POEM

POEM မဂၤလာပါ.. POEM...page ကို likes လုပ္ေပးၾကပါအံုးေ

အရိန္ဒမာသိပါသည်......    ____   _________မြင်ကတဲ(တည်း)ကရင်ထဲကစွဲခဲ့တယ် မဏိစန္ဒာ။ဘုရင့်ဘဏ္ဍာ မတော်မတရားနဲ့အသျှင့်အာဏာစော်...
25/09/2020

အရိန္ဒမာသိပါသည်......
____ _________

မြင်ကတဲ(တည်း)က
ရင်ထဲကစွဲခဲ့တယ် မဏိစန္ဒာ။

ဘုရင့်ဘဏ္ဍာ မတော်မတရားနဲ့
အသျှင့်အာဏာစော်ကားမိသူမို့
ဪ....ဓါးထိကာ အသေသတ်လျှင်လည်(လဲ)
ကျေနပ်မှာပါ။

မလျော်တာ အခက်ကြံဆမိလို့
အနော်ရထာ မျက်မာန်ရှမှာလည်း
ခံရမယ် အသေချာသိပေမယ့်
ဝေဒနာရှိသူ ရင်မှာမအေးလေတော့
သေဘေးကိုတဲ့မမြင်သာ
အကြင်နာက..နှစ်ဆင့်ပိုကဲ။

မသင့်လျော်တာ ချစ်လာခဲ့သူမို့
အသျှင့်အပေါ်မှာ သစ္စာမဲ့သူလို့
ကဲ့ရဲ့ကာဆိုချင်ဆို
ငြိုငြင်လိုက ငြိုငြင်လိုက်
ကိုယ့်ထိုက်နဲ့ကိုယ့်ကြမ္မာပေါ့
ဘုရင့် အာဏာမဖီဆန်ရဲတာကြောင့်
လက်လွဲကာရှေ့တော်ဆက်ရပေမယ့်
မွေ့ပျော်ရက်တယ်သခင်ထင်သလား
ရင်ခွင်မှာဆယ်နေကဲသလို
အမြဲပူလောင်လှချည်ရဲ့
ကြိုးနှောင်ကာ အသျင်တဲပါလို့
ရင်ထဲကိုလှံမထိခင်က
ချစ်မိသူ အသဲကြွေပြုန်းကာ
(မဏိစန္ဒာရယ်)
ကိုယ်ကတော့.....အမြဲသေဆုံးခဲ့ပြီပဲ။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)

"ဖြစ်​ရ​လေ"************​မောင်​ကြီးနှမ ခိုင်​သဇင်​ဘယ်​ဆီများလဲ ဟင်​။​ခေါင်​းမှာရွက်​လို့ ​ရေအိုးတင်​​ရေခပ်​သွားမယ်​ရှင်​....
25/09/2020

"ဖြစ်​ရ​လေ"
************

​မောင်​ကြီးနှမ ခိုင်​သဇင်​
ဘယ်​ဆီများလဲ ဟင်​။
​ခေါင်​းမှာရွက်​လို့ ​ရေအိုးတင်​
​ရေခပ်​သွားမယ်​ရှင်​....။

​ရေအိုးထမ်​းလို့ လိုက်​ခဲ့ချင်​
လိုက်​ရမလား ဟင်​။
​မောင်​ကြီးသ​ဘော အတိုင်​းပင်​
လိုက်​ချင်​လိုက်​​ပေါ့ ရှင်​.....။

​မောင်​ကြီး​မေတ္တာ ပန်​းကိုဆင်​
လက်​ထပ်​မလား ဟင်​။
​မောင်​ကြီးသ​ဘော အတိုင်​းပင်​
နာယူပါ့မယ်​ ရှင်​......။

နှမ​လေးရဲ့ ​မွေးဖခင်​
ဘာလုပ်​စားလဲ ဟင်​။
ထွန်​ထယ်​ရုန်​းလို့ လယ်​ကွင်​းပြင်​
လယ်​လုပ်​စားတယ်​ ရှင်​......။

​မောင်​ကြီးနှမ ခိုင်​သဇင်​
ပစ္စည်​းရှိလားဟင်​။
နှမ​လေးရဲ့ အဆင်​းပင်​
ပစ္စည်​းပါပဲ ရှင်​......။

သည်​လိုဖြင်​့လဲ ခိုင်​သဇင်​
မယူနိုင်​ဘူး ထင်​။
ယူပါလို့များ ပျို​လေးခင်​
​ပြောဘူးလို့လား ရှင်​.......။ ။


#မင်းသုဝဏ်

  ူးအိမ်သင် ကဗျာများ~~``` အမေ ´´´မိန်းမတကာထက်၌ ကျနော်လေးစားမြတ်နိုးမဆုံးသောအနာဒိအနန္တမေတ္တာရှင် “ ချစ်သော မေမေ ” သို့ .....
01/04/2020


ူးအိမ်သင် ကဗျာများ
~~

``` အမေ ´´´

မိန်းမတကာထက်၌ ကျနော်လေးစားမြတ်နိုးမဆုံးသော
အနာဒိအနန္တမေတ္တာရှင် “ ချစ်သော မေမေ ” သို့ ...
အမေ .....
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ ...
ကဗျာ ...
ကဗျာ ...
သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)
၀မ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါအမေ
သားတော့ မီးလောင်နေပြီ။

သျှပ်မှူးကျော် [ ထူးအိမ်သင် ]

``` မြ ´´´

အခါတစ်ပါး၌ သူမ၏လက်ဝယ်
ထက် “မြ” သော မြားတစ်စင်းတည်၏။
သို့သော် “တေး” မရှိ။
ထိုအခါ
ငါ၏လက်ဝယ်
ချို ”မြ” သော စောင်းတစ်အိုးတည်၏။
သို့သော် “ကြိုး”မရှိ။

သျှပ်မှူးကျော် [ ထူးအိမ်သင် ]

``` စင်သီယာ ၁ ´´´

ငါမငိုဖူး
ပြာပုံမှာလူးတဲ့ဘ၀
လွတ်မြောက်ရေး လမ်းစရှာတုန်း
မင်းအမုန်းကိုမေ့လို့
အငွေ့ပျံနေတဲ့မျက်ရည်
လေပွေနဲ့ သစ်ရွက်
ချွေးစက်တွေ ချွေရဦးမယ်
တကယ်ပါ စင်သီယာ
ငါမငိုဖူး ...
ပထမဆုံး မင်းအတွက်ငါ
သေခဲ့တာကြာပြီ
မကြွေနဲ့စင်သီယာ
ငါ ...

သျှပ်မှူးကျော် [ ထူးအိမ်သင် ]

``` စင်သီယာ ၂ ´´´

ငါ့ကဗျာ ဘယ်မှာလဲ
မရဲတရဲ မေးခွန်း
တိုးတိတ်လွန်းမှာသိတယ်
နယ်မချဲ့မီနဲ့ ဝေဒနာ
ငါမနေတတ်ဖူး
အရူးတစ်ယောက်ရဲ့ လွမ်းချင်းကို
မင်းဘာကြောင့် နားထောင်ချင်တာလဲ
အသဲမှာစွဲတဲ့ မြှားချက်ဟာ
လူမသိဘဲ အသက်သေစေတယ်
နွေမှာဖြစ်တဲ့ မိုးတိမ်ဟာ
မုတ်သုန်မလာခင် အိပ်စက်ရဦးမယ်
မင်းရဲ့ နောက်ဆုံးရယ်မောသံမှာ
ငါသေခဲ့ပြီ စင်သီယာ
ငါ့ကဗျာဘယ်မှာလဲ။

သျှပ်မှူးကျော် [ ထူးအိမ်သင် ]

```` စင်သီယာ ၃ ´´´´

ငါမပြောတော့ဖူး
မင်းဦးနှောက်နွံအိုင်တောမှာ
ဘောဂဗေဒဇယားချပ်တွေ
မျက်တောင်ခတ်တဲ့ကိန်းဂဏန်းတွေ
“ငွေ .. ငွေ .. ငွေ ” (မင်းတို့)
ဆိုနေကျ သီချင်းတစ်စမို့
ငါအလွတ်ရနေပြီ
ဒီအမှိုက်ပုံထဲ၊ ငါ့ကိုမဆွဲနဲ့စင်သီယာ ငါမလာနိုင်ဖူး
စူးစူးဝါးဝါးအော်ဟစ်
ချွေးမိုးအောက်နစ်ပါစေ
မင်းပြုံးနေ စင်သီယာ
ငါမပြောတော့ဖူး .. ။

သျှပ်မှူးကျော် [ ထူးအိမ်သင် ]

```` စင်သီယာ ၄ ´´´

မင်းမညာနဲ့
ကွန်ပျူတာနှလုံးသားရှေ့
အသံမဲ့နေတဲ့ တိတ်တစ်ခွေ
မင်းငိုနေသလား .. အချစ်
အက်စစ်မျက်ရည်တွေပဲ
ငရဲဆန်လှတယ်
မင်းဘ၀ ... မင်းအသက်
မင်းဟာ စက်ရုပ်ပဲ
မင်းလုပ်သမျှ ဆန္ဒမဲ့တယ်
ယန္တယားရဲ့ လည်ပတ်မှုဖြစ်စဉ်မှာ
ငွေဟာ လောင်စာပဲ စင်သီယာ
မင်းမညာနဲ့ ... ။

သျှပ်မှူးကျော် [ ထူးအိမ်သင် ]

``` စင်သီယာ ၅ ´´´

မင်းကို ငါချစ်တယ်
ရာစုနှစ်ပေါင်များစွာမှာ
လူတွေဒါပဲ ပြောကြတယ်
ငါ့အတွက်စကား (၅) လုံး
မင်းအပြုံးက ၀ါးမြိုခဲ့
သရော်တဲ့ နှုတ်ခမ်းတွေ
“ချွင်” “ချွင်” မြည်နေတယ်
မြေကြီးသားဘဝမှာ
အဇ္ဈတ္တိကမီးပုံကြောင့်
ငါ့ရင်အုံလူသတ်ကွင်းထဲ
သားရဲတွေအစာတောင်းပြီး
အသက်နဲ့အညီအမျှ ကျိန်ဆို
မိုးပြိုတယ် စင်သီယာ
မင်းကို ငါချစ်တယ်

သျှပ်မှူးကျော် [ ထူးအိမ်သင် ]

