Myitkyina KoKo

Myitkyina KoKo services Hello

 #ဒီPostကမိန်းကလေးတွေကိုစော်ကားတာမဟုတ်ဘူးသိသင့်သိထိုက်တာကိုcopyယူပြီးပြနိတင်တာပါမယူသင့်တဲ့  မိန်းမ( ၁၀ )မျိုး " လက်ထပ်ဖိ...
26/10/2021

#ဒီPostကမိန်းကလေးတွေကိုစော်ကားတာမဟုတ်ဘူးသိသင့်သိထိုက်တာကိုcopyယူပြီးပြနိတင်တာပါ

မယူသင့်တဲ့ မိန်းမ( ၁၀ )မျိုး

" လက်ထပ်ဖို့ လုံးဝ မရွေးချယ်သင့်တဲ့ မိန်းမ ၁၀ မျိုး "


အများအားဖြင့် လက်ထပ်ဖို့ မရွေးသင့်တဲ့ ယောက်ျားတွေအကြောင်းပဲ
ပြောလေ့ရှိတာကြောင့် ဒီတစ်ခါမှာတော့ လက်ထပ်ဖို့ မစဉ်းစားသင့်တဲ့ မိန်းမတွေအကြောင်းကို ဖော်ပြပေးပါမယ် ။ အားလုံး ပြီးပြည့်စုံတဲ့သူဆိုတာတော့
မရှိပါဘူး ။. သို့သော်လည်း မိမိရဲ့ ဇနီးမယားအဖြစ် ရွေးချယ်တော့မယ်ဆိုရင်တော့ အောက်မှာပြထားတဲ့ မိန်းမ ၁၀မျိုးကိုတော့ အထပ်ထပ်အခါခါ စဉ်းစားပြီးမှ ဆုံးဖြတ်ချက်
ချသင့်ပါတယ်။



၁။ဒေါသကြီးတဲ့မိန်းမ

အမြဲတမ်းလိုလို စိတ်တို၊ဒေါသထွက်နေတဲ့ မိန်းမကို မြင်ဖူးပါလိမ့်မယ် ။ ဒီလိုမိန်းမမျိုးကို ဇနီးအဖြစ် ရွေးချယ်မိမယ်ဆိုရင်တော့ ပူလောင်နေရမှာ အမှန်ပါပဲ။



၂။အတ္တကြီးတဲ့မိန်းမ

အတ္တကြီးတဲ့မိန်းမတစ်ယောက်ကို ရွေးချယ်မိမယ်ဆိုရင်တော့
နားလည်မျှဝေပေးခံချင်တဲ့ စိတ်လေး လုံးဝမရှိမှ ဖြစ်ပါမယ် ။ သူတို့ဟာ
သူတို့ရဲ့ ပျော်ရွှင်မှု၊သာယာမှုကိုသာ ပထမဦးစားပေး ရွေးချယ်လုပ်ဆောင်တတ်ပါတယ် ။ ဒီလိုမိန်းမမျိုးကို ယူမယ်ဆိုရင်လည်း စိတ်ညစ်ရမှာပါပဲ။



၃။ဥစ္စာပစ္စည်းမက်သောမိန်းမ



မိန်းကလေးအတော်များများကတော့ ဥစ္စာငွေကြေးကို နှစ်သက်လေ့ရှိပါတယ်။
ဒါဟာ သဘာဝကျသလို အမှားတစ်ခုလည်း မဟုတ်ပါဘူး ။ သို့သော် မိသားစု ၊ ခင်ပွန်း ၊ သစ္စာတရား ၊ ဆင်ခြင်တုံတရားတို့ကို ကျော်လွန်ကာ ဥစ္စာပစ္စည်းးကို ခင်တွယ်နေတတ်တဲ့ မိန်းမကတော့ ဇနီးကောင်းတစ်ယောက် ဖြစ်နိုင်မှာ မဟုတ်ပါဘူး။



၄။ယောက်ျားတွေနှင့် ပလူးပလဲ
နေတတ်သောမိန်းမ



သွက်သွက်လက်လက်ရှိတာနဲ့
စပ်စလူးထတာ ၊ ဂဏှာမငြိမ်ဖြစ်တာ
မတူပါဘူးနော်။ အထူးသဖြင့် ဒီလိုမိန်းကလေးတွေဟာ ယောက်ျားတွေနဲ့
ပလူးပလဲ နေရတာကို ပျော်ရွှင် နှစ်သက်နေတတ်ကြပါတယ်။
ဒီလိုအကျင့်စရိုက်ရှိတဲ့ မိန်းကလေးမျိုးကို ရွေးချယ်မိရင်တော့ လက်ထပ်ပြီးတဲ့အခါမှာလည်း ပြဿနာတွေ များစွာ
ကြုံရနိုင်ပါတယ် ။



