Khin Online Shop

Khin Online Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khin Online Shop, Mingaladon.

လူတိုင်းကို ကူညီလို့ရပါတယ် နောက်ပြီး ချစ်လို့လည်း ရတယ် ၊ ခင်လို့လည်း ရတယ် သနားလို့လည်း ရတယ်၊အားနာလို့လည်း ရတယ်။ဒါပေမဲ့ လ...
13/12/2020

လူတိုင်းကို ကူညီလို့ရပါတယ် နောက်ပြီး ချစ်လို့လည်း
ရတယ် ၊ ခင်လို့လည်း ရတယ် သနားလို့လည်း ရတယ်၊
အားနာလို့လည်း ရတယ်။

ဒါပေမဲ့ လူတိုင်းကိုတော့ ကိုယ့်စိတ်နဲ့ မနှိုင်းပါနဲ့။ လူတိုင်းက ကိုယ်နဲ့ထပ်တူမကျနိုင်ပါဘူး။

တခါတလေ လူတစ်ယောက်ကို အရမ်းခင်မိ၊ ချစ်မိတဲ့အခါ သူလည်း ကိုယ့်လိုပဲ ကိုယ့်ကို အရမ်းခင်မှာပဲ၊ ချစ်မှာပဲ ဆိုပြီး တွေးတတ်ကြတယ်။

တကယ်တမ်း လက်တွေ့ကျ ကိုယ်ထင်ထားသလို မဖြစ်တဲ့အခါတဖက်လူအပေါ်လည်း စိတ်ကွက်နိုင်သလို ကိုယ်လည်း အနည်းနဲ့အများ ခံစားရပါတယ်နော်။

ဖြစ်နိုင်မယ်ဆိုရင်တော့ ဘာကိုမှ အရမ်း မမျှော်လင့်ပဲနဲ့
ကိုယ့်ဘက်က ချစ်နိုင်သလောက်၊ ကူညီပေးနိုင်သလောက်၊ လုပ်ပေးနိုင်သလောက် လုပ်ပေးလိုက်ပါ။

ကိုယ်ပေးတဲ့အတိုင်း ထပ်တူပြန်ရမယ်လို့တော့ မျှော်လင့်မထားပါနဲ့။ တချို့အရာတွေက ပေးတိုင်းလည်း ပြန်မရ
နိုင်သလို ကိုယ်ထင်ထားတဲ့အတိုင်လည်း ဖြစ်မလာပါဘူး။

ဖြစ်မလာတဲ့အခါလည်း ဘယ်သူ့ကိုမှ ဒေါသထွက်ပါနဲ့
လူတိုင်းက ကိုယ့်လိုမဟုတ်တဲ့အတွက် ကိုယ့်စိတ်နဲ့တူမှာ မဟုတ်လေးနော်..

-𝕎𝔸𝕀

"မင်း ကျွန်​တော့်ကို တကယ်မချစ်ဘူး" လို့ ထင်​နေတတ်တာလည်း ဝဋ်​ကြွေးလိုပဲည​ရောက်ရင် သိသာလာတဲ့ ​ဝဋ်​ကြွေးတစ်ခုလိုဖြစ်​နေတယ်"...
13/12/2020

"မင်း ကျွန်​တော့်ကို တကယ်မချစ်ဘူး" လို့
ထင်​နေတတ်တာလည်း ဝဋ်​ကြွေးလိုပဲ
ည​ရောက်ရင် သိသာလာတဲ့ ​
ဝဋ်​ကြွေးတစ်ခုလိုဖြစ်​နေတယ်

"တစ်ချိန်ချိန် မင်းထားခဲ့မှာပါ "လို့ပဲထင်​နေတယ်
"တစ်ချိန်ချိန် ​ဝေးသွားကြမယ်" ပဲထင်​နေတယ်
ကျွန်​တော့်ကို ဘယ်အရာ​​တွေက
အဲ့လို​တွေးပြီး ပူပန်ခိုင်း​နေလဲ
ဘာလို့ ကျွန်​တော် အဲ့လို​တွေ​တွေး​နေမိမှန်း
ကျွန်​​တော်မသိဘူး
တကယ်​တော့ ကျွန်​တော်ဟာ အရမ်းချစ်မိလို့
မ​ရောင့်ရဲနိုင် ဖြစ်​နေတာ ကျွန်​​တော်သိပါတယ်

မင်းဘက်က တစ်ခါတစ်​လေ ထူးဆန်း​နေရင်
ကျွန်​တော့် အဲ့အ​တွေး​တွေက ပိုပိုဝင်လာတယ်
မင်းနဲ့ပက်သက်ပြီး
ကျွန်​​တော် Overthink ဖြစ်​နေမိပြီထင်ပါတယ်
ကျွန်​တော် အရမ်းချစ်မိ​နေပြီထင်ပါတယ်
တစ်ခါတစ်​လေ မ​​ဝေးချင်တဲ့ စိတ်တစ်ခုကလွဲလို့
ကျန်တာဘာမှမမြင်​တော့တဲ့အခါမျိုး​တွေ​တောင်ရှိတယ်

