HOL-shopping online

HOL-shopping online ပစ္စည်းမှန်ဖို့နဲ့စျေးမှန်ဖို့ကကျ?

🔴ချည်သားအထူ🔴ဆိုဒ်အစုံရှိပါသည်အဖြူသီးသန့်🚫ယခင်စျေး-၅၅၀၀ကျပ်⭕ယခုအထူးလျှော့စျေး-၅၀၀၀ကျပ်❗အိမ်အရောက်ပို့ဆောင်ပေးပါသည်မှာယူရန...
24/02/2021

🔴ချည်သားအထူ
🔴ဆိုဒ်အစုံရှိပါသည်အဖြူသီးသန့်
🚫ယခင်စျေး-၅၅၀၀ကျပ်
⭕ယခုအထူးလျှော့စျေး-၅၀၀၀ကျပ်
❗အိမ်အရောက်ပို့ဆောင်ပေးပါသည်
မှာယူရန်-cbတွင်အမှာစာပိုထားနိုင်ပါသည်

ထမိန်ခြုံမုဆိုးမသား/သမီးတွေပါ"သားအမေက သူတော်ကောင်း။ အဲဒီကောင်ကို ထဘီခြုံလို့သာခေါ်ကြည့် ဆတ်ဆတ်ခါနာလို့ သေတောင်သွားဦးမယ်”...
30/06/2020

ထမိန်ခြုံမုဆိုးမသား/သမီးတွေပါ

"သားအမေက သူတော်ကောင်း။ အဲဒီကောင်ကို ထဘီခြုံလို့သာခေါ်ကြည့် ဆတ်ဆတ်ခါနာလို့ သေတောင်သွားဦးမယ်”

ဆရာတင်ညွန့်ရေးသည်။

ထဘီခြုံ
--------
ကျွန်တော်မြို့သစ်အလယ်တန်းကျောင်းတွင် တာဝန်ကျစဉ်ကဖြစ်သည်။ ၈ တန်းအထိသာ ရှိသော အလယ်တန်း ကျောင်းဖြစ်သောကြောင့် အတန်းတင်စာမေးပွဲကို ၈ တန်းကျောင်းသားများအား နီးစပ်ရာ အထက်တန်းကျောင်းသို့ ပို့ပေးပြီး ဖြေစေရသည်။ ထိုစဉ်က ၈ တန်းမှာ အစိုးရစစ်ဖြစ်သည်။

ကျွန်တော်က အမျိုးသားဆရာ ရှားရှားပါးပါးဖြစ်နေသောကြောင့် တပည့် ၁၁ ယောက်ကို မိမိကျောင်းတွင်စု၊ ၁၅ မိနစ်ခန့် လမ်းလျှောက်ရသော အထက်တန်းကျောင်းဆီသို့ နေ့စဉ်အကြိုအပို့ တာဝန်ယူပေးရသည်။

ကျောင်းသား တွေကို ၈ နာရီထိုးကျောင်းအရောက်၊ ၈ နာရီ ၁၅ တွင် လမ်းလျှောက်ပြီး စာဖြေကျောင်းကိုသွား၊ ၉ နာရီထိုးမှ စာမေးပွဲဖြေရသည်။ ကျွန်တော်ကတော့ စက်ဘီးလေးတစ်စင်းကို တွန်းကာ သူတို့နှင့်လိုက်ပါလာသည်။

စာမေးပွဲဖြေရန် ခေါင်းလောင်းထိုးသောအခါ ကျွန်တော်က တာဝန်ကျအခန်းသို့ စာမေးပွဲစောင့်ရန် ရောက်လာ သည်။ ထိုအချိန်တွင် ဆရာမတစ်ယောက်က

“ဆရာ ... ဆရာ ... မြို့သစ် အလက ကျောင်းကလား”

“ဟုတ်ကဲ့ဆရာမ”

“ဆရာ့တပည့်တစ်ယောက် စာမေးပွဲ မဖြေဘူးဆိုပြီး ထွက်သွားတော့မလို့ လုပ်ပါဦး”

