KSS & Alin Online Shop

KSS & Alin Online Shop မီုးကုတ် တိုက်ရိုက် live လေးပါ ယုံ ြကည်မူ 100%နဲ့ အားပေးလို့ရပါပီ

အပူလှိုင်းဖြတ်မယ်လို့ သတိပေးထားတာ စပါပြီ ‼️‼️‼️Southeast Asia နိုင်ငံအကုန်ပါပါတယ်။ ဆိုတော့ 6/7/8 သုံးရက်ကတော့ အပူဆုံးဖစ်...
03/04/2024

အပူလှိုင်းဖြတ်မယ်လို့ သတိပေးထားတာ စပါပြီ ‼️‼️‼️

Southeast Asia နိုင်ငံအကုန်ပါပါတယ်။ ဆိုတော့ 6/7/8 သုံးရက်ကတော့ အပူဆုံးဖစ်မယ်တဲ့။

🔥အပူချိန် 35°C - 37°C ကြားကို သုံးရက်ဆက်တိုက်ရပ်နေရင် Level -1

🔥 37°C ကနေ upper 40°C ထိတိုးလာရင် Level 2 danger ပါ ။

ကလေးငယ်‌ငယ်လေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ Pet တွေအထူးအထူးဂရုစိုက်ပါ။ နွေရာသီ ပူနေကြလိုမဟုတ်ပါဖူးနော်၊ ထပ်ပြောပါမယ်။ အခုတောင်လူတိုင်း Heat stroke ဖြစ်နေကြတယ်။ (လည်ပင်းနာ၊ အသံဝင်၊ ချောင်းဆိုး၊ နှာချေ၊ နှာစီး အဆက်မပြတ်၊ မျက်စိပူ ) အခုဒီမှာမီးပြတ်နေတော့ပိုတောင်ဆိုးမှာပါ။ ရုတ်တရက် ဦးနှောက်သွေးကြောပြတ်တာမျိုး အခန့်မသင့်ရင်လူငယ်၊ လူကြီးအရွယ်စုံဖြစ်တတ်တယ် မပေါ့ပါနဲ့နော်။

ဘာလုပ်သင့်လဲဆို ရေဘူးဆောင်ပါ။အေးစက်နေတဲ့ ရေခဲရေထက် ရိုးရိုးရေပိုကောင်းပါတယ်။ အရမ်းပူလာရင်တောင် ရေခပ်နွေးနွေး body pressure balance ဖစ်အောင် သောက်ပေးသင့်တယ်။ ရေခဏခဏသတိရတိုင်းသောက်ပါ။

အိမ်ကို လိုက်ကာကာပါ။
မနက် 10 - ညနေ 5 ကြားတကယ်ဆို ရေမချိုးပါနဲ့ ! ပူတယ်ဆိုပီးရေခနခနချိုးတာတွေစိမ်တာတွေ လုပ်မယ်ဆိုရင် ဆင်ခြင်စေချင်တယ်။

အဝတ်အစားချွေးစုပ်တာ ပေါ့ပါးတာ။
လေဝင်လေထွက်ရှိ အပူထွက်လွယ်တာဝတ်ပါ။
အသောက်အစားလေးခဏလျှော့ပါ။
Gym အပြင်းအထန်လုပ်တာလျှော့။
Sunglasses, sun cream 2-3 hours နေတခါ ထပ် on, ထီး၊ ဦးထုပ်မ‌ဖြစ်မနေဆောင်။
Aircon, fan directly အေးစက်အောင်မထားပါနဲ့။ အပြင်ရုတ်တရက်ထွက်မိရင် shock ရှိ။

အကောင်းဆုံးကတော့ မဖြစ်မနေကိစ္စကလွဲပြီး အိမ်ပြင်ထွက်ခြင်း၊ အပြင်ထွက်ခြင်းမျိုးရှောင်ကြ‌နော် ။

ချစ်တဲ့သူတွေကို share ပေးပြီး ဂရုတစိုက်သတိပေးပါ။

Take care all
ချစ်တဲ့
Pann Sabal

ရှိတယ်အဲ့ဒီလိုလူတွေ😌😌ရှောင်နေလိုက်ပါ မိတ်ဆွေ ....သူ့စိတ်ဓါတ်ကို ကိုယ်သိရပြီ ဆိုရင်တိုက်ရိုက် သွားမပြောနဲ့ ။မသိသလို နေပေး...
20/11/2023

ရှိတယ်အဲ့ဒီလိုလူတွေ😌😌
ရှောင်နေလိုက်ပါ မိတ်ဆွေ ....

သူ့စိတ်ဓါတ်ကို ကိုယ်သိရပြီ ဆိုရင်
တိုက်ရိုက် သွားမပြောနဲ့ ။
မသိသလို နေပေးပြီးတော့
နောက်ဆို ကိုယ်က ရှောင်နေလိုက်ပါ ။

သူ့အကျင့်ကို ရိပ်မိနေပြီမလား ?
သွားပြီး ပေါက်ကွဲမပြနဲ့ ။
မသိသလို နေပေးပြီး
နောက်ဆို ကိုယ်က ဆင်ခြင်လိုက်ပါ ။

နင်က ဘယ်လို ငါက ဘယ်လို ဆိုပြီး
စကားလုံးတွေနဲ့ စစ်တိုက်နေဖို့ မလိုပါဘူး ။

ရိုးသားချင်ယောင်ဆောင်နေတဲ့ သူ့အကြောင်းကို
ကိုယ်က နားလည်နေပြီမလား ?

