Puu Mouse Fashion Shop

Puu Mouse Fashion Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Puu Mouse Fashion Shop, Shopping & retail, No(1/12/144B), Thukhamaing Street, Hlaingtharyar Township, Mingaladon.

မလိုဘူး..မင်မင်က အကြားအမြင် ရတယ်🙄😁photo crd
26/11/2021

မလိုဘူး..မင်မင်က အကြားအမြင် ရတယ်🙄😁

photo crd

အနားရောက်ခါနီးမှ စက်ပိတ်သွားရင်..ဒီလိုမျိုး အိမ်ရှေ့ထိလာစောင့်နေမှာနော်😁Photo Crd
24/11/2021

အနားရောက်ခါနီးမှ စက်ပိတ်သွားရင်..

ဒီလိုမျိုး အိမ်ရှေ့ထိလာစောင့်နေမှာနော်😁

Photo Crd

ဟေး Bae ရေ .. 💓💓အချိန် အကြာကြီး ပစ်ထားမိတဲ့ က်ိုယ့်မျက်နှာလေးက သူ့က်ို ဂရုစိုက်ဖို့ Alarm ပေးနေပြီ နော်ခက်ခဲတာတွေ ခဏထားပ...
24/11/2021

ဟေး Bae ရေ .. 💓💓

အချိန် အကြာကြီး ပစ်ထားမိတဲ့ က်ိုယ့်မျက်နှာလေးက သူ့က်ို ဂရုစိုက်ဖို့ Alarm ပေးနေပြီ နော်

ခက်ခဲတာတွေ ခဏထားပြီး Skin လေး ပြန် Care ရအောင် ...ပါ

Honest Review တွေနဲ့ လုံးဝစိတ်ချရတဲ့
Seoul Skincare set လေးမှာ
မနက်တ်ိုင်း ညတိုင်း Skincare ဖို့ ဘာတွေပါလဲ ??
💛 Cleanser
အနူးညံ့ဆုံး အသားအရေကအစ
စုံပလုံအောင် ပျက်စီးနေတဲ့ မျက်နှာအထိ
သန့်စင်ပေးဖို့ Seoul cleanser က လုံးဝအပျော့စားလေးမို့ အဆင်ပြေပါတယ်
(Cleanser = 6300 ks)

💛 Aloe serum
နှစ်လကြာရှည် ဝက်ခြံ ၊ စတီးရွိုက် ထိထားတဲ့ ပိုင်ရှင် ၊ အဆီဖု ၊ ချွေးပေါက်ကျယ် တွေအတွက် ရေဓာတ်ပါအပြည့်အဝ ဖြည့်ပေးပါတယ် ။
(Aloe serum ဘူးသေး = 7500ks)
(Aloe serum ဘူးကြီး = 17500ks)

💛 White serum
အမဲစက် ၊ အမာရွတ် ၊ တင်းတိတ် ၊ မှဲ့ခြောက် ၊ အရေးအကြောင်းတွေ သက်သာပြီး Glow စေပါတယ်
(White serum ဘူးသေး = 7000ks)
(White serum ဘူးကြီး = 17500ks)

💛 Clay mask
ဝက်ခြံ အဆီဖု သက်သာစေတယ်
အိုမင်းပျက်စီးခြင်းကို လျော့ကျစေတယ်။
( Clay mask = 9000ks)

💛 Sunscreen
SPF 30 [ PA+++ ] ပါပြီးသား
Gel type မို့ မစေးဘူး မကပ်ဘူး စိမ့်ဝင်လွယ်တယ်။ မိတ်ကပ်သားမပါ Daily သုံးဖို့အဆင်ပြေတယ် ။ တင်းတိတ် မှဲ့ခြောက် မဖြစ်ချင်ရင် မဖြစ်မနေ သုံးပေးပါ ။
(Suncream = 6300ks)

ဒို့တွေ အသားအရေပေါ်က
ဘုံရန်သူ​ဖြစ်တဲ့ .. pimples (ဝက်ခြံ) , whitehead (အဆီဖု) , blackhead (ဆားဝက်ခြံ) , အမဲစက် , ချွေးပေါက်ကျယ်တာ
တွေက်ို အမြန်ဆုံး သက်သာအောင်

1. Chemicals အနည်းဆုံး Seoul Set လေးရယ် ....

2. Admin တွေရဲ့ နည်းလမ်းမှန်တဲ့ လမ်းညွှန်မှုများရယ် နဲ့ အတူ ....

လုံးဝ အရွေးမမှားစေရဖို့ ကို ...
Seoul လေး ရှိရင် အားလုံး အိုကေ 💖 ပါတယ် 💛💛

"တန်ဆောင်မုန်း လပြည့်နေ့ အကြောင်း"🙏🙏🙏🙏🙏🙏🙏🙏🙏🙏 # အဓိပ္ပါယ်ကတော့တန်ဆောင်မုန်းလကို ပုဂံခေတ်က "တန်ဆောင်မှုန်" လို့ ရေးသားကြပါ...
18/11/2021

