Its MOCHA

Its MOCHA Poetry

 #ပိုင် ရဲ့ ‘ဂျင်းဘောင်းဘီ’ စာအုပ်လေး ကံထူးသွားတဲ့ acc ပိုင်ရှင် ဖြစ်ပါတယ် ☘️စာအုပ်လေး ပို့ဆောင်ပေးဖို့အတွက် cb မှာ နာမည...
12/05/2023

#ပိုင် ရဲ့ ‘ဂျင်းဘောင်းဘီ’ စာအုပ်လေး ကံထူးသွားတဲ့ acc ပိုင်ရှင် ဖြစ်ပါတယ် ☘️

စာအုပ်လေး ပို့ဆောင်ပေးဖို့အတွက် cb မှာ နာမည် လိပ်စာ ဖုန်းနံပါတ်လေး လာပို့ပေးပါနော်။

ပါဝင်ကံစမ်းကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင် ❣️

-Thoon's Bookstock 🦋

ဆရာမ မိုးမိုး (အင်းလျား)
08/05/2023

ဆရာမ မိုးမိုး (အင်းလျား)

ဒီပုံလေးက မနေ့တစ်နေ့ကမှ
ကျွန်တော့်သူငယ်ချင်း သူ့သားကပေးသွားတာ၊
သူငယ်ချင်းပြန်သွားမှ ကြည့်ဖြစ်တာ
ကိုယ်တိုင်က ဟာကနဲဖြစ်မိတာပဲ။

ဒီပုံလေးကို မြင်တဲ့သူတိုင်းက
ဟယ်ချစ်စရာ၊ လှလိုက်တာ၊ မင်းသမီးလားတဲ့
မဟုတ်ပါဖူး။
ကျွန်တော်ကတော့ ဒီလိုပြောချင်တာပါ။
နှလုံးသားကို မြင်နေရတဲ့ မျက်နှာလို့ပါ။

ကြည့်ပါလား အမြင်မှာတင် သူများဆီက
ဘာအမြတ်မှထုတ်ယူမှာ မဟုတ်ဖူးလို့
အပြီးမြင်နေရတယ်။
မျက်နှာလေးက လှလိုက်တာဆိုတာထက်
နှလုံးသားလေးက လှလိုက်တာလို့
ခင်ဗျားလည်း ပြောမိမှာပါပဲ။

၁၉၄၄က မွေးတဲ့ သူမက ၂၁ နှစ်အကြာ ၁၉၆၅ မှာ ရန်ကုန်ကို လာခဲ့တယ်တဲ့၊
ရန်ကုန်တက္ကသိုလ်ကို တက်ဖို့ပါ။

သူမက အင်းလျားဆောင်မှာ နေပြီး
ရန်ကုန်တက္ကသိုလ်မှာ
ပညာဆည်းပူးတယ်။
၁၉၆၅ မှာ အင်းလျားဆောင်ကို ဝင်ခဲ့တဲ့သူမက
နောင် ၉ နှစ် အကြာမှာ ပထမဆုံး
စာအုပ်တစ်အုပ် ထုတ်ဝေလိုက်တယ်။

ပျောက်သောလမ်းမှာ စမ်းတဝါး တဲ့။

အဲဒါ ၁၉၇၄ ခုနှစ်အတွက်
အမျိုးသား စာပေဆု ရခဲ့တဲ့
စာအုပ်လည်း ဖြစ်ခဲ့ပါတယ်။

နှလုံးသားလှတာကို မျက်နှာမှာ မြင်နေရတဲ့
ဒီဓါတ်ပုံပိုင်ရှင်က
သူနေထိုင်ခဲ့တဲ့ အဆောင်ရဲ့အမည်နာမကို သူ့နာမည်နဲ့အတူတွဲပြီး
မိုးမိုး( အင်းလျား) ဆိုတဲ့အမည်နဲ့
စာတွေ ဆက်တိုက် ရေးပါတော့တယ်။
ကြည့်ပါဦး