``` မနှင်းဖြူ ´´´

“ တစ် ”
ချစ်သူ
သင့်နှလုံးသားသည်
ပျားသို့ချို၏။
သို့ပြီးတကား
ဓားသွားမူ ထက်စွာ၏ .. ။

“ နှစ် ”
ဆောင်းဦးပေါက်ညများရဲ့
ပွင့်ဦးနှင်းဆီဖြူဟာ၊ ငါ့သခင်မ
ငါ့ဘဝရဲ့ ကိုယ်ပွားအသက်ပါ။
မင်းဘဝနဲ့ ငါရှင်သန်တယ်။
ပျိုရွယ်ခြင်း၊ ချိုမြတဲ့အဆိပ်
အိပ်ရာဝင်ပုံပြင်ထဲက
နတ်သမီးတစ်ပါးရဲ့ အလှကို ငါမှတ်မိခဲ့ပြီ။
ဒီဇင်ဘာမှာ နှင်းကျတယ်
တစ်လလုံးပါပဲ
ပထမဆုံးနှင်းပွင့်ကတော့
သူပေါ့ကွယ်၊ ဆွတ်ဆွတ်ဖြူဖြူ
ငန်းမွှေးတောင်သွင်တူသော
နူးညံ့ချောနုခြင်းနဲ့ ငါ့ရဲ့အသက်
အိပ်မက်အပြုံးရှင်ပေါ့ ၊ သူ ....
“ မနှင်းဖြူ ” လေ။

“ သုံး ”
“ မနှင်းဖြူ ”
မင်းဘယ်သူလဲ ..
ငါကလွဲလို့ ၊ မင်းတောင်မှမသိ
မြတ်နိုးမိသူပါ။ သူဟာ ...
ငါ့ဘဝရဲ့ ပထမဦးဆုံး
နှင်းဖုံးတောင်တန်းများရဲ့ နတ်မိမယ်
သံယောဇဉ်အနွယ်များရဲ့ မိခင်
ပွင့်ဦးသခင် ဆိုနိုင်ပါရဲ့။
နွဲ့လျတဲ့ခြေလှမ်းများ
ငါ့နှလုံးသားမှာ ..
ဒဏ်ရာထင်အောင် ပြင်းထန်ခဲ့ ၊ ကဲ ...
ဒီလိုဘယ်သူသိမလဲကွယ်။

“လေး”
ဆောင်းညရဲ့ နှုတ်ခမ်းအစွန်းမှာ
လမ်းများပေါ် “ငါ ” တေးသီခဲ့တယ်
နားမလည်နိုင်တဲ့ ခံစားမှုဘ၀
တေးချင်းမှာ စတည်ခဲ့ပေါ့။
ဖျော့တော့တဲ့လရောင်သွန်းချိန်
မှိန်ပြာပြာ နှင်းစက်ကြွေသံလို
ကောင်းကင်ငိုနေရဲ့ ၊ အို .. အလှ
မင်းကို တမ်းတလို့ ..
“ကိုစောငြိမ်း” ရဲ့ “ပွင့်ဦး”
ငါဆိုခဲ့ဖူးပြီ .. ။

“ငါး”
ဟောသည်မှာ အချစ် ..
ကဗျာလိုလှတဲ့ ပန်းပွင့်၊ သစ်ရွက်
စက်နဲ့လုပ်တာမဟုတ်။
မင်းအတွက်ပဲ သည်မှာ
နုံချာပေမယ့် လတ်ဆတ်တဲ့နှလုံးသား
ဥပက္ခာမထားစေချင်
အရှင် .. သခင် ..
သစ်ခက်ပလ္လင်မှာစံ၍
တေးချင်းကို နာခံ
မိုးယံ၌ပြည့်သော ပီတိနှင့်
တင့်တယ်စေပါမည်။

“ခြောက်”
လုံမရဲ့ အကြည့်
နေထိတဲ့ ပန်းပါပဲ၊
ညိုးလျော်ဆဲအပြုံးဟာ
ပြည့်ဝပါပေရဲ့
စောင့်စားသူ နေပူမှာရပ်လို့
မင်းကို စောင့်ဖို့ ငါအသက်ရှင်တယ်။
သစ်ပင် ၊ တောတောင် ၊ နေရောင် ..
ငါ့သခင် အောင်နိုင်တယ်။
ဘယ်သူငြင်းမလဲ အိုအချင်းတို့
အို .. အမျိုးကောင်းသားတို့
ငါ့အားခွင့်လွတ်ကြပါလေ ..
အချစ်စေကျွန်ဖြစ်တယ်။
ဇာမဏီငှက်၏ တင့်တယ်ခြင်းဖြင့်
ကြယ်ပွင့်တို့ကို နွံ၌နစ်စေသူ ..
ချစ်ခြင်း ၊ မုန်းခြင်း ၊ ဥပက္ခောနှင့် ခံယူမှု
ပန်းနုကျောက်ဆစ်အသွင်
မြင်သူတိုင်းအား အကြည့်ဖြင့်သိမ်းပိုက်သူ .. ။

“ ခုနှစ် ”
အို .. ချစ်သူလုံမ
ပထမဘဝမှာ တွယ်ငင်သော
သံယောဇဉ်ပိုင်စိုးသူ
နှင်းမြူသည်းပွတ်၊ ဆွတ်ဆွတ်ဖြူစင်၍
အိပ်မက်အငွေအသက်ပမာ
ငါမြတ်နိုးသူ .. ငါ့အား ..
သနားသဖြင့် ဥပက္ခာသစ်ရိပ်မှ
ဖဲကျဉ်ခွင့်ရစေပါ။ ငါ့အား ..
၀ါမျှင်ဂွမ်းစကဲ့သို့ ချီမ၍
သင့်အနမ်း၍ကြွေသော ပန်းပွင့်ရေအိုင်ထက်
သကျစပေါဘိ။
သက်ရွက်လောင်းလှေဦးတွင်
သခင်မစံပါ။
ကဗျာသစ်ခက်ဖြင့်ပြုသော
လှော်တက်ကို ငါကိုင်မည်။
အောင်နိုင်ခြင်းနှင့် ဒဏ်သင့်သောငါ့အား
အသာယာဆုံး တိတ်ဆိတ်ခြင်းဖြစ်သည့်
အချိုမြိန်ဆုံးတေးချင်းကို
ဆိုခွင့်ပြုပါ ၊ ထိုအခါ ..
ကမ္ဘာမြေသည် သခင်မအပြုံး၌ပွင့်သော
ဆည်းဆာပန်းပွင့်သစ်၏
နှစ်ချို့ စပျစ်အရက်ပမာ
ငါမူးယစ်စွာ မွေ့ပျော်စေလိမ့်မည်။

“ ရှစ် ”
အားလုံးပြီးဆုံးသွားခဲ့ပြီ ..
“ မနှင်းဖြူ ”
အားလုံးပြီးဆုံးသွားပြီလေ၊
အခုတော့ ......

“ကိုး”
မြစ်တစ်စင်းမှာ သူ .. ငါ ..
နှစ်ခါရေမချိုးနိုင်
စီးဆင်းနေဆဲ အချိန်စက်ဝန်း
ပုံတူသွန်းလုပ်၊ အရုပ်ဆင်းတု
ပြုစုသူမဲ့ပေရဲ့ .. ။
ပစ္စုပ္ပန်မဲ့သောအခါ
အနာဂတ်မတည်စွမ်းသာ
သည်သို့ .. သံသရာရှိလျှင်အဆုံး၊ ငါမို့ဖြစ်ရင်း
ချစ်ခြင်းအပ မြဲစေ ..
ကျိန်စာဆိုခဲ့လေသလား
အို .. နတ်ဘုရားတို့ ။
အို .. ပိုင်ဆိုင်သူတို့ ။

သျှပ်မှူးကျော် [ ထူးအိမ်သင် ]

``` အစ၏အဆုံး (သို့မဟုတ်) အဆုံး၏အစ ´´´

ကမ္ဘာဦးသူတို့သည် ရသပထဝီကိုစားကုန်၏။ အချို့အဆင်းလှကုန်၏။
အချို့အဆင်းမလှကုန်။
ထိုသူတို့တွင်
အဆင်းလှသူတို့သည် အဆင်းမလှသူတို့ကို
မထီမဲ့မြင်ပြုကြကုန်၏။
ထိုသို့ပြုသည်ရှိသော် .. ။
(ဦးကုလားရာဇဝင်)
နှလုံးသားနဲ့ဖတ်ဖို့
(ရင်၌ဖြစ်သော)
ချစ်ဇနီးသို့။

သျှပ်မှူးကျော် [ ထူးအိမ်သင် ]

``` အသက်သည် အိမ်မက် ´´´

အိမ်မက်သည်သူ
သူသည် အသက်ဖြစ်စေ
ဆောင်းနှောင်းလျှင် နွေဦး၏။
နွေဦး၌ နှင်းကြွင်းသည်။
နှင်းကြွင်းပြယ်သော်လည်း
သစ္စာကြွင်းစေ။
မြတ်နိုးခြင်း ကြွင်းစေ။

