Precious Amber - Jewellery

Precious Amber - Jewellery Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Precious Amber - Jewellery, Shopping & retail, Myitkyin.

10/08/2025

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

10/08/2025

အင်မတန်မှလှတဲ့ ပရင်းလေးတွေ ပြန်လုပ်ပေးမယ်ဆို ကြိုက်ကြလားရှင့်🥰?

So Hot😲😲😲😲အထူးလျော့ဈေး ဘယ်မှာမှ မရနိုင်ဘူးနော်  September and October နှစ်လတည်း Discount ချမှာ မြန်မြန်တော့လက်ဦးဖို့ လို...
06/09/2020

So Hot😲😲😲😲
အထူးလျော့ဈေး ဘယ်မှာမှ မရနိုင်ဘူးနော် September and October နှစ်လတည်း Discount ချမှာ
မြန်မြန်တော့လက်ဦးဖို့ လိုတယ်နော် ကိုယ်ကြိုက်တဲ့ ဒီဇိုင်းတွေ လက်မလွတ်ခင်😘♥️
ပုံ တစ်ခုစီအောက်မှာ ဈေးနှုန်းလည်းတွေပါတယ်နော်

အသက်အရွယ်မရွေး တအားလိုက်ဖက်တဲ့ ကျောက်စိမ်းဖန်စီ လက်စွပ်လေးပါ။​စျေးနှုန်း -60000/-အထူးလျှော့စျေး- 10% discountမှာယူချင်တယ...
01/01/2020

အသက်အရွယ်မရွေး တအားလိုက်ဖက်တဲ့ ကျောက်စိမ်းဖန်စီ လက်စွပ်လေးပါ။
​စျေးနှုန်း -60000/-
အထူးလျှော့စျေး- 10% discount
မှာယူချင်တယ်ဆိုရင် Messenger မှာသေးစိတ်ထပ်မံမေးလို့ရပါတယ်ရှင့်။
ဒီလင့်မှာစျေးနှုန်းတွေဝင်ကြည့်လို့ရပါတယ်ရှင့်။
https://www.facebook.com/1206898922674946/posts/2913035688727919/

ဆန်းသစ်သောဒီဇိုင်းများဖြင့်....ကချင်ပြည်နယ် ဖားကန့်မှကျောက်စိမ်းရတနာ နှင့် 925 ငွေဖြင့်ပြုလုပ်ထားသော ဖန်စီလက်စွပ်များ ဒီ...
01/01/2020

ဆန်းသစ်သောဒီဇိုင်းများဖြင့်....

ကချင်ပြည်နယ် ဖားကန့်မှကျောက်စိမ်းရတနာ နှင့် 925 ငွေဖြင့်ပြုလုပ်ထားသော ဖန်စီလက်စွပ်များ ဒီဇိုင်းဆန်းဖြင့်ရောင်းချပေးနေပါပြီ။

နှစ်သစ်လက်ဆောင်အဖြစ် ချစ်သူခင်သူ တွေကို လက်ဆောင်ပေးလည်း တအားသင့်တယ်တဲ့ ရတနာဖန်စီပါရှင့်။

နှစ်သစ် အထူးလျှော့စျေး10%ရှိ့ဒါမို့ အမြန် မှာလိုက်ရအောင်နော်။

မြန်မာနိုင်ငံ မြို့အနှံ့ကိုအခမဲ့ပို့ဆောင်ပေးပါတယ်ရှင့်။
ငွေလွဲပီးဒါနဲ့ပစ္စည်းပို့ပေးပါတယ်ရှင့်။

တစ်ပုံချင်းစီမှာစျေးနှုန်းရေးပေးထားပါတယ်ရှင့်။

27/09/2019

မကြာခင်မှာ ပယင်းအထည်အသစ်တွေပြန်ရတော့မှာဖြစ်ကြောင်း ပယင်းချစ်သူတွေကို အသိပေးချင်ပါတယ်။ လိုချင်တဲ့ဒီဇိုင်းတွေရှိရင်လည်း မှာလို့ရပါတယ်။

ပယင်းရဲ့ကျန်းမာရေးအကျိုး"ပယင်း" မှာပါဝင်သော Succinic Acid ဟာ ခန္ဒာကိုယ်တွင်းရှိ ဇီဝကမ္မ ဖြစ်စဉ် အတွက် လှုံ့ဆော်မှုအပေးနိုင်ဆ...
30/05/2017

