Two Brothers

Two Brothers Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Two Brothers, Shopping & retail, Mogok.

21/10/2021
20/10/2021

ယခုတစ်ခါဖော်ပြပေးမှာကတော့ Toyota Kluger ကားအမျိုးအစားတွေမှာ ဖြစ်တတ်တဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။ ကလူဂါရဲ့ရှေ့ပိုင်းက ....

13/10/2021
25/09/2021

ယာဉ်တစ်စီးရဲ့ကြံ့ခိုင်မှုလို့ ဆိုလိုက်တာနဲ့ ယာဉ်အောက်ပိုင်းကို အဓိကထား စစ်ဆေးရမှာပါ။ အဲဒီအောက်ပိုင်းတွေ....

23/09/2021

[Zawgyi]
ရိုးရိုးဂီယာမောင်းသူများ သိထားသင့်သော ကလပ်နှင့် ပတ်သက်သမျှ အကြောင်းအရာ💥💥💥
**********************************
အင်ဂျင်နှင့် ဂီယာဘောက်စ် ကြားတွင်ရှိသော ကလပ်အုံသည် အင်ဂျင်ဖလိုင်းဝှီးမှ လှည့်အားပါဝါကို ဂီယာဘောက်စ်မှတစ်ဆင့် Drive Wheel အထိရောက်အောင် ပို့ပေးသည်။
ဂီယာပြောင်းထိုးတိုင်း အင်ဂျင် နှင့် ဂီယာဘောက်စ်ကို အဆက်အသွယ် ဖြတ်ပေးသည်။

ကလပ်ပလိတ်ပြားတွင် ဖိုင်ဘာပြား (၂) ချပ်ကို Revit ဖြင့် ရိုက်ထား ပြီး ဖိုက်ဘာပြား မျက်နှာပြင်နှင့် ဖလိုင်းဝှီး မျက်နှာပြင်တို့ကြားတွင် ပွတ်မှုအားဖြစ်ပေါ်စေရန် Pressure Plate ပြားက စပရိန်တွန်းအားဖြင့် ဖိပေးထားသည်။

ယာဉ်မောင်းသူက ကလပ်ခြေနင်းတံကို နင်းလိုက်ပါက အပေါ်ကလပ်ဆုံမှ ဟိုက်ဒြောလစ်ဆီ(ဘရိတ်ဆီ)များသည် အောက်ကလပ် ဆုံသို့ဖိအားတစ်ခုဖြင့် ရောက်ရှိပြီး ကလပ်ထိုးတံကိုတွန်းသည်။
ထိုးတံမှ ကလပ်ဖောက်ကိုတွန်းသဖြင့် ကလပ် ဖောက်ကလည်း ကလပ်ဘောလ်ကို ဆက်တွန်းသည်။
ကလပ်ဘောလ် တွန်းအား သည် ကလပ်ဖင်းဂါးများပေါ်သို့ သက်ရောက်၍ စပရိန်ဖိအားကို လျှော့ချပေးသည်။

ထိုအခါကလပ် ပလိတ်ပြားသည် ဖရီးဖြစ်သွားပြီး အင်ဂျင်နှင့် ဂီယာဘောက်စ်အဆက် အသွယ်ပြတ်သွားသည်။
ဂီယာ ဘောက်စ် ဖရီးဖြစ်သွားပါက ယာဉ် မောင်းသည် ဂီယာထိုးရလွယ်ကူသွား သည်။
ဂီယာထိုးပြီးပါက ကလပ်ခြေ နင်းကို တဖြည်းဖြည်းချိန်၍ လွှတ်ပေး လျှင် အင်ဂျင်ဖလိုင်းဝှီးနှင့် ကလပ် ပလိပ် ငြိသွားပြီး ဂီယာဘောက်စ်နှင့် တစ်ဆက်တည်း ဖြစ်သွားမည်။

ကလပ်ပလိတ်အူတိုင်တွင် ဂီယာ ဘောက်စ်သပ်ရှပ်ကို စွတ်ထားသဖြင့် ကလပ်ပလိတ်လည်အားသည် ဂီယာ ဘောက်စ်သို့ရောက်ရှိသွားမည်။