ဆက်ပြီး အပေါင်းအသင်း မလုပ်နဲ့ ။
တဖြည်းဖြည်း ရှောင်နေလိုက်ပါ ။
ရှေ့ဆက်သွားရင် ကိုယ့်ကိုပါ
ထိခိုက်စေနိုင်တာမို့ပါ ။

တစ်ခါတစ်လေတော့
ကိုယ်သိတဲ့ အရာတစ်ခုဟာ
ကိုယ်စိတ်ထဲမှာ မှတ်သားထားဖို့ပဲ လိုတာပါ ။
လုံးဝ မပတ်သက် မဆက်ဆံရဘူးလို့
မပြောလိုဘူး ။

မဖြစ်သာလို့ ဆက်ဆံနေရအုံးမယ် ဆိုရင်လည်း
ကိုယ်ပေါင်း စိတ်ခွာနဲ့ ပေါင်းသင်းနိုင်ပါတယ် ။

ရိုးသားချင်ယောင်ဆောင်
သဘောကောင်းသလို ဟန်ပြ
ကွယ်ရာမှာ နောက်ကောက်ချနင်း
ကိုယ့်ရဲ့ မကောင်းသတင်းကို
အလံတလူလူ လို လေလွှင့်

ခွင့်ရရင် ရသလို ဖဲ့ညှစ်
အရာရာကို သူ့အပြစ် မဟုတ်ဘူးလို့
ဟန်ဆောင်ကာ မျက်နှာဖုံး စွပ်ထားတဲ့ လူမျိုးကို
ဒီတစ်သက် သင်တွေ့ဆုံခဲ့ရင်
ကင်းနိုင်သလောက် ရှောင်ဖယ်ကာ နေလိုက်ပါ ။

အသ်ိတယောက်ရေးထားတာလေးသဘောကျလို့ ဒီလောကမှာအမြဲဖြစ်နေတဲ့အရာပေါ့ high expectation ခေါ်မလား ဒါမှမဟုတ် မိုးကုတ်ပတ္တမြားနီလာတိ...
25/10/2022

အသ်ိတယောက်ရေးထားတာလေးသဘောကျလို့ ဒီလောကမှာအမြဲဖြစ်နေတဲ့အရာပေါ့ high expectation ခေါ်မလား ဒါမှမဟုတ် မိုးကုတ်ပတ္တမြားနီလာတို့ကို စိန်လောက်စျေးမရှိတဲ့ခပ်ပေါပေါကျောက်လို့ပဲထင်လို့လားမသိပေါ့ ၄-၅-၁၀ သိနိးဆိုရင်ကိုရှယ် ရပီထင်နေကြတာ ပတ္တမြား ၂ကလပ် အရည်လှလှ ၇၀-၈၀ ဆို စျေးများပီထင်ကြရော ရာကျော်ဆိုဟုတ်ရောဟုတိရဲ့လားဆိုပီးဖြစ်ကျတယိ
ဝယ်သူတဦးဆို လော့တက်တခုလာအပ်တာ စိန်ကိုကျတော့ သိန်း၇၀-၈၀ ဖိုးထည့်မယ်တဲ့စိန်ရွှေမနှမြောဖူး ကြိုက်သလောက်ချတဲ့ ပတ္တမြားကျ စျေးပေါပေါပဲထည့်ပေးပါတဲ့ ကိုယ်တော့နှမြောမိတာ ဝတ်ချင်တာက စိန်လော့ကတ်လား ပတ္တမြားလော့ကတ်လားပေါ့ စိန်လော့ကတ်ဆိုလည်းစိန်ကိုရှယ်သုံးပီးခတိ ပတ္တမြားလော့ကတ်ဆိုလည်း ပတ္တမြားလေးတော့စိန်ရွှေနဲ့ လိုက်အောင် နည်းနည်းကောငိးတာတော့သုံးပါလို့်အကြံပေးလိုက်ရတယ် ပီးကျောက်၃-၄လုံးစီးအသေးလော့လိုက်အထုပ်တွေ စျေးပေါပေါ နဲရောင်းရင် သူတို့အထင် အဲစျေးချိုအထုပ်ထဲက တပွင့်စီကိုအကုန်လဲ့လဲ့စင်ခေါင်ကျောက်လိုများထင်နေလားမသိဘူး တကလပ် တသောင်းကျော်တန်အနီအပြာအထုပ်ကိုမသန့်လို့တဲ့ . ရသင့်တာထက်ပိုလိုချငိတာလားသို့မဟုတ် စျေးကွက်အစားစားရှိတဲ့ ကျောက်ရဲ့သဘာဝကြောင့် စျေးနဲ့ကွာလတီကိုတွဲမသိလို့များလားမသိ ကျောက်အလွတ်ရောငိးတဲ့ကျွန်တော်တို့ကုန်သည်လောကမှာတော့ဖြစ်နေရတဲ့ပြသနာသေးသေးလေးပေါ့ ဘာရယ်မဟုတ်အားတုန်းဗဟုသုတအရမျှဝေလိုက်ပါတယ် ပေါချောင်ကောင်းဆိုတာလေးကျောက်လောကမှာသိပ်မျှော်လင့်ပါနဲ့ဂျင်းမိတတ်လို့ပါ
Copy ပါရှင်

