟုတ်လား။ အဖေသိမ်းထားတဲ့ မင့်(ဘာခေါ်မလဲကွာ)၊အဖေ့ရည်းစားဟောင်း၊အဖေက ညီမလေးလို့ ခေါ်တဲ့ ဒေါ်လေးရဲ့ ဓာတ်ပုံလေးတွေ
ပြမယ်။ သူက အဖေနဲ့အတူတူ စာဖတ်တယ်။ ငြင်းခုံတယ် (သူ့လောက်အဖေက စာမဖတ်ဘူးရယ်၊ အမြဲရှုံးတယ်ပေါ့လေ) ။

အရက်တူတူသောက်ပြီး နှင်းတွေပိတ်နေတဲ့ လမ်းပေါ်မှာ မူးမူးနဲ့ သီချင်းအော်ဆိုကြတယ်။ တစ်ခါတစ်လေ တအားမူးလာရင် ❛ ရှင့်ကိုကျွန်မအရမ်းမုန်းတယ်သိလား~ လို့ကြိမ်းပြီး ဖင်ပိတ်ကန်တတ်သေးတယ်ကွ
ဟားဟား။ ဒါပေမယ့် သူက သိပ္ပံပညာရှင်သမီးရ။မာနကြီးတဲ့ ပညာတတ်မကြီးပေါ့လေ။ ထားပါတော့၊
သူ့လိုမိန်းမမျိုး သမီးကို ဖြစ်စေချင်တယ်။ အဖေ့သမီးလေးဟာ ရည်းစားတွေအများကြီးထားပြီး ပွေရှုပ်ချင်ပွေရှုပ်လိမ့်မယ်။ အဖေကတော့ရယ်နေမှာပဲ ။ တစ်ခုပဲ
မှာမယ်၊ ယောက်ျားတစ်ယောက်ကို တစ်ခါလောက်တူတူအိပ်ဖူးရုံနဲ့ မချစ်ခင်မကြင်နာပဲ လက်ထပ်စရာမလိုဘူး။ဒါပဲ အဖေမှာချင်တယ်။ ယုတ်စွအဆုံး သမီးဟာ ကျော်မကောင်း ကြားမကောင်းလို့ လူတွေက ပြောကြတဲ့
၀မ်းနည်းစရာ အဖြစ်ဆိုး ကြုံရချင် ကြုံရလိမ့်မယ်။
အဖေ့ဆီသာ ပြန်လာခဲ့။ နင့်မျက်နှာ မကြည့်ချင်ဘူးလို့တစ်ခွန်းမပြောဘူး။ အပြုံးချိုချိုနဲ့ စောင့်ကြိုနေမယ်။လောကကြီးက ထင်ထားတာထက် မာယာပိုများတယ်
ငါ့သမီးလေးရလို့ တစ်ခွန်းတလေ ဆုံးမချင် ဆုံးမ
မှာပေါ့လေ။ ၀မ်းနည်း‌နေတဲ့ သမီးလေးကို အ‌ဖေက
ဂစ်တာတီးပြီး လန်ဒန်မြို့က လမ်းကလေးများ ဆိုတဲ့ သီချင်းကို နှစ်သိမ့်တဲ့အနေနဲ့ ဆိုပြမှာပေါ့ကွာ။ အဖေ့လိုအဖေမျိုးကို လူတွေကနားလည်ကြမှာမဟုတ်ဘူး။
အ‌ဖေ က ၇၀၊၈၀၊ခုနှစ်‌တွေက ရော့ခ်သီချင်းတွေ
လောက်ပဲ သီချင်းထင်တဲ့ကောင်။ 𝐃𝐈𝐎 နဲ့ 𝐎𝐳𝐳𝐲 ဟာ
အဖေ့ဘုရားသခင်တွေ။ ဒါပေမယ့် ခု အီမီနမ်ရဲ့ 𝐌𝐨𝐜𝐤𝐢𝐧𝐠𝐛𝐢𝐫𝐝 ကိုနားထောင်နေတယ်။

ငါ့သမီးသာ ပူဆာရင် တေးဆိုငှက်ကလေးဝယ်ပေးမယ်။ကမ္ဘာကြီးတောင် ပေးဦးမှာ..။

စိန်လက်စွပ်လဲ ၀ယ်ပေးမယ်၊သီချင်းတွေလည်း ဆိုပြမယ်၊ သမီးအပြုံးလေးမြင်ရဖို့ ဘာမဆိုလုပ်မယ့်ကောင်။တေးဆိုငှက်ကလေးက တေး မဆိုခဲ့ရင်၊ စိန်လက်စွပ်က လက်လက်မထက်ခဲ့ရင် အဖေ အဲ့ဒီငှက်ကို လည်လိမ်ချိုးပစ်မယ်။ စိန်တိုက်က ဘာဘူ့ဆီသွားပြီး သောက်ခွက်ရိုက်ရင်းပြောမယ်၊ အ‌ဖေ့ကို လာမဘတ်နဲ့လို့။

▪️

#ပါပီယွန်
#မက္ကဇင်ပါပီရဲ့ထရော်မာများ
#သမီးတစ်ယောက်ရှိရင်ပေ့ါလေ

❛⁠ မရနိုင်တဲ့အရာကို ကိုယ် ရှာနေပြီး  မရှာတဲ့အရာကို ကိုယ်ရနေတယ်။  ကိုယ့်ဆန္ဒရဲ့ ရုပ်ပုံဟာ  ကိုယ့်နှလုံးသားထဲက ထွက်လာပြီး ...
12/02/2024

❛⁠ မရနိုင်တဲ့အရာကို ကိုယ် ရှာနေပြီး
မရှာတဲ့အရာကို ကိုယ်ရနေတယ်။

ကိုယ့်ဆန္ဒရဲ့ ရုပ်ပုံဟာ
ကိုယ့်နှလုံးသားထဲက ထွက်လာပြီး
ကခုန်နေတယ်။
တောက်ပြောင်တဲ့ အာရုံတွေဟာ
ပျံသွားကြတယ်။
ဒီအာရုံကို အမိအရ ဖမ်းဆုပ်ဖို့
ကိုယ် ကြိုးစားတယ်။

ဒါပေမဲ့
ရှောင်ထွက်သွားပြီး
ကိုယ်သာ
ယောင်တီးယောင်န ကျန်နေခဲ့တယ်။

မရနိုင်တဲ့ အရာကို
ကိုယ် ရှာနေပြီး
မရှာတဲ့ အရာကို ကိုယ် ရနေတယ်။

▪️

▪️ဥယျာဉ်မှူး // မြသန်းတင့်

မူရင်း - 𝐓𝐡𝐞 𝐆𝐚𝐫𝐝𝐞𝐧𝐞𝐫 // 𝐑𝐚𝐛𝐢𝐧𝐝𝐫𝐚𝐧𝐚𝐭𝐡 𝐓𝐚𝐠𝐨𝐫𝐞

❝ ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ ❞  ကျန်းမာရေး မကောင်းလို့ဝင်ငွေ မကောင်းလို့မိုးလေဝသ မကောင်းလို့ခုလို အခက်အခဲတွေထဲမှာဖိနပ...
11/02/2024

❝ ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ ❞

ကျန်းမာရေး မကောင်းလို့
ဝင်ငွေ မကောင်းလို့
မိုးလေဝသ မကောင်းလို့

ခုလို အခက်အခဲတွေထဲမှာ
ဖိနပ်သဲကြိုးကို သတိထားနေရ
ခုံကလည်း လှုပ်လှုပ်
မြင်းကလည်း လှုပ်လှုပ်
ပြုတ်ကျသွားချင်လည်းသွား
ဒုက္ခဆိုတာ သစ္စာတရား

ကျွန်တော့်ရဲ့ မိုက်မဲမှုများ
လောကကြီးက အလိုက်သိပါ့မလား

ရေပြင်ရဲ့ မာယာကို မုန်းတယ်
ပိုက်ကွန်ထဲက ငါးတွေကို သနားတယ်
ထောင်ချောက်ကို လိုက်ရှာနေတဲ့ သားကောင်ဆိုတာ
ရှိပါ့မလား
ပျော်ရွှင်မှုဆိုတာ လှောင်အိမ်ထဲမှာ မမွေးဖွားဘူး

ပြိုင်ကားတစ်စီးလို ဓာတ်ဆီဖြုန်းခဲ့ပြီးပြီ
လူနာတင်ယာဉ်တစ်စီးလို အသုံးဝင်ချင်တယ်

ရော့ခ်အင်ရိုးလ် တစ်ခေတ်လုံးကို နားထောင်ခဲ့တယ်
ပွင့်လင်းတဲ့ လူ့ဘောင်ကို မျှော်လင့်မိတယ်
ကဗျာနဲ့ ဘဝကို ချည်နှောင်ထားခဲ့တယ်

သူငယ်ချင်းရယ် ဒီဇာတ်လမ်းမှာ
လူဆိုးတွေ တစ်ယောက်မှ မသေသေးဘူးလား
သူကောင်းတွေမှာ ဒုက္ခများလှပါပြီကွယ်
အသက်တစ်ချောင်း ဆုံးရှုံးမယ်ဆိုရင်
နာမည်တစ်လုံးတော့ အဖတ်တင်ချင်တယ်