ကလပ်ပလိတ်ပြားသည် ဖလိုင်းဝှီးမှန်ပြင်ပြားနှင့် Pressure ပလိတ်ပြားကြားတွင်ရှိပြီး စပရိန် ဖိအား သက်ရောက်ခံရသဖြင့် ပွတ်မှုအား (Friction) ဖြစ်ပေါ်ကာ အင်ဂျင် လည်တိုင်းလိုက်၍ လည်ပတ်နိုင်ခြင်း ဖြစ်သည်။

ကလပ်ပလိတ်ပြားမျက်နှာပြင်ကြားတွင်
အင်ဂျင်ဝိုင်၊
အမဲဆီ၊
ဂီယာဝိုင်စသောချောဆီတစ်မျိုးမျိုး ရောက်ရှိနေပါက ပွတ်မှုအားကျဆင်း ပြီး ကလပ်ပလိတ်လည်အားကျဆင်းကာ ကလပ်ချော်နေမည်။

ဖြစ်တတ်သော ကလပ်ပြဿနာများ
**************************

ကလပ်ကျခြင်း၊
ဂီယာထိုးရ ခက်ခြင်း
ကလပ်ခုန်ခြင်း၊
တုန်ခါခြင်း၊
ကလပ်ခြေနင်းတံ နင်းလိုက်လျှင် ထူးခြားသောအသံထွက်လာခြင်း
ကလပ်မာခြင်း၊
ပုံမှန်ကလပ် ခြေနင်းတံနင်းရသည်ထက် အားပိုမို စိုက်နေရခြင်း
ကလပ်ပျော့ခြင်း၊
ကလပ် ခြေနင်းတံ(၂) ချက်၊ (၃) ချက်ခန့် တော့နင်းမှ ဂီယာထိုး၍ရခြင်း
ကလပ်လွှတ်လိုက်လျှင် ကားဆောင့်ထွက်သွားခြင်း၊
ကလပ်နင်းထားသော်လည်း ဂီယာထိုး၍မရခြင်း။
ကလပ်စလစ်ဖြစ်ပြီး ကုန်းတက်တွင် မရုန်းနိုင်ခြင်း၊ ကလပ် ညှော်နံ့ထွက်လာခြင်း။
ကလပ်ပေါက်ခြင်း၊ ကလပ် မှေးနင်းထား၍မရခြင်း။
ကလပ်မိသော အခြေအနေ သည် ကလပ်ခြေနင်းတံ အပေါ်ဆုံး ထိပ်နားအထိရောက်နေခြင်း။

ကလပ်မကောင်းပါကယာဉ်မောင်းသူအား အနှောင့်အယှက်ဖြစ်စေသည်။ဂီယာပြောင်းတိုင်းစိတ်ညစ်ရသည်။ယာဉ်ကိုစိတ်တိုင်းကျထိန်းသိမ်းရခက်ခဲသဖြင့်အန္တရာယ်ဖြစ်နိုင်သည်။

ကလပ်ပြဿနာများကို ဖြေရှင်းခြင်း
*************************

မူမမှန်သော ကလပ်၏ရောဂါလက္ခဏာများကိုသတိထားသင့်၊ဂရုပြုသင့်သည်။ ရှေ့ပြေးလက္ခဏာများသည်ကလပ်ဒုက္ခပေးတော့မည့်နိမိတ်များဖြစ်သည်။ကလပ်၏ မူလသဘာ၀မှာအင်ဂျင်ဖလိုင်းဝှီးနှင့်ဂီယာဘောက်စ်ကိုညင်သာစွာချိတ်ဆက်ပေးရန်ဖြစ်သည်။