၅။ပါတီကြိုက်သောမိန်းမ

သရုပ်ပျက်အဝတ်အစားတွေဝတ်ပြီး ပါတီမှန်သမျှ အကုန်တက်တဲ့ မိန်းကလေးမျိုးကို သင့်အနေနဲ့
တသက်တာ ဇနီးမယားအဖြစ် ရွေးချယ်နိုင်ပါသလား ။ ဒီလို party girl တွေဟာ အပျော်အပါး အလွန်မက်တတ်တဲ့ မိန်းကလေးတွေ ဖြစ်ပါတယ် ။



၆။စဉ်းစားဆင်ခြင်ဥာဏ်မရှိသောမိန်းမ တုံးအသော မိန်းမ

သင်ဟာ ဒီလိုမိန်းကလေးကို
ရွေးချယ်မိပြီး ဘယ်လောက်ပဲ သူ့အပေါ်နားလည်မှု ပေးနိုင်သည်ဆိုဆို သားသမီးရလာတဲ့အခါမှာတော့ သင့်ရဲ့သားသမီးတွေကို ကောင်းစွာ သွန်သင်ဆိုဆုံးမမှု ပေးနိင်မှာ မဟုတ်ပါဘူး ။
ကိုယ်လက်ထပ်မယ့် မိန်းကလေးဟာ
အမေကောင်းတစ်ယောက် ဖြစ်နိုင်၊
မဖြစ်နိုင်ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ် ။



၇။လူစိတ်ဝင်စားမှုကိုခံချင်သောမိန်းမ

မိန်းကလေးအချို့ဟာ လူတွေရဲ့ စိတ်ဝင်စားမှုကို ခံယူချင်ကြပါတယ်။
ဒါဟာ ပုံမှန်ပါပဲ ။ ဒါပေမဲ့လည်း အတိုင်းထက်အလွန် ကျော်ကြားချင်တာ ၊ စိတ်ဝင်စားခံချင်တာမျိုးကတော့ အမျိုးသားတွေအတွက် နားလည်ရ
ခက်လာစေနိုင်သလို အမြင်မကြည် စိတ်ပျက်မှုတွေ ဖြစ်လာနိုင်ပါတယ် ။



၈။အတင်းအဖျင်းပြောလွန်းသောမိန်းမ

အမျိုးသားတွေဟာ အတင်းအဖျင်း
ပြောလွန်းတဲ့ မိန်းမတွေကို မနှစ်သက်ကြပါဘူး ။ တော်ရုံအားဖြင့် အမျိုသားရော အမျိုးသမီးပါ သူတစ်ပါးအကြောင်းကို ရံဖန်ရံခါ ပြောလေ့ရှိကြပါတယ် ။ ဒီလိုမဟုတ်ဘဲ တွေ့သမျှလူနဲ့ သူတစ်ပါးရဲ့ အကြောင်းကို အပုပ်ချ၊ အတင်းအဖျင်းပြောရင်းနဲ့ အချိန်ကုန်နေတတ်တဲ့ မိန်းမတွေကတော့ အလွန်ကို စိတ်ပျက်ဖွယ် ကောင်းလွန်ပါတယ် ။



၉။ကတိမပေးတတ်သောမိန်းမ

ဒီလိုမိန်းမတွေဟာ ကိစ္စတစ်ခုခု
(ဥပမာ – အလုပ် ၊ ကျောင်း၊ သူငယ်ချင်း ၊ ချစ်သူ ၊ စသဖြင့်) မှာ ကတိပေးဖို့ ခဲယဉ်းတတ်ပါတယ် ။
ဘာလို့လဲဆိုတော့ သူတို့ဟာ ကိစ္စရပ်တစ်ခုအပေါ် စိတ်ဝင်စားမှုဟာ ကျလွယ်ပြီး အခြားတစ်နေရာသို့ ကူးလွယ်၊ ပြောင်းလွယ်တတ်တာကြောင့် ဖြစ်ပါတယ် ။ ဒီလို စိတ်ဓါတ်မခိုင်မာတဲ့ မိန်းကလေးနဲ့ အိမ်ထောင်ပြုမိရင်
စိတ်အနှောင့်အယှက်တွေ များစွာ
တွေ့လာနိုင်ပါတယ် ။