ချောက်ကမ်းပါးစွန်းက လူကို
တွန်းအားတွေ မပေးကြပါနဲ့
ပြေးစရာမြေ မရှိတော့တဲ့အခါ
ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ ။ ။

▪️ လှသန်း

#လှသန်း
#ကိုယ့်ဖိနပ်ဟာကိုယ့်ခံတပ်ပါပဲ

သိန်းဖေမြင့်ရဲ့ ❝ ကျောင်းသားလှုပ်ရှားမှု နောက်ခံ ၀တ္ထုဖြစ်သည့် သပိတ်မှောက်ကျောင်းသားနှင့် အရှေ့ကနေ၀န်းထွက်သည့်ပမာ ❞ 📚💥  ...
10/02/2024

သိန်းဖေမြင့်ရဲ့ ❝ ကျောင်းသားလှုပ်ရှားမှု နောက်ခံ ၀တ္ထုဖြစ်သည့် သပိတ်မှောက်ကျောင်းသားနှင့် အရှေ့ကနေ၀န်းထွက်သည့်ပမာ ❞ 📚💥

-------------------------------------


#သိန်းဖေမြင့်စာအုပ်များ
#သိန်းဖေမြင့်

ညီနောင် (𝐇𝐮𝐦𝐛𝐞𝐫) ရဲ့ ❝ ဟိုမိုဒူးရပ်စ် ❞ [ လူသားတို့၏ အနာဂတ်သမိုင်းအကျဉ်း] ပြန်လည်ရရှိပါပြီခဗျာ💥လူပေါင်းများစွာတို့ အတူတက...
07/02/2024

ညီနောင် (𝐇𝐮𝐦𝐛𝐞𝐫) ရဲ့ ❝ ဟိုမိုဒူးရပ်စ် ❞ [ လူသားတို့၏ အနာဂတ်သမိုင်းအကျဉ်း] ပြန်လည်ရရှိပါပြီခဗျာ💥

လူပေါင်းများစွာတို့ အတူတကွ စုပေါင်း
ဆောင်ရွက်ကြခြင်းဟာ အင်မတန် အရေးပါတဲ့
အချက်ဖြစ်ကြောင်း သမိုင်းတလျှောက် သက်သေ၊
အထောက်အထားတွေနဲ့ ပြည့်လို နေပါတယ်။

ဟိုမိုဆေပီယန် လူသားတွေနဲ့ တခြားသတ္တဝါတွေ
အကြားတင်မက လူသားအုပ်စု အချင်းချင်း
အကြားမှာပါ ပိုမိုကောင်းမွန်စွာနဲ့ စုပေါင်း
ဆောင်ရွက်နိုင်သူတွေသာလျှင် အောင်ပွဲဆင်
နိုင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။

အဲဒါကြောင့် ဂရိတို့ကို ရောမတွေက
အောင်နိုင်တာဟာ ရောမသားတွေဟာ
ဦးနှောက်အရွယ်အစား ပိုမိုကြီးမားလို့လည်း
မဟုတ်၊ လက်နက်ကိရိယာတွေ ပိုပြီး
ကောင်းမွန်အောင် ဖန်တီးနိုင်လို့လည်း
မဟုတ်ပါဘူး။ ရောမသားတွရဲ့ ပူးပေါင်း
ဆောင်ရွက်ခြင်းက ပိုမို ထိရောက်ခဲ့လို့
ဖြစ်ပါတယ်။

သမိုင်းတလျှောက်ကို ပြန်ကြည့်မယ်ဆိုရင်
စည်းကမ်းသေဝပ်တဲ့ စစ်တပ်တွေဟာ
ဗရမ်းဗတာ ဖွဲ့စည်းထားတဲ့ လူအုပ်ကြီးကို
အလွယ်လေး အနိုင်တိုက်လို့ရပါတယ်။
စည်းလုံးညီညွတ်တဲ့ အထက်တန်းလွှာတွေဟာ
တယောက်တပေါက်ဖြစ်နေတဲ့ လူအများစုကို
လွှမ်းမိုးချုပ်ကိုင်နိုင်ပါတယ်။

ဥပမာဆိုရရင် ၁၉၁၄ ခုနှစ်မှာ ရုရှပြည်ရဲ့
မင်းမျိုးမင်းနွယ်၊ အရာရှိ၊ အရာခံ၊ လုပ်ငန်းရှင်
၃ သန်းတို့ဟာ လယ်သမားနဲ့အလုပ်သမား
သန်း ၁၈၀ တို့ကို အုပ်ချုပ်မင်းလုပ်နေခဲ့ပါတယ်။
ရုရှအထက်တန်းလွှာ လူတန်းစားတို့ဟာ သူတို့ရဲ့
ဘုံအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ဘယ်လို
မျိုး အတူတကွ စုပေါင်းဆောင်ရွက်ရမယ်
ဆိုတာကို သိကြပေမယ့် သန်း ၁၈၀ သော
သာမာန်ပြည်သူတွေကတော့ ထိရောက်တဲ့
စည်းရုံးလှုံ့ဆော်မှုတွေ ဘယ်လို ဆောင်ရွက်ရမှန်း
မသိခဲ့ကြပါဘူး။

အမှန်စင်စစ်တော့ အထက်တန်းလွှာတွေရဲ့
အားထုတ်မှု အများစုဟာ အဲဒီ သာမာန်ပြည်သူ
သန်း ၁၈၀ အနေနဲ့ ဘယ်တော့မှ အတူတကွ
စုပေါင်းဆောင်ရွက်နိုင်စွမ်း မရှိအောင်
တားဆီးဖို့ပဲ ဖြစ်ပါတယ်။

တော်လှန်ရေးတရပ် စတင်ဖို့ဆိုရင်
ထောက်ခံသူတွေ မရေမတွက်နိုင်အောင်
လိုအပ်ပါတယ်။ တော်လှန်ရေးတွေ
ဆိုတာဟာလည်း လူအများကြီးထက် သွေးထိုး
လှုံ့ဆော်သူ ကွန်ယက် အနည်းအကျဉ်းနဲ့
ထိန်းကျောင်းထားလေ့ရှိပါတယ်။

တော်လှန်ရေးတရပ် စတင်တော့မယ်ဆိုရင်
မေးရမယ့် မေးခွန်းက “ငါ့အိုင်ဒီယာကို လူတွေ
ဘယ်လောက်များများ ထောက်ခံကြမလဲ” ဆိုတဲ့
မေးခွန်း မဟုတ်ပါဘူး၊ “ငါ့ကို ထောက်ခံသူတွေ
ဘယ်လောက်များများ အတူတကွ ပူးပေါင်း
ဆောင်ရွက်နိုင်ကြမလဲ” ဆိုတာကို မေးရမှာ
ဖြစ်ပါတယ်။ နောက်ဆုံးမှာ ရုရှတော်လှန်ရေး
ပေါက်ကွဲသွားခြင်းဟာ သန်း ၁၈၀ သော
လယ်သမားတွေက ဇာဘုရင်ကို ပုန်ကန်ထကြွခဲ့လို့
မဟုတ်ပဲ လက်တဆုပ်စာ ကွန်မြူနစ်တွေက
အချိန်ကိုက်၊ နေရာကိုက် လှုပ်ရှားနိုင်ခဲ့ကြလို့
ဖြစ်ပါတယ်။ ၁၉၁၇ ခုနှစ် အစောပိုင်းမှာ
ရုရှအထက်တန်းလွှာနဲ့ လူလတ်တန်းလွှာဟာ
၃ သန်း အနည်းဆုံး ရှိခဲ့ပြီး လီနင်ရဲ့ ဘော်လ်ရှီဗစ်
အုပ်စု (နောက်ပိုင်း ဘော်လ်ရှီဗစ်ပါတီဖြစ်လာခဲ့)
ကတော့ ပါတီဝင် ၃၂,၀၀၀ ပဲ ရှိခဲ့ပါတယ်။

အင်မတန်မှကျယ်ပြောလှတဲ့ ရုရှအင်ပါယာကြီးကို
ကွန်မြူနစ်တို့ ထိန်းချုပ်လာနိုင်ခဲ့တာဟာ သူတို့ရဲ့
စီမံခန့်ခွဲမှု အလွန်ကောင်းမွန်ခဲ့လို့ ဖြစ်ပါတယ်။
ရုရှနိုင်ငံရဲ့ အုပ်ချုပ်ရေးအာဏာဟာ အိုမင်းမစွမ်းရှိနေပြီ
ဖြစ်တဲ့ ဇာဘုရင်နဲ့ ယာယီပဲ ထိန်းပေးထားနိုင်ခဲ့တဲ့
ကာရင်စကီအစိုးရလက်ထဲကနေ လွတ်ထွက်သွားချိန်မှာ
ကွန်မြူနစ်တွေဟာ အရိုးကို မလွှတ်တမ်း ခဲထားတဲ့
ခွေးဘီလူးလို နိုင်ငံတော်အာဏာကိုအလျင်အမြန်ပဲ
အမိအရ ဖမ်းယူနိုင်ခဲ့ပါတယ်။