သျှပ်မှူးကျော် [ ထူးအိမ်သင် ]

``` သက်တံ ´´´

ညနေခင်းတခု
မိုးစဲလင်းပွင့်ကောင်းကင်မှာ..
ဟာ…..
လှလိုက်တဲ့ သက်တံကြီးတစင်း
စီးဆင်းနေတာတွေ့တယ်။
ရုတ်တရက်ပဲ
ငါ… ကြေကွဲခဲ့ရပေါ့
ဘဝဆိုတာ သကျတံလိုပါလား… ။
ရှိတော့ရှိပါရဲ့
ဒါပေမဲ့
အရှိမဲ့ … ။ ၊
ထူးအိမ်သင်

``` ချောင်းကြည့်ပေါက်များ ´´´´

သူ့အလို...
အထက်အဆိုပါအကြောင်းများအရ
တွေးဆချက်များမှာ

(၁)
"စကားလုံးများ" ဟာ "အတု" ဖြစ်ပြီး
"စိတ်" သည် "အစစ်အမှန်" ဖြစ်တယ်...တဲ့။
(၂)
"ခြေထောက်တွေ" ဟာ "လမ်း" ဖြစ်ပြီး
"ငါ" သည် "ခရီးဆုံး" ဖြစ်တယ်...တဲ့။
(၃)
ဆိုတော့ကာ...
အဲဒီခြေထောက်အတုတွေနဲ့
အဲဒီစကားလုံး တင်းကြမ်းပြည့်လမ်းကိုပဲ
စီးစီးပြီး သွားနေရတာ... တဲ့
အဲဒီခရီးဆုံးမှ ရောက်ပါ့မလား
အဲဒီအစစ်အမှန်ရော ဟုတ်ပါ့မလား
အဲဒီစိတ်ကြီးကို ကုန်လွန်းလို့
အဲဒီ ငါကဖြင့်...တဲ့
အင်း
ပျင်းတယ်....ဆိုတာကြီးပဲ
ကြိတ်မနိုင် ခဲမရ.........။

ရဲသင်ရန် (ထူးအိမ်သင်)

CREDIT -- COPY FROM MAGAZINES

မူရင်းရေးတင်သူအား ခရက်ဒစ်ပေးပါသည်။

''စစ်ကိုင်း အက်ပီဂရမ် ''------------------------------------ စစ်ကိုင်း--- တဲ့ဘုရားသခင်ရဲ့အလှပဆုံးလက်ရာတစ်ခုပေါ့။စစ်ကိုင်...
01/04/2020

''စစ်ကိုင်း အက်ပီဂရမ် ''
------------------------------------

စစ်ကိုင်း--- တဲ့
ဘုရားသခင်ရဲ့
အလှပဆုံးလက်ရာတစ်ခုပေါ့။

စစ်ကိုင်း--- တဲ့။
ဧရာဝတီရဲ့နှလုံးသား
သိမ်းထားတဲ့နေရာလေ။

မြန်မာပြည်တစ်နံတစ်လျား
မြောက်ဖျားကနေ တောင်ဖျား
စီးသွားတဲ့ ဧရာဝတီ
ဒီနေရာမှာ တော်လှန်
မင်းဝံထံ ဦးခိုက်ဝပ်တွား
အရှေ့ကအနောက်ကိုစီးသွားရဲ့။

မြစ်ညာသားတို့၊ကြည့်လှည့်ကြ။
မြစ်ခြေသားတို့၊ကြည့်လှည့်ကြ။

စစ်ကိုင်းမှာ---
ဧရာဝတီထဲက နေထွက်တယ်။
ဧရာဝတီထဲမှာ နေဝင်တယ်။

ဧရာဝတီဝတ္တုရှည်ကြီးမှာ
အလှပဆုံး ကလိုင်းမ(ခ်)(စ်)ဟာ
ဒီနေရာမှာပေါ့ --- ။

မြောက်ဖျားဒေသမှာ
အမြှီးနှစ်ခွချန်ထားခဲ့တဲ့
ဧရာဝတီဆိုတဲ့ နဂါးဟာ
မြစ်ဝကျွန်းပေါ်မှာ ခေါင်းတစ်ရာပွား
ကပ္ပလီပင်လယ်ထဲ ငုပ်ရှိုးသွား
အသည်းနှလုံးကိုတော့ စစ်ကိုင်းမှာ
ထားခဲ့သတဲ့။

အဲဒီနဂါးပေါ်ကကင်းခြေများ
စစ်ကိုင်းတံတားတဲ့လေ--- ။
စစ်ကိုင်း--- တဲ့။
မယဉ်မရိုင်း
မြို့စစ်ကိုင်း --- တဲ့။

သူစိမ်းတွေက
ပြောကြတာလေ။

ဟုတ်ကဲ့---
ရိုးရိုးလေးနဲ့
ခမ်းနားလှပတဲ့ မြို့တစ်မြို့ပါပဲ။

ပုည တောင်ဆီ၊ ရီလျက်မလင်း
မဝင်းအုံ့မှိုင်း စစ်ကိုင်းတစ်ဖက် --- တဲ့

ရှင်ထွေးနာသိမ်ရဲ့ လက်ဖျား
ဘုရားသခင်ရဲ့ စကားလုံးများ
စီးဝင်လှုပ်ရှားရင်ခုန်သွား --- ။

ဒီမြေကိုရောက်
ဒီရေကိုသောက်မိရင်
အနုပညာသမားတို့ရဲ့ ဘဝင်
ညှို့ဆွဲတိုးဝှေ့ ဖမ်းယူငင်
မပြန်ခင် စာဖွဲ့ကြ
အပြန်တွင် တေးဖွဲ့ကြ
ရေးခဲ့ကြတဲ့ စစ်ကိုင်းအလှ --- ။

ဇေယျာရွှေမြေ ---
မြစ်ရေခွေဝန်း---
ပုညရှင် --- စေတီအပါး
စစ်ကိုင်းတောင်--- စစ်ကိုင်းတောင်
အထက်နားဆီက---

ကမ်းခြေဇေယျာဦးဝယ် ---
မှန်းချွေမေအလှမှူးရယ် --
လွမ်းနေ--- နေပါဘူးကွယ်

စစ်ကိုင်းတံတားဘက်ဆီကို
သူလာမလားလို့
မျှော်ကြည့်မိသည်---

သြော်
မြန်မာပြည်မှာ မြို့ဘွဲ့တေး
အရေးခံရဆုံး မြို့တစ်မြို့ပေပလေ။

စစ်ကိုင်း--- တဲ့။
သမိုင်းမရိုင်းခဲ့တဲ့ မြို့တစ်မြို့ပါပဲ။

သမိုင်းမြင်းငါစိုင်း
စစ်ကိုင်းရောက်တော့
စစ်ကိုင်းဆိုရင်
ပုဂံပြည့်သခင်
ပရိမ္မက ထီးလှိုင်ရှင်
ကျန်စစ်သားရဲ့ ဇာတိခွင်။

အပယ်ခံအသင်္ခယာစောယွန်း
ဘုန်းထွန်းလို့ ဓါးထက်
အင်းဝအရင်က နန်းတစ်ဆက် --- ။

ခုနစ်စင်ကြယ်ပြောင်
အမြှီးထောင်လို့
သန်းခေါင်ကျော်လို့ သန်းလွဲ
ကြယ်မှုန်ဖွဲဖွဲ
လရောင်မွဲမွဲအောက်မှာ
ဧရာဝတီပေါ်က လှေငယ်တစ်စင်း
အင်းဝဘက် တဖြည်းဖြည်းချဉ်းကပ်
ယင်းရဲငူ ကျောက်ဆောင်ဆိပ်မှာ
ရိပ်ခနဲ ခုန်ပျံလွှား
ဗိုလ်တက်ပြားဆိုတဲ့ ပစ္စည်းမဲ့ရွှေတိုက်စိုး
မိုးလင်းမှ စစ်ကိုင်းကိုပြန်
သူ့နည်း သူ့ဟန်နဲ့ တော်လှန်ရေးလုပ်
ဟုတ်ကဲ့ ---
ကျွနု်ပ် ဦးညွတ်လိုက်ပါတယ်။

စစ်ကိုင်း--- တဲ့။
သူတော်စင်တွေနဲ့အတူ
သတ္တိခဲတွေနေတဲ့မြို့ပေါ့။

တရားလည်းဖက်
ဓါးလည်းထက်တဲ့ စစ်ကိုင်း
သူ့သမိုင်းသူဖြတ်ကျော်
သူရဲကောင်းတို့ တိုက်ပွဲပျော်
အတိတ်ခေါ်သံကြားမိရဲ့။

စစ်ကိုင်းတံတားထိပ်
တိတ်တဆိတ်ရပ်မိ
တလှပ်လှပ်ရင်ခုန်သံ
ရဲဘော်သိန်းတန်ကို သတိရ
မှူးသမိန်ကို တမ်းတ
ဗိုလ်ကျင်မောင်ကို အမှတ်ရ
ရဲဘော်ဋ္ဌေးကို လွမ်းရ
နောင်ရိုးတင်ဝင်းကို လွမ်းတ --- ။

စစ်ကိုင်း--- တဲ့။
ကဗျာကရိုဏ်း
စာကသိုဏ်းနဲ့
ဆရာမှိုင်းတဖွဖွ
ချစ်ခဲ့ရတဲ့ မြို့ပေပ။

စစ်ကိုင်းမှာခေါင်းချ
ရှင်မဟာသီလဝံသရဲ့ အုတ်ဂူဘေး
ငါရပ်ရင်း ငေးမိ ---

ကဗျာဆရာဝိညာဉ်
မင်းဝံတွင်ခို
ရွှေကိုင်းသားကို လှုပ်နိုး
ဦးဘိုးသင်းရဲ့ ရုပ်ပုံလွှာ
မဟာဆွေရဲ့ အပြုံးမျက်နှာ
ညောင်ပင်သာ ဦးပုည
ဆုံးမစကားသံသဲ့သဲ့လေး
သြော် --- ကိုအေးလွင်ရယ်
လွမ်းလိုက်တာ --- ။