အားလုံး save ထားကြနော် #မွေးရက်  #မွေးလ  #နေ့နံ အလိုက် အဆောင်ကျောက်များ အကြောင်း 💎--------------------------------------...
24/09/2022

အားလုံး save ထားကြနော်

#မွေးရက် #မွေးလ #နေ့နံ အလိုက်
အဆောင်ကျောက်များ အကြောင်း 💎
----------------------------------------------------

ဇန်နဝါရီ - ဥဒေါင်(garnet)
ဖေဖော်ဝါရီ - ခရမ်းစွဲ(amethyst)
မတ် - မြပြာ(aquamarine)
ဧပြီ - စိန်(diamond)
မေ - မြ(emerald) / ကျောက်စိမ်း(jade)
ဇွန် - ပုလဲ(pearl) / မျော (moonstone)
ဇူလိုင် - ပတ္တမြား (ruby)
သြဂုတ် - ပြောင်ခေါင်းစိမ်း (peridot)
စက်တင်ဘာ - နီလာ (sapphire)
အောက်တိုဘာ - ရွဲ (opal)
နိုဝင်ဘာ - ထပ်တရာ (topaz)
ဒီဇင်ဘာ - ဂေါ်မိတ်(zircon)

~~~~~~~~~~~~~ ~~~~~~~~~~~~~~

Date of gemstons(နေ့အလိုက်အဆောင်ကျောက်)
---------- -------
တနင်္ဂနွေ - ပတ္တမြား
တနင်္လာ - ပုလဲ
အင်္ဂါ - သန္တာ
ဗုဒ္ဓဟူး - မြ
ကြာသပတေး - ဥဿဖရား
သောကြာ - စိန်
စနေ - နီလာ
ရာဟု - ဂေါ်မိတ်

~~~~~~~~ ~~~~~~~~~~
မွေးရက်ဂဏန်းအဆောင်ကျောက်

(၁) ဂဏန်း - ဥဿဖရား/ ပယင်း
(၂) ဂဏန်း- ကျောက်စိမ်း/ ပုလဲ
(၃) ဂဏန်း- ဂေါ်မိတ်
(၄) ဂဏန်း- နီလာ
(၅) ဂဏန်း- စိန်/ ပလက်တီနမ်
(၆) ဂဏန်း- မြ
(၇) ဂဏန်း- ပုလဲ
(၈) ဂဏန်း- ပုလဲနက်/ စိန်နက်/ မဟူရာ
(၉) ဂဏန်း- ပတ္တမြား

နဝရတ်ကိုးပါး
----------------
" ပတ္တမြား ဘုန်းတောက်
မြကျောက် အေးချမ်း
စိန်စွမ်း ဂုဏ်ရောင်
ကြောင်ကား သိဒ္ဓိ
မဏိ နီလာ မေတ္တာလွန်စိတ်
ဂေါ်မိတ် စွမ်းအား
ဥဿဖရား ကျန်းမာ
သန္တာ ကြီးကဲ
ပုလဲ ကျက်သရေ
မဟူရာ ဆိပ်ပြေ/ကျန်းမာ
ကျောက်စိမ်း မင်္ဂလာ



ပတ္တမြားကို အရောင်ခွဲခြားလေ့လာနေသူများအတွက်မြန်မာစကားတော်တော် ရှုပ်ဆိုသလို ပတ္တမြားကို ကျောက်ရည်ကျောက်သားအရောင်သွေးကွာပြ...
15/09/2022

ပတ္တမြားကို အရောင်ခွဲခြားလေ့လာနေသူများအတွက်
မြန်မာစကားတော်တော် ရှုပ်ဆိုသလို
ပတ္တမြားကို ကျောက်ရည်ကျောက်သား
အရောင်သွေးကွာပြီးသန့်စင်မူ့ကွာရင်
တပွိုင့်နှစ်ပွိုင့်ကအစ ဈေးအဆပေါင်းများစွာကွာတယ်
ပတ္တမြားကိုအရောင်ခွဲတဲ့နေရာမှာ
မိုးကုတ်ဒေသခံတွေရဲ့အခေါ်ဝေါ်တွေကိုလဲနားလည်
သိရှိထားရမှာဖြစ်ပါတယ်

1. အချို ..အရောင်နုနေသော
labစစ်ချက်မှာ .....pink sapphire
စာသင်ရိုးညွန်းထဲအတိုင်းပန်းရောင်နီလာဖြစ်သွားသည်

2. ပန်းချို...ပန်းရေးရေးလေးဝင်သောအရောင်
labစစ်ချက်မှာ.... pink sapphire
စာသင်ရိုးညွန်းအတိုင်း ပန်းရောင်နီလာဖြစ်သွားသည်

3. ပန်းရည်...ပန်းရောင်ရှိသော
labစစ်ချက်မှာ pinkish red
ruby ပတ္တမြားဟုထွက်ရှိသည်

4. ပန်းထက်...ပန်းရောင်အနည်းငယ်များသော
labစစ်ချက်မှာ pinkish red
ruby ပတ္တမြားဟုထွက်ရှိသည်

5. ပန်းနီ .... ပန်းရောင်ရင့်ဖြစ်သော
lab စစ်ချက်မှာ redish pink
ruby ပတ္တမြားဟုထွက်ရှိသည်

6. ပန်းနီထက် .. ပန်းနီရောင်ဖြစ်သော
lab စစ်ချက်မှာ redish pink or red
ruby ပတ္တမြားဟုထွက်သည်