၁၀။မိုက်ရိုင်းသောမိန်းမ

သူကေတာ့ အဆိုးဆုံးပါပဲ ။
တော်ရုံအားဖြင့်တော့ လက်မထပ်ခင်မှာ မသိကြပါဘူး ။ ဒါ့ကြောင့် လက်မထပ်ခင်မှာ ထိုမိန်းကလေးရဲ့ မိသားစုအပေါ် ၊ သူငယ်ချင်းအပေါ် ၊ ပတ်ဝန်းကျင်အပေါ် ပြောဆိုဆက်ဆံပုံတွေကို လေ့လာထားဖို့ လိုပါတယ် ။ အနေအထိုင် အပြောအဆို လေးစားသမှုရှိတဲ့ မိန်းကလေးမျိုးမှသာ မိမိအပေါ်လည်း လေးစားမှု ရှိမှာဖြစ်ပါတယ်။

 #နရံတိုင်းမှာနားရှိတယ်👂🏻👂🏻👂🏻အိမ်၀ယ်တော့ မှာလားတိတ်တိတ်နေပါ ကားအသစ်၀ယ်တော့ မှာလားတိတ်တိတ်နေပါအိမ်ထောင်ပြုတော့ မှာလားတိတ်...
26/10/2021

#နရံတိုင်းမှာနားရှိတယ်👂🏻👂🏻👂🏻

အိမ်၀ယ်တော့ မှာလား
တိတ်တိတ်နေပါ

ကားအသစ်၀ယ်တော့ မှာလား
တိတ်တိတ်နေပါ

အိမ်ထောင်ပြုတော့ မှာလား
တိတ်တိတ်နေပါ

အပန်းဖြေခရီးထွက်တော့ မှာလား
တိတ်တိတ်နေပါ

ကျွန်တော်တို့ရဲ့
အိပ်မက်တွေ
ရည်မှန်းချက်တွေ
အကောင်အထည်
ပေါ်လုပေါ်ခင် အချိန်မျိုးမှာ
ကိုယ့်အကျိုး မလိုလားတဲ့
မိတ်ဆွေတုတွေကို
သွားပြောမိတဲ့အတွက်
မျှော်လင့်ထားတာတွေ
ပျက်စီးတတ်ပါတယ်

'မိတ်ဆွေပါ' ဆိုတဲ့
ကိုယ့်ထက်သာ
မနာလိုသူတွေရဲ့
ကွက်ကျော်ရိုက်မှု
ကုလားဖန်ထိုးမှုကြောင့်
ရည်မှန်းချက် အိပ်မက်တွေကို
လက်တစ်ကမ်း အလိုလောက်မှာ
လက်လွှတ် ဆုံးရှုံးရတတ်ပါတယ်

ဒါ့ကြောင့်
ဆိတ်ဆိတ်နေခြင်းသည်သာ
အကောင်းဆုံးပါ

တစ်အူတုံဆင်း
မိသားစုတွေမှာတောင်
လူမသိ၊သူမသိ
မနာလိုမှုဆိုတာ
ရှိတတ်စမြဲပါ...

Credit

မြစ်ကြီးနားတွင် မီးလောင်❗❗❗❗ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက်၊ နယ်မြေ(၃) မှာ အောက်တိုဘာ ၂၆ ရက် ဒီမနက် ၁...
26/10/2021

မြစ်ကြီးနားတွင် မီးလောင်
❗❗❗❗

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက်၊ နယ်မြေ(၃) မှာ အောက်တိုဘာ ၂၆ ရက် ဒီမနက် ၁၀ နာရီခွဲလောက်က နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ကျွန်းပင်သာအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၄၃ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။
မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။
Photo Credit-MFS

ရည်းစားဘဝကတည်းက တစ်လကို တစ်ယောက်3သောင်းနှုန်းနဲ့ နှစ်ယောက်ပေါင်း 6သောင်းဆိုပြီးစုခဲ့ကြတယ် အခု အိမ်ထောင်ကျတော့လည်းကိုယ်ရဲ...
25/10/2021

ရည်းစားဘဝကတည်းက တစ်လကို တစ်ယောက်3သောင်းနှုန်းနဲ့ နှစ်ယောက်ပေါင်း 6သောင်းဆိုပြီးစုခဲ့ကြတယ်
အခု အိမ်ထောင်ကျတော့လည်း
ကိုယ်ရဲ့Online Business ကရတဲ့ငွေရယ်
ကိုယ့်ရဲ့လစာရယ် ၊သူရဲ့လစာရယ် ရရင်ရသလိုစုတယ်

