01/02/2022
သင့်မှာတိကျတဲ့ဖော်ပြလ်ု့မရတဲ့ဝင်ငွေမရှိရင် သင်မည်သူ့ဆီမှပိုက်ဆံမချေးပါနဲ့။ပိုက်ဆံလိုချင်တယ်ငါပိုက်ဆံလိုချင်လိုက်တာလို့အော်နေမဲ့အစားငါပိုက်ဆံရအောင်ဘယ်လိုလုပ်ရမလဲ?(၁) အလုပ် လုပ်ရမယ်
ဟုတ်ပြီ အလုပ်ရအောင်ငါဘာလုပ်ရမလဲ အလုပ်ရှာရမှာပေါ့ ဟုတ်တယ်မလား ကိုယ်တိုင်ကအလုပ်လိုက်မရှာပဲနဲ့ငါအလုပ်လိုချင်လိုက်တာ လို့ညီးတွားမနေနဲ့ ဘယ်သူကမှသင့်ကိုမသနားဘူး ဘယ်သူကမှလည်းသင့်ကိုအလုပ်လာမပေးဘူး ဟုတ်တယ်နော် ကိုကိုယ်တိုင်ကြိုးစားမှ ကိုယ်တိုင်ရှာဖွေမှတွေ့မှာဖြစ်တယ်။အဲ့တော့ကိုယ်တိုင်ရှာပါ ကြိုးစားပါ။