ကလပ်အလွှတ်ကြမ်းတမ်းလျှင် ကားတစ်စီး လုံးဆောင့်ထွက်သွားမည်။ ထိုသို့ ကြမ်းတမ်းစွာ ကလပ် လွှတ်မောင်း ခြင်း အလေ့အထ စတိုင်လ်သည် ကလပ်ပလိပ်ကို လျင်မြန်စွာပျက်စီး စေသည်။
ခရီးသည်တင်ဘတ်စ်ကားများ သည် တစ်စီးနှင့်တစ်စီး ပြိုင်မောင်း၊ လုမောင်းကြသဖြင့် ကလပ်ပျက်စီးမှု မြန်သည်။

အင်ဂျင်နှင့် ဂီယာဘောက်စ် ကိုညင်သာစွာချိတ်ဆက်သွားနိုင်ရန် ကလပ်ပလိတ်ပြားသည် မျက်နှာပြင် များကြားတွင် ချော၍ပွတ်ဆွဲပြီးမှ ကလပ်မိစေခြင်းဖြစ်သည်။

ကလပ်ခြေ နင်းတံကို ညင်သာစွာမှေးပြီးမှ လွှတ်ပေးလျှင် ကလပ်ပွန်းစားမှုသက်သာပြီး သက်တမ်းပိုရှည်မည်။
ကလပ်ပလိတ်ပြားတစ်ချပ်၏ အများဆုံးခံနိုင်၀န်အားထက် ပို၍ ထမ်းခိုင်းပါက Overload ဖြစ်ပြီး ကလပ်စလစ်ဖြစ်မည်။
ထို့နောက် ကလပ်ပလိတ် အပူလွန်ကဲပြီး ကလပ် ပလိတ်လောင်၍ပျက်စီးမည်။
ဖလိုင်း ဝှီးနှင့် ကလပ်ပလိတ်ကြားတွင် တစ် နည်းနည်းဖြင့် ချောဆီများ၀င်သွားပါ က ကလပ်ချော်မည်။
အင်ဂျင်ကရိုင်း ရှပ်ဝိုင်းဆီးမလုံလျှင် အင်ဂျင်ဝိုင်များ ယိုစိမ့်ပြီး ကလပ်အုံထဲရောက်သွားနိုင် သည်။
ဂီယာဘောက်စ်ဝိုင်းဆီး မကောင်းလျှင်လည်း ဂီယာဝိုင်များ စိမ့်ထွက်ပြီးကလပ်ပလိတ်သို့ဆီ ရောက်နိုင်သည်။

ကလပ်ပလိတ်တွင် အဆောင့် ဒဏ်ခံနိုင်ရန် စပရိန်များထည့်သွင်း တည်ဆောက်ထားသည်။ ကလပ် အသုံးကြမ်း၍ စပရိန်ကျိုးလျှင် စပရိန် အကျိုးသံစများသည် ဖလိုင်းဝှီးနှင့် ကလပ်ပလိတ်ပြားကြားတွင် ညှပ်နေ တတ်သည်။ ထိုသို့အကျိုးစညှပ်လျှင် ဂီယာထိုးရ ခက်ခဲစေသည်။
ကလပ်ဘောလ်သည် ကလပ် နင်းထားစဉ် ကလပ်ဖင်းဂါးများကို တွန်းဖိထားသည်။
ကလပ်ဘောလ်စားသွားပါက
အသံမြည်သည်။
တုန် ခါသည်။
ကလပ်ဘောလ်မကောင်း လျှင် ဒိုင်ရာဖရမ်စပရိန် (လင်ဘန်း ပြား) ကို ပွန်းစားပျက်စီးစေသည်။

ကလပ်ပလိတ် အသစ်လဲလျှင် ကျွမ်းကျင်သော ကား၀ပ်ရှော့ပ်၌သာ ပြသ သင့်သည်။ ဂီယာဘောက်စ်ချပြီးပါက ဖလိုင်းဝှီးမှန်ပြင် (ကျောက်ပြင်)ကို စစ်ဆေးပါ။
မျက်နှာပြင်များ လွန်စွာ စားနေလျှင် ဖလိုင်းဝှီးဖြုတ်ချပြီး မျက်နှာသစ်ပေးရမည်။
ဖလိုင်းဝှီး မှန်ပြင်ကို တွင်ခုံတွင်စက်ခုတ်စားပေး ခြင်းဖြစ်သည်။