ကျွန်တော်က ဆရာမနောက်ကို လိုက်လာသည်။ ကျွန်တော့် တပည့်တွေ စာမေးပွဲဖြေရမည့် အခန်းရှေ့တွင် ကျော်သူလင်းကို လက်ဆွဲထားသည့် ကျောင်းအုပ်ဆရာမကြီးကလည်း

“ဆရာ ... လုပ်ပါဦး ... ဒီမှာ စာမေးပွဲမဖြေဘူးတဲ့ ... ပြန်မယ်တဲ့”

“ကျော်သူလင်း ဘာဖြစ်ပြန်ပြီလဲ”

“သား စာမေးပွဲ မဖြေချင်တော့ဘူး”

“အေးလေ ... ဘာဖြစ်လို့ မဖြေချင်ရတာလဲ ... ဒီနေ့က မြန်မာစာဖြေရမယ့်နေ့ ... မဖြေနိုင်စရာ အကြောင်းကို မရှိဘူး”

“သားမဖြေတော့ဘူး”

“သား ... ဒီလို လုပ်လို့မရဘူး ... အကြောင်းအကျိုးမပြောဘဲနဲ့ မဖြေဘူးလို့ လွယ်လွယ်ပြောလို့မရဘူး”

“အမေ့ထဘီကြိုးလေး ပါမလာလို့”

“ဘာလဲကွ ... အမေ့ထဘီကြိုး”

“အမေပေးထားတဲ့ ထဘီကြိုးလေးဆရာကြီးရဲ့ ... သားအမြဲဆောင်ထားနေကျ ... အဲဒါ အိမ်မှာ ကျန်ခဲ့တာ ... အမေ့ထဘီကြိုးလေး မပါရင် သားစာမေးပွဲ ဖြေလို့ရမှာ မဟုတ်ဘူး"

“ဟုတ်ပြီ ... ဟုတ်ပြီ ... အဲဒါကို ဆရာသွားယူပေးမယ် ... ဟုတ်ပြီလား ... မင်းစာမေးပွဲခန်းကိုဝင် ... အချိန်မီ ဆရာ ယူလာပေးမယ် ... ဟုတ်ပြီနော် ... သွား စာမေးပွဲခန်းကိုသွား”

ကျွန်တော်က ဆရာမကြီးကို ခွင့်တောင်းကာ ကျော်သူလင်းအိမ်ကို စက်ဘီးနှင့်ပြေးရတော့သည်။ သူ့အိမ်ကလည်း အနီးလေး မဟုတ်။ စက်ဘီးကို အပြင်းနင်းတာတောင် အသွားအပြန် မိနစ် ၂၀ ခန့်ကြာသည်။

ကျော်သူလင်းအိမ်ရှေ့တွင် အကြော်တဲလေးတစ်ခုရှိသည်။ အမျိုးသမီးတစ်ယောက်က ကျွန်တော့်ကို

“ဆရာ ... ဘာလာလုပ်သလဲရှင့်” ဟုမေးသည်

“ခင်ဗျားသား ထဘီကြိုးကျန်ခဲ့လို့တဲ့ဗျာ ... အဲဒါစာမေးပွဲ မဖြေဘူးလုပ်နေလို့”

“အို ခက်တော့တာပဲ ... ဆရာ့ကို ဒုက္ခပေးပြန်ပေါ့ ... ခဏလေးဆရာ ... ကျွန်မသွားယူလိုက်ဦးမယ်”

အမျိုးသမီးက အိမ်ပေါ်ကို ပြေးတက်သွားပြီး စက္ကူထုပ် ပြားပြားလေးတစ်ထုပ်ကို ကိုင်လာသည်။ ဗလာစာရွက်နှင့် လေးထောင့်ကျကျ ထုပ်ထားသည့် အထုပ်လေးဖြစ်သည်။ ကျွန်တော်ကလည်း တိုက်ပုံ အင်္ကျီအိတ်ထဲထည့်ကာ အမြန်ပြန်နင်းလာရသည်။ လူလည်း ချွေးတွေရွှဲနေပြီ။

