Htila Book Streets

Htila Book Streets To better future with books and knowledge / wisdom

တကယ်ကို စေတနာထားတဲ့ အဖွဲ့ပါ ။ အိမ်တိုင်ရာရောက်လာတောင်ပို့ပေးသေးတာ ။ ဌားခလေးတွေကိုလည်း လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းပေးတာက...
06/10/2021

တကယ်ကို စေတနာထားတဲ့ အဖွဲ့ပါ ။ အိမ်တိုင်ရာရောက်လာတောင်ပို့ပေးသေးတာ ။ ဌားခလေးတွေကိုလည်း လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းပေးတာကြောင့် ၂ ခါ အကျိုးဖြစ်စေမှာပါ။

Door2Door Online Library ဆိုတာ………

🏡
ငယ်ငယ်က ကျောင်းပိတ်ရက်တွေဆို အပြေးအလွှားသွားငှားခဲ့ရတဲ့ စာအုပ်ဆိုင်လေးတွေကို ခေတ်ကာလအခြေအနေအရ ပုံစံပြောင်းလဲထားတဲ့ Online စာအုပ်ငှားဆိုင်လေးပဲဖြစ်ပါတယ်။

ဒီစာအုပ်ဆိုင်လေးအတွက် ကျွန်မတို့ပိုင်ဆိုင်တဲ့ စာအုပ်တွေ အားလုံးကို လူအများဖတ်ရှု့နိုင်အောင် ငှားရမ်းပေးမှာဖြစ်ပါတယ်။ ငှားရမ်းလို့ရနိုင်မယ့် စာအုပ်တွေကိုလည်း အသေးစိတ် ဖော်ပြပေးပါဦးမယ်။ အဓိကရည်ရွယ်ချက်ကတော့ အခုလို အချိန်မျိုးမှာ အားလုံးကို အကျိုးရှိစေချင်တာရယ် ပျင်းရိငြီးငွေ့စိတ်ကုန်စရာကောင်းတဲ့ အခြေအနေတွေကို စာပေဖတ်ရှု့ခြင်းကနေ ကုသပေးချင်တာရယ်၊ ကိုယ့်တစ်ကိုယ်ရည် စိတ်အာဟာရတွေကို ဖြည့်တင်းပေးနိုင်ဖို့ရယ် ရည်ရွယ်ပြီး စီစဥ်ဖြစ်ခဲ့ပါတယ်။

နောက်တစ်ခုက ကျွန်မတို့ကိုယ်တိုင် အလုပ်အကိုင်တွေ နားထားရတာဖြစ်လို့ ကျန်းမာ​ရေးအတွက်လိုအပ်တဲ့ တစ်ချို့နေရာတွေအတွက် သိပ်မလှူနိုင်တဲ့ အခြေအနေမျိုးတွေကို ဒီစာအုပ်ဆိုင်က ရလာတဲ့ ငှားရမ်းခ တစ်ဝက်ကနေ လိုအပ်တဲ့ နေရာတွေမှာ လှူသွားမှာဖြစ်ပြီး ကျန်တစ်ဝက်ကတော့ စာဖတ်သူတွေ တောင်းဆိုတဲ့ စာအုပ်အသစ်တွေ ပြန်ဝယ်ပြီး ငှားရမ်းပေးဦးမှာ ဖြစ်ပါတယ်။

