Soul Mate Book shop

Soul Mate Book shop I want to help you to catch your dreams.

မှန်ဇာလားအမွေးပွလား ဘေဘီကြိုက်တာပြောတစ်လုံးကို ၈၀၀၀ နဲ့ရောင်းပေးမှာနော် တန်မှတန် ပရိုမိုးရှင်းမို့ မြန်မြန်မှာလိုက်ကြတော...
06/09/2020

မှန်ဇာလား
အမွေးပွလား ဘေဘီကြိုက်တာပြော
တစ်လုံးကို ၈၀၀၀ နဲ့ရောင်းပေးမှာနော်
တန်မှတန် ပရိုမိုးရှင်းမို့ မြန်မြန်မှာလိုက်ကြတော့

Yin နဲ့ Yang ဆိုတဲ့ သဘာဝထဲက အသက်ဝိညာဥ်လိပ်ပြာသို့တည်းမဟုတ်ကောင်းမှုနဲ့ မကောင်းမှုကြားက အသက်ဝိညာဥ်လိပ်ပြာဖန်တီးကြည့်တာပါ ...
03/08/2020

Yin နဲ့ Yang ဆိုတဲ့ သဘာဝထဲက အသက်ဝိညာဥ်လိပ်ပြာ
သို့တည်းမဟုတ်
ကောင်းမှုနဲ့ မကောင်းမှုကြားက အသက်ဝိညာဥ်လိပ်ပြာ
ဖန်တီးကြည့်တာပါ 😍

အကြောင်းအမျိုးမျိုးကြောင့် page လေးကို ခဏတာ ရပ်နားခဲ့ရတဲ့အတွက် အားပေးသူမိတ်ဆွေများကို အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ။ အခု...
26/07/2020

အကြောင်းအမျိုးမျိုးကြောင့် page လေးကို ခဏတာ ရပ်နားခဲ့ရတဲ့အတွက် အားပေးသူမိတ်ဆွေများကို အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ။ အခုအချိန်ကစပြီးတော့ Dream Catcher တစ်မျိုးတည်းကိုပဲ သီးသန့်ရောင်းချပေးသွားတော့မှာပါ။ မကြာခင်မှာ give away တွေနဲ့အတူ ပြန်လာခဲ့ပါမယ်ဗျ။ 😍

Handmade ပစ္စည်းတွေက ဘာလို့စျေးကြီးတာလဲ ✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️ဟုတ်ပါတယ်။ လက်မှုပစ္စည်းတွေဟာ စျေးကြီးပါတယ်။...
31/10/2019

Handmade ပစ္စည်းတွေက ဘာလို့စျေးကြီးတာလဲ
✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️
ဟုတ်ပါတယ်။ လက်မှုပစ္စည်းတွေဟာ စျေးကြီးပါတယ်။ တော်တော်ကိုကြီးပါတယ်။ လက်မှုပညာရှင်တွေဟာ ပြပွဲတွေ၊ အခမ်းအနားတွေမှ ‌ရောင်းချသလို စျေးဆိုင်တွေနဲ့ ရောင်းချနေကြတာကိုလည်း မြင်တွေ့ရပါတယ်။ စျေးနှုန်းကိုကြည့်လိုက်တဲ့အခါမှာတော့ မျက်လုံးအပြူးသားဖြစ်သွားစေလောက်အောင် တန်ဖိုးကြီးမားနေတာတွေလည်း ကြုံတွေ့ခဲ့ဖူးမှာပါ။

"ဟာ ဒီလောက်စျေးကိုပေးရမှာလား။ ဒီလိုပုံစံမျိုးကို ဘယ်မှာဆိုရင်တော့ဖြင့် တစ်ဝက်စျေးနဲ့ ဝယ်လို့ရနေတာပဲ" 😒