ကျောင်းပြန်ရောက်သည့်အခါ ကျော်သူလင်း အခန်းဝကိုအရောက်တွင် တာဝန်ကျဆရာမကိုခေါ်ပြီး အထုပ်လေး ပေးရသည်။ ကိုယ်တော်က စာမေးပွဲမဖြေသေး။ ဟိုကြည့် သည်ကြည့်လုပ်နေရာမှ ကျွန်တော့်ကိုတွေ့လိုက်တော့ မျက်နှာလေး ပြုံးသွားသည်။

“ဘာလဲဆရာ”

“ဟိုကျောင်းသားကို ဒါလေး ပေးပေးပါ ဆရာမ”

ဆရာမက အထုပ်ကိုဖွင့်ကြည့်သည်။ ထဘီစကို ကျစ်ဆံမြီးကျစ်သလို သုံးပင်လိမ်ကျစ်ထားသည့် ၆ လက်မခန့်ရှိ ကြိုးလေးတစ်ချောင်းဖြစ်သည်။

“သူက ဒါကို အဆောင်တစ်ခုလို သဘောထားပုံရပါတယ်ဆရာမ ... အဲဒါလေး ပေးလိုက်ပါ”

“ဟုတ်ကဲ့ဆရာ”

ကျော်သူလင်းက အထုပ်လေးကို ပြန်ထုပ်ပြီး သူ့ရှေ့တွင်ချကာ စာမေးပွဲဖြေသည်။ ထိုအချိန်မှ ကျွန်တော်လည်း တာဝန်ကျရာ အခန်းကို ပြန်ရသည်။ ဆရာတစ်ဦး အစားထိုးပေးထားသဖြင့် သူ့ကိုလည်း ကျေးဇူးတင်ကြောင်း ပြောရသည်။

စာမေးပွဲဖြေပြီးသည့်အခါ ကျောင်းရှေ့ ကုက္ကိုပင်ကြီးအောက်တွင် လူပြန်စုကြသည်။ ကျွန်တော်က အဖြေလွှာ တွေကိုအပ်ပြီး စက်ဘီးလေးယူကာ တပည့်တွေရှိရာကို လာခဲ့သည်။

“ဖြေနိုင်ကြရဲ့လားဟေ့”

“ဖြေနိုင်တယ်ဆရာကြီး”

“ဟိုကောင် ... ကျော်သူလင်း”

“ဖြေနိုင်တယ်ဆရာကြီး”

ကျောင်းသူလေး မိမိမိုးက

“ခွေးကောင် ဆရာကြီးကို ဒုက္ခပေးတယ်”

“ဒီလိုလဲ မဟုတ်ဘူးပေါ့ကွယ် ... လူတစ်ယောက်မှာ အစွဲတစ်ခုခုတော့ ရှိမှာပါ”

“သမီးသာဆိုရင် အဲဒီကောင်ကို အလိုမလိုက်ဘူး”

ကျောင်းသား ကျော်စိုးက

“အလကား ... ထဘီခြုံ” ဟုပြောကာ တံတွေးထွေးလိုက်သည်။

“တော် ... တော် ... လာပြန်ကြမယ်”

ကျွန်တော်က ကလေးတွေနောက်က စက်ဘီးတွန်းရင်း လိုက်လာသည်။ ကျောင်းသားတွေက စရင်းနောက်ရင်း ပြေးလိုက်၊ ကစားလိုက် ပျော်နေကြသည်။ ကျော်စိုးက ကျော်သူလင်းကို တစ်လမ်းလုံး ထဘီခြုံဟုနောက်ပြောင် လာသည်။

ကျောင်းကိုပြန်ရောက်သည့်အခါ မနက်ဖြန်ဖြေဆိုရမည့် အင်္ဂလိပ်စာက ကျွန်တော်သင်သော ဘာသာရပ် ဖြစ်နေသောကြောင့် ကျွန်တော်က နာရီဝက်ခန့် သူတို့ကို မှာစရာရှိတာတွေမှာသည်။ ထို့နောက် ကလေးတွေကို ပြန်လွှတ်လိုက်သော်လည်း