📚📚📚

ငှားရမ်းချင်တဲ့သူတွေ အနေနဲ့ ဒီ Page ရဲ့ Messenger မှာ ကိုယ်ငှားချင်တဲ့ စာအုပ်နာမည်ရယ်၊ မိမိရဲ့လိပ်စာ၊ ဖုန်းနံပါတ်လေး ပို့ထား​ပေးရပါမယ်။Monday & Tuesday ငှားပါက Wednesday မှာ ပို့ပေးမှာဖြစ်ပြီး Thursday & Friday ငှားသောစာအုပ်များကိုတော့ Saturday မှာ ကျွန်မတို့က စာဖတ်သူတွေ ဆီကို အရောက်ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ စာအုပ်တစ်အုပ်ကို တစ်ပတ် ငှားခွင့်ပြုမှာဖြစ်ပါတယ်။ (စနေမှာ စာအုပ်လာပို့သွားပြီဆို နောက်တစ်ပတ်စနေမှာ ပြန်လာသိမ်းပါမယ်။ ရက်တိုးလိုချင်ပါက Page Messenger မှာ လာပြောထားနိုင်ပါတယ်။) စာဖတ်သူ တစ်ယောက်လျှင် တစ်ပတ်အတွက် (၂)အုပ်ကို ငှားရမ်းခွင့်ပြုပါမယ်။ စာအုပ်တစ်အုပ်စာအတွက် ငှားရမ်းခ ကို (၅၀၀)ကျပ် သာ သတ်မှတ်ပေးထားပါတယ်။ တစ်ပတ်ထက်ကျော်လွန်ပြီး ၂ပတ် မြောက်ထပ်တိုးလိုချင်ပါက နောက်ထပ် (၅၀၀)ကျပ် ထပ်ပေါင်းသွားပါမယ်။

🌻🌻🌻

တစ်ခုသတိထားပေးရမှာက​တော့ ဒီPage ရဲ့ Admin နှစ်ဦးလုံးက စာအုပ်တွေကို အင်မတန်ချစ်မြတ်နိုးသည့် သူများဖြစ်တဲ့အတွက် Readers တွေ အနေနှင့်လည်း တစ်ခြားလူအများကို ဖတ်ခွင့်ရအောင် စည်းကမ်းတကျ ဖတ်ရှု့ပေးကြဖို့ဖြစ်ပါတယ်။ စာအုပ်ချစ်တဲ့သူအချင်းချင်း ပြောနေဖို့ မလိုသော်လည်း Page ရဲ့ Rule အရ ပြောရတာဖြစ်ပါတယ်။ တကယ်လို့ အကြောင်းကြောင်းကြောင့် ပျက်စီးသွားခဲ့တာပဲ ဖြစ်ဖြစ် ပျောက်ဆုံးသွားတာမျိုးဖြစ်လာပါက စာအုပ်တန်ကြေးလေး ပြန်ကောက်ယူပါရစေနော်။

🙏🙏🙏

ငှားရမ်းသူများများရလာလေလေ လိုအပ်တဲ့ နေရာတွေ အတွက် ပိုလှူနိုင်လေလေပါပဲ။
နောက်ပိုင်း နောက်ပိုင်းတွေမှာ စာဖတ်သူတွေ အတွက်ရည်ရွယ်ထားတဲ့ တခြားအစီအစဥ်တွေ ရှိသေးတာဖြစ်လို့…….
စာဖတ်ဝါသနာပါသူ စာကြမ်းပိုးလေးတွေကို လက်တို့ပေးလိုက်ပါဦးလို့………..

Door2Door Online Library-Meiktila

ပထမဆုံးပြောချင်တာက ဘဝမှာ ဖတ်ဖူးသမျှစာအုပ်တွေထဲမျက်ရည်ကျဖူးတဲ့စာအုပ်ဆိုတာပါပဲ....သည့်ပြင် ရင်မောစရာမျိုးတွေဖတ်ခဲ့ဖူးပေမယ်...
18/12/2020

ပထမဆုံးပြောချင်တာက ဘဝမှာ ဖတ်ဖူးသမျှစာအုပ်တွေထဲ
မျက်ရည်ကျဖူးတဲ့စာအုပ်ဆိုတာပါပဲ....

သည့်ပြင် ရင်မောစရာမျိုးတွေဖတ်ခဲ့ဖူးပေမယ့်
မျက်ရည်တော့ မကျမိခဲ့ဘူး....

စာအုပ်လေးကောက်ကိုင်လိုက်ပြီး စာလေးတစ်ကြောင်းနှစ်ဖတ်ပြီးထဲက ဝယ်ဖြစ်တာပါပဲ..
ဆရာမကြီး မစန္ဒာ ကိုယ်တိုင်အမှာရေးပေးထားတဲ့စာအုပ်....

