THIHA Enterprises

THIHA Enterprises Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from THIHA Enterprises, Retail Company, No. 134 U Ba Cho Road, No. 5 Quarter, Myaungmya.

THIHA Enterprises ၏ Marketing Department တွင် တာဝန်ထမ်းဆောင်ရန်အတွက် ရိုးသားကြိုးစား၍ အကျင့်စာရိတ္တကောင်းမွန်သော Social ...
02/06/2023

THIHA Enterprises ၏ Marketing Department တွင် တာဝန်ထမ်းဆောင်ရန်အတွက် ရိုးသားကြိုးစား၍ အကျင့်စာရိတ္တကောင်းမွန်သော Social Media Marketing Executive လျှောက်လွှာရှင်များအား ကုမ္ပဏီနှင့် လက်တွဲလုပ်ကိုင်ဆောင်ရွက်ရန်နွေးထွေးပျူ ငှာလှိုက်လှဲစွာဖြင့် ဖိတ်ခေါ်ကြိုဆိုအပ်ပါသည်။

အလုပ်မှာ အချိန်ပိုင်းအလုပ်မျိုးဖြစ်ပြီး - အိမ်မာနေရင်းလဲ ဖုန်းတစ်လုံးရှိယုံ နဲ့ အလုပ်လုပ်လို့ရပါတယ်။
Skills တွေ အနေနဲ့ကတော့ Content Writing, Photo Edit, နဲ့ အဓိက pages တွေကို ကိုင်တွယ်ဖူးသူဆိုရင် အဆင်ပြေပါတယ်။

MLM leader ဆီကနေ Post Copy ပြီးနှုတ်ခမ်းနီ ကော်လာဂျင် သွားတိုက်ဆေး ကော်ဖီမစ် ဆပ်ပြာ ပြန်ရောင်းပေးရတဲ့ အလုပ်မျိုးမဟုတ်ပါ။
facebook ပေါ် - မောနီးပါ - xi - စားပြီးပြီလား - အချစ်တို့ ဘာညာ(###) အဲ့လိုမျိုး Post တင်တတ်ယုံနဲ့ လာမလျှောက်ဖို့အကြံပေးပရစေ -

တကယ့် Professional Marketing ပြုလုပ်ဆောင်ရွက်ဖူးသူများကို အိမ်မာနေရင်း Part Time ဆောင်ရွက်နိုင်သော အလုပ်မျိုးသာဖြစ်ပါသည်။

Social Media Marketing Executive လျှောက်ထားလိုသူများအနေဖြင့် ဖော်ပြပါအရည်အချင်းများနှင့်ကိုက်ညီမှုရှိပါက CV ဖောင်အပြည့်အစုံနှင့်အတူ လိုအပ်သော စာရွက်စာတမ်းများဖြင့် အောက်ပါလိပ်စာအတိုင်း လာရောက်လျှောက်ထားနိုင်ပါတယ်။

THIHA Supermarket
No-134 U Ba Cho Rd, No 5 Quarter, MyaungMya
Phone - 09960690138
လူတွေ့အင်တာဗျူးဖြေဆိုရန်ရွေးချယ်ခံရသူများကို ဖုန်းဆက်သွယ်အကြောင်းကြားပေးပါမည်။

26/05/2023

Driver (ယာဥ်မောင်း) -ကျား (၃)ဦး

- ယာဉ်မောင်းလိုင်စင် အညို (ဃ)လိုင်စင် ရှိရမည်။

- အနည်းဆုံးလုပ်သက် (၃)နှစ်ရှိရမည်။

- အသက် (၃၅)နှစ်အောက်ဖြစ်ရမည်။

- ယာဉ်ကိုစနစ်တကျထိန်းသိမ်းရမည်။

- ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းကောင်းစွာ နားလည်သူဖြစ်၍ ရန်ကုန်​မြို့အတွင်းအပြင်ကျွမ်းကျင်စွာ သွားလာမောင်းနှင်နိုင်ရပါမည်။

