04/02/2021
Facebook သုံးမရတော့အောင်လုပ်လိုက်ရင် ကျော်ဖို့ခွဖို့ VPN ဆော့ဝဲတွေ ဖုန်းထဲမှာအသင့်ပြင်ထားပြီလား ?
- ဒီနိုင်ငံကနေသုံးမရတော့အောင် လုပ်လိုက်တာ ၊ ပိတ်လိုက်တာနဲ့ လုံးဝသုံးမရတော့တာလားဆိုတော့မဟုတ်ပါဘူး ။ အခြားနိုင်ငံတစ်ခုခုရဲ့ Server ကို VPN ဆော့ဝဲကနေတဆင့်ချိတ်ဆက်ပြီး ဒီနိုင်ငံကနေ ကြည့်လို့/သုံးလို့မရနိုင်တဲ့ Website တွေ ၊ App တွေကိုကျော်သုံးလို့ရပါတယ် ။ VPN ချိတ်ဆက်လိုက်တာနဲ့ ကိုယ့်ရဲ့ IP Address ပါပြောင်းသွားတဲ့အတွက် သုံးစွဲသူအတွက်လည်း ဘယ်သူဘယ်ဝါမှန်းမသိစေတော့ဘဲ ပိုလုံခြုံစေပါတယ်။
Free သုံးလို့ရနိုင်တဲ့ VPN ဆော့ဝဲတွေကတော့ Google Play နဲ့ iOS App Store မှာ VPN လို့ရိုက်ရှာလိုက်ရင်ကိုအလွယ်တကူတွေ့နိုင်ပါတယ်။ အဆင်ပြေမယ်ထင်တဲ့ VPN ဆော့ဝဲတစ်ခုကို ဖုန်းထဲမှာ install လုပ်လိုက်ပါ။
ဘာသုံးလို့သုံးရမှန်းမသိဖြစ်နေရင်တော့ Psiphon ဆိုတဲ့ VPN လေးကိုသုံးပါ။ Google Play နဲ့ iOS App Store မှာရှာကြည့်ပါ။ အောက်မှာလည်း link ပေးထားပါတယ်။
Android -> https://play.google.com/store/apps/details?id=com.psiphon3.subscription
iOS -> https://apps.apple.com/app/psiphon/id1276263909
ဘယ် VPN ဆော့ဝဲပဲသုံးသုံးပါ။ VPN ဆော့ဝဲတွေအကုန်လုံးက သုံးပုံသုံးနည်းကတော့ ယေဘုယျအားဖြင့်အတူတူတွေပါပဲ ။
**VPN ဆော့ဝဲကိုဖုန်းထဲကိုအရင်သွင်းမယ်။
**ပြီးရင် ကိုယ်သွင်းလိုက်တဲ့ VPN ဆော့ဝဲထဲဝင်ပါ။ **ပေါ်လာသမျှ Ok/Allow/Next လုပ်ပါ။
**ပြီးရင် Connect button အဝိုင်းလေး (တစ်ချို့ဆော့ဝဲတွေမှာတော့ Start Button) ကိုနှိပ်ပြီး စက္ကန့်ပိုင်းလေးခဏစောင့်လိုက်ပါ။
**Button လေးမှာ Connected လို့ပြသွားပြီဆိုတာနဲ့ ၊ ဖုန်း Screen ထိပ်က Notification bar မှာ VPN (သို့) သော့ပုံလေးပေါ်ပြီဆိုရင် VPN Server နဲ့ချိတ်မိသွားပါပြီ။
**VPN ဆော့ဝဲထဲကနေ ဒီအတိုင်းပြန်ထွက်ပြီး Facebook app ထဲပြန်ဝင်သုံးလို့ရပါပြီ။
ပိုက်ဆံပေးသုံးရတဲ့ (လစဉ်ကြေးပေးသုံးရတဲ့) VPN တွေကတော့ Free VPN တွေထက် Speed ပိုကောင်းတာပေါ့။ ဒါပေမယ့် Facebook သုံးဖို့လိုတာလောက်ကတော့ Free ရတဲ့ VPN ဆော့ဝဲတွေလောက်နဲ့တင်အဆင်ပြေပါတယ်။
ပိုက်ဆံပေးသုံးရတဲ့ ၊ Speed ပိုကောင်းတဲ့ VPN တွေကိုစမ်းသုံးကြည့်ချင်သူတွေအတွက်ကတော့ အောက်က page တွေမှာအခမဲ့သွားရောက်ရယူနိုင်ပါတယ်။
https://www.facebook.com/110213417497878/posts/205028808016338/?d=n
https://www.facebook.com/110895644052703/posts/239400877868845/?d=n
VPN ချိတ်လိုက်လို့ ကိုယ်ကတခြားနိုင်ငံကိုတကယ်ရောက်နေပြီလားစစ်ချင်ရင် သိချင်ရင် အောက်ကကြိုက်နှစ်သက်ရာ link မှာဝင်စစ်ဆေးနိုင်ပါတယ်။
https://www.whatismyip.com
https://nordvpn.com/what-is-my-ip/
https://www.expressvpn.com/what-is-my-ip
https://www.whatismyip-address.com
သုံးလို့ကောင်းတဲ့အခြား Free VPN ဆော့ဝဲလေးတွေကို ဒီပို့စ်အောက်က comment မှာလည်း ညွှန်းပေးထားကြပါတယ်။ Comment တွေပါဝင်ဖတ်ကြည့်စေချင်ပါတယ်။ ကိုယ်သုံးလို့အဆင်ပြေနေတဲ့ VPN ဆော့ဝဲလေးတွေရှိရင်လည်း Comment မှာမျှဝေပေးသွားစေချင်ပါတယ်။