အဲဒီလို ချုပ်ကိုင်ထားတာကို ၁၉၈၀ပြည့်လွန်
ခုနှစ်တွေထိ ကွန်မြူနစ်တွေက လွှတ်မပေးခဲ့ပါဘူး။
ထိရောက်လှတဲ့ အဖွဲ့အစည်းအုပ်ချုပ်မှုဟာ သူတို့ကို
ဆယ်စုနှစ် ၇ ခု အကြာ အာဏာမြဲစေခဲ့ပါတယ်။

အဆုံးသတ်မှာ သူတို့ ကျဆုံးသွားခဲ့တာဟာလည်း
အပြစ်အနာအဆာ များပြားလှတဲ့ စုပေါင်း
ဆောင်ရွက်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်‌နေ့မှာ
ရိုမေးနီးယားအာဏာရှင် နီကိုလိုင် ချောင်ချက်စကူဟာ
ဘူခါရက်စ်မြို့လယ်ခေါင်မှာ အစိုးရထောက်ခံရေး
လူထုဆန္ဒပြပွဲကို စီစဉ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့
လအနည်းငယ်အတွင်းမှာ ဆိုဗီယက်ယူနီယံက
သူ့ရဲ့ဥရောပအရှေ့ခြမ်း ကွန်မြူနစ်နိုင်ငံတွေကို
ထောက်ပံ့တာ ရပ်ဆိုင်းလိုက်ပြီး ဘာလင်
တံတိုင်းလည်း ပြိုကျခဲ့သလို ပိုလန်၊ အရှေ့ဂျာမနီ၊
ဟန်ဂေရီ၊ ဘူလ်ဂေးရီးယားနဲ့ ချက်ကိုစလို
ဗားကီးယားနိုင်ငံတွေမှာလည်း တော်လှန်ရေးတွေ
ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်
တည်းက တိုင်းပြည်အာဏာကို သိမ်းပိုက်ထားခဲ့တဲ့
ချောင်ချက်စကူဟာ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ
ရိုမေးနီးယားမြို့တော် တီမီဆွာရာမှာ သူ့ရဲ့
အုပ်ချုပ်ရေးကို ဆန့်ကျင်ဆန္ဒပြပွဲတွေ
ပေါ်ပေါက်ခဲ့ပေမယ့် အဲဒီနိုင်ငံရေးဆူနာမီ
လှိုင်းလုံးကို တောင့်ခံနိုင်မယ်လို့
ယုံကြည်ထားခဲ့ပါတယ်။

အဲဒါကြောင့် တန်ပြန်နိုင်ငံရေးရွှေ့ကွက်အနေနဲ့
ရိုမေးနီးယားပြည်သူ အများစုဟာ သူ့ကို ထောက်ခံ
ချစ်ခင်နေကြသေးတယ်၊ အနည်းဆုံးတော့
ထိတ်လန့်ကြောက်ရွံ့နေဆဲဖြစ်တယ် ဆိုတာကို
ကမ္ဘာကို ပြသဖို့ လူထုထောက်ခံပွဲကို
အကြီးအကျယ် ပြင်ဆင်ခဲ့ခြင်း ဖြစ်ပါတယ်။

ချောင်ချက်စကူရဲ့ ယိုင်နဲ့နဲ့ ပါတီယန္တရားဟာ
ပြည်သူ ၈၀,၀၀၀ ကို မြို့လယ်ရင်ပြင်စကွဲမှာ
စုဝေးဖို့ စီမံခဲ့ပြီး ရိုမေးနီးယား ကျေးလက်မြို့ရွာ
တခွင်က နိုင်ငံသားတွေကိုလည်း သူတို့ရဲ့ လုပ်ငန်း
ဆောင်တာရှိသမျှကို ရပ်တန့်ပြီး ရေဒီယိုနဲ့
ရုပ်မြင်သံကြားတွေမှာ ကြည့်ရှုနားဆင်ကြဖို့
ညွှန်ကြားခဲ့ပါတယ်။

ရင်ပြင်စကွဲကို အပေါ်စီးကနေ မြင်တွေ့နေရတဲ့
အဆောက်အအုံ ဝရန်တာမှာ ချောင်ချက်စကူ
ထွက်ပေါ်လာပြီး စိတ်အားထက်သန်ဟန်နဲ့
စုရုံးအော်ဟစ်နေတဲ့ လူစုလူဝေးကြီးကို သူ
နှုတ်ဆက်လိုက်ပါတယ်။ အဲဒီဝရန်တာပေါ်မှာ
ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အကြိမ်ပေါင်း
များစွာ သူအောင်ပွဲခံခဲ့ဖူးတယ်လေ။ ဇနီးဖြစ်သူ
အယ်လီနာနဲ့ အတူယှဉ်တွဲပြီး ပါတီအကြီးအကဲတွေ၊
ကိုယ်ရံတော်တွေ ခြံရံထားတဲ့ ချောင်ချက်စကူဟာ
စိတ်ပျက်ငြီးငွေ့စရာကောင်းလှတဲ့ သူ့မိန့်ခွန်းကို
စတင် ပြောဆိုပါတော့တယ်။

စက်ရုပ်ဆန်ဆန် အသက်မပါပဲလက်ခုပ်တီးနေတဲ့
လူစုလူဝေးကြီးကို ကြည့်ပြီးတော့လည်း အတော်
ကျေနပ်နေဟန် ရှိပါတယ်။

ဒါပေမယ့် အဲဒီအချိန်မှာပဲ တစုံတရာ စတင်
မှားယွင်းလာပါတယ်။ (Youtube ဝက်ဘ်ဆိုဒ်မှာ
ချောင်ချက်စကူရဲ့ နောက်ဆုံးမိန့်ခွန်းလို့ ရိုက်ထည့်ပြီး
ရှာကြည့်လို့ ရပါတယ်။ သမိုင်းဖြစ်ရပ်ကို
မျက်ဝါးထင်ထင် တွေ့မြင်ရတာပေါ့။ )

Youtube ဗီဒီယိုကလစ်မှာ ပြသထားတာက
ချောင်ချက်စကူဟာ သူ့ရဲ့ ဝါကျရှည်ကြီးကို
စတင်ပြီး “ဘူခါရက်စ်မြို့ရဲ့ ဟောဒီလို ခမ်းနားတဲ့
လူထုထောက်ခံပွဲမှာ စီစဉ်ဆောင်ရွက်ကြသူတွေ
အားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။
ဒါဟာဆိုရင် … …” ဆိုတဲ့ စကားရဲ့နောက်မှာ သူဟာ
ဆွံ့အသွားပြီး မျက်လုံးလည်း ပြူးသွားပါတယ်။
မယုံကြည်နိုင်ခြင်းတွေနဲ့အတူကြက်သေသေ
သွားခဲ့တာပါ။ စက္ကန့်ပိုင်းအတွင်းမှာပဲ
တလောကလုံးဗြောင်းဆန်သွားတာကို
မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လူစုလူဝေးထဲက
တစုံတယောက်ဟာ ချောင်ချက်စကူကို
သရော်လှောင်ပြောင် အော်ဟစ်လိုက်တာပါ။
ချောင်ချက်စကူလို ပုဂ္ဂိုလ်ကို အဲဒီလို ပထမဆုံး
လှောင်ပြောင်အော်ဟစ်ရဲသူဟာ ဘယ်သူပါလိမ့်
ဆိုပြီး ဒီကနေ့ထိ လူတွေ အငြင်းပွားကြဆဲ
ဖြစ်ပါတယ်။ အဲဒီနောက် နောက်တယောက်က
လှောင်ပြောင်အော်ဟစ်ပါတယ်၊ အဲဒီနောက်
နောက်တယောက်၊ ပြီးတော့ နောက်တယောက်နဲ့
စက္ကန့်ပိုင်းအတွင်းမှာပဲ စုဝေးကြတဲ့ လူထုကြီးဟာ
လက်ခေါက်တွေမှုတ်ကြ၊ ဆဲဆိုကြနဲ့ “တီမီဆွာရာ၊
တီမီဆွာရာ” လို့ စတင် ကြွေးကြော်ခဲ့ကြပါတယ်။