ကရိုင်းရှပ်၊ မိန်းဝိုင်းဆီး ဆီယို မယိုစစ်ဆေးရမည်။
ဂီယာဘောက်စ်၊ သပ်ရှပ်ဘောလ် ထိပ်မှ ဝိုင်းဆီး ကောင်း မကောင်း၊ ဆီလုံ မလုံ စစ် ဆေးရမည်။
ကလပ်ဘောလ် ကလပ် ဖေါက် ကောင်း မကောင်း စစ်ဆေးရ မည်။
ကလပ်ဘော်လ်မကောင်းပါက အသစ်လဲပါ။
ကလပ်အုံ (ကလပ် ကာဘာဟုလည်းခေါ်သည်) ကောင်း မကောင်း၊
ဖင်းဂါးစပရိန်များ ကောင်း မကောင်းခုံပေါ်တင်၍ စမ်း သပ်စစ်ဆေးရမည်။
ဖင်းဂါးစပရိန် များ ကောင်းကောင်းအလုပ်မလုပ် လျှင် ကလပ်နင်းရသည်မှာလေးနေမည်။

အခြားဖြစ်တတ်သော ပြဿနာ များမှာ
****************************

ကလပ်အုံကိုတပ်ဆင်ထား သောဖလိုင်းဝှီးအထိုင် မူလီ (Bolt) တိုင်များ ချောင်နေခြင်း၊အင်ဂျင်နှင့် ဂီယာဘောက်စ်ကြားခံ ဖလန်းပြား အ ထိုင် Bolt & Nut များ ချောင်နေခြင်း၊ကလပ်အောက်ဆုံနှင့် ထိုးတံမကောင်း ခြင်း၊ကလပ်အပေါ်ဆုံမကောင်းခြင်း၊ကလပ်ဆီပိုက်လိုင်း ဆီမလုံခြင်းစသော ပြဿနာအားနည်းချက်များဖြစ်သည်။

ကလပ်ပလိတ်လဲလျှင်
****************

ဖြစ်နိုင်သောချို့ယွင်းအားနည်းချက်အားလုံး ကိုစစ်ဆေးပြီးအားလုံးကိုပြုပြင်ပါ။
အစားထိုးလဲပါ။
ကလပ်ပလိတ်၊ကလပ်အုံများတပ်ဆင်လျှင် အလိုင်းမင့်မှန်အောင်ချိန်ပါ။
ကလပ်အပေါ်ဆုံအောက်ဆုံဝါရှာများပါအသစ်လဲပါ။
ကလပ်ဆီလိုင်း၊ပိုက်ပျော့ကိုစစ်ဆေးပါ။ မကောင်းလျှင်အသစ်လဲပါ။

ဂီယာဘောက်စ်အထိုင် မောင်း တိန်းနှင့် အင်ဂျင်မောင်းတိန်းများ ပြတ်နေလျှင် တုန်ခါတတ်သည်။
အလိုင်းမန့်မမှန်ဖြစ်တတ်သည်။ အားလုံးပစ္စည်းစုံပြန်လည်တပ်ဆင်ပြီးပါ က ကလပ်ပြန်ချိန်ရသည်။
ဘရိတ်ဆီ အသစ်ထည့်ပြီး ဟိုက်ဒြောလစ်ဆီ လိုင်းတစ်လျှောက် လေခိုနေခြင်းလုံး၀ မရှိစေရန် လေရှုရမည်။
လေလုံးဝကုန်ပါက ကလပ်အကွာအဝေးထိုးတံ ချိန်ရမည်။
ထိုးတံထောက်နေ၍မရ။ ကလပ်ကြားလွတ်ကစားနိုင်မှု အနည်းငယ်ကျန်ရှိရမည်။

