06/03/2021
ကြားမိသလောက် ပြောပြမယ်။
မန်းလေး တိုင်းအကူ မှု/နှိမ်ဌာနက ဒုရဲမှူးသက်နိုင်ထွန်း ဘာကြောင့် CDM လုပ်ရသလဲဆိုတော့ သူဟာ မြင့်မြင့်ခင်ထိုးမုန့်ဆိုင်ပေါ်ကို CCTV တက်ဖြုတ်ရတဲ့အထဲ ကိုယ်တိုင်ပါဝင်ခဲ့ရတယ်။
အထက်က ဖိအားပေးမှုတွေကို ဆက်တိုက်ခံရပြီး ဥပဒေနဲ့မညီတဲ့အမိန့်တွေ မတရားတဲ့အမိန့်တွေကို သူမခံစားနိုင်တော့ဘူး။
သူသေချာစဉ်းစားပြီး ဘဝနဲ့ရင်းပြီး ရုန်းထွက်လိုက်တာပါပဲ။
ဒုရဲမှူး (၃ ပွင့် ) ရာထူးရဖို့ ရဲအစစ်တွေအတွက် အလွန်ခက်ပါတယ်။
တိုင်း မှု/ကူမှာ နေရာတစ်နေရာ ရဖို့က ပိုပြီး ခက်ပါတယ်။
ဒီလိုပြန်တမ်းဝင်အရာရှိမျိုးက CDM လုပ်သွားတာ အထူးလေးစားရပါတယ်။
နောက်တစ်ဦးအကြောင်းက အမှတ် ၃ စခန်းမှူးအကြောင်းပါ။
သူက မတရားတဲ့ ၊ ဥပဒေနဲ့မညီတဲ့အမိန့်တွေအောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်လိုတော့ဘူး။
နောက်ပြီး သူ့သားသမီးလေးတွေရဲ့ ရှေ့ရေးကို သေချာတွေးတယ်။
သူ့ကလေးတွေက ဆေးကျောင်းတက်နေကြတာလေ။
သူ့ကလေးတွေ ဆေးကျောင်းဆက်တက်လို့မရတော့ပဲ ဆရာဝန်မဖြစ်တော့မှာ သူ့သိပ်စိတ်ပူသွားတယ်။
ဒီလိုတွေပေါင်းစုပြီး CDM လုပ်ဖို့ ဆုံးဖြတ်သွားခဲ့ပါတယ်။
ဆရာဝန်အုပ်စုတွေဆိုတာကလဲ ဘယ်သူနဲ့မှရန်မဖြစ်ရင်သာ သူတို့အချင်းချင်း ပြန်ပြီး ရန်ဖြစ်ကြတာ။
အခြားသူတွေနဲ့ရန်ဖြစ်ရင်တော့ သူတို့ချင်း အလွန်စည်းလုံးသွားကြတတ်တဲ့အုပ်စု။
သူတို့အပေါ် မတရားလုပ်ခံရရင် စနစ်တကျ ပညာရှိနည်းနဲ့ တုန့်ပြန်တတ်ကြတယ်။
အုပ်စုကောင်းတာရယ် ခေါင်းမာတာရယ် စံထားရတာ မြန်မာပြည်မှာ ၂ ဖွဲ့ရှိတယ်။
သေနတ် နဲ့ နားကြပ် တဲ့။
နှစ်ဖွဲ့လုံး ခေါင်းမာကြတာ ခုချိန်မှာ မျက်မြင် လက်တွေ့ပါပဲ။
ပြောချင်တာက CDM မလုပ်တဲ့ဝန်ထမ်းများရဲ့ သားသမီးတွေ ဆေးကျောင်းတက်နေကြတာရှိရင် မျိုးကန်းပါလိမ့်မယ်။
ဘာမှ သင်ပေးတော့မှာ မဟုတ်ပါဘူးနော်။
စစ်ဆရာဝန်တွေကိုတောင် ပညာမျှဝေမပေးတော့ဘူးလို့ အတိအလင်းကြေငြာထားတာလဲ မကြာသေးပါဘူး။
ကိုယ့်သားသမီးလေးတွေ ဆေးကျောင်းတက်နေသေးရင်တော့ သေချာစဉ်းစားကြပါ။
သင်တို့ကိုယ်တိုင်ရုန်းထွက်ကြဖို့ အချိန်ရောက်လာပါပြီ။
မိတ်ဆွေသူငယ်ချငိးဆီက copyယူတာပါ