7.အရှိန်း .. မရင့်မဖျော့သောပန်းနီရှိသော ကြားအရောင်
lab စစ်ချက်မှာ pinkish red
ruby ပတ္တမြားဟုထွက်သည်

8. ရှိန်းထက် ပန်းနီထက်ပါဘဲ
ruby ပတ္တမြားဟုထွက်သည်

9.ခါးရှိန်း...နီသောအရောင်အနည်းငယ်များသော
lab စစ်ချင်မှာ pinkish red
ruby ပတ္တမြားဟုထွက်သည်

10. အနီထက်...နီသောအရောင်အနည်းငယ်ပိုသော
lab စစ်ချက်မှာ red
ruby ပတ္တမြားဟုထွက်သည်

11.လည်သီးရည် ..
အနီရောင်ဝင်သောလိမ္မော်ရောင်အနည်းငယ်ပါဝင်သော
ပန်းရောင်လဲပါဝင်သောအရောင်
lab စစ်ချင်မှာ red ruby ပတ္တမြားဟုထွက်သည်

12. ယုန်သွေး
နီရဲရဲတောက်၍အဝါရောင်အနည်းငယ်ပါရှိသော
lab စစ်ချက်မှာ vivid red
ruby ပတ္တမြားဟုထွက်သည်

13. ဝါနီသွေး .. ကတ္တီပါရောင်ကဲ့သို့
အနီရောင်အဝါရောင်ရောနှောပါဝင်နေ၍အနီထက်သော
lab စစ်ချက်မှာ vivid red
ruby ပတ္တမြားဟုထွက်သည်

14. ပန်းဝါသွေး အလွန်ရှားပါသည်
ဖြစ်တည်မူ့ဆန်းပြား၍အဝါရောင်ပန်းရောင်ရင့်
ရောစပ်မူ့တခုဖြစ်သော နိုင်ယှဉ်ရခဲသောအရောင်
vivid red ruby ပတ္တမြားဟုထွက်သည်

15. ခိုသွေး ပထမတန်းစားဈေးအမြင့်ဆုံး
အနီရောင်ကိုအပြာငွေ့ပါရှိပြီး
အနည်းငယ်မဲသယောင်ယောင်ဖြစ်နေသော
lab စစ်ချက်မှာ pigeon blood
ruby ပတ္တမြားဟုထွက်သည်
# crd

ကျောက်မျက်ဝေါဟာရများAmber       ပယင်းApatite.        နဂါးသွဲ့Beryl.      မြမျိုးကျောက်Aquamarine မြပြာ/စလင်းစိမ်း(မိုးကု...
14/09/2022

ကျောက်မျက်ဝေါဟာရများ
Amber ပယင်း
Apatite. နဂါးသွဲ့
Beryl. မြမျိုးကျောက်
Aquamarine မြပြာ/စလင်းစိမ်း(မိုးကုတ်အခေါ်)
Emerald မြ
Chalcedony
(agate) စေတီကျောက်
Chrysoberyl. မြောစိမ်း
Alexandrite. သုံးပန်လှ
Chrysoberyl cat's eye(yellow) သီလဂုတ်
Coral. သန်တာ
Corundum. အမာမျိုးကျောက်
Ruby. ပတ်တမွား
Sapphire. နီလာ
Colourless sapphire. နီလာဖြူ
Light blue/light yellow sapphire ဥဿဖယား
Yellow sapphire နီလာဝါ
Purple sapphire ဣန္ဒနီလာ
Star ruby. ပတ္တမြားဂေါ်ကြိုး
Star sapphire နီလာဂေါ်ကြိုး
Ruby & sapphire mixed in one ကျောက်ဆန်း
Danburite. ရွှေတွင်းဝါ
Diamond. စိန်
Diaopside. မိုးကုတ်မြ
Epidote. ကြံဆစ်ရည်ကျောက်
Enstatite. မြောစိမ်း
Feldspar ကြွေမျိုးကျောက်
Fluorite မိုးကုတ်ပုလဲပြာ
Garnet. ဥဒေါင်/ဇီး
Demantoid garnet ဥဒေါင်စိမ်း
Grossular garnet ပူတာအိုကျောက်စိမ်း
Hematite. ရေသံ
Iolite. အညံ့နီလာ
Jadeite. ကျောက်စိမ်း
Violet/purple jade ချွမ်
Kornerupine ရေဂေါ်မိတ်
Kyanite မိုးညှင်းနီလာ
Lapis lazuli ပါလဒုတ်ထာ
Moonstone မြော
Nephrite နယူးဇီလန်ကျောက်စိမ်း
Opal အိုပါယ်/ကျောက်ဆန်း
Peridot ပြောင်ခေါင်းစိမ်း
Phenakite သလင်းတူကျောက်
Pyrite ဗဟန်း
Quartz စလင်း/သလင်း
Amethyst ခရမ်းစွဲ/စလင်းစွဲ
Citrine စလင်းဝါ
Rose quartz ပန်းရောင်စလင်း
Blue quartz စလင်းပြာ
Milky quartz စလင်းဖြူ
Smoky quartz စလင်းညို/စလင်းမီးခိုး
Qtz cat's eye စလင်းကြောင်ကျောက်
Scapolite သူရောင်
Silimanite ထပ်ကျောက်
Spinel. အညံ့ပန်း/ပန်းညံ့
Spodumene ထပ်ကွာကျောက်
Topaz. ထပ်တရာ
Tourmaline ဖရဲအူ
Black tourmaline မဟူရာ/မှတ်မီး
Green tourmaline စောလဖေါ်မြ
Zircon ဂေါ်မိတ်/ဂေါ်မုတ်


