20/04/2026
သကြင်္န်ပိတ်ရက်အတွင်း အားပေးထားကြတဲ့ ပါဆယ်လေးတွေပါရှင် 🥰
ကျွန်မက ဒီဆိုင်လေးကိုဆက်မရောင်းဖြစ်ဘူးဆိုတာ တဖက်မှာ The Family Link မူကြိုလေးကိုလည်း အခြေကျအောင် run နေရတာမို့ ဟိုလွတ်ဒီလွတ်ဖြစ်မှာစိုးလို့ပါ…
အခုတော့ ကျွန်မ မူကြိုလေးကလည်း ကျောင်းသားအယောက်၅၀ ဆရာမ၁၂ယောက်နဲ့ အတော်လေး အဆင်ပြေအခြေကျပြီမို့ နောက်များမှာတော့ ဒီဘက်က Happy MayMayဆိုင်လေးကိုလည်း online အရောင်းလေး အဆက်မပြတ်အောင် တဖြည်းဖြည်းတော့ ပြန်ကြိုးစားပါ့မယ်ရှင် …
လောလောဆယ်တော့ သကြင်္န်ပိတ်ရက်အပြီးကျောင်းပြန်ဖွင့်ပြီမို့ ကျွန်မ ကျောင်းတက်ပါဦးမယ်ရှင်😁
ပိတ်ရက်လေးတွေ သို့မဟုတ် ကျွန်မ အားတဲ့အချိန်လေးတွေမှာတော့ လက်ကျန်ရှိတာတွေကို အခုလိုပဲ အသက်သာဆုံးစျေးတွေနဲ့ ရောင်းပေးမှာမို့ လိုအပ်တာလေးများ ကြုံရင်တော့ အားပေးကြပါဦးနော် …
အခုလည်း အများကြီးအားပေးကြလို့ ကျေးဇူးတင်ရပါတယ်ရှင် 🙏
🍀💦အားလုံးပဲနှစ်သစ်မှာ စိတ်ရောလူရော အနှောင့်အယှက်ကင်းလို့ ကျန်းမာချမ်းသာ ပျော်ရွှင်ကြပါစေရှင့် 💦🍀