၁၉၇၈ - သဗေ္ဗသတ္တာ အဝေရာဟောန္တု
၁၉၇၈ - မှ တစ်ပါး အခြားမရှိပြီ
၁၉၇၉ - ရွှေတိဂုံကို မြင်လျှင်
၁၉၈၀ - ငြိမ်းကိုရှက်ပါ
၁၉၈၀ - ဂျိုး
၁၉၈၀ - သမုဒ္ဒရာခုနှစ်စင်း မြစ်မင်းတစ်ဆယ့်သုံးသွယ်
၁၉၈၁ - ကြွေမလိုနဲ့ဝေ ဝေမလိုနဲ့ကြွေ
၁၉၈၁ - ပန်းရိုင်းတရာ
၁၉၈၁ - ညီမလေးက အချစ်ကိုကိုးကွယ်သတဲ့လား
၁၉၈၂ - မသုဓမ္မစာရီ
၁၉၈၃ - နာမကျန်းသည် အိုနှင်းဆီ
၁၉၈၃ - မြန်မာပြည်မှာ နေကြသည်
၁၉၈၃ - ကြွေရင် အတူကြွေမယ်
၁၉၈၅ - မီးရောင်အောက်ကိုဝင်လျှင် စသည်ဖြင့်တဲ့

အခုပုံက ဆရာမ မိုးမိုး( အင်းလျား) ရဲ့ပုံပဲ။
ဆရာမရဲ့ ပုံကို နောက်ခေတ်တွေမှာ
လိုက်ကြည့်လည်း ဒီမျက်နှာ အတိုင်းပဲ။
ပုံတွေကိုလိုက်ကြည့်မနေပါနဲ့
စာအုပ်ခေါင်းစဉ်တွေပဲ ကြည့်ပါလားလို့
ပြောချင်တာက
ဆရာမရဲ့ နှလုံးသားက ဒီပုံထဲကအတိုင်းပဲ စာတွေကလည်း
ဆရာမရဲ့ လှတဲ့ နှလုံးသားကို မြင်နေရတာပဲ
မဟုတ်လား။

ဆရာမရဲ့နောက်ဆုံးစာအုပ်က
၁၉၈၇ မှာ ထုတ်ဝေခဲ့တဲ့ ခံတက်နုလေးတွေ ညှိုးချိန်တန်တော့ တဲ့။
ဆရာမ မိုးမိုး(အင်းလျား) သေဆုံးသွားခဲ့ပါပြီ။

၁၉၆၅ အင်းလျားဆောင်ကို ရောက်စဉ်ကပင်
၁၉၆၅ တိုင်းရင်းမေဂျာနယ်မှာရေးသား
ပါဝင်ခဲ့တဲ့ ရွက်လှပန်းကလေးကိုယ့်ဘဝ
ကဗျာကတည်းက မိုးမိုး( အင်းလျား) နာမည်နဲ့
စာတွေရေးခဲ့တဲ့
ဆရာမ မိုးမိုး(အင်းလျား)က
၁၉၉၀ မတ်လ ၁၃ ရက်နေ့
၄၆ နှစ်အရွယ်မှာ သေဆုံးခဲ့တယ်။

ဆရာမ မိုးမိုး(အင်းလျား) သေဆုံးချိန်က
ရှေ့က အင်းလျားဆောင်သူ စာရေးဆရာမကြီး
လူထု ဒေါ်အမာက

နှမြောလိုက်တာ မိုးမိုးရယ်။
ဖြေမဆည်နိုင်အောင်ပါပဲ လို့
ရေးသားခဲ့တာ မှတ်မိနေပါတယ်။

ဆရာမ မိုးမိုး(အင်းလျား) ရဲ့ဂုဏ်က
ကျွန်တော်ပြောဆိုရန် မဝံ့ပါ
ပြောဆိုရန်လည်း မသင့်ပါ၊
သို့သော် မျှဝေရန်က
၁၉၆၅ မှ ၁၉၈၇ အထိ မြန်မာ့ လူ့အဖွဲ့အစည်းရဲ့
အဖြစ်အပျက်တွေကို အမှန်အတိုင်းသိဖို့က
ဆရာမ မိုးမိုး(အင်းလျား)ရဲ့ စာတွေမှတစ်ပါး
အခြားပြောပြနိုင်တဲ့သူမရှိပါ။