စာအုပ်အကြောင်းကတော့ ထွေထူးရေးမပြချင်တော့ပါ..
အကောင်းဆုံးအကြံပေးချင်တာ
သင်ခုချက်ချင်းပဲ ဝယ်ဖတ်လိုက်ပါ....
သို့မဟုတ် ထီလာက သူငယ်ချင်းများ ကျွန်တော့ဆီက ငှားဖတ်နိုင်ပါကြောင်း....☺

📖မောင်( နှလုံးသွေးဖြင့် ပူဇော်ကြသူများ)🖋ဦးဘုန်း(ဓါတု)     “နိုင်ငံတစ်ခုကို ထူထောင်ကြတဲ့အခါ ကမ္ဘာ့အမြင်ရှိတဲ့ နိုင်ငံရေးသ...
19/11/2020

📖မောင်( နှလုံးသွေးဖြင့် ပူဇော်ကြသူများ)

🖋ဦးဘုန်း(ဓါတု)

“နိုင်ငံတစ်ခုကို ထူထောင်ကြတဲ့အခါ ကမ္ဘာ့အမြင်ရှိတဲ့ နိုင်ငံရေးသမားတွေလက်ထဲမှာ ဒီနိုင်ငံကို အပ်ရမယ်။ နိုင်ငံမတိုးတက်လို့ သိက္ခာကျခဲ့ရင်လည်း နိုင်ငံရေးသမားတွေပဲ သိက္ခာ ကျမှာ။ နိုင်ငံရေးသမားတွေအတွက် ချီးမွမ်းခံရခြင်း၊ ကဲ့ရဲ့ခံရခြင်းဆိုတာ ဓမ္မတာပဲ။ အခုတော့ စစ်တိုက်တတ်သူတွေက နိုင်ငံတစ်နိုင်ငံကို ထူထောင်နေကြတယ်။ စစ်တိုက်သလို အမိန့်ပေးပြီး နိုင်ငံတစ်နိုင်ငံကို ထူထောင်လို့ရမယ် ထင်နေကြတယ်။ နောက်ဆုံး နိုင်ငံတော်လည်း သိက္ခာကျ။ သူတို့သမိုင်းလည်းပျက်စီး အဖြေကတော့ နိုင်ငံတော် ကျရှုံးခြင်းပဲ”

ဆရာဦးဘုန်းရဲ့ လက်ရာမွန်စာအုပ်ကောင်းလေးတစ်အုပ်ပါ ။ နာမည်က “ မောင် “ တဲ့။ အချစ်ဝတ္တုလေးတစ်ပုဒ်တော့မဟုတ်ပါဘူး။ ၁၉၈၈ ဝန်းကျင်ကာလတွေကို နောက်ခံထားပြီး ဖြစ်ရပ်မှန်တွေကို ကျောရိုးယူပြီး ရေးဖွဲ့ထားတဲ့ နိုင်ငံရေး ဝတ္ထုလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