ဒါဟာ ရိုမေးနီးယားရုပ်သံမှာ တိုက်ရိုက်
ထုတ်လွှင့်နေတာဖြစ်ပြီး လူဦးရေရဲ့ သုံးပုံတပုံဟာ
ရုပ်မြင်သံကြား မျက်နှာပြင်ကို ကော်နဲ့ကပ်ထား
သလို ခွာမရအောင် ကြည့်နေကြပြီး ရင်ထဲမှာလည်း
တဒိတ်ဒိတ် ခုန်နေကြပါတယ်။ နာမည်ဆိုးနဲ့
ကျော်ကြားလှတဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဟာ ရုပ်သံ
ထုတ်လွှင့်မှုကို ချက်ချင်း ရပ်ဆိုင်းဖို့ အမိန့်ပေး
ခဲ့ပေမယ့် ရိုက်ကူးရေးအဖွဲ့ဟာ အမိန့်ကို
ဖီဆန်ခဲ့ပါတယ်။ ကင်မရာသမားဟာ မိုးပေါ်ကို
ထောင်ပြီး ရိုက်ကူးပြထားလို့ ဝရန်တာပေါ်က
ပါတီခေါင်းဆောင်တွေ ဝရုန်းသုံးကား
ဖြစ်နေကြတာကို မမြင်တွေ့ရပေမယ့်
အသံဖမ်းသူက ဆက်ပြီး အသံဖမ်းနေခဲ့တာကြောင့်
ရိုက်ကူးရေးကို တမိနစ်ကျော် ပြတ်တောက်ပြီး
နောက်ပိုင်း ဆက်လက် ထုတ်လွှင့်ပေးနိုင်ခဲ့ပါတယ်။
ပြည်သူလူထုကြီးဟာ သရော်လှောင်ပြောင်
အော်ဟစ်မှုတွေ ဆက်လက် ပြုလုပ်ခဲ့ကြပြီး
ချောင်ချက်စကူဟာလည်း မိုက်ကရိုဖုန်း
အလုပ်မလုပ်တဲ့ ဖြစ်ရပ်ကြောင့်လိုမျိုး “ဟလို၊
ဟလို၊ ဟလို” နဲ့ အသံစမ်းဟန် ပြုနေခဲ့ရပါတယ်။
အဲဒီအချိန်မှာ သူ့ဇနီးဖြစ်သူ အယ်လီနာက
ပြည်သူတွေကို "တိတ်ကြစမ်း၊ အခု ပါးစပ်ပိတ်” နဲ့
ဝင်ရောက် ဆူပူပေမယ့် ချောင်ချက်စကူက
သူမဘက်ကို ပြန်လှည့်ပြီး “နင် တော်စမ်း” လို့
ပြန်ဟောက်လိုက်ရပါတယ်။

အဲဒီနောက်တော့ ချောင်ချက်စကူဟာ ရင်ပြင်
စကွဲမှာ စိတ်လှုပ်ရှားတက်ကြွနေတဲ့ ပြည်သူတွေကို
အသနားခံခဲ့ပြီး "ရဲဘော်တို့၊ ရဲဘော်တို့၊
ကျေးဇူးပြုပြီး ငြိမ်သက်ပေးကြပါ” ဆိုပြီး
အနူးအညွတ် ပန်ကြားခဲ့ရပါတယ်။

ဒါပေမယ့် ရဲဘော်တွေကတော့ ငြိမ်သက်ပေးဖို့
ဆန္ဒမရှိကြတော့ပါဘူး။ ဘူခါရက်စ်ရင်ပြင်စကွဲမှာ
စုဝေး ရောက်ရှိနေကြတဲ့ လူထု ၈၀,၀၀၀ တို့ဟာ
ဝရန်တာပေါ်မှာ သိုးမွေးဦးထုပ်ဆောင်းပြီး
မတ်တပ်ရပ်နေတဲ့ အဘိုးကြီးထက် မိမိတို့က ပိုပြီး
အင်အားကြီးကြောင်း သဘောပေါက်သွားတဲ့
အခါမှာ ရိုမေးနီးယားနိုင်ငံရဲ့ ကွန်မြူနစ်စနစ်လည်း
ပြိုလဲသွားခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း
အံ့သြဖို့ ကောင်းတာက ကွန်မြူနစ်စနစ်
ပြိုလဲကျသွားခဲ့တာ မဟုတ်ပါဘူး၊ တကယ်ဆိုရင်
နောက်ထပ် ဆယ်စုနှစ် အတော်ကြာထိ ဆက်လက်
တောင့်ခံသွားနိုင်ခဲ့ပါသေးတယ်။ ဘာလို့များ
တော်လှန်ရေးဖြစ်ရပ်တွေဟာ ရှားရှားပါးပါး
ဖြစ်နေရတာပါလဲ။ ပြည်သူလူထုကြီးဟာ
အချိန်မရွေး ရှေ့ကို ချီတက်ပြီး တစစီ
ဆုတ်ဖြဲပစ်နိုင်ခဲ့ပါရက်နဲ့ ဝရန်တာပေါ်က
အဲဒီသိုးမွေးဦးထုပ်နဲ့လူ ပြောသမျှကို နာခံရင်း
ဆယ်စုနှစ်ပေါင်းများစွာ သြဘာတွေပေး၊
လက်ခုပ်တွေတီး လုပ်နေခဲ့တာပါလဲ။

ချောင်ချက်စကူနဲ့ သူ့ရဲ့ခရိုနီတွေဟာ လူဦးရေ
သန်း ၂၀ ရှိတဲ့ ရိုမေးနီးယားနိုင်ငံကို ဆယ်စုနှစ်
၄ ခုကြာ ထိန်းချုပ်ထားနိုင်ခဲ့တဲ့ အကြောင်းရင်းက
တော့ အရေးပါတဲ့ အခြေအနေ ၃ ခုကို
ချုပ်ကိုင်ထားနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။

ပထမအချက်ကတော့ တပ်မတော်၊ ကုန်သွယ်ရေး
သမဂ္ဂနဲ့ ယုတ်စွအဆုံး အားကစား အသင်းအဖွဲ့
တွေလို စုပေါင်းဆောင်ရွက်ရတဲ့ ကွန်ယက်
မှန်သမျှမှာ ကွန်မြူနစ်ပါတီရဲ့ သစ္စာရှိ
အမာခံကေဒါ ဗျူရိုကရက်တွေကို ကြီးကြပ်
စေခဲ့တာ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့
နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတွေ ဘယ်လို
အခန်းကဏ္ဍမှာမဆို ကွန်မြူနစ်ဆန့်ကျင်ရေး
ပေါ်ပေါက်လာနိုင်စေမယ့် စင်ပြိုင် အဖွဲ့အစည်းတွေ
ပေါ်ပေါက်မလာအောင် တားဆီးထားခြင်း
ဖြစ်ပါတယ်။ တတိယအချက်ကတော့
ဥရောပအရှေ့ခြမ်းနဲ့ ဆိုဗီယက်ယူနီယံက
မဟာမိတ်ကွန်မြူနစ်ပါတီတွေရဲ့ ထောက်ခံမှုပဲ
ဖြစ်ပါတယ်။

အဲဒါကြောင့် အခါအားလျော်စွာ ဆက်ဆံရေး
တင်းမာတာတွေ ရှိခဲ့ပေမယ့် လိုအပ်လာချိန်တိုင်းမှာ
ဒီပါတီတွေဟာ အချင်းချင်း အပြန်အလှန်
အကူအညီ ပေးခဲ့ကြပြီး သူတို့ရဲ့ ဆိုရှယ်လစ်
နိဗ္ဗာန်ဘုံကို မဆိုင်သူ အပြင်လူတွေ ဝင်ရောက်
စွက်ဖက်ခြင်း မရှိအောင် အာမခံချက်
ပေးနိုင်ခဲ့ကြပါတယ်။ အဲဒါကြောင့် ဒီလို
အနေအထားအောက်မှာ အုပ်ချုပ်သူ
လူတန်းစားဟာ သူတို့ကို ဘယ်လို အခက်အခဲတွေ၊
ဆင်းရဲဒုက္ခတွေ ဆောင်ကြဉ်းလာခဲ့စေတယ်
ဆိုစေဦး၊ သန်း ၂၀ သော ရိုမေးနီးယား
ပြည်သူတွေအနေနဲ့ ထိရောက်တဲ့ အတိုက်အခံ
အဖွဲ့အစည်းကို မတည်ထောင်နိုင်ခဲ့တာ
ဖြစ်ပါတယ်။

ခုနပြောတဲ့ အခြေအနေ ၃ ခုစလုံးပျက်သုဉ်း
သွားတဲ့အခါကျမှ ချောင်ချက်စကူဟာ
နိုင်ငံတော်အာဏာကို လက်လွှတ်လိုက်ရတာပါ။
၁၉၈၀ ပြည့်နှောင်းပိုင်းနှစ်တွေမှာ
ဆိုဗီယက်ယူနီယံရဲ့ အကာအကွယ်ပေးမှုတွေ
ရုတ်သိမ်းသွားတဲ့အခါမှာ အာဏာရှင်နိုင်ငံတွေဟာ
ဒိုမီနိုပြားလေးတွေလို တခုပြီး တခု ပြိုလဲသွားခဲ့ကြပါတယ်။

၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာမှာတော့ ချောင်ချက်စကူ
အနေနဲ့ ပြင်ပက အထောက်အပံ့ကို မျှော်လင့်လို့
မရတော့ပါဘူး။ အခြေအနေဟာ ပြောင်းပြန်
လှန်သွားခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေက
တော်လှန်ရေးတွေဟာ ပြည်တွင်း
အတိုက်အခံတွေကို စိတ်ဓါတ်
တက်ကြွစေခဲ့ပါတယ်။