"တန်ဆောင်မုန်း လပြည့်နေ့ အကြောင်း"
🙏🙏🙏🙏🙏🙏🙏🙏🙏🙏

# အဓိပ္ပါယ်ကတော့တန်ဆောင်မုန်းလကို ပုဂံခေတ်က
"တန်ဆောင်မှုန်" လို့ ရေးသားကြပါတယ်။

# အင်းဝခေတ်ရောက်မှ တန်ဆောင်မုန်း လို့
ရေးသားခဲ့ကြတာပါ။

# မီးရှူး၊ မီးတိုင်များ
# ထွန်းလင်းသောလ.... လို့လည်း.... ဆိုပါတယ်

# မြတ်စွာဘုရား သာသနာမရောက်မီ (တနည်း)
# အရှင်အရဟံ မရောက်မီကာလက "မီးနတ်" ဖြစ်သော
ဖျောက်ဆိပ်ကြယ် (ကြတ္တိကာ နက္ခတ်) ကို မီးရှူးတိုင်များဖြင့်.... ပူဇော်ကြတာဖြစ်ပြီး မြတ်စွာဘုရား သာသနာတော် ပျံ့ပွားခဲ့ချိန်မှာတော့

ဆံတော်ကိန်းဝပ်ရာ တာဝတိံသာမှ စူဠာမဏိ
စေတီစေတီကို ရည်မှန်းပြီး ပူဇော်ကြပါတယ်

# ယခုခေတ်မှာတော့ မီးရှူးတိုင်များအပြင်
မီးပုံးပျံများကိုပါ ..ရည်စူးလွှတ်တင်ကြပါတယ်

# တန်ဆောင်မုန်းလရဲ့ ရာသီပန်းကတော့
# ခဝဲပန်းပဲ.... ဖြစ်ပါတယ်။

# တန်ဆောင်မုန်းလပြည့်ညမှာ... အဇာတသတ်မင်းဟာ
# ရဟန်းဝတ်ရန်အတွက် မြတ်စွာဘုရားထံမှ သာမညဖလ
# သုတ်တော် (ရဟန်းဝတ်ခြင်း အကျိုး) ကို နာယူခဲ့ရတဲ့အတွက်

ဒီနေ့ကို "သံဃာတော်များနေ့" (သို့မဟုတ်) "သာမညဖလ
အခါတော်နေ့လို့လည်း ခေါ်ဆိုကြပါတယ်။

# သံဃာတော်များကို ရည်စူးပြီး ကထိန (ကထိန်) သင်္ကန်း၊
# မသိုးသင်္ကန်းများကိုလည်း ရက်လုပ် လှူဒါန်း ပူဇော်ကြပါတယ်။

# တန်ဆောင်မုန်းလပြည့်နေ့ မှ နောက်တစ်ရက်မကူးမီ
#အချိန်ထိ ယက်လုပ်ချုပ်ငင်ရသော သင်္ကန်းကို
“မသိုးသင်္ကန်း” ဟု....ခေါ်ဆိုခြင်း ဖြစ်သည်

#သာရကောမုဒိ ဆေးကျမ်းလာအရ
#တန်ဆောင်မုန်းလပြည့်ညမှာ.. ဆေးပင်များကို
စောင့်ရှောက်ကြသော ....နတ်မင်း အားလုံးဟာ
မယ်ဇလီပင်စောင့်သော နတ်မင်းအား လာရောက်
ဂါရဝပြုကြတယ်လို့ ဆိုပါတယ်။

#အဲ့ဒါကြောင့်လည်း ထိုနေ့ညမှာ မယ်ဇလီဖူးသုပ်စားလျှင်
ဆေးပေါင်းခပြီး ရောဂါဝေဒနာများ ပျောက်ကင်းကြတယ်
လို့လည်း ...ယုံကြည်ကြပါတယ်။

#တန်ဆောင်မုန်းလပြည့်ညမှာ လမင်းရောက်ရှိနေမယ့်
နေရာဟာ Aries လို့ခေါ်တဲ့ မိဿရာသီ ကြယ်တာရာ
(နက္ခတ်) ဖြစ်ပြီး လတ္တိကျူ့ အမြင့်ပိုင်းမှာ ရောက်ရှိနေတဲ့
အတွက် ...ညနေပိုင်းလောက်ကတည်းက လဟာ
တော်တော်မြင့်မြင့်လောက်ကို ရောက်ရှိနေမှာပါ။

#နိုဝင်ဘာ (၂၉) ရက် နောက်ပိုင်းမှာတော့ တစ်ရက်ကို
တစ်နာရီခန့် နောက်ဆုတ် ထွက်ပေါ် သွားမှာဖြစ်ပြီး
လဆုတ်ရက်များမှာတော့ သန်းခေါင်ကျော်
နံနက်ခင်းပိုင်းမှ ပေါ်ထွက်လာမှာဖြစ်ပါတယ်။

#လပြည့်တဲ့လက်ရှိ လမင်း ရောက်ရှိနေတဲ့
အကွာအဝေးကတော့ ကမ္ဘာမှ မိုင်ပေါင်း ၂၂၆၀၀၀
(၃၄၆၀၀၀ ကီလိုမီတာ) အကွာမှာပဲ ဖြစ်ပါတော့တယ်

#ဗုဒ္ဓ စာပေများ

My Creation ~Thin Thin Soe 🙏🙏🙏🙏

#နှင်းစက်🕊

Credit...ရိုးဂုဏ်မျောက်ကို ငှက်ပျောသီးယူမလား၊ ရွှေဆွဲကြိုးယူမလား မေးရင်မျောက်က ငှက်ပျောသီးကိုယူမှာပဲ၊ဘာဖြစ်လို့လဲဆိုတော့...
03/10/2021