ချစ်မောင် ခေါ် မောင်ဆိုတဲ့ ဖတဆိုးသားလေးဟာ မိခင်နောက်အိမ်ထောင်ပြုလိုက်တာကို စိတ်နာကျည်းပြီး အိမ်ကနေ ထွက်ပြေးခဲ့ပါတယ်။ မိခင်ဖြစ်သူက ဆယ်နှစ်ကျော်ကြာမှ သားကိုပြန်တွေ့ရတဲ့အချိန်မှာ မြန်မာ့နိုင်ငံရေးက ကသောင်းကနင်းဖြစ်နေပါပြီ ။ အနှစ်နှစ်အလလ စုဆောင်းခဲ့ရတဲ့ ချွေးနည်းစာလေးကို တရားမဝင်ငွေကြေးအဖြစ်ကြေငြာခဲ့ပါတယ်။ အဲဒီက စလို့ မဆလ တစ်ပါတီအစိုးရကို အမြစ်ဖြုတ်ဖို့ တစ်နိုင်ငံလုံးက ၈၈ အရေးတော်ပုံကြီးကို ဆင်နွှဲခဲ့ကြပါတယ် ။ တစ်နိုင်လုံးတံခါးပိတ်ဝါဒ ကျင့်သုံးခဲ့တဲ့ ဗိုလ်နေဝင်း ဦးဆောင်သော အာဏာရှင် တစ်စုကို အုံးအုံးကျွက်ကျွက် တော်လှန်ကြပါတယ်။ ရဲရင့်ကြပါတယ်။ ညီညွတ်ခဲ့ကြပါတယ်။
စစ်အာဏာရှင်များကလည်း အဖဗိုလ်အောင်ဆန်းဖွဲ့စည်းပေးထားသော တပ်မတော်ကို တလွဲအသုံးချကာ လက်နက်မဲ့ ပြည်သူတွေ ရက်ရက်စက်စက် နိုင်နင်းခဲ့ကြပါတော့တယ်။ ထိုအထဲမှာ မောင် တစ်ယောက်ကျဆုံးခဲ့ရပြီး မိခင်ကြီးမှာ အရူးမီးဝိုင်းဖြစ်ခဲ့ရပုံတွေကို ရင်နင့်ဖွယ်ရာ ဖတ်ရှုကြရမှာပါ။
မြန်မာ့နိုင်ငံရေး အလွဲများ၊ အယူဆ အမှားများ၊ ကျောင်းသားပြည်သူတို့ရဲ့ အစွန့်လွတ် နှစ်နာခဲ့ခဲ့ရပုံများ ၊ ၈၈ အရေးအခင်းကြီးနှင့်အတူ ဒီမိုကရေစီ ပြန်လည်နိုးထခဲ့ရပုံတွေကို ဆရာဦးဘုန်းရဲ့ အနုပညာမြောက် အရေးအသားမှာ ဖတ်ရှု ခံစားကြရမှာပါ။
မဖြစ်မနေ ဖတ်ကြည့်သင့်တဲ့ စာမွန်လေး တစ်အုပ်ပါလို့ ညွှန်း ဆိုရင်း........