👉ဒါက ဟန်းမိတ်လေ - စက်ရဲ့အလုပ်လုပ်ပုံက မြန်ဆန်ပြီး ထွက်လာတဲ့ပစ္စည်းတွေက စျေးသက်သာတယ်ဆိုပေမယ့် ဟန်းမိတ်ကတော့ ဆန့်ကျင်ဘက်ပါပဲ။ ဟန်းမိတ်က အချိန်ယူရတယ်။ ဂရုတစိုက်လုပ်ရတယ်။ ပစ္စည်းအမြောက်အများကို တန်းပြီးလုပ်လို့မရဘူး။ နောက်ဆုံးပြီးမြောက်တဲ့ပစ္စည်းလေး perfect ဖြစ်နေစေဖို့အတွက် အဆင့်တစ်ခုချင်းစီတိုင်းကို သေချာလုပ်ရတယ်။ အချိန်ယူလေလေ အရည်အသွေးမြင့်တဲ့ပစ္စည်းထွက်လာလေလေပါပဲ။ ဒါကြောင့် ပစ္စည်းတစ်ခုပြုလုပ်ရတဲ့အချိန်အပေါ်မှာ မူတည်ပြီးတော့ ပညာရှင်တွေက ငွေကြေးသတ်မှတ်ကြတာဖြစ်လို့ စျေးနှုန်းတွေက မိုးထိုးနေတာပေါ့။

👉လက်မှုပညာရှင်တွေကိုယ်တိုင် အားလုံးလုပ်ရတယ် - ဟုတ်ပါတယ်။ အဆင့်ဆင့်တိုင်းမှာ လက်မှုပညာရှင်ကပဲ အားလုံးလုပ်ဆောင်ရတာပါ။ ဒီဇိုင်းသာမက ကုန်ကြမ်းရွေးချယ်မှု၊ ဘယ်လိုတွေပေါင်းစပ်မလဲ၊ ဘယ်လိုဓါတ်ဖမ်းမလဲ၊ ပါကင်ဘယ်လိုထုတ်မလဲ၊ ဘယ်လိုပို့မလဲ၊ ဘယ်လိုရောင်းချမလဲ အားလုံးပါပဲ။ စာရင်းဇယားကအစ သူပဲလုပ်ရပါတယ်။ နောက်ပြီး ကလေးထိန်းရတာတို့၊ ရုံးအလုပ်တစ်ခုခုလုပ်နေတာမျိုးတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒီလိုအချိန်တွေအားလုံးအတွက် ငွေကြေးတန်ဖိုးဖြတ်ကြတာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့အချိန်၊ စွမ်းအား၊ နှလုံးသား၊ စိတ်ဝိညာဉ်တွေကို သူတို့ရောင်းချတဲ့အရာတိုင်းအတွက် ထည့်ပေးထားရတာကို ငြင်းဆန်လို့မရနိုင်ပါဘူး။

👉ကုန်ကြမ်းတွေကလည်း စျေးကြီးတယ် - လက်မှုပညာရှင်တွေဟာ အကောင်းဆုံးအရည်အသွေး၊ အလှဆုံးကုန်ကြမ်းကို ရှာလေ့ရှိကြတာမို့ ကုန်ကြမ်းတွေကလည်း စျေးကြီးပါတယ်။ ဒါကြောင့် အရေအတွက်နည်းနည်းသာ ဝယ်ယူနိုင်ပါတယ်။ ဒါကြောင့် လက်လီသာဝယ်ယူနိုင်တာမို့ လက်ကားယူတဲ့သူတွေထက် ဝယ်စျေးကိုက မြင့်မားနေတာပါ။
လက်မှုပညာရှင်က သူ့နယ်ပယ်မှာ ကျွမ်းကျင်ပါတယ် - နှစ်ပေါင်းဘယ်လောက်ကြာကြာလေ့ကျင့်တယ်ဆိုတာ အရေးမကြီးပါဘူး။ သူတို့ဟာ ဝယ်သူတွေထက် ပိုသိ ပိုနားလည်နေကြတာအမှန်ပါပဲ။ သူတို့ရဲ့လက်မှုပစ္စည်းတွေအတွက် သင်တန်းတွေ၊ လေ့ကျင့်မှုတွေကို ဖြတ်သန်းခဲ့ပြီးပါပြီ။ သူတို့ကိုယ်ပိုင်နည်းစနစ်တွေကိုလည်း ထွင်ထားကြသူတွေပါ။