Credit...ရိုးဂုဏ်

မျောက်ကို ငှက်ပျောသီးယူမလား၊ ရွှေဆွဲကြိုးယူမလား မေးရင်

မျောက်က ငှက်ပျောသီးကိုယူမှာပဲ၊

ဘာဖြစ်လို့လဲဆိုတော့

သူကရွှေဆွဲကြိုးရဲ့ တန်ဖိုးကို နားမလည်လို့၊

အဲဒီလိုပဲ

လူတစ်ယောက်ကို ရွှေဆွဲကြိုးယူမလား ဥာဏ်ပညာကိုယူမလားမေးရင်

လူတော်တော်များများက ရွှေဆွဲကြိုးကိုပဲယူမှာပဲ၊

ဘာဖြစ်လို့လဲဆိုတော့ ဥာဏ်ပညာဟာ

ရွှေဆွဲကြိုးတော်တော်များများကိုလဲလို့ရတယ်ဆိုတာ

နားမလည်လို့။

ဒါ့ကြောင့် တစ်ခါတစ်လေ

ရွေးခြယ်မှုဟာ ဇွဲလုံ့လထက် ပိုအရေးကြီးတယ်။

အခုလုပ်နေတဲ့အလုပ်မှာ

ပညာရလို့လုပ်တာလား၊ လစာများလို့လုပ်တာလား၊

လွန်ခဲ့တဲ့ ၁၀နှစ်က သင်ကဘယ်သူလဲ?

မနှစ်က သင်ကဘယ်သူလဲ?

မနေ့က သင်ကကော ဘယ်သူလဲ?