ပယင်းရဲ့ကျန်းမာရေးအကျိုး

"ပယင်း" မှာပါဝင်သော Succinic Acid ဟာ ခန္ဒာကိုယ်တွင်းရှိ ဇီဝကမ္မ ဖြစ်စဉ် အတွက် လှုံ့ဆော်မှုအပေးနိုင်ဆုံး /အရေးအပါဆုံး ဖြစ်ပါတယ်။ Succinic Acid ဟာ ပျက်စီးနေသော ဆဲလ်အသေများကို ပြုပြင်ပေးခြင်း/သွေးလည်ပတ်မှု အားကောင်းစေခြင်း တို့ကြောင့် လူသားများ အသက်အရွယ် ကြီးရင့်မှု ကို ကာကွယ် ပေးနိုင်စွမ်းပါတယ်။ အဲဒီ Succunic Acid ဟာ လူ့ခန္ဒာကိုယ် နဲ့ ပယင်းထိတွေ့ ရာမှာ ခန္ဒာကိုယ်အပူချိန်ကြောင့် ထွက်ရှိလာပြီး အရေပြားက မွေးညင်းပေါက်များ မှတဆင့် သွေးကြောထဲကို ရောက်ရှိသွားပါတယ်။ ဒါကြောင့် "ပယင်း" ရဲ့ အစွမ်းသတ္တိ ကို အထိရောက်ဆုံး ရရှိစေဖို့ အရေပြား နဲ့ တိုက်ရိုက်ထိတွေ့
ရမှာ ဖြစ်ပါတယ်။ ဆွဲကြိုးဆွဲရာ မှာ ဖြစ်စေ ဆွဲသီးဝတ်ရာမှာ ဖြစ်စေ ရင်ဘတ်နဲ့ ထိတွေ့ထားရင် အကောင်းဆုံးပါ။ ဒါကြောင့် "ပယင်း" ဆွဲသီး ကို ရွှေ ငွေ တို့နဲ့
အနားကွပ်ရုံသာ ကွပ်လေ့ရှိပါတယ်။
ဒါ့အပြင် " ပယင်း" မှာ လူသားတွေ အတွက် အကျိုးပြု လျှပ်စစ်သံလိုက်လှိုင်း တွေလဲ ပါဝင်နေတာကို လေ့လာတွေ့ရှိထားပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်း ၁၂ နိုင်ငံမှာ "ပယင်း" ထွက်ရှိ ပြီး မြန်မာနိုင်ငံ မှာတော့ စစ်ကိုင်းတိုင်း ခန္တီးဒေသ နှင့် ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းရှိ တနိုင်းဒေသများ မှာ ထွက်ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံထွက် "ပယင်း"ဟာ သက်တမ်း မနုလွန်း/မရင့်လွန်း ဖြစ်ပြီး အဆင်တန်ဆာ အဖြစ် ဝတ်ဆင်ရန်/ပြုလုပ်ရန် အသင့်တော် ဆုံးဖြစ်ပါတယ်။ ပယင်းတူးသူ အများစု ရဲ့ အတွေ့အကြုံများအရ တနိုင်းဒေသက
ပယင်းဟာ ပိုပြီး အရည်အသွေး ကောင်းမွန်တယ် လို့ မှတ်သားရပါတယ်။

Amber ပယင်း ရဲ့ အကျိုးကျေးဇူး တွေ/ ကောင်းကျိုး တွေဟာ အလွန်များပြား လှပါတယ်။ လက်တွေ့ အတွေ့အကြုံ တွေအရ ပြောပြချက်တွေ အရရော/ စာထဲမှာ တွေ့သမျှ တွေကိုရော စုစည်းကာ နံပတ်စဉ် တပ်ပြီး သုံးစွဲသူအပေါင်း ကို သိရှိစေရန် တင်ပြလိုက်ရပါတယ်။

