20/05/2024
"Lung Ja" Phone seng hta rau ta gindun bungli galaw na matu masha saw shaga nga ga ai.
"Lung Ja" ဖုန်းဆိုင်တွင် အတူလက်တွဲလုပ်ဆောင်ရန် ဝန်ထမ်းအလိုရှိသည်။
Responsibilities-
Customer Service:
- နွေးထွေးသောအပြုံးများဖြင့် customers များအား ကြိုဆိုပြီး ၎င်းတို့၏လိုအပ်ချက်များ၊ စိုးရိမ်ပူပန်မှုများကို နားလည်သဘောပေါက်ကာ သူတို့နှင့်ကိုက်ညီသော မိုဘိုင်းဖုန်းပိုင်းဆိုင်ရာဝန်ဆောင်မှုများကိုပေးအပ်နိုင်ရမည်။
- မိုဘိုင်းဖုန်းမော်ဒယ်အမျိုးမျိုးနှင့် ၎င်းတို့၏ အကောင်း၊အဆိုးများကို customer များထံသို့ သေချာရှင်းပြနိုင်ရမည်။
- သုံးစွဲသူများအား သူတို့၏ဘတ်ဂျက်နှင့် အသုံးပြုမှုအပေါ်အခြေခံ၍ အသင့်တော်ဆုံးဖုန်းနှင့် အစီအစဉ်ကို ရွေးချယ်နိုင်ရန် ကူညီဆောင်ရွက်ပေးနိုင်ရမည်။
- Customer များ၏မေးခွန်းများကို ဖော်ရွေဖေးမပြီးတစ်ဖက်တွင်လည်း ပရော်ဖက်ရှင်နယ်ကျကျ ဖြေကြားရှင်းလင်းပေးနိုင်ရမည်။
အရောင်း
- ဆိုင်၏ အရောင်းtargetများကို သိရှိနားလည်ပြီး ဆိုင်၏အောင်မြင်မှုကို ကူညီပံ့ပိုးပေးနိုင်ရမည်။
- ထုတ်ကုန်အသစ်များနှင့် အထူးကမ်းလှမ်းမှုများကို ရည်မှန်းသည့်ဖောက်သည်များထံရောက်ရှိနိုင်ရန် ထိထိရောက်ရောက် မြှင့်တင်နိုင်ရမည်။
-အရောင်းမြှင့်တင်ရေးအတွက် pageကဲ့သို့သော social media platforms များ အသုံးပြုကာ Customer များထံ ဆိုင်ရှိကုန်ပစ္စည်း၊ ဝန်ဆောင်မှုများအကြောင်း များများသိရှိစေရန် ဆောင်ရွက်နိုင်ရမည်။
Store လည်ပတ်မှုပိုင်း-
- သန့်ရှင်းသပ်ရပ်ပြီး စနစ်တကျနှင့် နွေးထွေးကြိုဆိုသော ဆိုင်ပတ်ဝန်းကျင်ဖြစ်စေရန် အမြဲထိန်းသိမ်းနိုင်ရမည်။
- နေ့စဥ်အရောင်း စာရင်းနှင့်၊ စာရင်းစီမံခန့်ခွဲမှုများကို ကူညီဆောင်ရွက်ပေးနိုင်ရမည်။
- ဆိုင်၏ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာနိုင်ရမည်။
အရည်အချင်းများ-
- မိုဘိုင်းဖုန်းနည်းပညာဆိုင်ရာ ဗဟုသုတများနှင့် နည်းပညာကဏ္ဍများတွင် အမြဲစိတ်ဝင်စားပြီး စူးစမ်းလေ့လာနေသူဖြစ်ပြီး မိမိသိရှိထားသော ဗဟုသုတများကို customer များကို မျှဝေမြှင့်တင်ပေးနိုင်ရမည်။
- ထုတ်ကုန်အသစ်များနှင့် နည်းပညာအသစ်များကို လျင်မြန်စွာ လေ့လာသင်ယူနိုင်ရမည်။
- ကြိုးစားလိုစိတ်ရှိသူဖြစ်ရပါမည်။
- ကချင်ဘာသာစကားကို ကျွမ်းကျင်စွာတတ်မြောက်ပြီး ကချင်ဖောက်သည်များထံသို့ ဝန်ဆောင်မှုများကိုကောင်းမွန်စွာပေးအပ်နိုင်ရမည်။
- ကွန်ပြူတာနှင့် အရောင်းစနစ်များကို ကျွမ်းကျင်ရမည်။
- အလုပ်ကို တစ်ဦးချင်းအမှီအခိုကင်းစွာသော်လည်းကောင်း၊ အသင်းအဖွဲ့နှင့်သော်လည်းကောင်း ကောင်းမွန်သောဆက်ဆံရေးဖြင့် နေထိုင်လုပ်ကိုင်နိုင်သူဖြစ်ရပါမည်။
- ဆိုင်မှ ပေးအပ်သော အခြားတာဝန််နှင့် ဝတ္တရားများကို ကောင်းမွန်စွာလုပ်ဆောင်ပေးနိုင်သူဖြစ်ရပါမည်။
(တနင်္ဂနွေနေ့တိုင်း ဆိုင်ပိတ်ပါသည်)
လျှောက်ထားရန်-
Lung Ja Phone Hub တွင် အတူလက်တွဲလုပ်ကိုင်ရန် လျှောက်ဖြစ်သော အကြောင်းအရာနှင့် မျှော်မှန်းလစာကို စာရေးသားပြီး (motivation letterနှင့်အတူ) သင်၏သက်ဆိုင်ရာ အတွေ့အကြုံနှင့် အရည်အချင်း (CV Form) များကို [email protected] သို့ ပေးပို့လျှောက်ထားနိုင်ပါပြီ။
မှတ်ချက် - အတူလက်တွဲလုပ်ကိုင်ရန် ဝန်ထမ်းကောင်းရှာတွေ့သည့်အခါ လျှောက်လွှာပိတ်မည်ဖြစ်သည်။