အားလုံး အရေးမကြီးဘူး၊

အရေးကြီးတာ

ဒီနေ့သင်က ဘယ်သူလဲ။

လူ့ဘဝဟာ ပင်ပန်းတယ်၊

သင်အခု မပင်ပန်းရင်

နောက်နောင် ဒီ့ထက် ပိုပင်ပန်းမယ်၊

လူ့ဘဝဟာ ခါးတယ်၊

သင်အခု မခါးရင်

နောက်နောင် ဒီ့ထက် ပိုခါးမယ်။

ပင်ပန်းဖူးမှ အနားယူခြင်းရဲ့တန်ဖိုးကိုသိမယ်၊

ခါးဖူးမှ ချိုမြိန်တယ်ဆိုတာ ဘာလဲသိမယ်။

သန်တုန်း မာတုန်းမှာ

အရပ်လေးမျက်နှာကို စွန့်စားသွားကြည့်ပါ၊

ပြင်ပလောကရဲ့

သင်ခန်းစာတွေကို တစ်ဝကြီးသင်ယူလိုက်ပါ၊

မိုးဒဏ်၊ လေဒဏ်

လှိုင်းပုတ်ဒဏ်တို့ကို သည်းခံပြီးရင်

ချမ်းသာသုခဆိုတာ ရောက်လာမှာ

မုချမသွေပါ။

ဒီကမ္ဘာပေါ်မှာ

သင်ကလွဲပြီး

ဘယ်သူမှသင့်ကို

တကယ် မကူညီပေးနိုင်ပါဘူး။

ကြက်ဥတစ်လုံးမှာ

အပြင်က အားသက်ရောက်မှုဒဏ်ကိုခံရရင် အစာ၊

အတွင်းက အားသက်ရောက်မှုရှိရင် အသက်။

လူလည်း ထိုလည်းကောင်းပဲ၊

အပြင်က အားသက်ရောက်မှုဒဏ်ကိုခံရရင် စိတ်ဖိအား၊

အတွင်းက အားသက်ရောက်မှုရှိရင် ရှင်သန် ရင့်ကျက်ခြင်း။

ယုံပါ၊

လူ့ဘဝက

တစ်ကယ်ကြိုးစားတဲ့သူကိုမပစ်ထားဖူးဆိုတာယုံပါ၊

သင်ဒီနေ့ကြုံတွေ့ရတဲ့ခါးသီးမှု၊

ဒီနေ့ကြုံတွေ့ရတဲ့ ပင်ပန်းမှု၊

ဒီနေ့ထမ်းထားတဲ့ တာဝန်၊

တစ်ယောက်တည်းအထီးကျန်ဆန်တဲ့ဒဏ်၊

အားလုံးဟာ နောက်နောင်

သင့်ရဲ့ ရင့်ကျက်ခြင်း၊ သန်မာခြင်း၊

အောင်မြင်ခြင်းတို့ရဲ့ မျိုးစေ့လေးတွေပါ။

စိတ်ရိုးစင်းရင်

အသက်ရှင်ရတာ ရိုးစင်းမယ်၊

စိတ်လွတ်လပ်ရင်

အသက်ရှင်ရတာ လွတ်လပ်မယ်၊

ဆက်ပြီးတော့ တောင့်ခံထားပါ၊

အပိုတွေလျှောက်မတွေးနေပါနဲ့တော့၊

နောင်တစ်ချိန်ရဲ့သင်ဟာ

ဘယ်လောက်တောင် ရင့်ကျက်သွားသလဲဆိုတာ

သင့်ကိုယ်သင် မျက်ဝါးထင်ထင်မြင်တွေ့ရမှာပါ။

သင်ကြိုးစားပြီးပြီ၊ အစွမ်းကုန်သွားပြီဆိုရင်

သင့်ရဲ့ အောင်မြင်မှုဟာ

လက်တစ်ဖျားအလိုမှာ ဆိုတာ ယုံပါ။

အကြံအစည်ကို အစွမ်းကုန်ထုတ်ပါ၊

ဆင်ခြေကိုလျော့ပါ၊

နောက်ဆုံးမလုပ်နိုင်တော့ဘူးဆိုမှ

`ငါ ကံမကောင်းပါလား´ လို့ပြောဖို့ အဆင့်ရှိတာပါ။

လောကမှာ မပင်ပန်းတဲ့အလုပ်ဆိုတာ မရှိပါဘူး၊

ဘယ်ပြသနာမှ ဖြေရှင်းရ မလွယ်ကူပါဘူး၊

ဒီနေ့ကစပြီး

ပျော်ပျော်နေပါ

ရယ်တတ်ဖို့ကို လေ့ကျင့်ပါ၊

ကမ္ဘာပေါ်မှာ မွေးတာနဲ့ သေတာကလွဲရင်

ကျန်တာ အသေးအမွှားကိစ္စပါ။

မနက်ဖြန်ရှိနေသရွေ့

ဒီနေ့ဟာ စမှတ်ပါ၊

အရာရာကို ကြိုးစားပြီးမှ

ကိစ္စတိုင်းဟာ

ကြိုးစားရင် ကျော်လွန်နိုင်တယ်ဆိုတာ သိလာမှာပါ။

တစ်ယောက်တည်း အပြင်မှာနေရတာ

မလွယ်ကူမှန်းသိပါတယ်၊

မတတ်နိုင်ဘူးလေ၊

အနာဂတ်အတွက် ကြိုးစားရမှာပေါ့။

ဇတ်လမ်းရှည်တဲ့ လူ့ဘ၀က

အဆုံးသတ်မှာ ရိုးရှင်းတယ်၊

ဇတ်လမ်းတိုတဲ့ လူ့ဘဝက

အဆုံးသတ်မှာ မလှပဘူး၊

ဒီစာလေးဖတ်ပြီး

သင့်အတွက် ခွန်အားတစ်ခုဖြစ်သွားရင်

ရေးရတာတန်ပါတယ်

Credit :: ရိုးဂုဏ်

08/08/2021

💉 ဘယ်သူတွေ covid ကာကွယ်ဆေး
ထိုးလို့ရလဲ?

▪︎အသက် ၁၈နှစ်အထက် ဖြစ်ရပါမယ်
▪︎Pfizer တံဆိပ်ဆိုရင် အသက် ၁၂
နှစ်ကျော်ရင် ရပါပြီ
▪︎Sinovac နဲ့ Sinopharm တံဆိပ်ဆိုရင်
တော့ ၁၈-၆၀နှစ်အတွင်း ထိုးဖို့ပဲ
သုတေသန လုပ်ပြီးသေးပါတယ်
▪︎ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊
ပန်းနာရင်ကြပ်လိုနာတာရှည်ရောဂါ
ရှိသူတွေလဲ ထိုးလို့ရပါတယ် (Aspirinလို
သွေးကျဲဆေး သောက်နေရလဲ ထိုးလို့ရပါတယ်)

💉 ဘယ်သူတွေ ကာကွယ်ဆေ
ထိုးလို့မရဘူးလဲ?

▪︎ဖျားနေတဲ့သူတွေ
▪︎ကိုယ်ဝန်ဆောင် အမျိုးသမီးများ
ဆေးထိုးဖို့ သုတေသန
မလုံလောက်သေးပါ
(နို့တိုက်မိခင် ထိုးလို့ရပါတယ်)
▪︎ကာကွယ်ဆေးနဲ့မတည့်သူ
▪︎သွေးမတိတ်ရောဂါရှိသူ (bleeding disorders)
▪︎HIV သမား CD4 ၂၀၀ အောက်
ကျနေတဲ့အခါ
▪︎အခြားကာကွယ်ဆေးတစ်မျိုးမျို
း ထိုးထားတာ ၂ပတ် မပြည့်သေးတဲ့အခါ

💉 COVID ဖြစ်ပြီးရင် ကာကွယ်ဆေးထိုးဖို့
လိုသေးလား?

▪︎COVID ဖြစ်ပြီးရင် ခန္ဓာကိုယ်တွင်းက Antibody ထွက်ပါတယ်၊
၆-၈လအထိ ခံတာမို့ ပုံမှန်တော့
ထိုးဖို့ ညွှန်းလေ့မရှိပါ
▪︎လူတစ်ယောက်နဲ့တစ်ယောက် Antibody ထွက်တဲ့ပမာဏချင်း မတူနိုင်တာမို့
စိတ်မချလို့ ထပ်ထိုးချင်လဲ ရပါတယ်

💉ကာကွယ်ဆေးထိုးပြီးရင်
COVID ပြန်ဖြစ်နိုင်လား?

▪︎ပြန်ဖြစ်နိုင်ပါတယ်၊
ကာကွယ်ဆေးက ၁၀၀% အပြည့်
မကာကွယ်ပါဘူး၊ အတိုင်းအတာ
တစ်ခုအထိ ရောဂါမပြင်းထန်အောင်
ကူညီတာပါ၊
▪︎ဒါကြောင့် Maskတပ်, လက်ဆေး
, ၆ပေခွာနေ ဆက်ကျင့်ကြံရပါမယ်

💉 ကာကွယ်ဆေး မထိုးခင်
ဘာတွေပြင်ဆင်မလဲ?