*****ပယင်းရတနာ ဝတ်ဆင်ထားခြင်း၏ အကျိုးကျေးဇူးများ*****

(၁) သွေးလှည့်ပတ်မှုကောင်းပြီး စားကောင်းအိပ်ပျော်စေခြင်း
(၂) လေးဘက်နာ/အဆစ်ရောင်ရောဂါတို့ကို သက်သာစေခြင်း
(၃) နှလုံးရောဂါ/ရင်ဘတ်အောင့်ခြင်း/မောပန်းနွမ်းနယ်ခြင်း တို့ကို သက်သာစေခြင်း
(၄ )ဇက်ကြောတက်/ခေါင်းကိုက်ခြင်း/ကျီးပေါင်းရောဂါ စသော အာရုံကြောနှင့်
ဆိုင်သော ရောဂါအမျိုးမျိုးတို့ကို သက်သာစေခြင်း
(၅) အရိုးအဆစ် နှင့် ကြွက်သားကိုက်ခဲခြင်း တို့ကိုသက်သာစေခြင်း
(၆) ကလေးငယ်များအတွက်လည်း ကိုယ်ခံစွမ်းအားမြှင့်တင်ပေးခြင်း
(၇) သွားဖုံးယောင်သက်သာစေခြင်း
(၈) ကိုယ်လက်မအီမသာဖြစ်ခြင်းကို သက်သာစေခြင်း
(၉) အတွေးအခေါ်/ဉာဏ်ရည်ဉာဏ်သွေး နှင့် စိတ်ကူးစိတ်သန်းများကို
ထက်မြက်စေခြင်း
(၁၀) အလေးချိန်ပေါ့ပါး၍ သက်တောင့်သက်သာ ဝတ်ဆင်နိုင်ခြင်း
(၁၁)အရောင်အသွေးအလွန်လှပ၍ မြင်သူတိုင်း နှစ်ခြိုက်စေခြင်း
(၁၂) ဝတ်ဆင်ထားသူများအတွက် တည်ငြိမ်အေးချမ်းမှုစွမ်းအားပေးနိုင်ခြင်း
(၁၃) လူငယ်များ ဖန်စီအဖြစ် အလှအပအတွက် ဝတ်ဆင်နိုင်ခြင်း
(၁၄) ကျန်းမာရေးကောင်းမွန်စေခြင်း
(၁၅) ဆေးကြောင့်ဖြစ်သော ဘေးထွက်ဆိုးကျိုးအမျိုးမျိုး တို့ကို သက်သာစေခြင်း
(၁၆) မြွေဆိပ်/ ကင်းဆိပ် ကို ပြေပျောက်စေနိုင်ခြင်း
(၁၇) အရိုင်းတုံးကို ကပ်ပေးခြင်း ဖြင့် မျက်စိတိမ်စွဲ သက်သာပျောက်ကင်းစေခြင်း
(၁၈) လည်ချောင်းနာ/အာသီးရောင် စတဲ့ အပူကန်နာ တွေကို သက်သာစေခြင်း
(၁၉) အမှောင့်ပယောဂ များမှ ကာကွယ်ပေးနိုင်ခြင်း/ တို့ဆေး မတိုးခြင်း
(၂၀) ခေတ်မီအသုံးအဆောင် များဖြစ်သော Computer/ TV/Radio/Hand
Phone/ Microwave မီးဖိုတွေက ထွက်သော မကောင်းတဲ့ လှိုင်းများ
ကြောင့်ဦးနှောက် ထိခိုက်ပျက်စီးမှု ကိုကာကွယ်ပေးနိုင်ပါတယ်။

#''လက်ပတ်''လေးကို ဝတ်ဆင်ထားခြင်းဖြင့် သွေးလည်ပတ်မှုကောင်းပြီး
ကိုက်ခဲနာကျင်တာတွေ သက်သာစေပါတယ်။

#''ဆွဲကြိုး''လေးကတော့ အာရုံကြောအားနည်းသူများ နှင့် ကျီးပေါင်းသမားများ
နှလုံးရောဂါရှိသူများ အတွက် အထူးသင့်လျှော်ပါတယ်။ မောပန်းခြင်း
ဇက်ကြောတက်ခြင်း ကိုသက်သာစေပြီး နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေပါတယ်။

#''ခေါင်းအုံး''လေးကို အုံးအိပ်မယ်ဆိုရင်တော့ နှစ်ခြိုက်စွာအိပ်ပျော်စေတဲ့အပြင်
ဇက်ကြောတက်ခြင်းကို သက်သာစေပြီး အာရုံကြောအားကောင်းစေပါတယ်။

#"လက်စွပ်" လေးကို ဝတ်ဆင်ထားခြင်းဖြင့် လက်ဆစ်နာတာ/ရောင်ရမ်းတာတွေ
မဖြစ်ဘဲ ပေါ့ပါးလန်းဆန်းနေစေမှာပါ။

#"ခြေပတ်" လေးကလဲ ဒူးနာတာတွေ အကြောအဆစ် နာတာတွေ ကိုသက်သာ စေပါ တယ်။

$$ "ပယင်း" ဟာ *၉* ဂဏန်း လဲ ဖြစ်တာကြောင့် လူတိုင်းအတွက် အဆောင်
အဖြစ် ဝတ်ဆင်သင့်တဲ့ ရတနာတစ်ပါး ဖြစ်ပါကြောင်း ထပ်လောင်း
အသိပေးလိုက်ပါရစေ $$

ပယင်းအကြည်အသန့် လက်ကောက် - 28000/-
28/05/2017

ပယင်းအကြည်အသန့် လက်ကောက် - 28000/-

အမျိုးသားဝတ်ပယင်းဒီဇယ်ရောင်လက်ကောက်၁ခု ကို _ ၁၃၀၀၀ကျပ်ဖြင့်ရယူနိုင်ပါပြီရှင့်
28/05/2017

အမျိုးသားဝတ်ပယင်းဒီဇယ်ရောင်လက်ကောက်၁ခု ကို _ ၁၃၀၀၀ကျပ်ဖြင့်ရယူနိုင်ပါပြီရှင့်

ရှားပါးလာပြီဖြစ်သော ကြက်သွေးရောင်ပယင်း လက်စွပ်စေ့များကို လည်းရယူနိုင်ပါပြီရှင့်။
28/05/2017

ရှားပါးလာပြီဖြစ်သော ကြက်သွေးရောင်ပယင်း လက်စွပ်စေ့များကို လည်းရယူနိုင်ပါပြီရှင့်။

Address

Myitkyin

Alerts

Be the first to know and let us send you an email when Precious Amber - Jewellery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Precious Amber - Jewellery:

Share