ကျွန်​တော်က သိပ်မတွယ်တာတတ်ဘူး
အခင်အတွယ်နည်းတယ်
"ဒီလူရှိမှဖြစ်မယ် ဒီအရာ ရှိမှဖြစ်မယ် " ဆိုပြီး
​တွေးမိတာမျိုး ကျွန်​​တော့်ဘဝမှာမရှိဘူး
ကျွန်​တော်ကိုယ်ကလည်း တွယ်တာရတာမျိုး
သိပ်မကြိုက်ဘူး​လေ

မင်းနဲ့ ​တွေ့ဆုံပြီး ​နောက်ပိုင်း
စိုးရိမ်ပူပန်တတ်လာတာပဲ
ကျွန်​တော်စိတ်လိုလက်ရ တွယ်တာမိ​နေတယ်
Overthink ဖြစ်ရတာ တကယ်မကြိုက်ဘူး
အဲ့တာက လူကို ပင်ပန်း​စေပြီး
စိတ်​တွေကိုသတ်​နေသလိုပဲ

မင်းက ခဏ​လေး ပစ်ထားတဲ့ အချိန်တွေမှာ​တောင်
Depression ဝင်​နေတတ်တာ
မင်းနဲ့များ ​ဝေးသွားခဲ့ရင်. . .
​တွေ့လား ! ပြောရင်းဆိုရင်း
ကျွန်​တော်အ​တွေးလွန်မိသွားပြန်ပြီ
အဲ့လိုကွာ ကိုယ့်စိတ်​ကြောင့်ပဲ ကိုယ်ပင်ပန်း​နေရတယ်
အဲ့တာ​ကြောင့်​ပြောတာ
ဘယ်အရာကိုမှတွယ်တာရတာမကြိုက်ပါဘူး လို့. . .

-𝐶ℎ𝑢𝑛 𝐿𝑖𝑡-card

ချစ်တယ် ပြောပြီးရင် ကျနော့်ကို ဂရုစိုက်ပေးလို့မရဘူးလား ။ ခင်ဗျားအချိန်တွေအကုန် ကျနော်ကို ပေးစေချင်တာ မဟုတ်ဘူး ။ ကျနော်နဲ...
13/12/2020

ချစ်တယ် ပြောပြီးရင် ကျနော့်ကို ဂရုစိုက်ပေးလို့မရဘူးလား ။

ခင်ဗျားအချိန်တွေအကုန် ကျနော်ကို ပေးစေချင်တာ မဟုတ်ဘူး ။
ကျနော်နဲ့ ပြောနေတဲ့အချိန်လေးတော့ ကျနော့်ကို ဂရုစိုက်စေချင်တယ် ။

အမှန်ပြောရရင် ကျနော်က Overthinking သမား ။ ခင်ဗျား နဲနဲလောက် ပစ်ထားလိုက်တာနဲ့ မချစ်တော့လို့ဆိုတဲ့ အတွေးက ခေါင်းထဲ လည်ချာရိုက်နေသလို ဆက်တိုက်ဝင်လာတယ် ။

အပိုမပြောဘူး ကိုယ့်စိတ်နဲ့ ကိုယ်သေနေရတဲ့ ညတွေ မနည်းတော့ဘူး ။
ခနလေး ဆိုတဲ့နောက်ကွယ်မှာ ဘာတွေရှိမနေလည်း ကျနော်မတွေးရဲဘူး ။

မအားဘူးဆိုပြီး Active nowပြနေတဲ့ ခင်ဗျား မီးစိမ်း ကို ကြည့်ရတာ အရှင်လက်လက် ငရဲပြည်ရောက်နေသလို ရင်တွေပူရတယ် ။

အရမ်းချစ်လို့ အရာရာနားလည်ပေးခဲ့တာ နောက်ကျောဓားနဲ့ထိုးဖို့ အခွင့်အရေးပေးခဲ့သလိုပါပဲ။

ဒါကြောင့် ချစ်တယ်ပြောပြီး ကျနော့်ကို ပစ်မထားပါနဲ့ ။ ။

(Daffodils)

🙏

13/12/2020

ထားခဲ့တာတော့မဟုတ်ပါဘူး.....မင်းလည်းမင်းဘဝနဲ့မင်းပျော်ရွင်နေတာကိုယ်မရှိဘဲလုံလောက်နေလို့ပါ

13/12/2020

မင်းကတော့...ဘာမှမဟုတ်ဘူးပြောလိုက်တာဘဲ...
ငါကတော့ကမ္ဘာပျက် မတက်💔

Address

Mingaladon

Website

Alerts

Be the first to know and let us send you an email when Khin Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share