Book Streets
ထီလာစာပေ ချစ်သူ လူငယ်များအဖွဲ့

📖 ဖားစည်သံအမှန်တို့ လွင်ပါစေ🖋ကိုစိုးထိုက်(ဖဒို)     “ ငါ နော်ဝါးဖောကို ဘယ်လိုပြန်ပြောရမှာလဲကွာ မင်းပြန်လာမှာကို ကလေးနို့...
12/11/2020

📖 ဖားစည်သံအမှန်တို့ လွင်ပါစေ
🖋ကိုစိုးထိုက်(ဖဒို)

“ ငါ နော်ဝါးဖောကို ဘယ်လိုပြန်ပြောရမှာလဲကွာ မင်းပြန်လာမှာကို ကလေးနို့တိုက်ပြီး စောင့်နေရှာတဲ့ နော်ဝါးဖောကို ငါဘယ်လိုစကားတွေနဲ့ သွား နှစ်သိမ့် ရမလဲ တာဝါး ရေ......”

ဒီတစ်ပါတ် အညွန်ရေးပေးမယ့် စာအုပ်လေးကတော့ ပရဟိတသမားကြီး ကိုစိုးထိုက်ရဲ့ ဖားစည်သံအမှန်တို့ လွင်ပါစေ ပဲ ဖြစ်ပါတယ်။ ဖြစ်ရပ်မှန်များစွာကို ကျောရိုးယူပြီး ဝတ္တုတစ်ပုဒ်အဖြစ် အသက်သွင်းထားတဲ့ စာအုပ်လေးပဲဖြစ်ပါတယ်။ ကရင်ပြည်နယ်ရဲ့ အလှအပနယ်မြေဒေသတွေ အကြောင်းမဟုတ်ပဲ ရိုးရာဓလေ့များစွာနဲ့ မပြီးဆုံးနိုင်သေးသော ပြည်တွင်းစစ် အကြောင်းတွေကို ဖတ်ရမှာပါ။
အညွှန်လေးတစ်ခု ဝတ္တု အစမှာရေးထားတယ်။ “ဤစာအုပ်အား လူမျိုးစွဲ၊ ဘာသာစွဲ ၊ အတ္တစွဲကြီးသော အမည်းရောင်နှလုံးသား ပိုင်ရှင်များ ဖတ်ရှုရန် မသင့်ပါ “ တဲ့ ။ ကောင်းလိုက်တဲ့ စာသားလေး။ ဟုတ်တယ်ဗျ။ အစွဲရှိတဲ့သူတွေကတော့ မဖတ်တာကောင်းတယ်။ စာအုပ်ထဲမှာက အဖြစ်အပျက်လေးတွေက ဘက်မလိုက်တဲ့ အမြင်နဲ့ ကြည့်မှ စာအုပ်ရသ ပိုပေါ်လွင်မှာ။ ကရင်လူမျိုးတွေရဲ့ ရိုးရာဓလေ့လေးတွေ ကို စနစ်တကျ ဇာတ်အိမ်ဖွဲ့ ဇာတ်ကောင်တွေ ကို ဝင်လှုပ်ရှားခိုင်းပြီး ရေးထားတာ ရုပ်ရှင်သာရိုက်ရင် အတော်ကြည့်ကောင်းမှာ။
ကရင်လူမျိုးတွေနဲ့ မြန်မာ့ရိုးရာလက်ဝှေ့က ခွဲခြားမရပါဘူး။ ရိုးရာလက်ဝှေ့ကို မြတ်နိုးတန်ဖိုးထားပြီး ယခုထိ ခုံမင်နေကြဆဲပါ။ ရိုးရာလက်ဝှေ့ကို ရူးသွပ်စွာ ထိုးသတ်ကြတဲ့ ငယ်သူငယ်ချင်းလေးနှစ်ယောက်/ စစ်ဘေးရှောင်စခန်းမှ ချစ်စရာ အမြွှာ ကရင်မလေး နှစ်ယောက်/ တလဂုဏ်ခေါ် ရသေ့ကိုးကွယ်တဲ့ ကရင်လေး တစ်ယောက် / စတဲ့ သူငယ်ချင်းတစ်စုရဲ့ ဖြူစင်တဲ့ မေတ္တာ တစ်ယောက်ပေါ် တစ်ယောက်ထားကြတဲ့ သံယောဇဉ်တွေက စာဖတ်သူကို ဇာတ်သိမ်းပိုင်းထိ ခေါ်ဆောင်သွားမှာပါ။ မြေစာပင်ဆိုတဲ့ စာအုပ်ကတည်းက ကိုစိုးထိုက်ရဲ့ ဒရာမာကိုကောင်းကောင်း သဘောပေါက်တယ်။ ခုစာအုပ်ကလည်း ရင်ကို နှင့်ခနဲပါပဲဗျာ။
ဖားစည်သံအမှန်တို့ လွင်ပါစေ ဆိုတဲ့ စာအုပ်ထဲကလို ပြည်တွင်းစစ်တွေကြားထဲက တိုင်းရင်းသားလေးတွေရဲ့ စတေးခံ ဘဝတွေ ၊ စစ်ဘေးရှောင်စခန်းက ဘဝတွေ၊ စတဲ့ အခက်အခဲကြားက အဖြစ်အပျက်တွေက စာဖွဲ့လို့မကုန်နိုင်အောင်ပါပဲ။ ဒါပေမယ့် ရွှေပြည်တော် မျှော်တိုင်းမဝေးတော့ပါဘူး။ ရွှေခေတ်ကို ရောက်ကြတော့မှာပါ။ သံလွင်ခက်တွေ ချီလာတဲ့ ချိုးဖြူတွေ မြန်တိုင်းတခွင်မှာ ပျံဝဲနိုင်ကြပါစေ။
စာဖတ်သူအတွက် အချိန်မကုန်စေမယ့် စာမွန်လေး တစ်အုပ် ဖြစ်ပါတယ်လို့ ညွှန်းရင်း.......