“ကျော်သူလင်း နေခဲ့ဦး” ဟုပြောလိုက်သည်။

ကျော်သူလင်း တစ်ယောက်တည်း ကျန်ခဲ့သောအခါမှ

“သားက သားအမေ့ထဘီကြိုးကို တကယ်ယုံကြည်တာပဲလား”

“ယုံတာပေါ့ဆရာကြီး ... အဲဒါလေးဆောင်ထားရင် အမေက အရာရာကို အောင်မယ်တဲ့”

“ဆရာကြားဖူးတာကတော့ စစ်သားတွေပဲ ရှေ့တန်းထွက်ရင် သူတို့အမေထဘီစလေးတွေကို လက်မောင်း ဒါမှမဟုတ် တစ်နေရာရာမှာ ပတ်သွားကြတယ်လို့ ကြားဖူးတယ်။ ကျည်တွေဘာတွေ ကွင်းအောင် ဆောင်ကြတာလို့ ကြားတာပဲ ... မင်းကျမှ စာမေးပွဲဖြေတာ ဒီအဆောင်ကို ဆောင်လာရတယ်လို့”

“ဆရာကြီး ... သားအဖေကလည်း စစ်သားတစ်ယောက်ပါ”

“ဟုတ်လား ... သားအဖေလည်း ဒီလိုမျိုးအဆောင်ကို ဆောင်ထားလား”

“ဆောင်တယ်ဆရာကြီး ... အဖေကလည်း အမေကြီးထဘီစကို တိုက်ပွဲထွက်တိုင်း ယူသွားတာပဲ”

“အဲဒီတော့ ရန်ကင်းမှာပေါ့”

“တိုက်ပွဲကျသွားတာ ငါးနှစ်လောက်ရှိသွားပြီဆရာကြီး"

“အိုကွာ ဖြစ်ရလေ ... သားက ဒါဆိုရင် သားအမေပေးထားတဲ့ ထဘီကြိုးကို ယုံတာပဲလား"

“ယုံတယ်ဆရာ”

“ဒါနဲ့ သားကို ကျော်စိုးက ထဘီခြုံလို့ ပြောလိုက်တော့ သားစိတ်ထဲမှာ တစ်ခုခုမဖြစ်သွားဘူးလား”

“မဖြစ်ပါဘူးဆရာကြီးရဲ့”

“ကောင်းတယ်ကွာ ... သားစိတ်ဓာတ်ကို ဆရာတော့ ကြိုက်သွားပြီ ... နောက်ဆိုရင် ကျော်စိုးကို အဲဒီလို မခေါ်ဖို့ ဆရာဆုံးမထားပါ့မယ်”

“ခေါ်ပါစေဆရာကြီးရယ် ... သားက အမေ့ထဘီခြုံတယ်လို့ အပြောခံရတာ ပိုတောင် တန်ခိုးရှိလာသလိုလို ခံစားရတယ်။ သားအမေက သူတော်ကောင်းလေ ... အဖေဆုံးသွားပြီးကတည်းက သားတို့ မောင်နှမတွေကို ပင်ပင် ပန်းပန်းနဲ့ လုပ်ကျွေးလာတဲ့ သူတော်ကောင်းမကြီးပဲ။ အမေ့ထဘီခြုံတယ်လို့ ပြောခံရတာ ဘာဖြစ်မှာလဲ။ ဆရာကြီး တစ်ခုပဲ ကျော်စိုးကို မေးကြည့်ပါ”

“ဘာမေးရမှာလဲကွ”

“သူ့ကို ထဘီခြုံလို့ အခေါ်ခံနိုင်သလားလို့”

“ဆရာတော့ မင်းဘာကို ဆိုလိုမှန်း မသိဘူးကွ”

“ဆရာကြီး”

“ဟေလကွာ”