ကွန်မြူနစ်ပါတီတွင်းမှာလည်း အကွဲကွဲ၊
အပြဲပြဲ ဖြစ်ကုန်ကြပြီး စဉ်ပြိုင်တွေ
ထောင်လာကြပါတယ်။ အလယ်အလတ်ဝါဒီတွေက
ချောင်ချက်စကူနဲ့ လမ်းခွဲပြီး အချိန်မနှောင်းခင်
ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်ဖို့
လိုလားခဲ့ကြပါတယ်။ ဘူခါရက်စ်ဆန္ဒထုတ်ဖော်ပွဲနဲ့
ရုပ်သံထုတ်လွှင့်မှု အစီအစဉ် ဆောင်ရွက်မှုဟာ
ချောင်ချက်စကူအတွက် တော်လှန်ရေးသမား
တွေကို သူ့အပေါ် ဘယ်လိုပြန်ပြီး တွန်းလှန်ရမယ်၊
မိမိတို့ရဲ့ အာဏာကို ဘယ်လိုပြန်ပြီး
တောင်းဆိုရမယ် ဆိုတဲ့ အကောင်းဆုံး
အခွင့်အလမ်းကို ဖန်တီးပေးလိုက်သလိုပါပဲ။
ရုပ်မြင်သံကြားမှာ တိုက်ရိုက် ထုတ်လွှင့်တာထက်
မြန်ဆန်တဲ့ တော်လှန်ရေးလှုပ်ရှားမှုရယ်လို့လည်း
ရှိပါဦးမလား။

ဒါပေမယ့်လည်း နိုင်ငံတော်အာဏာဟာ
ဝရန်တာပေါ်က စီမံခန့်ခွဲမှု မသေသပ်သူရဲ့
လက်ထဲကနေ လွတ်ထွက်သွားခဲ့ပေမယ့် ရင်ပြင်
စကွဲမှာ ဆန္ဒပြနေတဲ့ ပြည်သူလူထုကြီးဆီကို
ရောက်ရှိမသွားခဲ့ပါဘူး။ အရေအတွက်အားဖြင့်လည်း
များပြား၊ စိတ်ထက်သန်မှုလည်း ပြင်းပြခဲ့ပေမယ့်
အများပြည်သူဟာ ဘယ်လို စနစ်တကျ
ဖွဲ့စည်းရမယ်မှန်း မသိခဲ့ကြပါဘူး။
အဲဒါကြောင့်မလို့ ၁၉၁၇ ခုနှစ် ရုရှ
တော်လှန်ရေးတုန်းကလိုပဲ နိုင်ငံတော်အာဏာဟာ
နိုင်ငံရေးသမားတွေ ပါဝင်ပြီး စနစ်တကျ
ဖွဲ့စည်းလှုပ်ရှားနိုင်ခြင်းရှိသူတွေဆီ
ရောက်ရှိသွားခဲ့ပါတယ်။

ရိုမေးနီးယားတော်လှန်ရေးဟာ အမျိုးသား
လွတ်မြောက်ရေး တပ်ဦး လို့ မိမိဘာသာ
ခေါ်တွင်လိုက်တဲ့ အဖွဲ့ရဲ့ အပိုင်စီးခြင်းကို
ခံလိုက်ရပါတယ်။ တကယ်တော့
အမျိုးသားလွတ်မြောက်ရေးတပ်ဦး ဆိုတာ
ကွန်မြူနစ်ပါတီရဲ့ အလယ်အလတ်သမားတွေရဲ့
နာမည်ပြောင်း၊ မျက်နှာဖုံးစွပ် အဖွဲ့အစည်းပဲ
ဖြစ်ပါတယ်။

တပ်ဦးဟာ ရိုမေးနီးယားဆန္ဒပြအုပ်စုနဲ့ ဘယ်လိုမှ
ပတ်သက်ခြင်း မရှိခဲ့ပါဘူး။ တပ်ဦးကို
အလယ်အလတ်တန်း အရာရှိတွေနဲ့ ဖွဲ့စည်းထားပြီး
ဦးဆောင်သူကတော့ ကွန်မြူနစ်ဗဟို
ပါတီဝင်ဟောင်းနဲ့ ဝါဒဖြန့်ချီရေးဌာနမှာ
အကြီးအကဲအဖြစ် တကြိမ် တာဝန်
ထမ်း‌ဆောင်ဖူးသူ အီယန် အီလီယက်စ်ကူ
ဖြစ်ပါတယ်။ အီလီယက်စ်ကူနဲ့
အပေါင်းအပါတွေဟာ သူတို့ကိုယ်သူတို့
ဒီမိုကရက်တစ် နိုင်ငံရေးသမားတွေလို
ပုံဖော်ခဲ့ပြီး ရှိရှိသမျှသော အသံချဲ့စက်တွေကနေ
သူတို့ဟာ တော်လှန်ရေး ခေါင်းဆောင်တွေ
ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။
အဲဒီနောက်တော့ သူတို့ရဲ့ အတွေ့အကြုံတွေနဲ့
ခရိုနီကွန်ယက်တွေကို အသုံးချပြီး နိုင်ငံကို
ချုပ်ကိုင်၊ နိုင်ငံရဲ့ ရင်းမြစ်တွေကို အိပ်ထောင်ထဲ
ထည့်ကြပါတော့တယ်။

ရိုမေးနီးယားနိုင်ငံမှာ ကွန်မြူနစ်စနစ်
ကျင့်သုံးတုန်းက အရာအားလုံးနီးပါးကို
နိုင်ငံတော်က ပိုင်ဆိုင်ပါတယ်။ ဒီမိုကရက်တစ်
စနစ်ကို ပြောင်းလဲလိုက်ချိန်မှာတော့
နိုင်ငံပိုင်တွေကို ပုဂ္ဂလိကဆီ ရောင်းချလိုက်ပြီး
ကွန်မြူနစ်ဟောင်းတွေဆီကို လျှော့ဈေးနဲ့
လက်ဝါးရိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ တိုင်းပြည်မှာ
ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတာကို ခြုံငုံ
သုံးသပ်မိသူတွေဆိုလို့လည်း ကွန်မြူနစ်တွေပဲ
ရှိခဲ့တာမလို့ သူတို့အချင်းချင်း အကျိုးစီးပွား
အတွက် တဦးကို တဦး ကိုယ်ကျိုးရှာရာမှာ
ဖေးမခဲ့ကြပါတယ်။ နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု
အဆောက်အအုံတွေနဲ့ သဘာဝသယံဇာတ
ရင်းမြစ်တွေကို ချုပ်ကိုင်ထားတဲ့ အစိုးရ
ကုမ္ပဏီတွေကို ကွန်မြူနစ်အရာရှိဟောင်းတွေဆီမှာ
ဈေးပေါင်ကျိုးနှုန်းထားနဲ့ ချရောင်းခဲ့သလို
အောက်ခြေတပ်သားတွေတောင် လုံးချင်းအိမ်တွေ၊
တိုက်ခန်းတွေကို ပြားစွန်းနှုန်းနဲ့ ဝယ်ယူနိုင်ခဲ့ကြပါတယ်။

အီယန် အီလီယက်စကူရဲ့လုပ်ဖော်ကိုင်ဖက်တွေ
ဝန်ကြီးတို့၊ ပါလီမန်အမတ်တို့၊ ဘဏ်လုပ်ငန်း
ဒါရိုက်တာတို့၊ သန်းကြွယ်သူဌေးကြီးတွေ
ဖြစ်လာချိန်မှာ သူလည်းပဲ ရိုမေးနီးယားနိုင်ငံရဲ့
သမ္မတ အဖြစ် ရွေးမြှောက်ခံခဲ့ရပါတယ်။
ရိုမေးနီးယားနိုင်ငံကို ဒီကနေ့ ချုပ်ကိုင်ထားတဲ့
အထက်တန်းလွှာတွေ အများစုဟာ အရင်
ကွန်မြူနစ်ဟောင်းနဲ့ မိသားစု အပေါင်းအပါတွေပါပဲ။

တီမီဆွာရာနဲ့ ဘူခါရက်စ်တွေမှာ အသက်နဲ့ရင်းပြီး
တော်လှန်ရေးလုပ်ခဲ့ကြသူတွေကတော့ အရိုးအရင်း၊
အဖျားအနားပဲ ရရှိခဲ့ကြပါတယ်၊
ဘာလို့လဲဆိုရင် အတူတကွ ပူးပေါင်း
ဆောင်ရွက်ခြင်းအကြောင်း နားမလည်ခဲ့လို့နဲ့
မိမိတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက်
ထိရောက်တဲ့ အဖွဲ့အစည်း မတည်ထောင်နိုင်ခဲ့လို့ပဲ
ဖြစ်ပါတယ်။

🛑 ဂျူးလူမျိုး သမိုင်းပညာရှင် Yuval Noah Harari ရဲ့ Homo Deus 💥💥💥

▪️တန်ဖိုး - ၂၀၀၀၀ ကျပ်

_________



❝ ဦးကုလား မဟာရာဇ၀င်ကြီး နှင့် ရာဇ၀င်ချုပ်(ပဒု) ❞ဦးကုလားသည် မဟာရာဇဝင်ကြီး အပြင် ရာဇဝင်လတ်နှင့် ရာဇဝင်ချုပ် တို့ကိုပါ ရေးသ...
06/02/2024