ကလပ်ထိန်းသိမ်းခြင်း
****************

ကလပ်ဆီပုံမှန်စစ်ဆေးပါ။ ရေရော၍မသုံးပါနှင့်။
ကလပ်ခြေနင်းတံကို ညင် သာစွာလွှတ်ပါ။ ကလပ်အသုံးကြမ်း လျှင် ကလပ်ပလိတ်အစားမြန်မည်။
နံပါတ်(၁)ဂီယာမထိုးဘဲဂီယာကျော်မထိုးပါနှင့်။
ကလပ်ကိုမနိုင်၀န်မထမ်းခိုင်းပါနှင့်။
ကားအရှိန်သတ်ရန်ဂီယာ ဒေါင်း၍ ကလပ်လွှတ်ပါများလျှင် ကလပ်ပလိတ်အစားမြန်မည်။
ရေကြီးရေလျှံသောလမ်းတွင်ဂီယာဘောက်စ်မြုပ်သည်အထိကားမောင်းခဲ့ပါကကလပ်ပလိတ်များရေစိုရေ၀င်သွားပြီးကလပ်ချော်မည်။
ကလပ်ပလိတ်ရေခြောက်သွားပြီးမှကားကိုဆက်သုံးပါ။

စက်နှိုးမော်တာမကောင်း၍၊ဘက်ထရီမကောင်း၍ကားကိုတွန်းနှိုးခြင်းသည်တစ်ခါတစ်ရံသာပြုလုပ်သင့်သည်။
ကားတွန်းနှိုးခြင်းသည်ကလပ်ပလိတ်ကိုပျက်စီးစေသည်။
ဘက်ထရီနှင့်မော်တာအမြဲကောင်းမွန်နေအောင်ထိန်းသိမ်းပြုပြင်ပါ။
ကလပ်ဝါရှာပေါက်၍အသစ်လဲရလျှင်အရည်အသွေးကောင်းဝါရှာကိုသုံးပါ။

ကြိုးကလပ်ဖြစ်ပါက ကေဘယ်လ်ကြိုးစစ်ဆေး၍ ချောဆီ ထည့်ပေးပါ။
ကေဘယ်လ်ကြိုးအစ လန်နေပါက မပြတ်မီ အသစ်တစ် ချောင်းလဲပါ။
ကားမောင်းနေစဉ် သင်၏ ခြေဖျားကို ကလပ်ခြေနင်းတံပေါ် တင်မထားပါနှင့်။
အင်ဂျင်စက်သံမြှင့်တင်ပြီး ကလပ်ကို ဆောင့်မလွတ်ပါနှင့်။
၀န်လေးပစ္စည်းများ၊ ကုန်းတက်လမ်းများတွင် No.1 ဂီယာ ဖြင့်သာ မောင်းပါ။.....
======================================================
(ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါသည်)

#မင်းသစ်ထူး (စက်မှု)
#မူရင်းရေးသားသူအားcreditပေးပါသည်။
us for

#ကားအကြောင်း #ဗဟုသုတ
#ရေဆေးဆီထိုး #ကားပြုပြင်မှုများဝေမျှရာ

[Unicode]

အင်ဂျင်ကရိုင်း ရှပ်ဝုိင်းဆီးမလုံလျှင် အင်ဂျင်ဝိုင်များ ယိုစိမ့်ပြီး ကလပ်အုံထဲရောက်သွားနိုင် သည်။
ဂီယာဘောက်စ်ဝိုင်းဆီး မကောင်းလျှင်လည်း ဂီယာဝိုင်များ စိမ့်ထွက်ပြီးကလပ်ပလိတ်သို့ဆီ ရောက်နိုင်သည်။