“ကျော်စိုးအဖေက သူခိုး ... အမေကဖာ ... ဒါကြောင့် အဲဒီကောင် သူ့အမေ ထဘီကြိုးကို ဆောင်ရဲမှာလား ... သားကို ထဘီခြုံလို့ပြောတာ မနာဘူး။ သားအမေက သူတော်ကောင်း။ အဲဒီကောင်ကို ထဘီခြုံလို့သာခေါ်ကြည့်ဆရာကြီး ဆတ်ဆတ်ခါနာလို့ သေတောင်သွားဦးမယ်”

တစ်ခါတလေ တပည့်တွေကပေးသည့်အသိမှာ ကျွန်တော့်အတွက် တန်ဖိုးမဖြတ်နိုင်ပါ။
Crd
ဆရာတင်ညွန့်

HOL-shopping onile မှပြန်လည်တင်ဆက်သည်

HOL-shopping onlineကျောင်းဖွင့်ရာသီအတွက်ကျောင်းသူကျောင်းသားသုံး(ရေဘူး)(ထမင်းဘူး)များကိုစျေးနှုန်းချိုသာစွာရောင်သချပေးနေပ...
26/06/2020

HOL-shopping online
ကျောင်းဖွင့်ရာသီအတွက်ကျောင်းသူကျောင်းသားသုံး(ရေဘူး)(ထမင်းဘူး)များကိုစျေးနှုန်းချိုသာစွာရောင်သချပေးနေပါတယ်မိတ်ဆွေတို့ရဲ့သားသားမီးမီးလေးတွေကိုသီးသန့်ရေဘူး/ထမင်းဘူးများကိုအသုံးပြုခြင်းဖြင့် -19အန္တရာယ်မှကာကွယ်ကြရအောင်ဗျာ
မိတ်ဆွေများအားလုံးကပ်ရောဂါအပေါင်းကကင်းဝေးကြပါစေဗျာ
ဆက်သွယ်မှာယူရန်-၀၉၉၅၂၇၁၀၇၆၄
မင်းလှမြို့စက်ကြီးတန်းလမ်း

ကျွန်တော်တင်ခဲ့တဲ့postမှာပဲခူးမြို့ရဲ့ပုံတော်တော်များများကျန်ခဲ့တဲ့အတွက်ကျန်ခဲ့တဲ့မြို့နမည်ပုံလေးတွေထည့်ချင်ပါတယ်ဒါကြောင...
25/06/2020

ကျွန်တော်တင်ခဲ့တဲ့postမှာပဲခူးမြို့ရဲ့ပုံတော်တော်များများကျန်ခဲ့တဲ့အတွက်ကျန်ခဲ့တဲ့မြို့နမည်ပုံလေးတွေထည့်ချင်ပါတယ်ဒါကြောင့်မိမိတို့နေထိုင်ရာမြို့ရဲ့ပုံလေးတွေကိုမန့်ပေးကြပါဗျာ

ေရွှဟင်္သာနှစ်ကောင်အကြောင်း----------------------ကျွန်တော်တို့ပဲခူးတိုင်းရဲ့မြို့နမည်တွေရဲ့အပေါ်ကဟင်္သာနှစ်ကောင်ပုံကိုတေ...
24/06/2020