▪︎ကိုယ် ထိုးရမယ့် ကာကွယ်ဆေ
းအကြောင်း လေ့လာပါ
▪︎နဂို သောက်လက်စ ဆေးတွေရှိရင်
ဆက်သောက်ပါ
▪︎အိပ်ရေးဝဝအိပ်ပါ၊ ရေများများသောက်ပါ
▪︎ဖြစ်နိုင်ရင် ကော်ဖီ, အရက် တစ်ရက် ကြိုရှောင်ပါ

💉 ကာကွယ်ဆေးထိုးပြီး ဘာတွေ
သတိထားမလဲ?

▪︎ထိုးပြီးပြီးချင်း နာရီဝက် ငြိမ်ငြိမ်နေပါ၊
ဓါတ်မတည့်မှု ရှိမရှိ စောင့်ကြည့်ပါ
▪︎နာကျင်ကိုက်ခဲလျှင် ပါရာစီတမေ
ာ သောက်လို့ရပါတယ်
▪︎၂ပတ်အတွင်း အခြားကာကွယ်ဆေ
း မထိုးသင့်ပါ

💉 ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ
ခံစားရတာက ဆေးအောင်တာလား?

▪︎မဆိုင်ပါဘူး၊ ဆေးအောင်မအောင်
Antibody titre စစ်နိုင်ရင် သိရပါတယ်

💉 ကာကွယ်ဆေးထိုးပြီးရင် Antigen
ထွက်တာလား, Antibody ထွက်တာလား?
▪︎Antibody ထွက်တာပါ
▪︎Antigen ထွက်နေတယ်ဆို အဲဒါ
COVID ဖြစ်နေတာပါ၊ ဆေးအောင်တာ မဟုတ်ပါဘူး

💉 ကာကွယ်ဆေးထိုးပြီးရင် ဘယ်အချိန် Antibody စ,ထွက်လဲ? ဘယ်လောက်ခံလဲ?

▪︎ဆေးထိုးပြီး ၂ပတ်လောက်ဆို
Antibody စ,ထွက်ပါပြီ၊
▪︎ဆေး ၂ကြိမ် အပြည့်ထိုးထားရင်
၆-၈လအထိ ဆေးအာနိသင် ခံလေ့ရှိပါတယ်

💉 ပထမတစ်ကြိမ်မှာ တံဆိပ်တစ်မျိုး
ထိုးပြီး နောက်တစ်ကြိမ် အခြားတံဆိပ် ပြောင်းထိုးရင်ကော အာနိသင်ရလား?

▪︎တိကျတဲ့ သုတေသန အဖြေမထွက်သေးပါဘူး
▪︎ဖြစ်နိုင်ရင် တံဆိပ်တစ်မျိုးတည်းကိုပဲ
၂ကြိမ်အပြည့် ထိုးစေချင်ပါတယ်

ပြည်သူများ ကပ်ဘေးမှ အမြန်ဆုံး
ကျော်လွှားနိုင်ကြပါစေ

Dr. NI (ဒေါက်တာနီနီ)

သမားတော်ကြီး တစ်ယောက်ရဲ့ မှန်ကန်တိကျတဲ့ လမ်းညွှန်ချက်ပါအိမ်တွင် မိမိ ဘာသာ ကိုဗစ်အား ရင်ဆိုင်နည်းအမေး (၁)-ဆရာ နှာစေး/ချော...
09/07/2021

သမားတော်ကြီး တစ်ယောက်ရဲ့ မှန်ကန်တိကျတဲ့ လမ်းညွှန်ချက်ပါ

အိမ်တွင် မိမိ ဘာသာ ကိုဗစ်အား ရင်ဆိုင်နည်း

အမေး (၁)-ဆရာ နှာစေး/ချောင်းဆိုး/ဖျား/အနံမရ/ဝမ်းလျော/မောလာတယ်/အောက်ဆီဂျင်ကျလာတယ်/အရေပြားပေါ ရုတ်တရက် အနီကွက်ထွက်လာ ရင် ကိုဗစ်လား ဆရာ???🤔🤔🤔

အဖြေ(၁)-ကိုဗစ်ကတော့ သေချာအောင် နှာခေါင်းတို့ဖက် ယူစစ်မှရတာပါ။
စစ်တဲ့ test ပေါ့မူတည်ပီး သေချာပေါက် ရောဂါရှီမရှိ ရယ် နောက်တခါတလေ လည်း
မပြောနိင်တာရှိပါတယ် ။

လက်တွေ့ကျတဲ့ အဖြေကတော့ ဒီကာလမှာ ကိုဗစ် သံသယ လက္ခဏာပေါရင် ကိုဗစ်အနေနဲ့ ယူဆပီး ဆေးကုရမှာပါ။စစ်နိင်ရင်စစ်ပါ။

နောက် ဖျားတဲ့ တခြားရောဂါအတွက် Teleconsultation page
သို့မဟုတ် နီးစပ်ရာ ကျန်မာရေး ဌာန သို့ စုံစမ်းပါ။

အဖြေ (၂) ဆရာ တစ်ခုချင်းဆီ ဖြေပါ့မယ်

ကိုဗစ်မှာ နစ်ပိုင်း ခွဲတာပေါ့နော် ဆရာတို့ အနေနဲ့
နံပါတ် (၁)ကတော့ ပြင်းထန်လား ? ….
လက်ထိပ်အောက်ဆီဂျင်တိုင်းတာ ၉၄% အောက် ကျနေလား ?😱