ပိုက်ဆံအများကြီးကုန်မယ့်Surprise တွေဘာတွေဆိုတာထက် ပိုက်ဆံစုကြတာများတယ်
အခုဆိုရင် သူနဲ့စုတာ 2နှစ်ကျော်အတွင်း
ဘဏ်ထဲမှာ200ကျော်,စုဗူးထဲကငွေသား,လက်ဝတ်လက်စားလေးတွေရယ် ပိုင်ဆိုင်နေပြီ
နောင်ရေးအတွက် ခြံဝင်းတစ်ဝင်းဝယ်ဖို့လည်း စီစဉ်ပြီးပြီ

နောင်တစ်ချိန်သားသမီးရလာခဲ့ရင်
လိုလေသေးမရှိအောင်ထားနိုင်အောင်,ကိုယ်ပိုင်တိုက်၊ကားတွေနဲ့နေနိုင်အောင်
ခုကတည်းက စုဆောင်းရတာပေါ့❤️

#ဒီpostက

#ခုခေတ်ကလေးတွေကိုအတုယူတတ်စေဖို့ပြန်တင်ပေးတာပါ

မအိမ်ယိုး မယုတ်မာခင်ကပေါ့ လွမ်းတယ် ဗျာ😢😢ပုဂံရထား အိပ်စင်တွဲ၄စောင် တစ်ခန်း(16500ကျပ်)ကိုယ့်မိသားစုပဲဆိုရင် ၆ယောက် အိပ်လို...
25/10/2021

မအိမ်ယိုး မယုတ်မာခင်ကပေါ့ လွမ်းတယ် ဗျာ😢😢

ပုဂံရထား အိပ်စင်တွဲ၄စောင် တစ်ခန်း(16500ကျပ်)
ကိုယ့်မိသားစုပဲဆိုရင် ၆ယောက် အိပ်လို့ရတယ်။
သူငယ်ချင်းတွေလဲ ၆ယောက်အိပ်နိုင်တယ်

ပန်ကာ ပါတယ် ဘိုထိုင်အိမ်သာ ပါတယ်။
ညနေ ၄နာရီ ထွက်တယ်၊ ပုဂံကို မနက် ၁၁နာရီ ရောက်တယ်

အချိန်ရရင် ရထားနဲ့ခရီးသွားပါ 👍
ရန်ကုန်ကနေ ရထားကစီးရမှာပါ

25/10/2021

Tips

25/10/2021

မျှော်လင့်ခြင်း ကွင်းပြင်❤️‍🩹

မျှဝေခြင်းဖြင့်ကူညီပါ ချစ်သောမိတ်ဆွေ💙💜❤️🧡💫

၁၄ ၁၅  ၁၆ကလေးလေးတွေကအချစ်မှာကျရှုံးနေပြီတို့ဘာတို့ feelနေကြတာတွေ့ရတော့တကယ်ရယ်ချင်တယ် တကယ်တော့ဘဝမှာအချစ်ကအရမ်းကြီးအရေးကြီ...
25/10/2021

၁၄ ၁၅ ၁၆ကလေးလေးတွေကအချစ်မှာကျရှုံးနေပြီတို့ဘာတို့ feelနေကြတာတွေ့ရတော့တကယ်ရယ်ချင်တယ်
တကယ်တော့ဘဝမှာအချစ်ကအရမ်းကြီးအရေးကြီးတဲ့အရာတစ်ခုလည်းမဟုတ်ပါဘူး
အချစ်ထက်အရေးကြီးတာတွေကအများကြီးရှိသေးလို့ငယ်ငယ်ရွယ်ရွယ်နဲ့
အချစ်ကိုမရူးသွပ်ကြပါနဲ့သားတို့သမီးတို့ရေ

အလှတရားများ♥️♥️♥️
25/10/2021

အလှတရားများ♥️♥️♥️

25/10/2021

အပိုင်း 3😂😂

25/10/2021

အပိုင်း 2 😂😂

Address

Myitkyina
1013

Opening Hours

Monday 08:00 - 21:30
Tuesday 08:00 - 21:30
Wednesday 08:00 - 21:30
Thursday 08:00 - 21:30
Friday 08:00 - 21:30
Saturday 08:00 - 21:30
Sunday 08:00 - 21:30

Website

Alerts

Be the first to know and let us send you an email when Myitkyina KoKo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share