💎ကျောက်မျက်တို့၏ ဝေါဟာရများ💎Almandine - ဂါးနက်အုပ်စုဝင်ကျောက်မျက်Sard - chalcedony မျိုးနွယ်ဝင်ကျောက်Bowenite - ဘိုဝင်နိ...
14/09/2022

💎ကျောက်မျက်တို့၏ ဝေါဟာရများ💎

Almandine - ဂါးနက်အုပ်စုဝင်ကျောက်မျက်
Sard - chalcedony မျိုးနွယ်ဝင်ကျောက်
Bowenite - ဘိုဝင်နိုက် ( jade နဲ့တူ jade ထပ်ပျော့ )
Amber - ပယင်း
Apatite - နဂါးသွဲ့
Beryl - မြမျိုးကျောက်
Aquamarine - မြပြာ/စလင်းစိမ်း(မိုးကုတ်အခေါ်)
Emerald - မြ
Chalcedony - ချက်စီတိုနင်
Agate/ Fire Agate - စေတီကျောက်
Chrysoberyl - မြောစိမ်း
Alexandrite - သုံးပန်လှ
Chrysoberyl cat's eye(yellow) - သီလဂုတ်
Coral - သန်တာ
Corundum - အမာမျိုးကျောက်
Ruby - ပတ်တမွား
Sapphire - နီလာ
Colourless sapphire - နီလာဖြူ
Light blue/light yellow sapphire - ဥဿဖယား
Yellow sapphire - နီလာဝါ
Purple sapphire - ဣန္ဒနီလာ
Star ruby - ပတ္တမြားဂေါ်ကြိုး
Star sapphire - နီလာဂေါ်ကြိုး
Danburite - ရွှေတွင်းဝါ
Diamond - စိန်
Diaopside - မိုးကုတ်မြ ( အရပ်အခေါ် )
Epidote - ကြံဆစ်ရည်ကျောက်
Enstatite - မြောစိမ်း
Feldspar - ကြွေမျိုးကျောက်
Fluorite - မိုးကုတ်ပုလဲပြာ
Garnet - ဥဒေါင်
Demantoid garnet - ဥဒေါင်စိမ်း
Grossular garnet - ပူတာအိုကျောက်စိမ်း
Hematite - ရေသံကျောက်
Iolike - အညံ့နီလာ
Jadeite - ကျောက်စိမ်း
Violet/purple jade - ချွမ်ကျောက်စိမ်း
Kornerupine - ရေဂေါ်မိတ်
Kyanite - မိုးညှင်းနီလာ
Lapis lazuli - ပါလဒုတ်ထာ
Moonstone - မြော
Nephrite - နယူးဇီလန်ကျောက်စိမ်း
Opal - အိုပါယ်/ကျောက်ဆန်း
Peridot - ပြောင်ခေါင်းစိမ်း
Phenakite - သလင်းတူကျောက်
Pyrite - ဗဟန်း
Quartz - စလင်း/သလင်း
Amethyst - ခရမ်းစွဲ/စလင်းစွဲ
Citrine - စလင်းဝါ
Rose quartz - ပန်းရောင်စလင်း
Blue quartz - စလင်းပြာ
Milky quartz - စလင်းဖြူ
Smoky quartz - စလင်းညို/စလင်းမီးခိုး
Qtz cat's eye - စလင်းကြောင်ကျောက်
Scapolite - သူရောင်/ မြောနီ ( Rare )
Silimanite - ထပ်ကျောက်
Spinel - အညံ့ပန်း/ပန်းညံ့
Spodumene - ထပ်ကွာကျောက်
Topaz - ထပ်တရာ
Tourmaline - ဖရဲအူ
Black tourmaline - မဟူရာ/မှတ်မီး
Green tourmaline - စောလဖေါ်မြ
Zircon - ဂေါ်မိတ်/ဂေါ်မုတ်/ ဂေါမုတ္တ
Hessonite - ဂေါ်မိတ်

ကိုယ်သိသလောက် ကျောက်မျက်တွေကို မြန်မာလိုနာမည်နဲ့တကွလေ့လာလို့ရအောင်ဖော်ပြပေးလိုက်ပါတယ်ရှင့်၊ နောက်သိလာလေးတွေရှိရင် ဒီ post ကို edit လုပ်ပြီး ဖြည့်ရေးပေးပါမယ်နော်၊ ဖတ်ရှုသူတိုင်း တန်ဖိုးကြီးတဲ့ကျောက်မျက်များစွာပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်

စာသားအားလုံး

11/09/2022

လာလည်ပါကွယ် ဖိတ်ခေါ်ပါတယ် ALin တို့ ထာပွဲဌာနေ🌹🌹🌹💐💐🌹

👉Spinel(အညံ့)အကြောင်း တစ်စေ့ တစ်စောင်း👈==============================Spinelဆိုတာ..မိုးကုတ်ဒေသမှာတော့..." အညံ့ "လို့ခေါ်ဆ...
10/09/2022