ပညာရှင်များက ညောင်ရမ်းခေတ်က
ဝန်ကြီးပဒေသရာဇာရဲ့စာတွေကို
အကဲဖြတ်ခဲ့ကြတာလေးကို သတိရမိပါတယ်။
ဝန်ကြီးသည် သူ၏တျာချင်းများထဲတွင်
ညောင်ရမ်းခေတ်သာမာန်ပြည်သူတို့၏ဘဝကို
နှိမ့်လည်းမနှိမ့်ချ၊ ဂုဏ်လည်းမတင်
အရှိအတိုင်းသာ ဖွဲ့ဆိုခဲ့လေသည်တဲ့။
ဆရာမ မိုးမိုး(အင်းလျား) တွင်လည်း
ထိုဂုဏ်နှင့် ပြည့်စုံလျက်ဆိုတာ
မြင်နေရပါတယ်။

ဆရာမဟာ ကျရောက်လာတဲ့
ခေတ်ရဲ့တာဝန်ကို မိမိနေထိုင်ခဲ့ရာ
အင်းလျား ဟူသောအမည်နှင့်အတူ တွဲလျက်
ကျေပြွန်ခဲ့သော အင်းလျားဆောင်က
မွှေးပျံ့လွန်းသည့် စပယ်ပန်းတစ်ပွင့်ပါလေ။
နိုင်ငံတွင်းသာမက
နယ်နိမိတ်စည်းများကိုပါကျော်လျက်
လူ့စရိုက်လူ့သဘာဝကို ကျွမ်းကျင်ပိုင်နိုင်စွာ
ရေးဖွဲ့တတ်သည့် နှလုံးသားလှသော
မြန်မာပြည်က စာရေးဆရာမဟု
မိုးမိုး(အင်းလျား) ဟူသော အမည်နာမ မှာတင်
ပြည့်စုံစေခဲ့သူတစ်ဦးပါလေ။

( အင်းလျားဆောင် ဓါတ်ပုံပြပွဲအတွက်
မင့်အမေဓါတ်ပုံလိုလို့ဆိုတာနှင့် လာပို့သွားသော
သူငယ်ချင်း နေမျိုးညွန့်
ကိုယ်ကြိုက်သော စာရေးဆရာမ ဖြစ်ပါလျက်
ငါဘာလို့ မင့်အမေဓါတ်ပုံကို
တောင်းမကြည့်မိတာပါလိမ့်ဆိုတာနဲ့ မင်းနဲ့ငါနဲ့
အရေးမပါတဲ့အကြောင်းအရာတွေသာ
တစ်သက်လုံး ငြင်းခုန်နေခဲ့ကြပြီး ဘာလို့
မင့်အမေအကြောင်းကို မေးမကြည့်
မိတာပါလိမ့်လို့ နောင်တရကြောင်း နှင့်
ဓါတ်ပုံတွေအတွက် ကျေးဇူးတင်ကြောင်းပါ။ )

Credit : Sayar MyoSweThan
Via_SevensixteenKnt

ဟယ်လို မင်မင်ပြန်ရောက်ပြီဆိုတော့ လက်ဆောင်လာပေးတာ 🤓သွန်းရဲ့ fav list ထဲပါတဲ့ စာအုပ်လေးတစ်အုပ် လက်ဆောင် ပေးချင်ပါတယ် ❣️ခုန...
05/05/2023