❝ ဦးကုလား မဟာရာဇ၀င်ကြီး နှင့် ရာဇ၀င်ချုပ်(ပဒု) ❞

ဦးကုလားသည် မဟာရာဇဝင်ကြီး အပြင် ရာဇဝင်လတ်နှင့် ရာဇဝင်ချုပ် တို့ကိုပါ ရေးသားပြုစုခဲ့သည်။ ဦးကုလား၏ မဟာရာဇဝင်ကြီးသည် စကြဝဠာတည်ပုံမှ အေဒီ ၁၇၃၀ အထိရေးသားထားခြင်းဖြစ်ရာ ၊ မြန်မာ ရာဇဝင်ကို ပထမဆုံး အပြည့်အစုံရေးသားနိုင်ခဲ့ခြင်းဖြစ်သည်။ ရေးသားပုံ စနစ်ကျလှသဖြင့် နှောင်းခေတ်မြန်မာ ရာဇဝင်ဆရာများပင် အတုယူကိုးကားခဲ့ရသည်။
မဟာရာဇဝင်ကြီးကို ပြုစုရာတွင် ဦးကုလားသည် သမိုင်း , မော်ကွန်း , အရေးတော်ပုံများ , ဒေသရာဇဝင်များစွာကို အထောက်အထားအဖြစ် သုံးစွဲခဲ့ကြောင်း သိရှိရသည်။ ၎င်းသုံးစွဲခဲ့သော အထောက်အထားများ၏အမည်များကို မဖော်ပြခဲ့သော်လည်း ဟံသာဝတီ ဆင်ဖြူရှင်အရေးတော်ပုံ , ပုဏ္ဏရာဇဗြဟ္မဏရာဇဝင်နှင့် သက္ကရာဇ်ပုံတို့ကိုမူ ဖော်ပြခဲ့သည်။
ဦးကုလားပြုစုသည့် မဟာရာဇဝင်သည် မဟာရာဇဝင်ပုံစံကို ယူထားသော်လည်း မြန်မာပုံစံ သွင်းထားသည်ကို တွေ့ရသည်။ သက္ကရာဇ်စဉ်အတိုင်း စဉ်ပြီး မင်းတပါးစီ၏ အတ္ထုပ္ပတ္တိကိုပါ တတ်နိုင်သမျှဖော်ပြသည်။ မင်းများ မွေးဖွားသည်မှ နတ်ရွာစံသည် အထိ , နန်းကျသည်အထိ ဖော်ပြလေ့ရှိသည်။ ထို့ပြင် မင်း၏မျိုးနွယ် , အိမ်ရှေ့စံဘဝ ,နန်းတင်သည့်နှစ် ၊ ၎င်း လက်ထက်တော်အတွင်းဖြစ်ရပ်များ , နတ်ရွာစံခြင်း , နန်းကျခြင်းတို့ပါ မကျန် တတ်နိုင်သမျှ ဖော်ပြသည်။ ဦးကုလား၏ ထူးခြားမှုမှာ ဘုရင်၏ ကုသိုလ်တော်များ , အတိတ်နိမိတ်များပါမကျန်အောင် တင်ပြခြင်းဖြစ်သည်။
ရာဇဝင်ကို ရေးသားရာတွင် ကျောက်စာသည် အားအကိုးရဆုံးသော အထောက်အထားပင်ဖြစ်သည်။ ဦးကုလား၏အားနည်းချက်မှာ ကျောက်စာကိုအသုံးမပြုခြင်းပင်ဖြစ်သည်။ ၁၈ ရာစု ရာဇဝင်ဆရာများတွင် ကျောက်စာ၏ တန်ဖိုးကိုသိရှိသော ရာဇဝင်ဆရာမှာ တွင်းသင်းတိုက်ဝန် ဦးထွန်းညိုပင်ဖြစ်သည်။ ဗဒုံမင်း၏အမိန့်တော်ဖြင့် ရေးသားခဲ့သော ရာဇဝင်သစ်တွင် ဦးထွန်းညိုသည် ကျောက်စာများကို ပထမဆုံး အသုံးပြုခဲ့သည်ကို တွေ့ရှိရသည်။
ဦးကုလား၏ မဟာရာဇဝင်တွင် ပုဂံခေတ်မတိုင်မီအထိအပိုင်းကို ရေးသားရာ၌ ဒဏ္ဍာရီနှင့် ပုံပြင်များ ရေးထွေးနေသည်။ အထူးသဖြင့် သရေခေတ္တရာမင်းဆက်နှင့် သရေခေတ္တရာပျက်စီးရခြင်းအကြောင်းတို့ကို ဖော်ပြရာတွင် အားနည်းမှုများကို တွေ့ရသည်။ ပုဂံမင်းဆက်တွင်လည်း သက္ကရာဇ်များသည် ကျောက်စာပါသက္ကရာဇ်များနှင့် ကွဲလွဲမှုရှိနေသည်။ကျောက်စာနှင့်ညှိနှိုင်းခွင့် မရသဖြင့် ထိုသို့ကွဲလွဲမှုများ ရှိနေခြင်းဖြစ်သည်။ အင်းဝ , တောင်ငူ နှင့် ညောင်ရမ်းခေတ်များနှင့် ပတ်သက်ပြီး ဦးကုလား၏မဟာရာဇဝင်သည် အလွန်အားရကျေနပ်ဖွယ်ကောင်းသည်။ ဦးကုလားသည် တောင်ငူခေတ်နှင့် ညောင်ရမ်းခေတ်ကို ပထမဦးဆုံး ပြည့်ပြည့်စုံစုံဖော်ထုတ်ပေးနိုင်သော ရာဇဝင်ဆရာပင်ဖြစ်သည်။ ဦးကုလားသည် ညောင်ရမ်းခေတ်တွင် မဟာရာဇဝင်ကြီးကို ရေးသားခဲ့သဖြင့် ညောင်ရမ်းခေတ်နှင့် အလှမ်းမဝေးသော တောင်ငူခေတ်ဆိုင်ရာ အထောက်အထားများကို သိမီလိုက်သဖြင့် တောင်ငူခေတ်နှင့် ညောင်ရမ်းခေတ်ကို ပြည့်စုံအောင်ရေးသားနိုင်ခဲ့ခြင်းဖြစ်သည်။
ဦးကုလားသည် တဆက်တစပ်တည်းသော မြန်မာ့သမိုင်းကို ရေးသားရာတွင် ရှေးရာဇဝင်ဆရာတို့ ရေးသားခဲ့သော လမ်းရိုးဟောင်းဖြစ်သည့် ဒေသဆိုင်ရာ ချဉ်းကပ်ပုံစံမှဖယ်ခွာပြီး လမ်းသစ်ကိုထွင်ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ ၎င်း၏နည်းလမ်းနှင့်ရေးသားဟန်သည် အခြားရာဇဝင်ဆရာများနှင့် မတူဘဲ ထူးခြားနေသည်။ ရာဇဝင်အရေးအသားသည် အမှန်တရားနှင့် အဆင့်မြင့်စာရေးသားဟန်ကို ဖော်ပြနိုင်သဖြင့် ဦးကုလားကို ကျေးဇူးတင်ရမည်ဖြစ်သည်။ မဟာရာဇဝင်သည် နောင်ပေါ်ထွက်လာသည့် ရာဇဝင်များအတွက် စံပြသဖွယ် ဖြစ်ခဲ့ပြီ။ မှန်နန်းရာဇဝင်တွင် ဦးကုလား၏မဟာရာဇဝင်က စာသားများကို တလုံးမလွဲ ထပ်တူကူးရေးထားသည်များကို တွေ့ရှိနိင်သည်။

- ဒေါက်တာ ကျော်ဝင်း၏ မဟာရာဇဝင်ကြီးဆရာ ဦးကုလား၏သမိုင်းအမြင် မှ

---

▪️တန်ဖိုး - ၄၀၀၀၀ ကျပ် ( ပဒု)

▪️စာမျက်နှာ (ပ) - ၅၂၀++

▪️စာမျက်နှာ (ဒု) - ၉၈၂++

_________


#ဦးကုလားရာဇ၀င်ချုပ်
#ဦးကုလားမဟာရာဇ၀င်ကြီး

❝ ရင်ဘတ်လမ်း ❞မကောင်းတဲ့ခေတ်ချင်းတူပေမဲ့ဒီဘက်ခေတ်မှာတော့သီချင်းတွေအကျယ်ကြီးဖွင့်ပေးတဲ့လမ်းဘေးကဖေးဆိုင်တွေမရှိတော့ဘူး။ကို...
05/02/2024

❝ ရင်ဘတ်လမ်း ❞

မကောင်းတဲ့ခေတ်ချင်းတူပေမဲ့
ဒီဘက်ခေတ်မှာတော့
သီချင်းတွေအကျယ်ကြီးဖွင့်ပေးတဲ့
လမ်းဘေးကဖေးဆိုင်တွေမရှိတော့ဘူး။

ကိုယ်စားသုံးချင်တဲ့သီချင်းတွေကို
လမ်းဘေးကဖေးဆိုင်ထိုင်ရင်း
လူရှေ့သူရှေ့ လွင့်မျောခွင့်မရှိတော့ဘူး။