စစ်ကိုင်း--- တဲ့။
ကာလများရိုင်းတဲ့အခါ
အရူးမီးဝိုင်းလည်း ခံခဲ့ရဖူးရဲ့။

ရေကြီးခဲ့---
ငလျင်လှုပ်ခဲ့ ---
မီးလောင်ခဲ့ ---
ပြီးတော့ ---

ခတ္တာငုံဖူး ဝါခေါင်ဦး တစ်ညနေမှာ
ဖက်ဆစ်တွေ ဘီလူးစီး
ကျီးတွေပြို ခွေးတွေအူ ---

တစ်မြို့လုံးလည်း ကျွတ်ကျွတ်ဆူ
ထူပါရုံငို ---
ရွှေသာလျောင်းငို ---
စစ်ကိုင်းကောင်းကင်ပြိုကျခဲ့ --- ။

နောက်ကြည့်ကျွန်းဆိုတဲ့အမည်ဟောင်း
အလောင်းကြည့်ကျွန်းလို့ ပြောင်းခဲ့ရ
ကာလမကောင်း ခေတ်ခယောင်းကို
လှည့်စောင်းကြည့်မိ
သတိရရင်း
စစ်ကိုင်းဟာ မျက်ရည်ကျတယ်။

စစ်ကိုင်း--- တဲ့။
လောကဓံရဲ့ မိတ်ဆွေရင်းကြီးပေါ့။

ဘဝကိုမကျေနပ်
လောကကြီးကို မကျေနပ်
သည်းအူပြတ်မျှ ခံစားရတဲ့အခါ
ထုံးရယ်၊ ဗမာဆေးရယ်၊ ဒေါသရယ်
သောကနဲ့အတူ ကွမ်းယာထဲ ထည့်ဝါး
စစ်ကိုင်းသားတွေ ကွမ်းစွဲသွားပေါ့။

သဘာဝဘေးဒဏ်
အသဘာဝဘေးဒဏ်
စစ်ဘေးနဲ့ စစ်ဒဏ်
စစ်ကိုင်းသားတို့ အံကြိတ်ခံ
စစ်ကိုင်းဝိညာဉ် အမြဲရှင်သန်

စစ်ကိုင်း---တဲ့။
အမြဲတမ်း ပြုံးနေတဲ့ မြို့ပါပဲ။
လောကဓံတရားနဲ့
ခပ်ခါးခါးလေးကြုံရရင်
မတုန်မလှုပ် ကွမ်းလေးမြုံ့
ငုံ့နေတဲ့ခေါင်း ပြန်မော့
ကြော့ကြော့လေးပြုံးနေတဲ့ စစ်ကိုင်း
သမိုင်းဆရာတွေမျက်ရည်ဝိုင်းလောက်တယ်။

စစ်ကိုင်း--- တဲ့။
ပျော်ပျော်နေသေခဲတဲ့ သူရဲကောင်း
တိုက်ပွဲပေါင်းက သိန်းရာထောင်

ဒီလိုနဲ့ ---
အသက်တစ်ထောင် ပြည့်တော့မယ်။

မင်းသစ်
(၉- ၉ - ၁၉၈၈ စစ်ကိုင်းအရေးတော်ပုံ ၂၅ နှစ်မြောက်အမှတ်ရ -)

အက်ပီဂရမ် (epigram) = မော်ကွန်းကဗျာငယ်
ကလိုင်းမစ်(ခ်)(စ်) ( climax) = ဇာတ်လမ်းအထွတ်အထိပ်

#မဟေသီမဂ္ဂဇင်း - ၂၀၁၃ ခုနှစ်၊ သြဂုတ်လ၊ စာမျက်နှာ (၁၂၆)

မြစ်များစီးဆင်းတဲ့ အကြောင်း-----------------------------------------                                   မောင်အောင်ပွင့်“စ...
01/04/2020

မြစ်များစီးဆင်းတဲ့ အကြောင်း
-----------------------------------------
မောင်အောင်ပွင့်

“စိန်လောရင့်မြစ်ဟာ ရေပဲ
ပြီးတော့
မစ္စစ္စပီမြစ်ဟာ ရွှံ့နောက်ရည်တွေ
ဒါပေမယ့်
သိမ်းမြစ်မှာတော့ သမိုင်းအရည်တွေဗျို့”။
၁၉ရာစု နိုင်ငံရေးပညာရှင် ဂျွန်ဘန်း
သူ့မြစ်ဝှမ်းကနေ ကြွားဝင့်လိုက်တာ
ငါ သဘောတူတယ်

ကိုယ့်ပြည် ကိုယ့်မြစ်ကို ကိုယ်ချစ်လို့
ပျစ်ပျစ်နှစ်နှစ် ပြောထည့်ဝံ့တာ
ငါ သဘောတူတယ်

ဂျွန်ဘန်း ပြောခွင့်ရှိတာ
ငါ သဘောတူတယ်

ငါဟာ
ဒို့တွေချစ်တဲ့ ဧရာဝတီမြစ်ဝှမ်းက
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ယောင်ထုံးမှာ
ဂင်္ဂါမြစ်ဝှမ်းသား မဟတ္တမဂန္ဒီဂျီးရဲ့
နံရိုးပြိုင်းပြိုင်းတွေကြားမှာ
ယုတ်စွဆုံး
မယ်နံချောင်းဖရား မြစ်ဝှမ်းသား
ဘုရင် ဘူမိဘောရဲ့ နှာခေါင်းဖျားက
ကျလုဆဲ ချွေးတစ်စက်မှာ
သူတို့ရဲ့
တိုင်းပြည်နဲ့ လူမျိုးအပေါ် အချစ်စိတ်တွေ
တဖိတ်ဖိတ် ပြိုးပြက်လင်းလက်နေတာ
ငါ အခါခါ ပူဇော်မိပါရဲ့

ဂျွန်ဘန်းခင်ဗျား
မြစ်တိုင်းဟာ သမိုင်း အရည်တွေပါဗျ။

ဂျွန်ဘန်းခင်ဗျား
ကစ်ပလင် ကဗျာထဲက
“ခေါင်းတစ်ရာ သင်္ချိုင်း”ကံဆိုးရွာရှိခဲ့ရာ
ကျုပ်တို့မြစ်ဝကျွန်းပေါ်က
ပေပင်မော်ချောင်းကလေးဟာလည်း
သမိုင်းအရည်တွေနဲ့ စီးဆင်းနေဆဲပါ။

“တကယ်လို့သာ
ကိုယ်ခန္ဓာအတ္တဘောကြီးကို
တဖြည်းဖြည်းနဲ့ အခွှံနွှာသလို နွှာကြည့်လို့
နောက်ဆုံးနွှာလို့ မရတော့တဲ့
အစိတ်အပိုင်းကို ရောက်ရင်
၀ိညာဉ်ဆိုတာကို တွေ့ရလိမ့်မယ်ထင်တယ်”။
ညီတော်အာနန္ဒာ(လာခြင်းကောင်းသောအရှင်)

ဘဝကူးပြောင်းမှု အယူအဆ
ဂင်္ဂါမြစ်ဝှမ်း ဟိန္ဒူတွေက စခဲ့
ဗုဒ္ဓပွင့်တော်မူတော့ ခေတ်စားနှင့်လှပြီ
ဗုဒ္ဓကိုယ်တော်တိုင်
“အနေက ဇာတိ သံသာရံ” အစချီ
ကနဦး ကျူးရင့်ပြီး
“ယေဓမ္မာ ဟေတုပ္ပ ဘာဝါ” ချီ
အကြောင်းအကျိုးတရားကို ဖွင့်ဆိုတော်မူ
“အတ္တမှ အနတ္တသို့” တရားဟောကြားနေချိန်
ယေရုရှလင်ကို
“နဲဘူချဲနဲဇာ”က သိမ်းပိုက်ချိန်
(ဆုံးရှုံးသထက် ဆုံးရှုံးရလွန်းလို့ နောက်ဆုံးမှာ
အလုံးစုံ ပျက်သုဉ်းကိန်းဆိုက်
သဲကန္တရကြီး ဖြစ်သွားရတဲ့)
နိနဲဗဲဟာ မဲဒဲ လက်ထဲကျသွားချိန်
မာဆေးလိကို
ဖော်ကာယန်တို့တည်ထောင်ချိန်
လူ့သမိုင်းစဉ်နဲ့ နှိုင်းဆတော့
ဟိန္ဒူဒီအယူအဆနဲ့ ခေတ်သစ်သိပ္ပံပညာ
ကဏ္ဍကောဇ ဖြစ်ကြတာ
သိပ်မှ မကြာသေးဘဲ
ဒီအရင့်အရင်
ကမ္ဘေကမ္ဘာက စီးဆင်းလာခဲ့တဲ့
ဒီမြစ်ကြီးတွေ
ဆက်လက်စီးဆင်းနေဆဲ စီးဆင်းမြဲလေ။

“ဣတ္တိ၀င်္က နဒီဝင်္က” သံကြားရတိုင်း
ငါအော့ချင် အံချင်ဖြစ်ရ

မြစ်တို့ဟာ
သဘာဝအလျောက် ကွေ့ကောက်နေလို့သာ
ရေတံအလျောက် တဖြောင့်တည်းဆိိုရင်
ရေစီး ညင်သာပါတော့မလား
ရေစီးကြမ်းရင်
မြစ်ကမ်းပါးတွေ ခံနိုင်ပါမလား
ယဉ်ကျေးမှု အနုပညာတွေ တာရှည်ပါမလား

တူးမြောင်းနဲ့မြစ် အတူတူ မချစ်နိုင်ဘူး

အို မြစ်တို့ ……
ကွေ့ကောက်ညင်သာ စီးဆင်းမြဲစီးဆင်းပါ
အိုမြစ်တို့……..
မာယာ လှပ ပြမြဲပြပါ။

ရောဟီနီမြစ်မှာ
ရေလုပွဲစစ်ကြီး ဖြစ်မယ့်ဆဲဆဲ
ဗုဒ္ဓတားတော်မူနိုင်ခဲ့ရဲ့

ရေနံကြောင့်တဲ့လား
အကြမ်းဖက်ဆန့်ကျင်တာတဲ့လား
ဘာကြောင့်ပဲ ဖြစ်ဖြစ်
အခု ၂၁ ရာစု အဝင်
တီဂရစ်မြစ်မှာ စစ်ဖြစ်ခဲ့ပြီ
တောရိုင်းကောင်ရဲ့ သွားစွယ်
ခြေသည်းလက်သည်း အားကိုး အမူအကျင့်ပေပဲ
ဒါကို မရှောင်လွဲနိုင်ကြတာ
ကမ္ဘာကြီး အဖြစ်ဆိုးပ

ဒီတီဂရစ်မြစ်မှာပဲ
၁၃ ရာစု မွန်ဂိုဘုရင် ‘ဟူလာလူ’
မင်းမူ ထင်တိုင်းကျဲတုန်းက
မင်လက်ရေး စာပေအမွေတွေကို
မြစ်ထဲချ ဖျက်ဆီးပစ်လိုက်တာ
မြစ်ရေတွေ ပြာနှမ်းကုန်ရောတဲ့လေ

ဂျွန်ဘန်းခင်ဗျား…..
မြစ်တိုင်းမှာ သမိုင်းအရည်တွေပါဗျ။

မင်းကွန်းမြစ်ကမး်စပ်က
ပန်ချီဆရာတွေရဲ့ ဂယ်လာရီမှာ
တစ်ည အိပ်တုန်း
သန်းခေါင်းသန်းလွဲ အချိန်မတော်ကြီး
မြစ်ရေစီးထဲ
မျောပါသွားတဲ့ မိန်းမသံတွေ
ကယ်ပါယူပါ တစာစာ ငရဲပွက်ညံ
ပန်းချီဆရာ ‘ညမင်းကျော်’ ပြောပြမှ
မိန်းမတွေ
ဖောင်စီးကြရတဲ့ အဖြစ်ပါလား

ငါ
အတွေးတွေနဲ့ အိပ်မရတော့ဘူး
မန့်ချ်ရဲ့ ‘အော်သံ’ ထဲက
ကြောက်လွန်းလို့
လူပုံပျက်သွားတဲ့လူနဲ့
သူမတို့ ပေါင်းအော်ဟစ်သံ
ငါ့ရင်ထဲပွက်ဆူ
ခြေလှမ်းမှာ လှေထမ်းပြန်ရတဲ့
ရှေးဟောင်း
ဗေါ်လဂါ မြစ်ရိုးက ပန်းချီကားထက်
ခုခေတ်
ဧရာဝတီ အဖြစ်ဆိုးလှချည့်။

မင်းကွန်းအောက်နား ရွာတစ်ရွာကနေ
ရေစုန်လေဆန်ခရီး
မန္တလေးကို
လှေစီးပြန်တဲ့ ညနေဆည်းဆာ
တိမ်တွေ လှချင်တိုင်းလှနေ
ကမ်းပါးတွေ ပြိုချင်တိုင်းပြို
လှေဝမ်းကို
လှိုင်းတွေ တဗျန်းဗျန်းပုတ်
ဒီခဏ ငါ စိတ်ကူး ကွန့်မြူး
လှေဦးကို မျက်နှာမူ ထရပ်
စောင်းသမဆီက စောင်းကိုယူ
ငါ့ဦးထိပ်ပေါ် ကန့်လန့်တင်
စောင်းကြိုးရှိသမျှ အကုန်
တပြိုင်တည်း တရစပ် ဒီလိုတီးခတ်သံ
လေနတ်သားပဲ စွမ်းနိုင်တော့မပေါ့
သဘာဝအလှ သံစဉ်ကို
ငါခံစားမူးယစ် နေတုန်း
မိန်းမသားတွေ ကျွက်ကျွက်ဆူကုန်ကြ
ဦးရှင်ကြီးကို ကြောက်ရသတဲ့
‘အဘိုး’ ကိုကြောက်ရသတဲ့
လှေမှောက်မှာ ကြောက်ကြသတဲ့လေ

ခုနက ငါ့ ခံစားမူးယစ်တာလေး
ကြောက်တတ်တာကို ကြောက်ပြီး
ထွက်ပြေးသွားပေါ့
လူတွေကြောက်နေဖို့က
ပိုအရေးကြီးသလား မက္ခရာဗီလီ
ဖလောရင့်မြို့သားတွေကတော့
ခင်ဗျာ့ကိုယ်မှာ
မာရ်နတ်ကိုယ်နံ့ နံဟောင်တယ်တဲ့ဗျ။

“အန္တရာယ် အပေါင်းတို့အနက်
အကြီးဆုံး အန္တရာယ်ဟာ
ကြောက်ခြင်း ဖြစ်တယ် ”
အရှင်သိဒ္ဓိတ္ထ (လာခြင်းကောင်းသောအရှင်)

မောင်တင့်တယ် မောင်နှမ
ဖိုကျင်ထိုးသတ်ခံရတဲ့စကားပင်ကို
တကောင်းဘုရင်က
ဧရာဝတီမြစ်ထဲ
ကြောက်ဆေးအဖြစ် မျှောချလိုက်လေရဲ့၊
ပုဂံရောက်တော့
သေလည်ကြောင်ဘုရင် ဆယ်တင်
သူ့သရပါတံခါးဝမှာ
ပန်းပုထု ပြထားပြန်ရော

ဟော အခု
မြစ်ဝှမ်းသားတွေရဲ့
အိမ့်ဥရည်တိုင်မှာ
ရှတ်ပန်းနီ အုန်းဆွဲ
ကိုးကွယ်ရာ ဖြစ်နေပေါ့

လူတွေ ကြောက်နေဖို့က
ပိုအရေးကြီးသလား မက္ခရာဗီလီ
ဘယ်သူ့အတွက် ဒါလောက်
အကြောက်ခိုင်းနေရတာလဲ မက္ခရာဗီလီ။

ဒို့မြစ်ဝှမ်းသားတွေ
တောစောင့်နတ် တောင်စောင့်နတ် အိမ်စောင့်နတ်
မကောင်းတစ်ကျိပ် နှစ်ပါး
ကောင်းတစ်ကျိပ် နှစ်ပါး
ကိုယ်စောင့်နတ်နဲ့
ရိုးရာ နတ်အပေါင်းကို
ကျောချမ်းအောင် ကြောက်ကြ ၊
သူတို့ကြောက်ကြမှာပဲ
ကြောက်ဆေးကို
မြစ်ကြီးထဲ ဖျော်တိုက်တယ်
မကြောက်ဆေး ဆိုလို့
လက်ဖက်ရည်ဇွန်း တစ်ဝက်စီလောက်
ဘယ်သူ ဘယ်တုန်းက
တိုက်ကျွေးဖူးလို့လဲဗျာ။

မက္ခရာဗီလီရဲ့ အဆိုကို
အခုပဲ ငါ ပြောင်းပြန်လှန်ပစ်မယ်

ကြောက်နေဖို့ထက် ချစ်ဖို့က ပိုအရေးကြီးတယ်
ကြောက်နေဖို့ထက်
ချစ်ဖို့က ပိုအရေးကြီးတယ်
ကြောက်နေဖို့ထက်
ချစ်ဖို့က ပိုအရေးကြီးတယ်

မြစ်တွေချောင်းတွေကိုတောင် ငါချစ်တယ်
သူ့တို့အမည်တွေ တန်းစီရွတ်လိုက်ရင်ကို
ငါ့ရင်ထဲ ကဗျာ ဖြစ်သွားရော

ဧရာဝတီ ၊ သံလွင်၊ ချင်းတွင်း ၊ စစ်တောင်း ၊ လှိုင် ၊
ပန်းလှိုင် ၊ တိုး ၊ပြန်မလော့ ၊ငဝန်း ၊ မူး ၊မန်း ၊
ပင်း ၊ မိုးမခ စတဲ့ဒီအမည်တွေကို
ဘယ်သူ စတင်ပေးခဲ့လဲ

ဒီမြစ်ဝှမ်း ဒီချောင်းတွေက
ပြည်သူတွေပဲ ပေးခဲ့မှာပေါ့
အိုမြစ်ဝှမ်းသားတို့
အိုပြည်သူတို့
မက္ခရာဗီလီကို ဆန့်ကျင်ကြ
မက္ခရာဗီလီကို ဆန့်ကျင်ကြ။

ယူနန်နယ်
‘ကိုကိုးနော’ ရေအိုင်ကြီးပတ်လည်ဟာ
ဒို့လူမျိူးတွေရဲ့ နေရင်းဒေသတဲ့လေ
စစ်ရဲ့ အကြိမ်ကြိမ် ဖိစီးမှုဒဏ်က
ကင်းဝေးရာ တပြေးတည်း ပြေးကြရ
ဒါကြောင့်
အနှစ်နှစ်ထောင် ယဉ်ကျေးမှု နောက်ကျရ
သမိုင်းက အခိုင်အမာ ဆိုတယ်
နတ်ထိပ်တောင်ကြား သိတယ်
ကျောက်ဆည် လွင်ပြင်သိတယ်
ဟုတ်ပါရဲ့ ၊ အခုထိ ဒို့လူမျိုးတွေ
လက်နဲ့ပယ်ပယ်နယ်နယ်ကိုင်
ထမင်းစားနေကြရတုန်း
လက်ချောင်းလေးတွေ
တစ်ချိန်လုံး အအေးမိနေရ
…………………………………………။

ယန်းပေါဆတ်ကို
ပြင်သစ်ပြည် သူ့ မြစ်ဝှမ်းမှာမွေး
နောင်တော့
သူကိုယ်တိုင်ပဲ မြစ်ကြီးတစ်စင်းဖြစ်
သူ့“အတ္တအမှန်ဝါဒ”ပင်လျှင်
မြစ်ကြီးတစ်စင်းဖြစ်
သူ့တရားစီးကြောင်းတွေ
“နံရံ”ကို ဖောက်ထွက်
အတ္တလန်တစ် ကမ်းနှစ်ဖက်သာမက
တစ်ကမ္ဘာလုံးကို ကွန်ယက်ဖြာစီးသွား
ဗာတိကန် တားမြစ် မာတိကာစာရင်း
ဘာ တတ်နိုင်သေးလဲ

လူကို ထာဝရဘုရားက ဖန်ဆင်းတာလား
ထာဝရဘုရားကို လူက ဖန်ဆင်းတာလား
မြစ်တွေက မေးဝံ့တတ်ပလေ။

အီတလီမြောက်ပိုင်းနဲ့
ရိုင်းမြစ်အရှေ့ဘက်ကမ်းက
မြို့တွေကို သိမ်းယူနိုင်တုန်းကတော့
“ဒါဟာ မြေမှာကျနေတဲ့
ပြင်သစ် သရဖူကြီးကို
ငါ့လက်သုံးတော်ဓားနဲ့ ကောက်ယူခဲ့တယ်”လို့
ကြုံးဝါး ဟိန်းဟောက်နိုင်မပေါ့
ဥရောပ မြေပုံကိုလိပ်
သူ့ကုတ်အင်္ကျီအိတ်ထဲ
ထည့်ပစ်နိုင်တဲ့ နပိုလီယံ ဘိုနာပတ်ပေါ့
……………………………………………
အီတလီ အာနိုမြစ်ပေါ်က ဖလောရင့်မြို့သား
မိုက်ကယ် အိန်ဂျလိုရဲ့ အနုပညာ
ကမ္ဘာတည်သရွေ့ မြဲတယ်

အနုပညာလက်ရာတွေနဲ့
ထုံမွှမ်းနေတဲ့ ဖလော့ရင့်မြေ
တစ်လက်မလောက်ကိုမှ
ဗုံးဒဏ် မခံရစေလို့
ကမ္ဘာစစ်တုန်းက ကြေညာခဲ့ရ
ဒါ အနုပညာရဲ့ အရိပ်အာဝါသပဲ

အနုပညာဟာ မတ်ေတာ
မတ်ေတာဟာ အနုပညာ
အိုအနုပညာ
မေတ္တာတန်ခိုးတွေ
ကမ္ဘာကို ဖြန့်အုပ်မိုးပါ။

စပိန် သူ့မြစ်ဝှမ်းမှာ ပီကာဆိုကို မွေး
ပီကာဆိုက ငြိမ်းချမ်းရေး ချိုးဖြူကိုမွေး
အပြာရောင်ခေတ်
ပန်းရောင်ခေတ်နဲ့
ဂွာယာနီကာတို့ကိုမွေး
မြစ်ဟာ မွေးဖွားရှင်သန်ခြင်းပဲလေ။

အဲဒီမြစ်တွေမှာ
ပွင့်မျောရိပ် ရှိတယ် အလှတရားရှိတယ်
ယဉ်ကျေးမှု အနုပညာတွေ ရှိတယ်
“ဗေါ်လဂါမှ ဂင်္ဂါသို့”
လူသားရဲ့ သမိုင်းရေစီး ခရီးရှည်ကြီး။

မြစ်မှာ ဗေဒါပန်း ရေကြင်ဆွေရှိတယ်
တေးသံချိုလွင်ရှိတယ်
မိုးလေထန်တုန်း အားမာန်ရှိတယ်
၀ဲပျံ ၀ဲကတော့
၀ဲမှာ အမျိုးမျိုးရှိတယ်
အဲဒီကမှ “၀ဲသြဂသံသရာ” စကားလုံး ရတယ်
အဲဒီကမှ
အဘိဓမ္မာတရား အငြင်းပွားစရာတွေ ရတယ်

ဒီတော့
မြစ်တွေ ကောက်ကွေ့တာ လှပပြီး
လူတွေ ကောက်ကွေ့တာ မလှပေဘူး။

တစ်ခါတော့
မုန်းချောင်းအတိုင်း
ကျောင်းတော်ရာကို ရောက်သွား
“ဘူးသီး”ရွာထိပ်မှာ
သိပ်နာမည်ကြီးနေတဲ့ ငါးကြီးတွေလေ
ပေါက်ပေါက်ဆုပ်တွေ ပစ်ချရင်
သူ့တို့ပါးစပ်ပေါက် ၀လုံးကြီးတွေ
(အစာမက်လေ ပိုကျယ် ပို၀ုိင်းစက်လေ
ဒီလို ဘဝကို ခုံမင်တပ်မက်တာ
ကြည့်လို့တယ်ကောင်း)

ဒီငါးကြီးတွေဟာ
၀ါပင် ၀ါထွက်ကို အတိအကျ သိကြသတဲ့လေ
ငါးစာကျွေးလို့ ငါးတွေ ရောက်လာတာလား
ငါးတွေလာလို့ ငါးစာကျွေးကြတာလား

ဒီနေရာဟာ
ဆရာတာရာ့ ဘိုးဘေးဘီဘင်တို့ ဒေသ
“မုန်းမှ ကာလီဖိုးနီးယားသို့” ကဗျာ
အခု ပြန်ဖတ်ချင်မိ
ဆရာခင်ဗျား
မုန်းလူ့အဖွဲ့အစည်းနဲ့
ကာလီဖိုးနီးယား လူ့အဖွဲ့အစည်း
ယဉ်ကျေးမှုချင်း
ဝေးသင့်တာထက် ပိုဝေးလွန်းနေသလားလို့။

သုံးဆယ်တစ်ဘုံ မယုံဘူးလားတဲ့
တမလွန်ဘ၀ မယုံဘူးလားတဲ့

“ဒီမဟာ စကြာဝဠာထဲမှာ
နေက ကောင်းကင်ဘုံမှာ
သိမ်းမြစ်က ဒီမြေကမ္ဘာမှာ
ဒါ သေချာတဲ့တရားပါဗျာ”လို့
ဆာဝေါလ်တာစကော့ရဲ့ စကား
ခဏ ငှားသုံလိုက်ဖူးရဲ့
ငါသေချာတာကို ယုံချင်တယ်
ယုံကြည်တာကို သေချာချင်တယ်။

နွေဦးသန့်မှ မြစ်သန့်တယ်
နွေဦး သန့်ပါသလား
မိုးဦး ဆောင်းဦးကော သန့်ပါသလား

မြစ်ဝှမ်းသားတွေက
သောက်ရေကို
မြစ်လယ်ထွက် ခပ်ရင် တော်သေးရဲ့ သိကြတယ်။

ငါဟာ မြစ်တစ်စင်း ဖြစ်တယ်
ငါ့ကမ်း ၀ဲယာတစ်လျှောက်
ဥယျာဉ်တွေ ဖြစ်တယ်
စိုက်ပျိုးမြေတွေ ဖြစ်တယ်
ကဗျာတွေ ပွင့်တယ် သီးတယ်
ထပ် ပြောတယ်
ငါဟာ မြစ်တစ်စင်း ဖြစ်တယ်။ ။

မောင်အောင်ပွင့်

(ပိတောက်ပွင့်သစ်၊ မတ်လ၊ ၂၀၀၇)

ငါးရိုးနင်တဲ့ ငွေလမင်း______________________မောင်အောင်ပွင့်ဆာကလည်း  ဆာလောင်မြို ့လယ်ခေါင်လရောင်တောင် မရှိ ။ကောင်းကင် မော...
01/04/2020

ငါးရိုးနင်တဲ့ ငွေလမင်း
______________________
မောင်အောင်ပွင့်

ဆာကလည်း ဆာလောင်
မြို ့လယ်ခေါင်
လရောင်တောင် မရှိ ။

ကောင်းကင် မော်ကြည့် မှ
ဟောဟို ့ တိုက်အမိုးပေါ ် မှာ
ထိုးထိုးထောင်ထောင် အပြိုင်အဆိုင်
တီဗီတိုင်တွေ ရှုပ်ရှက် ခတ်
လ မျက်နှာ အရိုးနင်ပုံ
မြင်ရုံ နဲ ့မော
တော ပဲ ပြန် ချင် ပါတော့ တယ် ။

၂၈ ၄ ၁၉၈၉
ကောင်းကင်တော်တမ်းခြင်း

01/04/2020

အသံအက်သွားတဲ့ခေါင်းလောင်းလေး
————————————————
မအိ

ရောင်စုံပန်းခြင်းတစ်ခု. .
စတုတ္ထတန်း ကျောင်းသား/သူများ ကောင်းမှု
အဖူး အငုံ
ပွင့်ရုံ ပွင့်ချပ် ၊ ပွင့်ချပ်ညှိုးရော်
သော်က ဇီဇဝါ၊ စကြာ ပုဏ္ဏရိတ်
သွယ်ချိတ်ကုံးယှက်၊ မျက်ရည်စက်တွေနဲ့
သူ့အတွက်လေ . . . ။

ဖိနပ်မဲ့ခြေဖဝါး၊ မေးခိုင်ပိုးစားခြင်း
ထင်းရှူးသားသေတ္တာ၊ လဲလျောင်းစရာ . . . ။
သွားပေဦးတော့ကွယ် . . .
ဘုန်းကြီးအိုတစ်ပါးထံ၊ ဝတ္ထုငွေငါးကျပ်နှံအပ်
သရဏဂုံ ဆည်းကပ်လေ. . .
ကောင်းရာ ဘုံဘဝရောက်ပါစေ . . . ။

အမိကို ကူ . . .
အဖကို ကူ . . .
အပူမျှ ယူ. . .
ခဲတံမဲ့ သူ. . .
စာအုပ်မဲ့ သူ. . .
မုန့်ဖိုးမဲ့ သူ. . .
အလှူငွေ မထည့်နိုင်သူ. . .
အပူအားလုံး ငြိမ်းပေါ့။

သေတ္တာဖုံးရိုက်ပိတ်၊ လျှာအဆိပ်သင့်
ရင်နင့်နေခိုက်၊ ရှိုက်သံ တစ်ချက် တစ်ချက်
"သံစူးသတဲ့ . . . တော်တို့ရေ. . . "
အကြော်သည်အမေ မြေလူးလေရဲ့။

စာသင်ခန်းမ နောက်ဆုံးတစ်နေရာ
လစ်ဟာနေမှာ. . .။

ကျောင်းခေါ်ကြိမ် စာရင်း
မင်းနာမည် ကျော်ဖတ်ရတော့မှာ . . .။

လေ့ကျင့်ခန်းစာအုပ်
တစ်အုပ်လျော့သွားမှာ. . .။

ခုံပေါ် မတ်မတ်
ရပ်ရမယ့် ပြစ်ဒဏ်
မင်းဝိညာဉ် မခံစားစေတော့. . .။

" သင် သွားလိုရာ . . . သွားနိုင်သည် . . . "
မကြားဝံ့ဝံ၊ နှုတ်ဆွံ့ ရှိုက်ငင်. . .
တစပြင် အထွက်
နှောင့်ယှက်ဆဲ အသံတွေ၊ မနက်ဖြန် နံနက်
ကျောင်းအတက်မှာ၊ ဆရာမလက်
ခေါင်းလောင်းအထိုး ခက်ပေလိမ့်။ ။

မတ်လတော်လှန်ရေး- ဒဂုန်တာရာမိုးကုပ်ကုပ်ဝယ်အို- ရုတ်တရက်၊ မျဉ်းဖြူစက်၍ကွဲအက်ကြောင်းရာ၊ ဟ.... ဟ.... လာပြီးမိုးပြာကိုဖြတ်၊ ပ...
01/04/2020

မတ်လတော်လှန်ရေး- ဒဂုန်တာရာ

မိုးကုပ်ကုပ်ဝယ်
အို- ရုတ်တရက်၊ မျဉ်းဖြူစက်၍
ကွဲအက်ကြောင်းရာ၊ ဟ.... ဟ.... လာပြီး
မိုးပြာကိုဖြတ်၊ ပတ္တမြားရည်
စီးလည်အဟုန်၊ နီမြန်းကုန်သည်
အာရုဏ်ပေါ်စ ဝိုးတဝါး။

မှုန်မွှားမွှားလျှင်
ဝိုးဝါးတိတ်ဆိတ်၊ ကြယ်ရောင်ရိပ်ဝယ်
မြစ်ဆိပ်နှင့်လည်း၊ မနီးမဝေး
ချောင်းရိုးဘေးမှ၊ ဖြေးဖြေးညှင်းညှင်း
လှေတစင်းထက်၊ တောတွင်းသားပျို
ဖျဉ်လက်တိုနှင့်၊ ကိုယ်ကိုဝပ်၍
စိုက်စိုက်ရွေ့သည်၊ ခြောက်သွေ့မြက်ထုံး
ကောက်ရိုးဖုံးလျက်၊ ကွယ်ပုန်းဝှက်လာ
ယူကာလက်ထောက်၊ အလျားမှောက်သည်
လှေအောက်ဝမ်းမှ စက်သေနတ်။

အမှောင်ရိပ်ဝယ်
မှေးမှိတ်ငြိမ်သက်၊ ချောင်းကွေ့ထက်တွင်
အုပ်ယှက်ထွေးရော၊ သင်ပေါင်းတော၏
နောက်ကျောစေးပျစ်၊ သောင်ရေစစ်မှ
ဖက်ဆစ်ကင်းစောင့် စစ်စခန်း။

ချောင်းကိုကွေ့သော်
တွေ့လျှင်တွေ့ချင်း၊ မြေငူရင်းသို့
ချဉ်းကပ်လှော်ကာ၊ နီး၍လာလျှင်
အသာရုတ်ချင်း၊ တိတ်ဆိတ်မင်းကို
ဖြိုခွင်းပြင်းထန်၊ သေနတ်သံသည်
မြစ်ယံ ပဲ့တင် ထပ်သတည်း။

ငွေလရောင်လျှင်
အမှောင်ညရိပ်၊ သေးသေးစိပ်သား
မိုးထိပ်တိမ်မော်၊ ငြိမ့်ငြိမ့်ပေါ်သည်
စန္ဒော်ပြုံးလှည့်၊ ငုံ့ကာကြည့်ရှင့်
ထွန်းသည့်ညဉ့်ခါ၊ ထိန်ထိန်သာသော်
ကျယ်စွဝန်းလျား၊ လယ်ကွင်းနားမှ
တောဖျားညို့အုပ်၊ မှိတ်တုတ်တုတ်လျှင်
ယိမ်းလှုပ်ပြကာ၊ မီးအိမ်ဝါနှင့်
အာကာပြာမှိုင်း၊ တွဲလွဲဆိုင်း၍
ဖြူဝိုင်းစက်စက်၊ ဆင်းလာသက်မှ
လက်လက်ရောင်ထင်၊ ကျသွင်သွင်သည်
လေယာဉ်ပေါ်မှ စစ်ရိက္ခာ။

ရှာတရှာကား
မှိုင်းပြာမဲညို့၊ မီးရှို့လောင်ကျွမ်း
တင်းဝင်ရမ်းကြောင့်၊ ပရမ်းပတာ
ထွက်ပြေးရှာရ၊ လဟာသွေ့သွေ့
ခိုးငွေ့ဝေဝေ၊ မီးလောင်မြေမှ
နွမ်းခွေပျောင်းယဲ့၊ ညင်းလေဖွဲ့က
သဲ့သဲ့ခွေးဟောင်သံတကား။

ခရေပွင့်လျှင်
ကြွေရင့်ဝါဝါ၊ မြေ၌မှာလျှင်
ရောကာပေါင်းရှက်၊ ဟောင်းသစ်ရွက်နှင့်
တ၀က်မောင်းနီ၊ ဝေ့လည်လည်ကို
လေချီသုတ်ဖြူး၊ နီဝါကူးသည်
နွေဦးပေါက်မို့ ယော်ရွက်ကြွေ။

ရင့်ကြွေညောင်းသည်
ရွက်ဟောင်းစွန့်ပစ်၊ ဘ၀သစ်သို့
သနစ်ပြောင်းမည်၊ ဖူးသစ်မီသည်
အနီထဲမှကြယ်ဖြူပွင့်။

ဒဂုန်တာရာ
{တာရာမဂ္ဂဇင်း၊ ၁၉၄၇}
[ဒဂုန်တာရာ၏ဒဂုန်တာရာ နှင့် သူ၏ကဗျာ၊ စာအုပ် ဒုတိယနှိပ်ခြင်း၊ ၁၉၆၇ မှ ကူးယူဖော်ပြပါတယ်။]

01/04/2020

အခုအချိန်နဲ့လည်း ကိုက်ညီနေတဲ့
ဆရာတင်မိုးရဲ့ ကဗျာတစ်ပုဒ်
ဆရာတင်မိုးထိုင်းနိုင်ငံ ဘန်ကောက်ရောက်ခိုက် ရေးဖွဲ့ခဲ့တဲ့ ကဗျာပါ...

“ဘုရားသာရှိ တရားမရှိ”

ဆီလုံရပ် ဆွစ္စလော့ဂ်ျမှ
အသော့မြန်စွာ ထွက်ခွာသိမ်း
စန့်ဂျိမ်းဟိုတယ်ပြောင်းခဲ့တယ်။

ဆုခုမ်ဗစ်လမ်းတဲ့
ယောက်လမ်းနဲ့ခပ်ဆင်ဆင်
အာရှအသွင်ဆိုင်တန်းကလေးတွေ
လမ်းနံဘေးမှာခင်း
ထမင်းအ၀စား
တက္ကဆီကားတွေ ဆိုင်ကယ်တွေနဲ့
မြိုင်လယ်ဗွေမှာ သစ်ပင်ပန်းမာလ်
ဝေဆာဆာ
ပျော်စရာစခန်းပါပဲ။

ကောင်းကင်လမ်းမှာ ရထားပြေး
အများငေးရတဲ့ အင်ပိုရီယမ်
ဆူညံညံ ကားသံတွေကြားထဲ
သမီးလက်တွဲ မြေးလက်ဆွဲလို့
မရဲတရဲနဲ့ လမ်းဖြတ်ကူး
မရောက်ဖူးတဲ့ဒေသမို့
ဆွေပြ မျိုးပြ အလည်ထွက်သလိုပါ။

အရှေ့တောင်အာရှမှာ
မြန်မာက နောက်ကျန်
ရန်ကုန်က သေးနုပ်
သိဂုင်္တ္တရ ကုန်းမြေပေါ်က
ရွှေတိဂုံစေတီတော်သာ မရှိခဲ့ရင်
ဇာတိပျောက် မာန်ပျောက်
ခေါက်ရိုးကျေ ကျပ်တန်နွမ်းလို
မျက်နှာပန်းလှနိုင်မှာမဟုတ်။

ရွှေတိဂုံနဲ့ ပုဂံ
မြန်မာမှာ ကျန်သေးလို့
ဇာတိမာန်မစို့တစို့
နှစ်ချို့ကလေးတွေ့နိုင်သေးတယ်
ခေတ်အရေးမှာတော့
တစ်မပြေးနိုင်တော့ပါတကား။

အလျှံတောက်နေတဲ့
ဘန်ကောက်ဆိုတဲ့မြို့ကြီး
စစ်မီးလဲမလောင်ဖူး
စစ်ရူးတွေလဲ မလွှမ်းမိုး
ရှေးရိုးပဒေသရာဇ်
ဘုရင်စနစ်ပင်ဖြစ်သော်လဲ
ဒီခေတ်မှာအမှီလိုက်
အကြည်ဆိုက်နေနိုင်မှုကြောင့်
သာဓုခေါ်ခဲ့ရပါတယ်။

ဗုဒ္ဓဘာသာနိုင်ငံချင်းတော့ တူပါရဲ့
ကံကြမ္မာမတူတော့
မြန်မာဟူသမျှ မှေးမှိန်
ဂုဏ်သိက္ခာ သေးသိမ်ပြီး
ခွေးအိမ်မှာ စံရတဲ့အဆင့်ပါကလား။

ငါတို့မြန်မာနိုင်ငံ
သယံဇာတ ပေါကြွယ်၀
ဥတုရာသီကလဲမျှတ
စိတ်နေလဲ လှပါရဲ့။
ဘဝပေး ကုသိုလ်
ဘာတွေများလိုနေလို့
မပုတိုက နသိုးမွေး
အကုသိုလ်ကအကျိုးပေးနေရပါလိမ့်။

ဘုရားသာရှိပေမဲ့
အမှားအတိနဲ့
တရားမရှိတဲ့နိုင်ငံရယ်လို့
အမှန်အတိုင်း မှတ်ချက်ချကြလျှင်
ဒေါသအမျက်
ခံနိုင်ခက်ကြလေမလား မသိ။ ။

တင်မိုး
၃၁၊ ၁၊ ၂၀၀၁

★ သူ သ ာ ရှိ လျှ င် ★☆ သူသာရှိလျှင်သူ၏နိုင်ငံ ကြမ္မာကံကိုစီမံလိမ့်မည် ဖန်တီးမည်ဟုပြည်သူတိုင်းက ယုံကြည်ကြ၏။☆ သူသာရှိလျှင်...
01/04/2020

★ သူ သ ာ ရှိ လျှ င် ★

☆ သူသာရှိလျှင်
သူ၏နိုင်ငံ ကြမ္မာကံကို
စီမံလိမ့်မည် ဖန်တီးမည်ဟု
ပြည်သူတိုင်းက ယုံကြည်ကြ၏။

☆ သူသာရှိလျှင်
သူ၏ပြည်ဖွား ဆင်းရဲသားတို့
ဝတ်စားနေမှု ကျန်းမာမှုနှင့်
သိမှုတတ်မှု ယဉ်ကျေးမှုကို
ဂရုစိုက်မည် စောင့်ရှောက်မည်ဟု
ပြည်သူတိုင်းက ယုံကြည်ကြ၏။

☆ သူသာရှိလျှင်
သူ၏ဥာဏ်စွမ်း ကိုယ့်အစွမ်းသည်
သူ့ဝမ်းသူ့ခါး သူ့မယားနှင့်
သူ့သားတွက်ပေ မဟုတ်လေဘဲ
သူနေထိုင်သည် သူ့တိုင်းပြည်တွက်
သူ့ပြည်နေရာ သူ့ကမ္ဘာတွက်
မေတ္တာဓါတ်ခံ အပင်သန်လျက်
အားမာန်ထုတ်မည် ဦးဆောင်မည်ဟု
ပြည်သူတိုင်းက ယုံကြည်ကြ၏။

☆ သူသာရှိလျှင်
သူ၏ပြည်အား ကျူးစော်ကားက
အသားအသွေး သက်စတေးလျက်
ပြည်ရေးဆောင်မည် ကာကွယ်မည်ဟု
ပြည်သူတိုင်းက ယုံကြည်ကြ၏။

☆ သူသာရှိလျှင်
သူ၏ပြည်တွင်း တစ်တွေးချင်းသို့
စစ်ခင်းသည့်ပွဲ ပြီးပြတ်စဲဖို့
လက်တွဲလက်ချိတ် ညီနောင်စိတ်ဖြင့်
ပွဲတိတ်စေမည် ဖြေရှင်းမည်ဟု
ပြည်သူတိုင်းက ယုံကြည်ကြ၏။

☆ အရုဏ်တတ်တွင် တိုက်ပွဲဝင်ခိုက်
သူလျှင်ကျဆုံး တစ်ပြည်လုံးက
ယူကျုံးမရ ဖြစ်ခဲ့ရလည်း
သူကရှေ့ဆောင် မီးတန်ဆောင်သည်
ထွန်းပြောင်နေဘိ လင်းတုန်းရှိ၍
သူ၏ကိုယ်စား သူ့စိတ်ထားက
ညွှန်ကြားလိမ့်မည် ခေါင်းဆောင်မည်ဟု
ပြည်သူတိုင်းက ယုံကြည်ကြ၏။ ။

တင်မိုး
၁၁-၁၂-၁၉၆၅

ဖန်မီးအိမ်၏အတ္ထုပ္ပတ္တိ*******************ဆေးလိပ်လည်းတို  နေလည်းညိုပြီငါ့ကိုပြန်ပို့ကြပါလေ တဲ့သူတောင်းဆိုခဲ့ဖူးတယ်။     ...
01/04/2020

ဖန်မီးအိမ်၏အတ္ထုပ္ပတ္တိ
*******************

ဆေးလိပ်လည်းတို နေလည်းညိုပြီ
ငါ့ကိုပြန်ပို့ကြပါလေ တဲ့
သူတောင်းဆိုခဲ့ဖူးတယ်။ ။

ခုခါတော့ကို
ဆေးလိပ်တို၍ နေညိုချိန်မှာ
ကိုယ့်အိမ် ကိုယ့်ရာ ပြန်လိုပါသည့်
ကဗျာစာဆို အဘိုးအိုသည်
အိမ်ကို မပြန်နိုင်တော့ပြီ။

သူရှိစဉ်က
ဤလောကဝယ် ရောင်စဉ်သွယ်ညီး
ဖန်အိမ်မီးနှင့် ခရီးလမ်းပြခဲ့ဖူးသည်။

ဖန်မီးအိမ်ကလေး ပုလုကွေးနှင့်
ပန်းစျေးခင်းလည်း ကျင်းခဲ့သည်။

လှေတစ်စင်းနှင့် သီချင်းသည်ကလေး
လမင်းဘေးမှာ ကြယ်လေးတွေနှင့်ပျော်ဖူးသည်။

နှင်းဆီပွင့်ပေါ် သူအိပ်ပျော်၍
မျော်လင့်ချက်နှင့် အိပ်မက် မက်ကာ
ကဗျာစောင်းလေး တီးခဲ့သည်။

သံသာငြိမ့်ညောင်း ပုဂံကျောင်းက
ခေါင်းလောင်းထိုးကာ ငါတို့ရွာကို
ကဗျာဒါန ပြုခဲ့သည်။

စိမ်းညို့သာမော ကံ့ကော်တောမှာ
အမောဖြေကာ နေနားကာဖြင့်
အိပ်မက်ရွာကလေး တည်ခဲ့သည်။

ကန္တာရနှစ် သစ်ရွက်ရှိုက်ငင်
နွေဦးဝင်စ အခါကလည်း
သူ့အသည်းလွှာ အေးငြိမ်းစွာဖြင့်
ကဗျာတရားမြဲခဲ့သည်။

သြော်---------
ကြည့်စမ်းတော့ကွယ် ဖန်မီးအိမ်ငယ်
အလင်းသယ်(သည်)သည်
ဘယ်လေတိုက်တိုက် ခေါင်းမငိုက်ခဲ့
မှောင်မိုက်ကိုခွဲ အလင်းကြဲပက်
အရုဏ်တက်ကို စောင့်လျှက်ကြိုကာ
ဆီခွက်မီးစာ ကုန်လေပြီ။

ငါယုံကြည်သည်
အရုဏ်ကြိုလျှက် လမ်းတစ်ဝက်မှာ
ဆီခွက်မီးစာ ငြိမ်းရရှာလည်း
တို့ရွာထဲတွင် မီးအိမ်ရှင်၏
ရောင်စဉ်ထိန်ညီး ဖန်အိမ်မီးသည်
ခရီးဆက်လျှောက် ပန်းတွေကောက်ဖို့
ဝင်းလက်တောက်ပနေဦးမည်။ ။

သုလင်းဝေ

၂၃ ၁ ၂၀၀၇

(ဘဘတင်မိုး ဆုံးသည့် သတင်းကို RFA မနက်ပိုင်း အစီအစဉ်မှ ကြား ကြား ချင်း
ရေးခဲ့သည့် ကဗျာ)
ဤကဗျာဖြင့် မနက်ဖြန် ၂၈ ၁၂ ၂၀၁၆ နေ့ ဘဘ၏နောက်ဆုံးမြေချခရီးကို
ရိုသေမြတ်နိုးရှိခိုးကန်တော့အပ်ပါသည်။

ူရင်းရေးသားသူ

01/04/2020

မြန်မာ့သင်္ကြန်ပွဲ

ပိတောက်ပန်းပန်၊ ဤသင်္ကြန်၌
နိုင်ငံအေးမြ၊ ပြည်လုံးလှသည်
မြန်မာ့အခါတော်ပေကိုး။

စေတီဘုရား၊ ကျောင်းကန်သွားလျက်
တရားချမ်းသာ၊ အေးရိပ်ရှာ၍
နံ့သာလက်စွဲ၊ ပူဇော်မြဲတည့်
ရောင့်ရဲသီလ၊ စိတ်ကြည်မြသည်
မြန်မာ့အခါတော်ပေကိုး။

တို့ပြည်သူများ၊ ငွေဖလားနှင့်
ကစားရေပက်၊ သင်္ကြန်ရက်တွင်
အမျက်မရှိ၊ ပကတိပင်
မငြိမြူမြှေး၊ ချစ်ကြည်တေးတည့်
ညစ်ကြေးခွာချ၊၊ စိတ်နေလှသည်
မြန်မာ့အခါတော်ပေကိုး။

တင်မိုး
၁၉၇၈

Address

Monywa
001010

Alerts

Be the first to know and let us send you an email when POEM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to POEM:

Share

Category