ကလပ်ပလိတ်တွင် အဆောင့် ဒဏ်ခံနိုင်ရန် စပရိန်များထည့်သွင်း တည်ဆောက်ထားသည်။ ကလပ် အသုံးကြမ်း၍ စပရိန်ကျိုးလျှင် စပရိန် အကျိုးသံစများသည် ဖလိုင်းဝှီးနှင့် ကလပ်ပလိတ်ပြားကြားတွင် ညှပ်နေ တတ်သည်။ ထိုသို့အကျိုးစညှပ်လျှင် ဂီယာထိုးရ ခက်ခဲစေသည်။
ကလပ်ဘောလ်သည် ကလပ် နင်းထားစဉ် ကလပ်ဖင်းဂါးများကို တွန်းဖိထားသည်။
ကလပ်ဘောလ်စားသွားပါက
အသံမြည်သည်။
တုန် ခါသည်။
ကလပ်ဘောလ်မကောင်း လျှင် ဒိုင်ရာဖရမ်စပရိန် (လင်ဘန်း ပြား) ကို ပွန်းစားပျက်စီးစေသည်။

ကလပ်ပလိတ် အသစ်လဲလျှင် ကျွမ်းကျင်သော ကား၀ပ်ရှော့ပ်၌သာ ပြသ သင့်သည်။ ဂီယာဘောက်စ်ချပြီးပါက ဖလိုင်းဝှီးမှန်ပြင် (ကျောက်ပြင်)ကို စစ်ဆေးပါ။
မျက်နှာပြင်များ လွန်စွာ စားနေလျှင် ဖလိုင်းဝှီးဖြုတ်ချပြီး မျက်နှာသစ်ပေးရမည်။
ဖလိုင်းဝှီး မှန်ပြင်ကို တွင်ခုံတွင်စက်ခုတ်စားပေး ခြင်းဖြစ်သည်။

ကရိုင်းရှပ်၊ မိန်းဝုိင်းဆီး ဆီယို မယိုစစ်ဆေးရမည်။
ဂီယာဘောက်စ်၊ သပ်ရှပ်ဘောလ် ထိပ်မှ ဝိုင်းဆီး ကောင်း မကောင်း၊ ဆီလုံ မလုံ စစ် ဆေးရမည်။
ကလပ်ဘောလ် ကလပ် ဖေါက် ကောင်း မကောင်း စစ်ဆေးရ မည်။
ကလပ်ဘော်လ်မကောင်းပါက အသစ်လဲပါ။
ကလပ်အုံ (ကလပ် ကာဘာဟုလည်းခေါ်သည်) ကောင်း မကောင်း၊
ဖင်းဂါးစပရိန်များ ကောင်း မကောင်းခုံပေါ်တင်၍ စမ်း သပ်စစ်ဆေးရမည်။
ဖင်းဂါးစပရိန် များ ကောင်းကောင်းအလုပ်မလုပ် လျှင် ကလပ်နင်းရသည်မှာလေးနေမည်။

အခြားဖြစ်တတ်သော ပြဿနာ များမှာ
****************************

ကလပ်အုံကိုတပ်ဆင်ထား သောဖလိုင်းဝှီးအထိုင် မူလီ (Bolt) တိုင်များ ချောင်နေခြင်း၊အင်ဂျင်နှင့် ဂီယာဘောက်စ်ကြားခံ ဖလန်းပြား အ ထိုင် Bolt & Nut များ ချောင်နေခြင်း၊ကလပ်အောက်ဆုံနှင့် ထိုးတံမကောင်း ခြင်း၊ကလပ်အပေါ်ဆုံမကောင်းခြင်း၊ကလပ်ဆီပိုက်လိုင်း ဆီမလုံခြင်းစသော ပြဿနာအားနည်းချက်များဖြစ်သည်။

ကလပ်ပလိတ်လဲလျှင်
****************

ဖြစ်နိုင်သောချို့ယွင်းအားနည်းချက်အားလုံး ကိုစစ်ဆေးပြီးအားလုံးကိုပြုပြင်ပါ။
အစားထိုးလဲပါ။
ကလပ်ပလိတ်၊ကလပ်အုံများတပ်ဆင်လျှင် အလိုင်းမင့်မှန်အောင်ချိန်ပါ။
ကလပ်အပေါ်ဆုံအောက်ဆုံ၀ါရှာများပါအသစ်လဲပါ။
ကလပ်ဆီလိုင်း၊ပိုက်ပျော့ကိုစစ်ဆေးပါ။ မကောင်းလျှင်အသစ်လဲပါ။

