17/08/2021
Credit
တပေဘူတ (Golden Bell)
Tabebuia aurea (Silva Manso) Benth. & Hook.f. ex S.Moore
**Tabebuia argentina
Family : Bignoniaceae.
မြန်မာလို ခေါ်ကြတာက တပေဘူတ ဖြစ်ပြီး english လို Silver trumpet tree or golden bell လို့လည်း ခေါ်ကြတယ်၊ အများစုက ဒီအပင်ရဲ့ အမည်ကို မသိကြဘူး၊ လှတာဘဲသိကြတယ်၊ တပေဘူတ လို့ အမည်တွင်သွားတာက မျိုးစုအမည် Ta.be.bu.ia အသံထွက်ကြောင့်လို့ ထင်မိတယ် 😁၊ ဘွဲနှင်းဘေးက အပင်တွေပွင့်နေပြီ၊ နွေရာသီမှာ အရွက်တွေစတင်ကြွေပြီး အပွင့် တွေပွင့်ကြတယ်၊ ဖေဖော်ဝါရီလကမေ မတ်လ အတွင်း ဝေနေအောင်ပွင့်တယ်။ မြေညံမှာဖြစ်ထွန်းနိုင်တယ်၊ ပွင့်ရင် ပုံထဲကလို ဝါထိန်နေအောင်ပွင့်ကြတယ် ၊
အပင်စိုက်ရင်ရေမဝပ်စေရ၊ ကြီးထွားနှုံး နှေးကွေးသောအပင်ဖြစ်တယ်၊ အပင်ကြီးမျိုးဖြစ် ၂၅ ပေ ခန့်မြင့်ပါတယ်။ အရွက်တွေက လက်ဝါးပုံဖြစ်လို့ ပန်းမပွင့်ချိန်မှာ အရွက်လှပင်အဖြစ်လည်းစိုက်ပျိုးကြတယ်၊ မူရင်းဒေသက တောင်အမေရိကတိုက်အပူပိုင်းဒေသပေါက်ပင်ဖြစ်တယ်။ မကြာသေးမီ နှစ်များဆီက ထိုင်းနိုင်ငံမှ တဆင့် မြန်မာပြည်သို့ရောက်လာသောအပင်ဖြစ်တယ်၊ မြက်ခင်းအလယ်မှာစိုက်သလို အတန်းလိုက်လည်းစိုက်ကြတယ် ၊ ပန်းပွင့်ချိန်မှာတော့ ပုံထဲကလို အရွက်ကင်းမဲ့ပြီးတပင်လုံးရွှေဝါရောင်သန်း နေသော အပွင့်များနှင်မြင်ကြရမှာပါ။ ( ကိုးကား U Hla Tin )
တပေဘူတ အပင်ရဲ့ မျိုးရင်းက Bignoniaceae ကြောင်ရှာ၊ သခွပ် မျိုးရင်းဝင်အပင်ကြီးမျိုးဖြစ်တယ်၊ အဝါရောင်သာ မက ပန်းရောင် အဖြူရောင် လည်း ရှိတယ်၊ အများအားဖြင့် အပင်ကြီးတွေပါ ၊အပွင့်က ကြောင်လျှာပွင့်လို ခေါင်းလောင်းလေးပါ ဒါ့ကြောင့်လည်း golden trumpet tree ခေါ်ကြတာပါ၊ ဒီပန်းအတွက် အနောက်နိုင်ငံတွေကဂုဏ်ယူကြတယ် ၊ ကျနော်တို့ဆီက ပ်ိတောက်အပင်လိုဖြစ်တယ်။ တပေဘူတ အသီးက ကြောင်လျှာသီးလိုဖြစ်ပြီး အစေ့လေးတွေမှာ အတောင် wings လေးတွေပါတယ် မြန်မာက ကြောင်လျှာစေ့ထက် အရွယ်တော့ငယ်တယ်၊ ဒီအပင် ပေါ်စကဆိုရင် အပင်လေးတွေကို အိုးလေးတွေနဲ့ထည့်ပြီးရောင်းကြတယ် အမယ် ဈေးကမသေးဘူး တပင်ကို ဒေါ်လာ ၄၀ ကနေ ၁၅၀ အထိတောင်ရှိတယ်၊ အခုတော့ အတော်လေးပေါနေသောအပင်ဖြစ်နေပါပြီ။
တပေဘူတ ကတော့ အခြားနိုင်ငံက ဝင်လာသောအပင်တပင်ပါ၊ ကျနော့်အမြင်ပြောရရင် တပေဘူတ အပင်တွေက ပိတောက်ပင်ထက် Landscape စိုက်ရင်ပိုလှမယ်လို့ထင်ပါတယ် ၊ မန္တလေး ကျုံးနဘေးမှာ ဒီအပင်တွေစိုက်ထားတာတွေ့ခဲ့ရတယ်၊ ကြီးထွားနှုံးနှေးတာမို့ ပုံသွင်းရင်ပိုလွယ်မယ်လို့ထင်ပါတယ်။ ကျန်တဲ့အချိန်တွေမှာလည်း လှပသော အရွက်ကြောင့် landscape အပင်အဖြစ်ရွေးချယ်သင့်ပါတယ်။
Some photos from Google.com
သက်နိုင်ဦး
https://www.facebook.com/Flowers-From-Myanmar-360042720833435/
မုံရှာတက်ကသိုလ်
25.2.2020
Wikipedia နဲ့ google မှာ Tabebuia tree လို့ရိုက်ပြီးရှာကြည့်ပါ..အများကြီးဘဲ