📖 သက်ဝေမေကျော့🖋 ဒေါက်တာထွန်းရွှေ (MBBS)    “ဆရာဝန် အလုပ်ကို ဘယ်တော့မှ Business လို့ သဘောမထားနဲ့။ ဆရာဝန်အလုပ်က Profession...
23/09/2020

📖 သက်ဝေမေကျော့
🖋 ဒေါက်တာထွန်းရွှေ (MBBS)

“ဆရာဝန် အလုပ်ကို ဘယ်တော့မှ Business လို့ သဘောမထားနဲ့။ ဆရာဝန်အလုပ်က Profession ကွယ့်”

ဒိတစ်ခေါက် အညွှန်းရေးပေးမယ့် စာအုပ်က တော့ ၁၉၆၁ ခုနှစ်မှာ စာပေဗိမာန်ဆု ရရှိခဲ့တဲ့ ဆရာကြီး ဒေါက်တာထွန်းရွှေရဲ့ လက်ရာမွန် ဝတ္တုရှည် တစ်အုပ်ပဲ ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်ကာလနဲ့ ဂျပန်ခေတ်တို့ကို အခြေပြုရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ ထိုခေတ်ကာလက မန္တလေးမြို့တစ်ဝိုက် ပတ်ဝန်းကျင်ဒေသများရဲ့ စစ်ဘေးစစ်ဒဏ် ခံစားခဲ့ရပုံတွေ / ခက်ခဲ ခဲ့ရပုံတွေကိုလည်း သိရမှာပါ။
ဆရာကြီးက စာအရေးအသား အလွန်ညက်ညောပြီး စာဖတ်သူပရိတ်သတ်အပေါ်မှာလည်း စေတနာကောင်းထားပြီး အားစိုက်ရေးထားပါတယ်။ ရေးသားချိန် နှစ်နှစ် ခန့် ကြာမြင့်ခဲ့ပြီး တစ်ခေတ်တစ်ခါ အရောင်းရဆုံး စာအုပ်တွေထဲ ပါခဲ့တဲ့ စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်။
ဒီဝတ္တုလေးရဲ့ ဇာတ်ကောင်စရိုက်တွေက ပီပြင်အားကောင်းလှပါတယ်။ ဆရာဝန်လူငယ်လေးတစ်ယောက်ရဲ့ စွန့်လွတ် အနစ်နာခံမှုတွေ စေတနာတွေ သူခံစားရတဲ့ လောကဓံများကို ကြံကြံခံ ရင်ဆိုင်ရပုံတွေကို လည်း ဖတ်ရှုကြရမှာပါ။ ဒီစာအုပ်လေးမှာ ဆေးပညာဆိုင်ရာ သိမှတ်ဖွယ်ရာ ဗဟုသုတဖြစ်ဖွယ်ရာများကို သေချာစွာ ထည့်သွင်းရေးဖွဲ့ထားပါတယ်။ အသိဥာဏ် နည်းပါးမှုကြောင့် ကြွေလွင့်သွားရသော အဖြစ်များလည်း ပါ ပါတယ်။ သိပ္ပံနည်းကျ ဆေးပညာများကို ဝတ္တု ဇာတ်အိမ်နဲ့ ချိန်သားကိုက်ရေးဖွဲ့နိုင်မှုက ဆရာ့ရဲ့ ပညာပါပဲ။
အချုပ်အားဖြင့် ဒီစာအုပ်လေးက ဆရာဝန်လူငယ်လေးတစ်ယောက်/ အဲဒီ ဆရာဝန်လေးအပေါ် ချစ်မေတ္တာ ယိုဖိတ်နေတဲ့ သူနာပြုဆရာမလေးတစ်ယောက် / အနေနီးပြီး ချစ်အားပိုခဲ့ရတဲ့ မန္တလေး သူလေးတို့ရဲ့ ချစ်ခြင်းဖွဲ့ နှလုံးသားကိစ္စများကိုလည်း ဆွတ်ပျံဖွယ်ရာရေးဖွဲ့ထားပါတယ်။ ဆရာဝန်ဖြစ်ခါစ လူငယ်လေးများအတွက်လည်း မြင့်မြတ်သော သမားစိတ်ဓါတ်များအကြောင်းကိုသေချာစွာ ထည့်သွင်းရေးဖွဲ့ထားပါတယ်။ သက်ဝေမေကျော့ဆိုတဲ့ ဝတ္တုလေးက ဘယ်ချိန်ဖတ်ဖတ် အချိန်မကုန်စေတဲ့ စာအုပ်လေး တစ်အုပ်ပါလို့ ညွှန်းဆိုရင်း...........