ဟယ်လို မင်မင်ပြန်ရောက်ပြီဆိုတော့ လက်ဆောင်လာပေးတာ 🤓

သွန်းရဲ့ fav list ထဲပါတဲ့ စာအုပ်လေးတစ်အုပ် လက်ဆောင် ပေးချင်ပါတယ် ❣️

ခုနေ လိုချင်ရင် တကူးတကရှာဝယ်ရတဲ့ ပိုင် ရဲ့ #ဂျင်းဘောင်းဘီ စာအုပ်လေးပါ။

စာအုပ်လက်ဆောင်လေး ရယူဖို့

စာဖတ်သူတို့ရဲ့ ဂျင်းဘောင်းဘီနဲ့ ပတ်သက်တဲ့ အမှတ်တ‌ရတွေ comment မှာ မျှဝေ‌ပေးသွား‌ရုံပါပဲရှင် 💌

တန်ဖိုးထားရတဲ့ ဂျင်းဘောင်းဘီလေးတွေအကြောင်း၊ အရောင်ပျယ်လွင့်သွားတဲ့ ဂျင်းဘောင်းဘီလေးတွေအကြောင်း၊ ဆံပင်ရှည်တာနဲ့ ဂျင်းဘောင်းဘီကို မကြိုက်တဲ့ ချစ်သူလေးအကြောင်း စသည်စသည်ပေါ့....

လာမယ့် Friday မှာ ကံထူးရှင်ကို ကြေညာပေးပါမယ်။

အားလုံးပဲ ကံကောင်းကြပါစေရှင် 🥳☘️

11/04/2023

စီးကရက်ကိုမီးညှိ အချိန် ပြာ နောက်တစ်လိပ်
စီးကရက် အချိန် ပြာ နောက်တစ်လိပ်။

တိတ်တိတ်ဆိတ်ဆိတ်
ပိတ်မိနေကြပုံ‌တွေ။ ။

-ဝင်းမြင့်

သင်္ကြန်တွင်း TBR list 📚သင်္ကြန်တွင်းမှာ စာအုပ်တွေဖတ်ဖို့ စိတ်ကူးထားပါသလား 👀နွေနေ့လယ်ခင်းတွေက ပူလောင်လွန်းလို့ သိပ်အာရုံ...
10/04/2023

သင်္ကြန်တွင်း TBR list 📚

သင်္ကြန်တွင်းမှာ စာအုပ်တွေဖတ်ဖို့ စိတ်ကူးထားပါသလား 👀

နွေနေ့လယ်ခင်းတွေက ပူလောင်လွန်းလို့ သိပ်အာရုံမစိုက်ချင်တာနဲ့ သွန်းက‌တော့ အကြည်တော်တွေ တစ်အုပ်ပြီးတစ်အုပ် ထိုင်ဖတ်ပစ်မယ်လို့ ကြံစည်ထားပါတယ် 🫠

ပြီးတော့ ဘော်ဒါတစ်ယောက် ညွှန်းထားတဲ့ မိုးဆတ်တွေ ဖတ်ကြည့်မယ်ပေါ့လေ။

နောက် Haruki ရဲ့ 1Q84 က ဖတ်လက်စ မပြီးနိုင် ဖြစ်နေတာနဲ့ ဒီသင်္ကြန်တွင်း အပြီးဖတ်မယ်လို့ စိတ်ကူးထားတယ်။

Garcia Marquez ကိုတော့ One Hundred Years of Solitude တစ်အုပ်ပဲ ဖတ်ဖူးတာမို့ သူ့ဝတ္ထုတွေ လိုက်ဖတ်ကြည့်မယ်လို့ တွေးနေတာကြာပြီ... ခုတည်းက သူ့စာအုပ်တွေ အကုန်စုထားလိုက်ပြီး အရင်ဆုံးဖတ်ဖို့ No One Writes to the Colonel ကို ရွေးလိုက်ပါတယ်။