ဂီယာဘောက်စ်အထိုင် မောင်း တိန်းနှင့် အင်ဂျင်မောင်းတိန်းများ ပြတ်နေလျှင် တုန်ခါတတ်သည်။
အလိုင်းမန့်မမှန်ဖြစ်တတ်သည်။ အားလုံးပစ္စည်းစုံပြန်လည်တပ်ဆင်ပြီးပါ က ကလပ်ပြန်ချိန်ရသည်။
ဘရိတ်ဆီ အသစ်ထည့်ပြီး ဟိုက်ဒြောလစ်ဆီ လိုင်းတစ်လျှောက် လေခိုနေခြင်းလုံး၀ မရှိစေရန် လေရှုရမည်။
လေလုံးဝကုန်ပါက ကလပ်အကွာအဝေးထိုးတံ ချိန်ရမည်။
ထိုးတံထောက်နေ၍မရ။ ကလပ်ကြားလွတ်ကစားနိုင်မှု အနည်းငယ်ကျန်ရှိရမည်။

ကလပ်ထိန်းသိမ်းခြင်း
****************

ကလပ်ဆီပုံမှန်စစ်ဆေးပါ။ ရေရော၍မသုံးပါနှင့်။
ကလပ်ခြေနင်းတံကို ညင် သာစွာလွှတ်ပါ။ ကလပ်အသုံးကြမ်း လျှင် ကလပ်ပလိတ်အစားမြန်မည်။
နံပါတ်(၁)ဂီယာမထိုးဘဲဂီယာကျော်မထိုးပါနှင့်။
ကလပ်ကိုမနိုင်၀န်မထမ်းခိုင်းပါနှင့်။
ကားအရှိန်သတ်ရန်ဂီယာ ဒေါင်း၍ ကလပ်လွှတ်ပါများလျှင် ကလပ်ပလိတ်အစားမြန်မည်။
ရေကြီးရေလျှံသောလမ်းတွင်ဂီယာဘောက်စ်မြုပ်သည်အထိကားမောင်းခဲ့ပါကကလပ်ပလိတ်များရေစိုရေ၀င်သွားပြီးကလပ်ချော်မည်။
ကလပ်ပလိတ်ရေခြောက်သွားပြီးမှကားကိုဆက်သုံးပါ။

စက်နှိုးမော်တာမကောင်း၍၊ဘက်ထရီမကောင်း၍ကားကိုတွန်းနှိုးခြင်းသည်တစ်ခါတစ်ရံသာပြုလုပ်သင့်သည်။
ကားတွန်းနှိုးခြင်းသည်ကလပ်ပလိတ်ကိုပျက်စီးစေသည်။
ဘက်ထရီနှင့်မော်တာအမြဲကောင်းမွန်နေအောင်ထိန်းသိမ်းပြုပြင်ပါ။
ကလပ်ဝါရှာပေါက်၍အသစ်လဲရလျှင်အရည်အသွေးကောင်းဝါရှာကိုသုံးပါ။

ကြိုးကလပ်ဖြစ်ပါက ကေဘယ်လ်ကြိုးစစ်ဆေး၍ ချောဆီ ထည့်ပေးပါ။
ကေဘယ်လ်ကြိုးအစ လန်နေပါက မပြတ်မီ အသစ်တစ် ချောင်းလဲပါ။
ကားမောင်းနေစဉ် သင်၏ ခြေဖျားကို ကလပ်ခြေနင်းတံပေါ် တင်မထားပါနှင့်။
အင်ဂျင်စက်သံမြှင့်တင်ပြီး ကလပ်ကို ဆောင့်မလွတ်ပါနှင့်။
၀န်လေးပစ္စည်းများ၊ ကုန်းတက်လမ်းများတွင် No.1 ဂီယာ ဖြင့်သာ မောင်းပါ။.....
======================================================
(ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါသည်)

#မင်းသစ်ထူး (စက်မှု)

Address

Mogok

Telephone

+959401200072

Website

Alerts

Be the first to know and let us send you an email when Two Brothers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share