👉ပစ္စည်းလေးက unique ဖြစ်တယ် - ကုန်ကြမ်းတွေကို ပေါင်းစပ်ပုံ၊ ပြင်ဆင်ပုံ၊ မွမ်းမံပုံတွေက ပစ္စည်းတစ်ခုချင်းကို ကွဲပြားသွားစေပါတယ်။ ပစ္စည်းတိုင်းမှာ အဆင့်တွေမတူစေဘဲ အမြင်ဆန်းအောင်လည်း လုပ်နိုင်ပါသေးတယ်။ ဥပမာ dream catcher လေးကို သုံးလက်မခွဲအရွယ်အစားလုပ်မယ်ဆိုပေမယ့်လည်း အရောင်တွေကစားလို့ရတယ်။ ဒီဇိုင်းတွေကစားလို့ရတယ်။ ဒါကြောင့် တစ်ခုနဲ့တစ်ခုက တူညီမှာမဟုတ်ပါဘူး။

အနှစ်ချုပ်ပြောရမယ်ဆိုရင်တော့ ဟန်းမိတ်တွေက စျေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝယ်လိုက်တဲ့ပစ္စည်းတိုင်းက unique ဖြစ်ပြီးတော့ သက်ဆိုင်ရာနယ်ပယ်မှာကျွမ်းကျင်တဲ့သူက လက်နဲ့လုပ်ထားရလို့ပါ။ ပစ္စည်းလေးကိုရောင်းဖို့အတွက် ပြုလုပ်ထားတဲ့သူရဲ့ အချိန်၊ စွမ်းအင်၊ ပြီးမြောက်ဖို့အတွက် လုပ်ဆောင်ရတဲ့အချိန်တွေနဲ့ စိတ်ဝိညာဉ်နှလုံးသားကိုပါ ထည့်သွင်းရတာမို့ စျေးကြီးနေရခြင်း ဖြစ်ပါတယ်။

Come Back လေးအနေနဲ့ Special Item လေးတစ်ခု မဲဖောက်ပေးချင်တာ စိတ်ဆိုးကြမှာလား မသိဘူး။ 😅ပြီးတော့ ဒီနေ့မှာ Live လွှင့်ပြီးတေ...
30/10/2019

Come Back လေးအနေနဲ့ Special Item လေးတစ်ခု မဲဖောက်ပေးချင်တာ စိတ်ဆိုးကြမှာလား မသိဘူး။ 😅
ပြီးတော့ ဒီနေ့မှာ Live လွှင့်ပြီးတော့ ၁၀%အထက် ပရိုမိုးရှင်းတွေ ပေးဦးမှာဆိုတော့ စောင့်ပေးကြပါဦး။

ဒေါင်းခရေဇီတွေ ရှိကြလား။ ရှိရင် ဒေါင်းကို အိမ်‌ခေါ်လို့ရပြီနော်။ အပိုင်ပေးလိုက်မှာ။
06/09/2019

ဒေါင်းခရေဇီတွေ ရှိကြလား။ ရှိရင် ဒေါင်းကို အိမ်‌ခေါ်လို့ရပြီနော်။ အပိုင်ပေးလိုက်မှာ။

25/08/2019

အော်ဒါလေးတွေ ခဏနားပါမယ်ဗျာ နေမကောင်းဖြစ်နေတဲ့အတွက် ဒီရက်ပိုင်းအော်ဒါလေးတွေ မနည်းဖြတ်နေရတာမို့ ကြန့်ကြာနေရင်လည်း တောင်းပန်ပါတယ်ဗျ

Address

Myaing

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Soul Mate Book shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category