နံပါတ်(၂)ကတော့ သာမန်ကိုဗစ်/မပြင်းထန်တဲ့ကိုဗစ် …(လူနာက ဖျားမယိ /ကိုက်ခဲမယ်/ဝမ်းလျောမယ်/အနံ့မရဘူး သို့သော်သူက မမောဘူး လက်ထိပ် အောက်ဆီဂျင်တိုင်း ကြည့်တော့
94%အထက်မှာရှိတယ် (ဒါဆို ဆရာတို့က သာမန် မပြင်းထန်တဲ့ ကိုဗစ် သတ်မှတ်တယ်)😊

ထပ်ပြောရရင် DEXA ဆိုတဲ့ဆေးက လက်ထိပ်
တိုင်းOxygen 94% အောက်ကျမှသာလျင် သောက်ရတဲ့ဆေးပါ
မကျရင် လုံးဝမသောက်ပါနဲ့

Remdesivir ဆိုတာ Oxygen ကျတဲ့လူနာ ပေးသင့်မပေးသင့် တော်တော် စဉ်းစား တိုင်ပင်ပီးမှပေးတာပါ

သာမန် ကိုဗစ်လူနာ များ လုံးဝ မလိုအပ်ပါ

Favipiravir ကော နောက်တရုတ်စာတွေနဲ့
Famotidine ဆိုတဲ့ဆေးဟာလဲ ကိုဗစ်အတွက်
ရသေ့စိတ်ဖြေ ပါပဲ မလိုအပ်ပါဘူး

Melatonin ကိုဗစ်အတွက်
(အိပ်မပျော်ရင်တော့ ညဘက်တစ်လုံးသောက်လို့ရပါတယ်

Zinc ရော ဆရာ လို့မေးရင်
Zinc ကလဲ ဝမ်းလျောနေတဲ့လူနာ သာလျင်
50 mg (၁၀ မီလီ ဂရမ် တစ်နေ့တစ်လုံး
ဆယ်ရက် သောက်ပါ)

🔒🔒🔒🔒

အနှစ်ချုပ် မပြင်းထန်တဲ့ ကိုဗစ်လူနာဟာ

(၁)ဖျားရင် ပါရာစီတမောသောက်ပါ

(၂)ဝမ်းလျှောပါက ဓါတ်ဆားရည်သောက်ပါ

(၃)ပိုးသတ်ဆေး ဆရာဝန် ညွှန်ကြားမှ သောက်ပါ

(၄)ချောင်းဆိုးပါက ချောင်းဆိုးပျောက်ဆေး
သောက်ပါ

(၅) အနားယူပါ

(၆)Mask တပ်တာ လက်ဆေးတာ သီးသန့်နေတာ
အစရှိတဲ့လိုက်နာသင့်တာ လိုက်နာပါ

(၇)online Tele consultation page မှ သိလိုသည်များ စုံစမ်းမေးမြန်းပါ

(၈)နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ကုသမှုယူသင့်ပါသည်

(၉)၁၄ရက် အနားယူပါ

(၁၀) လက်ထိပ် အောက်ဆိဂျင်တိုင်း သည့်စက်ဖြင့်
တစ်နေ့ နစ်ခါစစ်ဆေးပါ
၉၄%အောက်ရောက်လျင် ဆရာဝန်/နီးစပ်ရာ ကျန်းမာရေးဌာနတွင် ကုသမှုယူပါ

(၁၁)အနံ့မရတာအတွက် ဘာဆေးမှ ထည့်စရာမလို သောက်စရာမလိုပါ
အချိန်တန်မှ ပြန်ကောင်းပါသည်

ဆရာတို့ မြန်မာ နိင်ငံမှာ
ခုလို အမှောင်မိုက်ဆုံးကာလ ပါ

ကိုဗစ် (မပြင်းထန်လူနာအတွက်တော့ နေ့စဉ်စောင့်ကြည့်ခြင်း နှင့် ရောဂါဝေဒနာသက်သာစေသည့် Symptomatic ပဲရှိကြောင်း ) ထူးခြားကောင်းမွန်သည့်ဆေး မရှိပါကြောင်းပြောလိုပါသည်

မှတ်ချက်။Google ပေါတွင် စာရိုက်ပီးရှာ
ကျွန်တော်တို့ပြည်သူတွေ မချမ်းသာပါဘူး ။သူတိုချွေးနည်းစာနဲ့ အမှန်တကယ်ထိုက်တန်သည့်ဆေးများသာ ညွှန်ကြားပေးပါ။

အထူးသတိပြုသင့်သည်မှာ သန်း၅၀ပြည်သူများ ဒုက္ခရောက်နေပီး ငွေကြေးခက်ခဲသည့်အချိန်
မလိုအပ်သည့်ဆေးများ မညွှန်းပါနှင့်

02/07/2021

#အရေးကြီးပါသည်

ဗိုင်းရပ်စ်ကို ၄လတိတိ တိုက်ပွဲဝင်ကုသပေးခဲ့သူ ခွဲစိတ်အထူးကုနောက်ဆုံးနှစ် ဒေါက်တာနန်းခင်ညွန့်၏
ကာကွယ်ကြဖို့တိုက်တွန်း

အနံ့မရသူကိုအိမ်မှာ နေထိုင်အခြေနေစောင့်ကြည့်ဖို့ သတင်းမှာ ပါလာပါသည်။
D6I4G သန္ဓေပြောင်း ဗိုင်းရပ်စ်ဟာ
ကူးစက်မှု ၁၀ဆ မြန်နေပါသည်။
ကာကွယ်ထားပါ။
တစ်ခုခြင်း..တင်ပြပါမည်....