- သတ်မှတ်ထားသော တာဝန် စည်းကမ်းများကို လိုက်နာနိုင်သူ ဖြစ်ရမည်။

- လုပ်ငန်းလိုအပ်ချက်အရ အချိန်ပေး နိုင်သူ ဖြစ်ရမည်။

- လိုအပ်ပါက ညအိပ်နိုင်ရမည်။

- ပေါင်းသင်းပြောဆိုဆက်ဆံရေးချိုသာကောင်းမွန်ရပါမည်။

- ပူးပေါင်းဆောင်ရွက်မှု ကောင်းသူ ဖြစ်ရမည်။

- ရိုးသား၍ အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရမည်။

- ရုပ်ရည် အသင်အတင့်ရှိရမည်။

- အခြေခံလစာ -
180000mmk + (20-45mmk/km) + Overtime
=[[[ 400,000 ~ 7**,*** ]]]
(တစ်ရက်အလုပ်ချိန် ၁၂ နာရီဟုသတ်မှတ်ပါသည်)
(တစ်လ ၆ ရက်ပိတ်ပေးမည် - ရက်ရွေးချယ်ခွင့်မရှိပါ)
အခြားထမင်းဖိုးနှင့် ညအိပ်ခံစားခွင့်ပေးမည်

-မြောင်းမြမြို့ အနီးတစ်ဝိုက်နေထိုင်သူ ဦးစားပေးခေါ်ပါမည်။

သီဟ စူပါမားကတ်
အမှတ် ၁၃၄၊ ဦးဘချိုလမ်း၊ အမှတ် ၅ ရပ်ကွက်၊ မြောင်းမြမြို့ ဖုန်း 09960690138 သို့

ကိုယ်ရေး အကျဥ်း CV နှင့်တစ်ကွ တင်ပြ လျှောက်ထားနိုင်ပါသည်။

သီဟ လက်လီရောင်းဝယ်ရေးကို14/8/2018 နေ့ရက်မှာ စတင်ဖွင့်လှစ်ပြီး14/8/2020 နေ့ရက်မှာ (၂) နှစ်ပြည်မြောက်မှာဖြစ်ပါတယ်။ ယခုအခါT...
03/08/2020

သီဟ လက်လီရောင်းဝယ်ရေးကို

14/8/2018 နေ့ရက်မှာ စတင်ဖွင့်လှစ်ပြီး
14/8/2020 နေ့ရက်မှာ (၂) နှစ်ပြည်မြောက်မှာဖြစ်ပါတယ်။

ယခုအခါ
THIHA supermarket နှင့်
THIHA Wholesale & Distribution အဖြစ်ဆောင်ရွက် လုပ်ကိုင်လျှက်ရှိပါသည်။

အစဥ်အမြဲ အားပေးကြပါသော
ဖောက်သည်များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

CSR (Corporate Social Responsibility) ဟူသည် ငွေလှူတာမဟုတ်ဘူးဆိုတာကို ကျနော်တို့ နိုင်ငံမှာ လူတော်တော်များများ သိပ်ပြီး က...
03/02/2019

CSR (Corporate Social Responsibility) ဟူသည်
ငွေလှူတာမဟုတ်ဘူးဆိုတာကို ကျနော်တို့ နိုင်ငံမှာ လူတော်တော်များများ သိပ်ပြီး ကွဲကွဲပြားပြားမသိသေးဘူးဆိုတာပါပဲ.. CSR လို့ ပြောလိုက်ရင် ကျောင်းဆောက်ဖို့ လမ်းခင်းဖို့ ငွေလှူတာရယ် သစ်ပင်စိုက်တာရယ်ကိုပဲ ပြေးမြင်ကြတာများတယ်.. တကယ်က အဲ့ဒီငွေလှူခြင်းဟာ CSR လုပ်ငန်းတွေထဲက တစ်စိတ်တစ်ပိုင်းလေးဖြစ်ပါသည်။

အဘိဓာန်အရတော့.. "စီးပွားရေးလုပ်ငန်းများ၏ လူမှုအကျိုးပြုလုပ်ငန်း (CSR) ဆိုသည်မှာ ကုမ္ပဏီ၏ လုပ်ငန်းလုပ်ဆောင်မှုများမှ တဆင့် လူမှုပတ်ဝန်းကျင်အတွက် ပြန်လည်အကျိုးပြုခြင်း၊ တာဝန်ခံခြင်းနှင့် အပြုသဘောဆောင်သော ရလဒ်များ ဖြစ်ပေါ်လာရေးကို လုပ်ဆောင်သည့် လုပ်ငန်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ ဝယ်သူဖောက်သည်ဆိုင်ရာ၊ ဝန်ထမ်းများ၊ လူမှုဝန်းကျင်နှင့် အခြားသော အကျိုးသက်ရောက်သည့်သူများအတွက် ရည်ရွယ်ခြင်းများ ဖြစ်နိုင်သည်။