အခုဆို
ဘယ်သူက ဘယ်သူ့ကို ကြိုက်နေတာမှန်းတောင်
ငါတို့မသိနိုင်တော့ဘူး။

မင်းနားကြပ်လေးထဲကသီချင်းဟာ
ဘာသီချင်းပါလိမ့်
မင်းရင်ထဲမှာ ဘယ်သူတွေပေါက်ရောက်နေတာလဲ
ပျောက်ဆုံးခြင်းဟာ
အခန်းကိုယ်စီဆီ အထီးကျန်စွာရောက်ရှိလာ
ဘာသားနဲ့ထုထားတဲ့နှစ်တွေလဲ။

ချာတိတ်ဆိုတာ
ကိုယ့်ရင်ဘတ်ကိုယ်
ထင်ရာစိုင်းပြီး ဆွေးမြည့်ခွင့်ရှိပါတယ်။ ။

▪️အောင်ခိုင်မြတ်

#ရင်ဘတ်လမ်း
#အောင်ခိုင်မြတ်

❛⁠ အိမ်ဆိုတာ ပြန်လို့ရတဲ့အရာမှန်း သိလေ  ပိုနာကျင်လေ  ဒါကြောင့်မို့ မြစ်တွေဟာ သွယ်ဝိုက်စီးဆင်းတာဖြစ်မယ်  အပြစ်ကင်းစင်တဲ့ ...
05/02/2024

❛⁠ အိမ်ဆိုတာ ပြန်လို့ရတဲ့အရာမှန်း သိလေ
ပိုနာကျင်လေ
ဒါကြောင့်မို့ မြစ်တွေဟာ သွယ်ဝိုက်စီးဆင်းတာဖြစ်မယ်

အပြစ်ကင်းစင်တဲ့ လှေကလေးတစ်စင်းနဲ့
ဟိုတစ်ဖက်ကမ်းကို ကူးချင်ရဲ့။ ။

▪️၀င်းမြင့်

#၀င်းမြင့်

❛⁠ ချစ်ခြင်းမေတ္တာ ရချင်တာ   ချစ်ခြင်းမေတ္တာ ရချင်တော့   မျက်နှာချင်း ဆိုင်ရတယ်   မျက်လုံးချင်း ကြည့်ရတယ်   နှလုံးသားချင...
03/02/2024

❛⁠ ချစ်ခြင်းမေတ္တာ ရချင်တာ
ချစ်ခြင်းမေတ္တာ ရချင်တော့
မျက်နှာချင်း ဆိုင်ရတယ်
မျက်လုံးချင်း ကြည့်ရတယ်
နှလုံးသားချင်း ထိရတယ်
နှစ်ယောက်ကတစ်ယောက်ဖြစ်ပြီး နီးရတယ်

နန်းလုပွဲတွေ
ဝေးခဲ့တာပေါ့ကွယ်။ ။

▪️သုခမိန်လှိုင်

▪️ရာဇ၀င် ၂၃ ( သုခမိန်လှိုင်ကဗျာပေါင်းချုပ် )

▪️တန်ဖိုး - ၃၀၀၀၀ ကျပ်

_________

❝ အိမ်စောင့်အစိုးရ ❞ - စည်သူကျော် မြန်မာပြန်အခုစာအုပ်မှာ ဗိုလ်မှူးချုပ် မောင်မောင် သုံးသပ်ထားတဲ့ ဖဆပလ အကွဲအပြဲကတော့ ဦးနု...
03/02/2024

❝ အိမ်စောင့်အစိုးရ ❞ - စည်သူကျော် မြန်မာပြန်

အခုစာအုပ်မှာ ဗိုလ်မှူးချုပ် မောင်မောင် သုံးသပ်ထားတဲ့ ဖဆပလ အကွဲအပြဲကတော့ ဦးနု ဝန်ကြီးချုပ် ရာထူးက ၁ နှစ် အနားယူထားပြီး ဦးဗဆွေက ဝန်ကြီးချုပ်ရာထူး ရယူထားချိန်၊ ဦးနု ဗုဒ္ဓဂါယာက ဘုရားဖူးပြန် လာချိန်မှာ စတင်ခဲ့တယ်လို့ သုံးသပ်ထားပါတယ်။ ဦးနု ဗုဒ္ဓဂါယာကို ဘုရားဖူး သွားနေခိုက် တစ်နေ့သောညဖက် အချိန်မှာ ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသူ ဦးဗဆွေရဲ့ ဝန်ကြီးချုပ် အိမ်ဂေဟာမှာ ပုံမှန် အစည်း အဝေးတစ်ခု ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးမှာ ဆိုရှယ်လစ်ပါတီရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဦး ဗဆွေ၊ ဦးကျော်ငြိမ်း၊ မြန်အောင် သခင်ချစ်မောင် စတဲ့ နိုင်ငံရေးလောကက ပုဂ္ဂိုလ်တွေ၊ ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်မှူးကြီး မောင်မောင်၊ ဗိုလ်မှူးကြီး အောင်ကြီး၊ ဗိုလ်မှူးကြီး ကြည်ဝင်း၊ ဒုတိယဗိုလ်မှူးကြီး ချစ်ခိုင်၊ ဗိုလ်မှူးချုပ် တင်ဖေ အစရှိတဲ့ ဆိုရှယ်လစ်တပ်မှူးတွေ ရှိနေခဲ့ကြပါတယ်။

အဲဒီ ကျင်းပပြုလုပ်ခဲ့တဲ့ အစည်းအဝေးဟာ ဆိုရှယ်လစ်ပါတီရဲ့ inner circle အတွင်းလူများ အစည်းအဝေးဖြစ်တာကြောင့် အခြားသူများ တက်ရောက်ခွင့် မရှိပါဘူး။ ဒါပေမယ့်လည်း ဦးနု ဗုဒ္ဓဂါယာမှ ပြန်အလာ မင်္ဂလာဒုံလေဆိပ်အရောက် လေယာဉ်ပေါ်ကတောင် မဆင်းရသေးချိန်မှာ သခင်တင် နဲ့ သခင်ကျော်ဒွန်းတို့က လေယာဉ်ပေါ်အထိ တက်ပြီး အဲဒီ လျှို့ဝှက်အစည်းဝေးအကြောင်းကို ပြောပြခဲ့ကြ ပါတယ်။ အဲဒီအကြောင်းကို ကြားပြီး ဦးနုဟာ အင်မတန် စိတ်ဆိုးဒေါသ ထွက်သွားတာကြောင့် လေဆိပ် ဧည့်ခန်းမဆောင်မှာ လာကြိုနေတဲ့ ဦးဗဆွေနဲ့ ဦးကျော်ငြိမ်း တို့ကိုတောင် နှုတ်မဆက် နိုင်ဘဲ အိမ်ကို ကတိုက်ကရိုက် ပြန်သွားခဲ့ပါတယ်။ (ဆိုရှယ်လစ် ပါတီ အတွင်းလူများ အစည်းအဝေးက ပြောစကားတွေ ဘယ်လို၊ ဘယ်ပုံ ပေါက်ကြား သွားခဲ့တယ်ဆိုတာ ကလည်း စိတ်ဝင်စားစရာပါ။)

ဦးနုက တောထဲက လွှတ်လိုက်တဲ့ ကိုယ်စားလှယ်တွေကို လျှို့ဝှက်တွေ့ဆုံပီး ဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းရန် ညှိနှိုင်းနေကြဆဲ။ တပ်ဖက်က တပ်မတော်အရာရှိကြီး တွေရဲ့ စိတ်ထဲမှာ လွတ်လပ်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့စဉ်က သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ (ကွန်မြူနစ်တွေ၊ ရဲဘော်ဖြူတွေ)ကို ကိုယ်တိုင်လည်း ပစ်ခတ်သတ်ဖြတ်၊ ပစ်ခတ်သတ်ဖြတ်ဖို့လည်း အမိန့်ပေးနေရတဲ့ အော့နှလုံးနာဖွယ်တွေကို အထက်အမိန့်အရ လုပ်နေရတဲ့ကြားထဲ လက်နက်ကိုင် အဖွဲ့အစည်းတွေ ကျူးလွန်ထားသော လူသတ်၊ မီးရှို့၊ မုဒိန်းမှုတွေပါ မကျန် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆိုတဲ့ ဦးနုရဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ကမ်းလှမ်းချက်ကို လုံးဝ လက်မခံလိုကြပါဘူး။

ဒီကြားထဲ လွှတ်တော်မှာ ဆွေ-ငြိမ်းတို့က နု-တင် အစိုးရအပေါ် အယုံ အကြည်မရှိ အဆိုတင်သွင်း ရှုံးနိမ့်၊ အဲဒီနောက် ဝန်ကြီးချုပ် သခင်နုက လွှတ်တော်မှာ တင်သွင်းဆုံးဖြတ် အတည်ပြုချက်ရယူရမယ့် ဘတ်ဂျက်ငွေစာရင်းကို သမ္မတအမိန့်ပြန်တမ်းနဲ့ အတည်ပြုခဲ့တာကလည်း ပါလီမန် ဒီမိုကရေစီစနစ်ရဲ့ ထုံးတမ်းစဉ်လာတွေကို သွယ်ဝိုက်သောအားဖြင့် ချိုးဖောက်တာဖြစ်တယ်လို့ တပ်မတော် တပ်မှူးကြီးတွေက ယူဆလာခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ တပ်မှူးကြီး တချို့ဟာ လျှို့ဝှက်အစည်းအဝေးများလုပ်ပြီး အာဏာသိမ်းရန် ဆုံးဖြတ်ချက်ချလိုက်ကြောင်း သိရတော့ ဗိုလ်မှူးကြီး မောင်မောင်က စစ်အာဏာသိမ်းမှုကို သွားရောက်တားဆီးဖို့ လုပ် တဲ့အခါမှာ ဗိုလ်ချုပ်ကြီး နေဝင်းက "မသွားနဲ့ဦးကွ။ ဒီကောင်တွေ ဘယ်လောက်အထိ လုပ်နိုင်မယ်ဆိုတာ စောင့် ကြည့်ကြသေးတာပေါ့" လို့ ပြန်ပြောခဲ့တယ်လို့ ဆိုပါတယ်။