၁- အားဆေးဗီတာမင်..
အီး- စီ- ဒီ- သောက်ထားပါ။
၂- အဖျားဝင်မလိုဖြစ်ရင် ပါရာစီတမော့ တရက် ၃ကြိမ်သောက်ပါ။
ချောင်းဆိုးပြီဆိုရင်
ဒက်စထရိုမီသောဖန်၊
အိုင်ဗျူပရိုဖန်ဆေး
အညွန်းအတိုင်းသောက်ပါ။
၄- ဓာတ်ဆားရေသောက်ပါ
ဆားရည် အာလုပ်ကျင်း
ရေနွေးသောက် ရေနွေးအငွေ့ကို..ရွူ..သွင်းပါ။
အခိုး အငွေ့ အငံ အစပ် ဓာတ်နဲ့တွေ့ရင် ဝင်နေတဲ့ပိုး သေပါတယ်။ ဗိုင်းရပ်စ်ပိုး
ကိုနိုင်တဲ့ ဓာတ်ပါ အပူဓာတ်ပိုကြောက်တယ်။
အဆုတ္ကို မေရာက္ဖို့ ဒီနည်းပဲရှိပါသည်။
ဗိုင်းရပ်စ်သည် အဆုတ္ကို
တိုက်ခိုက်ပါသည်။

အဆုတ်နဲ့ လေပြွန်လမ်းကြောင်းတွေကိုထူထဲတဲ့ ချွဲသလိပ်တွေနဲ့ ပိတ်ဆို့ပြီး
အစိုင်အခဲဖြစ်စေခြင်းအားဖြင့် အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့စေပါတယ်။

#ဗိုင်းရပ်စ်သည်ဘယ်ကဝင်ဝင်လည်ချောင်းတွင်း ၄..ရက်ခန့်ကြာနေထိုင်ပါသည်။
ထို့ကြောင့် ပူသောအရည်
ကော်ဖီ၊ စွပ်ပြုတ်၊ ရေနွေးပူပူသောက်ပြီး..ကာကွယ်ပါ။
#ဗိုင်းရပ်စ်ကိုအစာအိမ္ထဲသို့ပို့ကာ..
အက်ဆစ်များဖြင့် အစာခြေခြင်းဖြင့်အဆုတ်ထဲမဝင်အောင် တားဆီး
ပေးပါလိမ့်မည်။
ဖြစ်နိုင်ရင် ရှာလကာရည်၊
သံပုရာရည်၊လိမ္မော်ရည်၊
ဆားထည့် ရေနွေးပူပူဖြင့်.
သောက်ပေးပါ။
တစ်ရက် တစ်ကြိမ်လောက်သောက်ပေးပါ။
ထမင်းစားရင်... ကြက်သွန်ဖြူ၊ ကြက်သွန်နီ အစိမ်းစားပါ။
အပူ အခိုး အငွေ့ဓာတ်သည် ဗိုင်းရပ်စ်
ကိုနိုင်သည့်ဓာတ်ဖြစ်ပါသည်။
- အနံ့မရ ဖြစ်လာပြီဆိုရင်
ဆရာဝန်ပြ ရမှာဖြစ်ပါသည်။
ထို့ကြောင့် မိမိကိုယ္ကို ကာကွယ်ရင်း ဆရာဝန်၊ဆရာမ၊ကျန်းမာရေး
ဝန်ထမ်းများကို ကူညီကြပါစို့လို့...

Credit.
#မေတ္တာဖြင့်...

Din Din'''

05/06/2021

Knowledge sharing for girls
သားအိမ်ခေါင်းကင်ဆာကာကွယ်ဖို့ဆိုရင်
မြန်မာအမျိုးသမီးတွေ(အထူးသဖြင့်အမျိုးသမီးကြီးတွေပေါ့)
အရင်ထဲကအဝတ်လျှော်ကြရင် လျှော်စက်ထက် လက်နဲ့အားရပါးရလျှော်ကြတယ် အဲ့မှာတစ်ချို့က ခြေထောက်ကြီးကား အဝတ်ကိုပေါင်ကြားထဲထည့်ပီ brushတွေနဲ့အားရပါးရတိုက်လျှော်ကြတဲ့အခါ ဆပ်ပြာရေတွေဟာ မိန်းမကိုယ်ထဲကိုဝင်ပါများလာရင် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ပါတယ်
ပီးတော့ မိန်းမကိုယ်ကို ဆပ်ပြာနဲ့လဲတိုက်လို့မရသလို ရေချိုးဆပ်ပြာနဲ့လဲတိုက်လို့မရပါဘူး ရေသန့်နဲ့ဆေးတာကအန္တရာယ်အကင်းဆုံးပါပဲ
Ph care တို့ဘာတို့သုံးတာကလဲနေ့တိုင်းမသုံးသင့်ပါဘူး
Ph level မမျှပဲယားယံတာတွေအဖြူအရမ်းဆင်းတာတွေဖြစ်တတ်ပါတယ်အဓိကကတော့မိန်းမကိုယ်ကို ရေသန့်ပဲသုံးပီးဆေးကြောကြပါ
ရင်သားကင်ဆာအတွက်ဆိုရင်တော့
အိပ်တဲ့အခါ bra ဝတ်ပီးမအိပ်ပါနဲ့ အိမ်မှာနေတဲ့အခါလဲ bra ချွတ်နေကြလဲဘာမှတော့မဖြစ်ပေမယ့် မြန်မာလူမျိုး အမျိုးကောင်းသားများက ရင်သားတွဲရင်စောက်ပြစ်ကြီးလို ပါးစပ်အရသာခံပီးပြောကြပါတယ် တွဲမကျချင်ရင်တော့ ညဘက်ပဲချွတ်အိပ်ပါ အဓိကကတော့ ညဘက် ဘရာ ဝတ်မအိပ်ပါနဲ့
​ပီးတော့နွေရာသီမှာ ဘရာ အနက်ရောင်ဝတ်တာရှောင်ပါ