လူတွေက တချို့သော လုပ်ငန်းစုကြီးတွေရဲ့ CSR လုပ်ငန်းသဘောတရားတွေကို လက်မခံတတ်ကြတာက CSR ရဲ့ အဓိပ္ပါယ်ကို သေချာကွဲပြားနားမလည်လို့ဖြစ်နိုင်တယ်လို့ ထင်မိတာပဲ.. ဥပမာ - Skin Care နဲ့ မိတ်ကပ်တွေထုတ်တဲ့ ကုမ္ပဏီက သူတို့ရဲ့ အလှကုန်ပစ္စည်းတွေကို ထုတ်လုပ်ရာမှာ တိရိစ္ဆာန်တွေပေါ်မှာ စမ်းသပ်စစ်ဆေးတာမျိုး မလုပ်ဘူးဆိုရင် ဒါဟာလည်း သူတို့ ကုမ္ပဏီရဲ့ CSR တစ်မျိုးဖြစ်တယ်.. အရက်ဘီယာ ကုမ္ပဏီက Taxi ခေါ်တဲ့ app တစ်ခုကို ထုတ်လုပ်ပေးတယ်.. မူးရင် ကားမမောင်းသင့်ဘူး တက်စီနဲ့ ပြန်သင့်တယ်ဆိုတာမျိုး တိုက်တွန်းတဲ့ ကန်ပိန်းတွေလုပ်ဆောင်တယ်.. ဒါဆို အဲ့ဒါဟာ CSR ဖြစ်တယ်.. အဲ့လိုပေါ့နော်.. အဲ့လို မမြင်သာတဲ့ လုပ်ဆောင်မှုတွေဟာလည်း CSR တွေဖြစ်ပြီး သစ်ပင်စိုက်ပြမှ ငွေတွေ အများကြီးလှူမှ CSR မဟုတ်ဘူးဆိုတာကို မသိသေး သူတွေကို သိစေချင်တာပါ..

CSR လုပ်ငန်းသဘောသဘာဝတွေထဲမှာ အဓိက သိသာထင်ရှားတဲ့ ကဏ္ဍ ( ၆ )ခုရှိတယ်..