(အမှန်စင်စစ် ဒီအကြောင်းအရာတွေ အားလုံးကို ဗိုလ်ချုပ်ကြီး နေဝင်းက ကောင်းကောင်းသိထားတဲ့အပြင် ၁၉၄၉ ခုနှစ်၊ လက်ဝဲညီညွတ်ရေးလမ်းစဉ်ဆိုပြီး သခင် သိန်းဖေ(တက်ဘုန်းကြီး သိန်းဖေမြင့်)တို့နဲ့အတူ လုပ်နေကြစဉ်ကတည်းက ဗိုလ်ရဲထွဋ်ကတဆင့် တောတွင်း ရောက် သခင်သန်းထွန်း ကမ်းလှမ်းလာတဲ့ ကွန်မြူနစ်တွေအတွက် အာဏာသိမ်းပေးရင် သခင်သန်းထွန်းက ဝန်ကြီးချုပ်တာဝန်ယူမယ်။ ဗိုလ်နေဝင်းကို ကာကွယ်ရေးဝန်ကြီးခန့်မယ် ဆိုတဲ့ ကမ်းလှမ်းချက်ကိုတောင် လက်ခံ ခဲ့ဖူးပါတယ်။)

ဒါ့အပြင် လူအများ စိတ်ဝင်တစား သိရှိလိုကြတဲ့ ဗိုလ်မှူးချုပ်မောင်မောင်နဲ့ ဗိုလ်ချုပ်ကြီးနေဝင်းတို့ရဲ့ ကတ္တီပါ လမ်းခွဲ၊ စီအိုင်အေကို ဗမာပြည်ထဲ ခေါ်သွင်းခဲ့တာ ဘယ်သူဘယ်ဝါတွေဆိုတာ ကွက်ကွက်ကွင်းကွင်း အထင်အရှား ရေးသားဖော်ပြထားသလို ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ နိုင်ငံခြားသားမုန်းတီးစိတ်ကိုလည်း မြင်သာစေပါတယ်။ (အဲဒီ မုန်းတီးသူ စာရင်းထဲ ဦးသန့် တောင်ပါ,ပါသေးတယ်။) ပြည်တွင်းစစ် အစမှာ ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ ဆုံးဖြတ်ချက်အရ ယူအမ်ပီတပ်တွေ သမိုင်းနဲ့ အင်းစိန်က KNDO ခံစစ်စခန်းတွေကို မထိခလုတ် ထိခလုတ် သွားရောက် တိုက်ခိုက်ခဲ့တာကြောင့် ကရင်တွေရဲ့ အတိအလင်း လက်နက်ကိုင်ပုန်ကန်မှုကြီးနဲ့ ရင်ဆိုင်ခဲ့ရတာတွေကိုလည်း ဖတ်ရှုကြရမှာပါ။

ဒါ့အပြင် အဲဒီခေတ်၊ အဲဒီအချိန်ကနေ အခုအချိန်အထိ အများပြည်သူ မသိရှိရ သေးတဲ့ နိုင်ငံရေးလောကက နာမည်ကြီးပုဂ္ဂိုလ်ကြီးတွေ၊ နာမည်ကျော် ထင်ရှားသူတွေရဲ့ အတွင်းရေး လျှို့ဝှက် ဇာတ်လမ်းတွေ၊ နိုင်ငံရေးမြှုပ်ကွက်တွေကိုလည်း အခန်းဆုံးမှတ်စုတွေထဲမှာ အသေးစိတ် ရေးသားဖော်ပြထား တာမို့ စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမှာပါ။ ပြီးတော့ ဒီစာအုပ်ဟာ နိုင်ငံရေး စာပေသမိုင်း တလျှောက်မှာ တစ်ကြိမ်တစ်ခါမှ ပုံနှိပ်ထုတ်ဝေခြင်း မပြုရသေးတဲ့ အပြင် အလွန် လူသိနည်းလှသော မြန်မာ့ နိုင်ငံရေးဖြစ်စဉ် အချက်အလက်များစွာ ပါဝင်တဲ့ စာအုပ်ကောင်း တစ်အုပ်လည်း ဖြစ်ပါတယ်။

▪️စာရေးသူ - ဗိုလ်မှူးချုပ်ဟောင်း မောင်မောင်

▪️မူရင်း - Care-Taker Government

▪️ဘာသာပြန်သူ - စည်သူကျော်

▪️တန်ဖိုး - ၂၀၀၀၀ ကျပ်

_________

ဆရာ မြသန်းတင့်ရဲ့ ❝ ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည် ❞ မျက်နှာဖုံးသစ်ဖြင့် ပြန်လည်ရရှိပါပြီ🤎လမ်းပျောက်နေတဲ့ ချာတိတ်တ...
03/02/2024

ဆရာ မြသန်းတင့်ရဲ့ ❝ ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည် ❞ မျက်နှာဖုံးသစ်ဖြင့် ပြန်လည်ရရှိပါပြီ🤎

လမ်းပျောက်နေတဲ့ ချာတိတ်တွေ။ကိုယ့်ကိုယ်ကို လုံးဝအသုံးမကျတော့ဘူးလို့ထင်နေတဲ့သူတွေ၊ ဆရာကြီး
မြသန်းတင့်ရဲ့ဓားတောင်ကိုကျော်၍မီးပင်လယ်ဖြတ်မည် ဆိုတဲ့ စာအုပ်လေးဖတ်ကြည့်ပါလား။

တခုခုတော့ ပြောင်းလဲသွားမှာသေချာတယ်။
အခုခေတ် စကားနဲ့ပြောရရင် မိုတီဗိတ် လည်းဖြစ်တယ်။
ဒီစာအုပ်ကို ဆရာကြီးက ၁၉၇၃ ခုနှစ်မှာ ၁၇ ရက်နဲ့ အပြီးရေးခဲ့တာလို့သိရတယ်ဗျ။

၀တ္ထုရဲ့ ရည်ရွယ်ချက်ကတော့ -

▪️ကုန်ထုတ်လုပ်ရေးတိုက်ပွဲ
▪️သိပ္ပံပညာစမ်းသပ်မှုတိုက်ပွဲ
▪️လူတန်းစားတိုက်ပွဲ

ဟူသော တိုက်ပွဲကြီး သုံးခုကို ဖြတ်သန်းရာ၌ စွန့်လွှတ်အနစ်နာ ခံခဲ့ကြသော အာဇာနည်များကို ဂုဏ်ပြုလို၍ ရေးခဲ့ခြင်းဖြစ်တယ်လို့ ဆရာကြီးကဆိုထားတယ်ဗျ။

▪️တန်ဖိုး - ၁၀၀၀၀ ကျပ် ▪️
_________


#ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည်
#မြသန်းတင့်

စာပေလိုက်စားသူတိုင်း အတွက် အကိုးအကားပြုစရာ၊ အားထားရာ ဖြစ်သော 📚 💥 ❝ ကမ္ဘာ့စာပေအညွှန်း  ❞ - မောင်ထင်ကမ္ဘာ့စာပေအညွှန်းဟုဆို...
02/02/2024

စာပေလိုက်စားသူတိုင်း အတွက် အကိုးအကားပြုစရာ၊ အားထားရာ ဖြစ်သော 📚 💥

❝ ကမ္ဘာ့စာပေအညွှန်း ❞ - မောင်ထင်

ကမ္ဘာ့စာပေအညွှန်းဟုဆိုသည့်အတိုင်း ကမ္ဘာအနှံ့အပြားတွင် စာပေယဉ်ကျေးမှု ထွန်းကား တိုးတက်လာပုံကို နှံ့နှံ့စပ်စပ် လေ့လာပြုစုထားသော ကျမ်းတစောင်။ အကိုးအကားပြုစရာ အထောက်အထားပြုစရာ များစွာပါဝင်သောကြောင့် အနီးအနားတွင် ထားပြီး မကြာခဏ ဖတ်ရှုမှတ်သားသင့်သောစာအုပ်။ စာချစ်သူတိုင်း စာအုပ်စင်တွင်ထားသင့်သော စာအုပ်ကြီး။

_________

#ကမ္ဘာ့စာပေအညွှန်း
#မောင်ထင်

Address

Naypyidaw

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00

Telephone

+959955539203

Website

Alerts

Be the first to know and let us send you an email when Gallery Book Bar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category