သိထားစရာ ကိုဗစ် လက္ခဏာသစ်များphoto crd
31/05/2021

သိထားစရာ ကိုဗစ် လက္ခဏာသစ်များ

photo crd

လွယ်လွယ်ကူကူနဲ့ ဝိတ်ချကြရ​​အောင်Crd #
10/05/2021

လွယ်လွယ်ကူကူနဲ့ ဝိတ်ချကြရ​​အောင်
Crd #

တိုနာ (Toner)သုံးနည်း. အရင်ကဆိုရင် toner ကို လုံးဝ မလိုအပ်ဘူး ထင်ခဲ့တာ အရည်လိုပဲ ဘာမှ ထူးခြားမှူမရှိဘူး ပေါ့ တကယ် skin c...
09/05/2021

တိုနာ (Toner)သုံးနည်း.

အရင်ကဆိုရင် toner ကို လုံးဝ မလိုအပ်ဘူး ထင်ခဲ့တာ
အရည်လိုပဲ ဘာမှ ထူးခြားမှူမရှိဘူး ပေါ့
တကယ် skin care သုံးပြီး တကယ်လေ့လာကြည့်တော့ မှာ အသားအရေ ထိန်းသိမ်းမှူ အပိုင်းမှာ toner က အခြေခံအကျဆုံးထဲ က တစ်ခု ဆိုတာ သိလာရတယ်
နေ့ဘက် မိတ်ကပ် လိမ်းတဲ့ အခါ toner လိုအပ်သလို
ညဘက် အိပ်ခါ နီး အားဖြည့်ရည်တွေ မသုံးခင် toner ဆိုတာ မဖြစ်မနေ သုံးသင့်တဲ့ အရာဆျိုတာ လုံးဝ နားလည် လာရတယ်
သုံးနည်း လေးပါ ပြန်copy ပေးထားပါတယ် နော်

တိုနာလိမ်းနည်း

အမေး။......တိုနာကလေ မျက်လုံးတဝိုက်နဲ့ မေးစေ့တဝိုက်ချန် သုံးရတယ်ဆိုတာ ဟုတ်ပါသလား ဆရာ..

အဖြေ။......

တိုနာလိမ်းတဲ့အခါ မျက်နှာတပြင်လုံးလိမ်းရပါတယ်။ အထူးသဖြင့် မေးစေ့၊ ပါးပြင်၊နှာခေါင်းနဲ့ ဆံသယ်စတွေကို သေချာလိမ်းပေးရတယ်။ သို့သော် မျက်လုံး၊ မျက်ခွံနဲ့ နှုတ်ခမ်းကိုတော့ ချန်ထားရမယ်။ တိုနာလိမ်းတဲ့အခါ လက်နဲ့လိမ်းကြတယ်။ မှားတယ်။ တကယ်က တိုနာသုံးတဲ့အခါ ဂွမ်းစနဲ့လိမ်းမှ အညစ်အကြေး၊ ပိုးမွား၊အဆီနဲ့ မိတ်ကပ်တွေ ကင်းစင်မှာဖြစ်တယ်။

ဂွမ်းစ၊ဂွမ်းဖတ်နဲ့ သုံးတဲ့အခါ အရည်ကို ရွှဲနစ်နေအောင် စိမ်ပြီး မသုံးရဘူး။ အနေတော်လောက်ထည့်ပြီး သုံးရတယ်။ ဂွမ်းစမှာမဲလာရင် အသစ်ပြောင်းသုံးပါ။ လိမ်းတဲ့အခါ စက်ဝိုင်းပုံလိမ်းပါ။

သတိပြုရမှာက တိုနာသုံးပြီး တခြားskin care ချက်ချင်းမသုံးပါနဲ့။ အနည်းဆုံးခြောက်အောင် တစ်မိနစ်ထားပြီးမှ တခြားskin care ဆက်သုံးရမယ်။

Credit - ဒေါက်တာ အေးမင်းထူး

Address

No(1/12/144B), Thukhamaing Street, Hlaingtharyar Township
Mingaladon

Opening Hours

Monday 09:00 - 18:00
18:00 - 19:00
Tuesday 09:00 - 18:00
18:00 - 19:00
Wednesday 09:00 - 18:00
18:00 - 19:00
Thursday 09:00 - 18:00
18:00 - 19:00
Friday 09:00 - 18:00
18:00 - 19:00
Saturday 09:00 - 18:00
18:00 - 19:00
Sunday 09:00 - 17:00
18:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Puu Mouse Fashion Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share