ကိုဗစ်တိုက်ဖျက်ရေးမှာ ကိုယ်ကျိုးမဖက်ဘဲ တာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများ ဂုဏ်ယူလေးစားလျှက်

# Htila Book Streets
ထီလာစာပေချစ်သူ လူငယ်များအဖွဲ့

15/09/2020

ထီလာ မြို့သူမြို့သား အပေါင်းတို့ ကပ်ဘေးရောဂါများမှ ကင်းဝေးကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
အိမ်မှာ နေကြရင် စာအုပ်တွေလည်း ဖတ်ကြပါ။


ထီလာစာပေချစ်သူ လူငယ်များ အဖွဲ့

📖 ကျောင်းဆရာ ဇာတ်လမ်း🖋 တင်ညွှန့် ဒီစာအုပ်လေးက အရင်က ထွက်ရှိထားတဲ့ ကျောင်းဆရာမှတ်တမ်း/ တော်လှန်သော ကျောင်းဆရာ စတဲ့ စာအုပ်...
16/05/2020

📖 ကျောင်းဆရာ ဇာတ်လမ်း
🖋 တင်ညွှန့်

ဒီစာအုပ်လေးက အရင်က ထွက်ရှိထားတဲ့ ကျောင်းဆရာမှတ်တမ်း/ တော်လှန်သော ကျောင်းဆရာ စတဲ့ စာအုပ်တွေရဲ့ အဆက်ပါ။ ဆရာတင်ညွှန့်ရဲ့ ဝတ္တုအတိုလေးတွေကို စုစည်းထားတာပါ။ လက်ရှိ ပညာသင်ကြားပေးနေသော ဆရာ ဆရာမ များအနေ နဲ့ ဖြစ်ရှုသင့်တဲ့ စာအုပ်လေးပါပဲ။

ဒီစာအုပ်လေးတွေ ထဲက ဝတ္တုတိုလေးတွေကတော့ ရသအစုံ ပေးစွမ်းနိုင်ပါတယ်။ အကြောင်းအရာလည်း အတော်လေးစုံလင်သလို စိတ်ဝင်စားဖွယ်ရာ လည်း ကောင်းပါတယ်။ ဆရာတင်ညွှန့်က သူ့ရဲ့ ကိုယ်တွေ့ကိုရော သူတစ်ပါးရဲ့ ကိုယ်တွေ့လေးတွေကိုပါ ထည့်သွင်းရေးသားထားတာပါ။
ဒီစာအုပ်လေးထဲမှာ ပါတဲ့ အကြောင်းအရာလေးတွေကတော့ ဆရာတပည့် သံယောဇဉ်/ ဆရာနဲ့ ဆရာမလေးတွေရဲ့ အိမ်ထောင်ရေး/ ရင်ခုန်ဖွယ်ရာသံယောဇဉ်/ ရသပုံစံလေးတွေ ပြီးတော့ ပရလောက ဆန်ဆန် အကြောင်းအရာလေးတွေကိုပါ တစ်မျိုးပြီး တစ်မျိုး မရိုးရအောင် ရေးဖွဲ့ထားတာပါ။ ထူးဆန်းတာတစ်ခုက ဆရာရဲ့ ဝတ္တုထဲက ဇာတ်ကောင်လေးတွေက ဘယ်တော့မှ မပေါင်းတာကို အားမလိုအားမရဖြစ်ရပါတယ်။
ကျွန်တော်ကတော့ ကိုယ်တွေ့ဝတ္ထုတိုလေးတွေကို ကြိုက်ပါတယ်။ ဆရာတင်ညွှန့်ရဲ့ ကျောင်းဆရာဇာတ်လမ်း ဆိုတဲ့ စာအုပ်လေးကလည်း ဖတ်သင့်တဲ့ စာအုပ်လေးတစ်အုပ်ပါလို့ ညွှန်းဆိုရင်း.......


ထီလာစာပေချစ်သူ လူငယ်များအဖွဲ့

That’s little library of Htila Book Streets group
14/05/2020

That’s little library of Htila Book Streets group

Address

Ashaepyin Ward, Meiktila Tsp
Meiktila
565656

Telephone

+95 9 781 409747

Website

Alerts

Be the first to know and let us send you an email when Htila Book Streets posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Htila Book Streets:

Share

Category