👉Spinel(အညံ့)အကြောင်း တစ်စေ့ တစ်စောင်း👈
==============================

Spinelဆိုတာ..မိုးကုတ်ဒေသမှာတော့..." အညံ့ "လို့ခေါ်ဆိုကြပြီး..တစ်ခေတ်တစ်ခါအချိန်ကာလတုန်းကတော့..နို့ဆီခွက်နဲ့ချိန်ပြီးရောင်းဝယ်ရလောက်အောင်ကို..ပေါများခဲ့ပါတယ်။

"အညံ့"ကို...တန်ဖိုးကြီးပြီးတန်းဝင်တဲ့ရတနာတစ်ခုအဖြစ်လည်းမသတ်မှတ်ခဲ့ကြပါဘူး။

"အညံ့"ကိုအရောင်းအဝယ်လုပ်သောသူများ၊ဝတ်ဆင်သောသူများကိုလည်း ...သီးခြားလူတန်းစားတစ်ရပ်အနေနဲ့ကိုမြင်ခဲ့ကြပါတယ်။

အချိန်ကာလတွေရွေ့လျားလာပြီး..ခုလိုတွင်းထွက်ရတနာတွေရှားပါးလာတဲ့အချိန်မှာတော့..အစားထိုးရတနာအဖြစ် ...ဈေးကွက်ထဲတစ်စတစ်စနေရာယူလာပြီး..ခေတ်စားလာခဲ့ပါပြီ။

===================================

♦️Spinel သည်အရောင်အမျိုးမျိုးရှိသော..ကျောက်မျက်ရတနာ တစ်မျိုးဖြစ်ပြီး...၎င်း၏အလွန်နက်ရှိူင်းသောအနီရောင်တို့သည်...ပတ္တမြားနှင့်အနီးစပ်ဆုံးဆင်သဖြင့်..ကျော်ကြားပြီး..ထိုကျောက်မျက်ရတနာနှစ်မျိုးကိုခွဲခြားရန်..ခဲယဉ်းခဲ့ပါသည်။

♦️အတော်များများပတ္တမြားဟု...ထင်မှတ်ထားခဲ့ကြသော..ရတနာများသည်..တကယ်တမ်းတွင်..Spinel ဖြစ်နေကြောင်း...‌နောင်တွင်မှလေ့လာသိရှိခဲ့ရပါတယ်။

♦️သာဓကအားဖြင့်..အင်္ဂလန်တော်ဝင်သရဖူ(အနက်ရောင်မင်းသား၏ပတ္တမြား)၏အဓိကကျသောနေရာတွင်ဖွဲ့စည်းထားသည့်..အလွန်ကြီးမားသောပတ္တမြားသည်..အမှန်တကယ်ပင်..Spinel ဖြစ်နေပါသည်။

♦️ရံဖန်ရံခါ တွင်..သူမတူထူးခြားသော..သမိုင်းဆိုင်ရာအရေးပါသည့်..လက်ဝတ်ရတနာပစ္စည်းများကို..အလွန်ဈေးကြီးစွာဖြင့်..လေလံတင်ရောင်းချလေ့ရှိပါတယ်။တောက်ပသော..Red Spinel ၁၁ပွင့်ပါ...စုစုပေါင်း၁၁၃၂ကရက်ရှိသော..လည်ဆွဲတစ်ခုအား..Mughalဧကရာဇ်မင်းမှ...ဒေါ်လာ၅သန်းကျော်ဖြင့်ရောင်းချခဲ့ဖူးပါသည်။

♦️ထိုအချက်များကလည်း...Spinel အားပိုမိုကျော်ကြားသွားစေပါသည်။

————————

တွေ့ရှိရာဒေသ

————————

♦️အထင်ရှားဆုံး..အရွယ်အစား၊အရောင်နှင့်အရည်သွေးရှိသော Spinelသည်..မြန်မာနိုင်ငံမိုးကုတ်မြို့မှဖြစ်ပြီး..အာဖဂန်နစ္စတန်၊ပါကစ္စတန်၊တန်ဇန်းနီးယားနှင့်မာဒါဂတ်စကာတို့မှလည်းထွက်ရှိပါတယ်။

—————————————

အရောင်နှင့်ပုံပန်းသဏ္ဍန်

—————————————

♦️အဖိုးတန်ဆုံးနှင့်နှစ်သက်ဖွယ်ကောင်းသောSpinelအရောင်မှာ..နက်ရိူင်းသောသွေးနီဥဖြစ်ပြီး..အပြာရောင်၊အဝါရောင်၊လိမ္မော်ရောင်၊ပန်းရောင်၊ခရမ်းရောင်တို့သည်လည်းနှစ်သက်ဖွယ်ကောင်းကြပါသည်။

Ruby Spinel ဟုခေါ်သော..နက်ရိူင်းသောအနီရောင်မျိုးစိတ်သည်..တန်ဖိုးအရှိဆုံးဖြစ်ပြီး...Ruby ၏နေရာတွင်အစားထိုးရန်ကောင်းမွန်ပါသည်။

♦️Spinel ကို.." Octahedral Crystals Form "ဟုခေါ်သော...မျက်နှာပြင်၈ခုရှိ၍၊ထောင့်စွန်း၆ခုရှိပြီး၊ပိရမစ်၂ခုအခြေချင်းကပ်ထားသောပုံမျိုးကို...မူလပုံဆောင်ခဲပုံမပျက်ပဲ..သဘာဝကျကျတွေ့ရတတ်ပါတယ်။

မိုးကုတ်မြို့မှာတော့"နတ်သွေး"ပုံဟုခေါ်ကြပါတယ်။

————————–—

အရောင်မျိုးကွဲများ

——————————

⭕Almandine Spinel-ခရမ်းရောင်မှခရမ်းပြာရောင်

⭕Balas Ruby-ပန်းနုရောင်မှအနီရောင်ဖျော့ဖျော့

⭕Blue Spinel-အပြာနုရောင်မှအပြာရင့်အထိ

⭕Flame Spinel-လိမ္မော်ရောင်မှလိမ္မော်နီရောင်

⭕Gahnospinel-သွပ်ကြွယ်ဝသောspinel ပုံစံ၊ .

