24/05/2026
🤗
ဖုန်းနဲ့ Laptop အသစ်တွေထဲက AI ဆိုတာ တကယ်ပဲ အသုံးဝင်လား? ကြော်ငြာသက်သက်ပဲလား? 🤔
ဒီနောက်ပိုင်း ထွက်သမျှ ဖုန်းအသစ်တွေနဲ့ Laptop အသစ်တွေရဲ့ ကြော်ငြာတွေကို ကြည့်လိုက်ရင် "AI ပါဝင်တယ်" ဆိုတဲ့ စကားလုံးကိုပဲ ထပ်ခါတလဲလဲ ကြားနေရတာ သတိထားမိကြမှာပါ။ 😙
မကြာခင်ထွက်မယ့် Android 17 မှာလည်း AI Features တွေ အများကြီး ထပ်တိုးလာဦးမှာ ဖြစ်သလို၊ အိုင်တီကုမ္ပဏီကြီးတွေကလည်း AI-powered Laptop တွေကို အပြိုင်အဆိုင် ချပြနေကြပါတယ်။ ဒါပေမဲ့ သာမန်အသုံးပြုသူတစ်ယောက်အနေနဲ့ "ဒါတွေက တကယ်ပဲ အသုံးဝင်လို့လား... ဒါမှမဟုတ် ပစ္စည်းရောင်းရအောင် ကြော်ငြာတာ သက်သက်ပဲလား" ဆိုပြီး မေးစရာ ရှိလာပါတယ်။ ❓️
တကယ့် အရှိတရားကို ကြည့်ရအောင် -
• ကြော်ငြာသက်သက် ဖြစ်နေတဲ့အပိုင်း: စာရိုက်တာ၊ ပုံပြင်တာ၊ ခလုတ်လေးတွေ နေရာရွှေ့တာလောက်ကိုပဲ AI ဆိုပြီး အသားပေးကြော်ငြာနေတာတွေက အပြင်မှာ တကယ် သုံးကြည့်တဲ့အခါ လူတွေကို ခဏပဲ ဆွဲဆောင်နိုင်ပြီး နောက်ပိုင်း သိပ်မသုံးဖြစ်တော့တာမျိုး ရှိပါတယ်။ (ဥပမာ - Microsoft 365 ထဲက Copilot ခလုတ်ဆိုရင် မျက်နှာပြင်မှာ စာတွေကွယ်လို့ အသုံးပြုသူတွေ တိုင်ကြားလွန်းလို့ နောက်ဆုံး Update မှာ အဲဒီခလုတ်ကို ပိတ်ထားလို့ရအောင် ပြန်ပြင်ပေးလိုက်ရတဲ့အထိပါပဲ။)😌
• တကယ် အသုံးဝင်တဲ့ အပိုင်း: Hardware ပိုင်းအရ ကြည့်ရင်တော့ နောက်ထွက်တဲ့ စက်တွေမှာ NPU (Neural Processing Unit) ဆိုတဲ့ AI သီးသန့် Chip Microprocessor တွေ ပါလာပါတယ်။ သူက စက်ရဲ့ ဘက်ထရီသက်တမ်းကို ပိုခံအောင် လုပ်ပေးတာ၊ စက်မပူအောင် ထိန်းပေးတာနဲ့ Background က App တွေကို စနစ်တကျ စီမံပေးတာမို့ ရေရှည်မှာ စက်ရဲ့ Performance ကို ပိုသွက်လာစေတာကတော့ အမှန်ပဲ ဖြစ်ပါတယ်။ 🫠
A+ နားလည်ထားသူအနေနဲ့ သုံးသပ်ချက်
AI ပါတယ်ဆိုတိုင်း မျက်စိမှိတ်ပြီး စက်အသစ်တွေ လိုက်လဲဖို့ မလိုသေးပါဘူး။ ကိုယ်က နေ့တိုင်း AI Tools တွေကို အသုံးမပြုဘူးဆိုရင် လက်ရှိ သုံးနေကျ Hardware သက်တမ်း ကောင်းမွန်နေသရွေ့ အေးဆေး ဆက်သုံးလို့ ရပါသေးတယ်ဗျာ။✅️
မိတ်ဆွေတို့ရော... အခုသုံးနေတဲ့ ဖုန်းတွေ၊ ကွန်ပျူတာတွေမှာ ပါတဲ့ AI Features တွေကို တကယ်ပဲ အသုံးချဖြစ်ကြလား? ဒါမှမဟုတ် အပိုကြီးမို့ ပိတ်ထားကြလား? Comment မှာ ဝင်ဆွေးနွေးသွားကြဦးနော်။ ✨