၁။ *လုပ်ငန်းစုကြီး၏လှူဒါန်းမှုများ*။ ။
ပရဟိတအဖွဲ့ သို့မဟုတ် တခြားလိုအပ်သူတွေဆီ ငွေသား၊ ပစ္စည်း၊ ကိုယ့်ကုမ္ပဏီက ထွက်တဲ့ ထွက်ကုန်တွေ (ဒါမှမဟုတ် ) ဝန်ဆောင်မှုတွေ ပေးတာအပါအဝင်ကိုယ့်လုပ်ငန်းစုဖောင်ဒေးရှင်းကနေတဆင့် လှူဒါန်းတာတွေ.. မြန်မာပြည်မှာ အလုပ်များတဲ့ CSR က ဒီဟာမျိုးပေါ့..
၂။ *သဘာဝပတ်ဝန်းကျင်ဆိုင်ရာ*။ ။
သဘာဝစွမ်းအင်ကိုသုံးစွဲခြင်း၊ ရုံးခန်းတည်ဆောက်ခြင်း ခရီးသွားခြင်း စသည်တို့ကိုလည်း ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှု မရှိစေသည့် လုပ်ငန်းဆောင်ရွက်မှုများကိုသာ အသုံးပြုခြင်း၊ မိမိတို့ လုပ်ငန်းကြောင့် ထိခိုက်မှုဖြစ်စေသလား အကျိုးသက်ရောက်သလား ဆန်းစစ်လုပ်ဆောင်ခြင်းများ.. ဥပမာ- စီးတီးမတ်မှာ ဈေးပေါတဲ့ ကျွတ်ကျွတ်အိတ်အစား ပတ်ဝန်းကျင်ထိခိုက်မှုနည်းတဲ့ ကော်ပျော့အိတ်တွေကို ပြောင်းသုံးတာမျိုး.. လတိုင်း ၅ ရက်နေ့တွေမှာ no plastic day လုပ်ခြင်း။
၃။ *လူမှုအကျိုးပြုပါဝင်ကူညီခြင်း*။ ။
ကုမ္ပဏီကနေ ဦးဆောင်ပြီး ပရဟိတ ကူညီမှုများ စီစဉ်ခြင်း၊ စီးပွားဖြစ်မဟုတ်သော အဖွဲ့အစည်းများသို့ အခမဲ့လုပ်အားပေးခြင်း ကူညီခြင်း။
၎။ *လူမှုဝန်းကျင်အတွက် တာဝန်ယူမှုရှိသည့် လုပ်ငန်းအလေ့အထ*။ ။
မိမိ၏ ထုတ်ကုန်များကို သမာသမတ်နီတိရှိစွာ ထုတ်လုပ်ခြင်းများ.. ခုနက ပြောတဲ့
ကိုယ့်ထုတ်ကုန်ကို တိရိစ္ဆာန်တွေမှာ စမ်းသပ်တာမျိုး မလုပ်ခြင်း။
၅။ *သမာသမတ်ရှိသည့် လုပ်ငန်းခွင်*။ ။
အလုပ်သမားအခွင့်အရေးများကို လိုက်နာခြင်း၊ ဝန်ထမ်းများအား မျှတ ညီညွတ်စွာ ဆက်ဆံခြင်းအားဖြင့်
သမာသမတ်လုပ်ငန်းခွင်ကို ဖန်တီးခြင်း။
၆။ *လူမှုဝန်းကျင်မြှင့်တင်ခြင်*း။ ။
ကုမ္ပဏီမှ ဦးဆောင်အကုန်အကျခံပြီး မှန်ကန်သည့် လုပ်ထုံးလုပ်နည်းနှင့် အလေ့အထများဖြစ်ပေါ်ရန် လှုပ်ရှားမှုများ စတင်ခြင်း။

Credit ....

အ​ရောင်းဝန်​ထမ်း အလုပ်​ချိန်​ ၁ ရက်​ ၈ နာရီ၂၅.၂.၂၀၁၉ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။ဆက်သွယ်စုံစမ်းရန် 097772155300...
24/01/2019

အ​ရောင်းဝန်​ထမ်း
အလုပ်​ချိန်​ ၁ ရက်​ ၈ နာရီ

၂၅.၂.၂၀၁၉ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။

ဆက်သွယ်စုံစမ်းရန်
09777215530
09760145784

28/10/2018

မိတ္တူလုပ်ငန်း ကျွမ်းကျင်

ဆေးဝါး ပစ္စည်း ကျွမ်းကျင်

သော

ဝန်ထမ်းများ အလိုရှိသည်။
(လစာဖြင့်သော် လည်ကောင်း၊ ကော်မရှင်ဖြင့်သော်လည်းကောင်း၊ လစာ + ကော်မရှင်ဖြင့်သော်လည်းကောင်း၊ ရင်းနှီးမြုတ်နှံမှုအနေဖြင့်သော်လည်းကောင်း)
တာဝန်ယူနိုင်သူ ဦးစားပေးမည်။

အသေးစိတ်ကို ဖုန်း ၀၉၇၇၇၂၁၅၅၃၀ သို့ဆက်သွယ်မေးမြန်းနိုင်သည်။

4113/2017-2018(YGN)
31/08/2018

4113/2017-2018(YGN)

08/01/2018

ဘာယူမလဲ ??
ဘာရှာ သလဲ ??

What do you want to buy?

Address

Myaungmya
10221

Opening Hours

Monday 07:30 - 17:00
Tuesday 07:30 - 17:00
Wednesday 07:30 - 17:00
Thursday 07:30 - 17:00
Friday 07:30 - 17:00
Saturday 07:30 - 12:30

Telephone

09777215530

Website

Alerts

Be the first to know and let us send you an email when THIHA Enterprises posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category