များသောအားဖြင့် အစိမ်းရင့်ရောင်မှစိမ်းဖန့်ဖန့်အနက်ရောင်

⭕Picotite-Spinel အညိုရောင်ပုံစံ

⭕Pleonast-အပြာရင့်ရောင်(သို့)အစိမ်းမှအနက်ရောင်အမျိုးအမျိုး

⭕Rubicelle-အဝါရောင်မှလိမ္မော်ရောင်

⭕Ruby Spinel-ပတ္တမြားအနီရောင်ကဲ့သို့သောအနီအမျိုးမျိုး

—————————————

ဆင်တူကျောက်မျက်များ

—————————————

❤️Red Spinelသည်...Tourmaline အနီနဲ့လည်းဆင်တူပြီး၊နက်ရိူင်းသောအနီရောင်Spinelသည်Garnetနဲ့လည်းတူနိုင်ပါတယ်။

💙အပြာရောင် Spinelသည်...Zircon၊Topaz၊Sapphire တို့နဲ့ဆင်တူနိုင်သည်။

🌺ပန်းရောင်Spinel သည်...Morganite၊Pink Topazနှင့်Pink Tourmaline တို့နဲ့တူနိုင်သည်။

💜ခရမ်းရောင်Spinelသည်...Amethyst နဲ့ဆင်တူနိုင်သော်လည်း၎င်းသည်Amethysy ထက်ပို၍အပြာရောင်သန်းပါတယ်။

——————————————————

ဓါတုလှည့်ဖျား(Synthetic Spinel)

——————————————————

♦️သဘာဝပစ္စည်းကိုတုပရန်...ဓာတုဗေဒနည်းဖြင့်ထုတ်လုပ်သော...ပထမဆုံးသော{Synthetic Spinel}ကို ၁၈၄၇ခုနှစ်တွင်ပြင်သစ်ဓာတုဗေဒပညာရှင်-Jacques -Joseph Ebelmen မှထုတ်လုပ်ခဲ့သည်။

♦️၁၉၃၀ ပြည့်နှစ်လွန်များ၌..ရေပန်းစားသည့်ကျောက်မျက်ရတနာများဖြစ်သော..Aquamarine,Zircon,Tourmaline, Emerald,Chrysoberylနှင့်Ruby စသည့်အမျိုးမျိုးသော...အရောင်အမျိုးမျိုးဖြင့်ဖန်တီးထားသောSynthetic Spinel များကို...ထုတ်လုပ်ခဲ့ကြသည်။

——————

ခွဲခြားနိုင်ပုံ

——————

♦️Spinel တွင် { cr }ဓါတ်စင်ပါဝင်မှုကြောင့်လှပသောအနီရောင်ရရှိပြီးတစ်ခါတစ်ရံပတ္တမြားနှင့်တူ၍ခွဲခြားရခက်ပါသည်။

♦️မျက်စိအမြင်ဖြင့်ခွဲခြားကြည့်ရင်တော့...Spinelမှာ..အရည်လမ်းမရှိ၊ဂေါ်မရှိတတ်ပါဘူး။အပြစ်အနာရှိခဲ့ရင်..အနာတွေရဲ့အလင်းကွေးတွေကနေ...သက်တန့်ရောင်ထွက်နေတတ်ပြီး...အဆီမှုန်၊အဆီပြစ်တွေရှိခဲ့ရင်လည်းပွင့်အား
ရဲ့၅၀ရာနှုန်းအောက်လောက်သာ...ပွင့်နေတတ်ပါတယ်။

♦️ကိရိယာသုံးပြီးခွဲခြားမယ်ဆိုရင်တော့...အရောင်၂ခုတစ်ပြိုင်တည်း..ခွဲထွက်လာနိုင်သောကျောက်မျက်မျိုးကို...အလွယ်တကူကြည့်နိုင်အောင်ပြုလုပ်ထားသောကိရိယာ{ Dichroscope }ဖြင့်ခွဲခြားနိုင်ပါတယ်။

♦️Ruby ကိုကြည့်လိုက်လျှင်...အရောင်၂ရောင်[အနီနှင့်ခရမ်းနီ] သို့မဟုတ် [အနီနှင့်ဝါနီ] ကိုတွေ့ရပြီး ...Spinelကိုကြည့်လိုက်သောအခါတွင် {အနီ}ရောင်တစ်ရောင်တည်းသာတွေ့ရှိနိုင်ပါသည်။

♦️ကျောက်ကိုအနေအထားအမျိုးမျိုးပြောင်း၍ကြည့်သင့်ပါတယ်။အဘယ်ကြေင့်ဆိုသော်...ပတ္တမြား၏အရည်စွဲသောနေရာ၌...Spinelကဲ့သို့တစ်ရောင်တည်းတွေ့ရှိဲိနိုင်သည့်အတွက်ကြောင့်ဖြစ်သည။