ဒါကတော့ သွန်းရဲ့ TBR list‌ လေးတစ်ဖြတ်ပါ ❣️

စာဖတ်ပါ။ နားနားနေနေ နေပါ။ အပူဒဏ်ကို ဂရုစိုက်ကြပါနော်။ ဒီသင်္ကြန်တွင်းမှာ ဖတ်ဖို့ စိတ်ကူးထားတာတွေရှိရင်တော့ သွန်းနဲ့အတူ မျှဝေသွားပါဦး 👀

-Thoon's Bookstock 🦋

အခုတလော ဘာတွေဖတ်ဖြစ်ကြလဲ 👀သွန်းကတော့ ဆရာမြရဲ့ ကမ္ဘာကိုကိုင်လှုပ်သော တရုတ်ပြည် (China Shakes the world by Jack Belden) ကိ...
28/03/2023

အခုတလော ဘာတွေဖတ်ဖြစ်ကြလဲ 👀

သွန်းကတော့ ဆရာမြရဲ့ ကမ္ဘာကိုကိုင်လှုပ်သော တရုတ်ပြည် (China Shakes the world by Jack Belden) ကို ဖြိုနေတာ အတော်ကြာနေပါပြီ 🥲 တစ်ထိုင်တည်း မဖတ်နိုင်လို့ ကြားထဲမှာ ဝယ်ထားပြီး မဖတ်ဖြစ်သေးတဲ့ မောင်ဒေးရဲ့ ကလေးဧည့်သည်ရယ် မြင့်သန်းရဲ့ ယူတာဖူးဝတ္ထုတိုများရယ် ကြားဖြတ်ဖတ်လိုက်ပါ‌သေးတယ် ။ နောက် ရှင်ဘော်ဇကာရဲ့ ကဗျာတွေဖတ်ဖြစ်ရင်း စိတ်ဝင်စားလို့ သူ့ရဲ့ nonrequired reading ဆိုတဲ့ စကားပြေအတိုလေးတွေ ရှာဖတ်ဖြစ်ပါတယ်။

ဆရာတို့ရော ဘာတွေဖတ်ဖြစ်ကြသလဲ မျှဝေသွားပါဦး 🦋

27/03/2023

လူတိုင်း လေမှာ ပျံခွင့်ရှိတယ်။

နေ့တိုင်းပဲ စိတ်က ခုန်နေတာ
တစ်နေရာပြီး တစ်နေရာ ပြီးကျ
သူ့အနားပဲ ပြန်ဝေ့လာသလို
နေ့တိုင်းပဲ စိတ်ကခုန်နေတာလေ...

ရုတ်တရက်ကျွတ်ထွက်သွားတဲ့ ဆံမျှင်လို
ဘယ်ကိုမှ မရောက်ပေမဲ့
ငါက
လေတွေ လာတိုင်း ရွက်တိုက်ဖို့ စိတ်ကူးတယ်။

-ဆူးရစ်နွယ်
#ဆံပင်တွေရှည်လာပြီးနောက်

တံတားတံတားတွေကို ဖြတ်ရတာဟာ အလွန်စိတ်လှုပ်ရှားစရာကောင်းတယ်။ တံတားတွေမှာ လူတစ်ယောက်ကို ပြောင်းလဲစေနိုင်တဲ့ အစွမ်းသတ္တိတွေရ...
27/03/2023

တံတား

တံတားတွေကို ဖြတ်ရတာဟာ အလွန်စိတ်လှုပ်ရှားစရာကောင်းတယ်။ တံတားတွေမှာ လူတစ်ယောက်ကို ပြောင်းလဲစေနိုင်တဲ့ အစွမ်းသတ္တိတွေရှိတယ်။ အထူးသဖြင့် တံတားပေါ်မှာ ဖြတ်နေဆဲဖြစ်တဲ့ ခရီးသွားတစ်ယောက်ရဲ့ စိတ်ကို ပြောင်းလဲမှန်းမသိ ပြောင်းလဲအောင် ပြုလုပ်ပေးနိုင်တယ်။ ဆိုလိုတာက သင်ဟာ တံတားရဲ့ ဟိုