03/08/2025
Michael Owen 110 over/
မိုက်ကယ်အိုဝင်ရဲ့ ကတ်ကို အကောင်းဆုံးသုံးနိုင်ဖို့အတွက် သူ့ရဲ့ pace နဲ့ positioning ကို အခြေခံပြီး တိုက်စစ်ဆင်ရပါမယ်။သူ့ကို အကောင်းဆုံးထောက်ပံ့ပေးဖို့ဆိုရင် ကွင်းလယ်တွေကနေ ဘောလုံးဖြတ်တင်ပေးဖို့ လိုအပ်ပါတယ်။
ကွင်းလယ်ကနေ ခံစစ်နောက်ကို ဖြတ်တင်ပေးလိုက်တာနဲ့ အိုဝင်က သူ့ရဲ့ positioning ကို သုံးပြီး နေရာကောင်းမှာ အသင့်ရှိနေပါလိမ့်မယ်။ pace ကိုသုံးပြီး ပြိုင်ဘက်ခံစစ်ကို ကျော်ကာ ဘောလုံးကို အရင်ဦးအောင်ယူပြီး ဂိုးသွင်းဖို့ အခွင့်အရေးရပါလိမ့်မယ်။
သူ့ရဲ့ Finishingက အရမ်းကောင်းတဲ့အတွက် ဂိုးဧရိယာထဲရောက်တာနဲ့ အခွင့်အရေးကို အလွယ်တကူ ဂိုးအဖြစ် ပြောင်းလဲနိုင်ပါတယ်။ ဘောလုံးကို Dribbling နည်းတာကြောင့် အကြာကြီးမကိုင်ထားဘဲ အမြန်ဆုံးကန်ဖို့ ဆုံးဖြတ်ပါ။
မိုက်ကယ်အိုဝင်က pace မြန်ပြီး finishingကောင်းတဲ့ One Of The Best Striker ပါ။ဘောလုံးကို အကြာကြီးမကိုင်ဘဲ၊ မှန်ကန်တဲ့အချိန်၊ မှန်ကန်တဲ့နေရာကို ဘောလုံးပေးဖို့ လိုပါတယ်။ အဲဒါမှသာ သူ့ကဒ်မှာပါတဲ့ ကိန်းဂဏန်းအစစ်ကို သုံးနိုင်ပြီး အသင်းအတွက် သွင်းဂိုးတွေ အများကြီးရှာပေးနိုင်ပါလိမ့်မယ်။
#အားလုံးpeace🤘
ညီကိုတို့ကြိုက်နှစ်သက်တယ်ဆိုရင် like&shareလေးနဲ့လဲ ကူညီပေးကြပါအုံးဗျာ။မနက်ဖြန် နတ်ဘုရားကြီးကဒ် တင်ပေးသွားပါမယ်။
Send a message to learn more