ေရွှဟင်္သာနှစ်ကောင်အကြောင်း
----------------------
ကျွန်တော်တို့ပဲခူးတိုင်းရဲ့မြို့နမည်တွေရဲ့အပေါ်က
ဟင်္သာနှစ်ကောင်ပုံကိုတော့တော်တော်များများသတိထားမိကြပါလိမ့်မယ်ဒါပေမယ့်ထိုဟင်္သာ
နှစ်ကောင်အကြောင်းတော့သိသူနည်းကြပါလိမ့်မယ်သိတဲ့သူတွေလည်းသိကြပါလိမ့်မယ်သို့သော်ဗဟုသုတရစေအလို့ငှာကျွန်တော်ဆရာမပြောပြဖူးသောဟင်္သာနှစ်ကောင်အကြောင်းကိုပြန်လည်တင်ပြပါရစေ(မှတ်ချက်-ပါးစပ်ရာဇဝင်သာဖြစ်၍အမှားပါလျှင်ခွင့်လွှတ်စေချင်ပါသည်)
ဟင်္သာနှစ်ကောင်စတင်ဖြစ်ပေါ်လာပုံကတော့မြတ်ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဒေသစာရီကြွချီတော်မူလာစဥ်ဟင်္သာဖိုဟင်္သာမမောင်နှံသည်ဘုရားရှင်အားဦးတိုက်ပူဇော်လိုသဖြင့်(ထို့အချိန်ကပဲခူးတိုင်းသည်ရေပြင်ကျယ်ကြီးသာဖြစ်ပါသည်)ရေပြင်အထက်၌ပေါ်နေသောဟင်္သာတစ်ဝပ်စာမြေပေါ်သို့ဟင်္သာအဖိုကဦးစွာဆင်းသက်၍ထို့နောက်ဟင်္သာဖို၏ကျောပေါ်သို့
ဟင်္သာအမကဆင်းသက်ကာနှစ်ကောင်ဆင့်၍ဆင်းသက်ပြီးဘုရားရှင်ကိုပူဇော်ကြလေရာဘုရားရှင်ကဤနေရာသည်အလွန်တရာစည်ကားသောနေရာဖြစ်အန့်ဟုဗျာဒိတ်တော်မှတ်သည်ဟုမှတ်သားဖူးပါသည်ထိုအစဥ်အလာကြောင့်ပဲခူးတိုင်းရှိမြို့များတွင်ဟင်္သာနှစ်ကောင်ပုံများထားရှိခြင်းဖြစ်ပါသည်ထို့အပြင်ပဲခူးသားအမျိုးသားတို့သည်အလွန်တရာချစ်တက်ပြီးအမျိုးသမီးအလိုကိုလိုက်သည်ထို့ပြင်ပဲခူးသားသည်မည်သည့်တိုင်းသူများနှင့်ရရအရမ်းအလိုလိုက်တက်အနစ်နာခံတက်ချစ်တက်ကြပါသည်။ပဲခူးသူအမျိုးသမီးများသည်ယောက်ျားနိုင်တက်ပါသည်အချစ်ရေးမှာလည်းကံအလွန်ကောင်းကြပါသည်ပဲခူးသူများသည်ဘယ်တိုင်းသားနှင့်ရရအမြဲအချစ်ခံရပါသည်။ယခုအကြောင်းအရာသည်ပါးစပ်ရာဇဝင်မျှသာဖြစ်ပါသည်။
အငြိမ်းစားဆရာမကြီး(
ဒေါ်စန်းစန်းမြင့်)ဦးထိပ်ပန်ဆင်ကန်တော့လိုက်ပါသည်

HOL-shopping onlineမှယနေ့အိမ်သုံးပစ္စည်းအသစ်များရောက်ရှိပါတယ် ဆက်သွယ်မှာယူရန်-၀၉၉၅၂၇၁၀၇၆၄မင်းလှမြို့စက်ကြီးတန်းလမ်း
23/05/2020

HOL-shopping onlineမှယနေ့အိမ်သုံးပစ္စည်းအသစ်များရောက်ရှိပါတယ်
ဆက်သွယ်မှာယူရန်-၀၉၉၅၂၇၁၀၇၆၄
မင်းလှမြို့စက်ကြီးတန်းလမ်း

18/05/2020

Part(1)
Covidကာလတရုတ်နိုင်ငံမှစကားမပြောတက်သောအဖွားအားကူညီခြင်း
ကျွန်တော်တို့နိုင်ငံမှာကောဒီလိုအခက်အခဲရှိနေသူတွေဘယ်လောက်များရှိနေနိုင်လဲ☹☹☹

မူရင်းပို့စ်ပိုင်ရှင်အား
Crd

17/05/2020

HOL-shopping online မှယနေ့ထိုင်းစတိုင်ပုဇွန်ကြော်နည်းလေးနဲ့အချဉ်စပ်နည်းလေးတင်ဆက်ပေးလိုက်ပါတယ်