♦️ထို့ပြင်..ရောင်စဉ်တိုင်းကိရိယာ {Spectroscope} ကိုအသုံးပြု၍လည်း...Ruby နှင့် Spinel တို့၏မတူညီသော..ရောင်စဉ်လှိုင်းအနေအထားများကိုကြည့်ခြင်းအားဖြင့်လည်းခွဲခြားနိုင်သည်။

ဓါတုဖွဲ့စည်းပုံ

————————

🎱Magnesium Aluminum Oxide{MgAl2O4}

ပုံဆောင်ခဲ ဖွဲ့စည်းပုံ

———————————

🎱Isometric Cubic System {ကုဗစနစ်}

ပုံဆောင်ခဲပုံသဏ္ဍန်

–——————————

🎱Octahedrons / dodecahedrons

မာခြင်းအဆင့်

————————

🎱7.5~8.0

အလင်းယိုင်ညွှန်းကိန်း

————————————

🎱1.712~1.782

နှစ်ဖြာအလင်းယိုင်ခြင်း

——————–———–——

🎱မရှိ

————

နိဂုံးချုပ်

————

"အညံ့ကောင်းတစ်သောင်း၊ပတ္တမြားဆန်ကျိုးအဖိုးပြည်တန်"ဆိုတယ့်..ရှေးစာဆိုအတိုင်း....

⏺️မာကျောကြံ့ခိုင်မှု၊

⏺️ပွဲလယ်တင့်တယ်မှု၊

⏺️အရည်အသွေးနှင့်လှပမှု၊

⏺️အဖိုးထိုက်တန်မှု၊

⏺️တန်ဖိုးရှိမှုု တို့တွင်...ပတ္တမြား၊နီလာ၊စိန်စသည့်

တန်းဝင်...ရတနာများကို..မယှဉ်နိုင်သော်လည်း..

တွင်းထွက်ရတနာလည်းဖြစ်၊တန်းဝင်ရတနာများလောက်လည်းအဖိုးမများပဲ...ဝတ်ဆင်လိုသောရတနာချစ်သူများအတွက်တော့...ရွေးချယ်ချင်စရာကောင်းသော...တွင်းထွက်ရတနာအဖြစ်ရေပန်းစားနေလိမ့်ဦးမည်...ဟုထင်မြင်မိပါသည်။
မူရင်းရေးသားသူအားလေးစာစွာဖြင့် Credit ပေးပါတယ်ရှင့် # Crd photo

09/09/2022

❤️သူများနိုင်ငံစီက ကျောက်စျေးလေးတွေ ပတ္တမြားပန်းနီသွေး ၀.၃၀ ကလပ် ၃လုံးစီးတောင်မရှိဘူး ဒေါ်လာ ၄၉၀တဲ့ မြန်မာငွေနဲ့ဆို ၁၂သိန်းဝန်းကျင်ကျတယ်
❤️နီလာ ၁.၈၆ ကလပ် သုံးမတ်ထွားစုံ ၁၆၂၇ ဒေါ်လာတဲ့ သိန်း၄၀နီးပါးပေးဝယ်မှ အဲလိုလေးတွေ ရမှာ
❤️ဒီနိုင်ငံမှာ ခုကျောက်စျေးတက်တယ်ဆိုတောင် တိုင်းတပါးကရောင်းတာနဲ့ယှည်ရင်ခေါက်ချိုးမက ပေါပေါဝယ်ရပါသေးတယ် ကိုယ်တွေစီက ကျောကိကောင်းတွေ gem trader တွေက စျေးလေးနည်းနည်းပိုဝယ်ကြပီး တခြားနိုင်ငံစျေးကွက်မှာ တကယ့်စျေးတန်းအမြင့်တွေနဲ့ရောင်းစားကြတယ် ကိုယ့် ပြည်သူတွေလည်း ငွေကြေးတတ်နိုင်ရင် မိုးကုတ်ရတနာကြိုက်တယ်ဆိုရင် ကိုယ်နိုင်သလောက်စျေးနဲ့ ဘယ်ဆိုဒ်ဖြစ်ဖြစ် အနီအပြာတွေကိုစုထားစေချင်တယ် ရတနာချစ်သူ လူတိုင်းလူတိုင်း အနီအပြာလှလှတပွင့်ကောင်းလေးတွေရစေစုစေချင်တယ် ဒါမှ နောက်မျိုးဆက်တွေ ရတနာကောင်းလေးတွေ လက်ဆင့်ကမ်းမြင်ခွင့်ရမှာ ကျောက်မျက်ဆိုတာ အချိန်ကာလာတခုထိပဲထွက်တာမို့ ကြာလေရှားလေး စျေးတက်လေပါပဲ နောက်နှစ်ရာချီဆို ပတ္တမြားနီလာဆိုတာ ဘာလည်း မေးရတာမျိုးမဖြစ်ရအောင် ရတနာချစ်သူကိုယ်တွေ တန်ဖိုးထားစုဆောငိးသိမ်းစည်းနိုင်ကြပါစေ ဆုတောင်းပါတယ်

Crd:
# Alin

Address

Mogok

Telephone

+959422286696

Website

Alerts

Be the first to know and let us send you an email when KSS & Alin Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share