ပါဝင်ပစ္စည်းများ
-ပုဇွန်
-ဂျုံမှုန့်+ယိုးဒယားမယ်
-ဆားအနည်းငယ်+အချိုမှုန့်အနည်းငယ်
-ငရုတ်ကောင်းအနည်းငယ်
-ကြက်ဥ

အချဥ်ရည်အတွက်ပါဝင်ပစ္စည်း

-မကျည်းမှည့်
-ထန်းလျှက်
-ဆားအနည်းငယ်
-ငရုတ်သီးစိမ်း
-ကြက်သွန်ဖြူ

15/05/2020

HOL-shopping onileမှကြိုဆိုပါတယ်
အခုကျွန်တော်ရဲ့-ဂုန်လာ(Gown Lar)အိန္ဒိယအချိုမုန့်လုပ်နည်းလေးတင်ဆက်ပေးပါရစေ

ပါဝင်ပစ္စည်းများ-

ဂျုံမှုန့်နို့ဆီဘူး ၁လုံး
ဆားအနည်းငယ်
သကြားထမင်းစားဇွန်း ၃ဇွန်း
ရေနို့ဆီဘူး ၂လုံး
နို့မှုန့် ၁၅ဂရမ် ၂ထုတ်
ကြက်ဥ(မုန့်ရည်ထဲထည့်ရန်)၂လုံး
ကြက်ဥ(ဆမ်းရန်) ၃လုံး+သကြားအနည်းငယ်

HOL-shopping onlineမှမေမေဒေါ်အေးသက်မာလက်ရာကြက်သားပေါင်း၊ဝက်သားပေါင်းတွေအားမပေးချင်ကြဘူးလားအားပေးချင်ကြတဲ့ချစ်တဲ့မိတ်ဆွေတ...
15/05/2020

HOL-shopping online
မှမေမေဒေါ်အေးသက်မာလက်ရာကြက်သားပေါင်း၊ဝက်သားပေါင်းတွေအားမပေးချင်ကြဘူးလားအားပေးချင်ကြတဲ့ချစ်တဲ့မိတ်ဆွေတွေ
ဆက်သွယ်မှာယူရန်-09952710764

HOL-shopping onlineမှမိဆွေတို့အတွက်အော်ဒါများလက်ခံပေးပါသည်5)$50000အထက်ဝယ်ယူသူများကိုလည်းသတ်မှတ်ဧရိယာအတွင်းဖြစ်ပါကပို့ခ50...
10/05/2020

HOL-shopping onlineမှမိဆွေတို့အတွက်အော်ဒါများလက်ခံပေးပါသည်5)$50000အထက်ဝယ်ယူသူများကိုလည်းသတ်မှတ်ဧရိယာအတွင်းဖြစ်ပါကပို့ခ50%နှင့်နယ်ဝေးဖြစ်ပါကပို့ခ30%သက်သာမည်ဖြစ်ပါသည်
ဆက်သွယ်မှာယူရန်-09952710764

HOL-shopping onlineမှမိုးစီးဖိနပ်အမျိုးမျိုးနဲ့ဖိနပ်များကိုစျေးနှုန်းမှန်ကန်စွာရောင်းချပေးနေပါတယ်ကြိုက်နှစ်သက်ရာများကိုရ...
10/05/2020

HOL-shopping onlineမှမိုးစီးဖိနပ်အမျိုးမျိုးနဲ့ဖိနပ်များကိုစျေးနှုန်းမှန်ကန်စွာရောင်းချပေးနေပါတယ်ကြိုက်နှစ်သက်ရာများကိုရွေးချယ်ဝယ်ယူနိုင်ပါပြီ
ဆက်သွယ်မှာယူရန်-09952710764

Address

စက်ကြီးတန်းလမ်း
Minhla

Telephone

+959952710764

Website

Alerts

Be the first to know and let us send you an email when HOL-shopping online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share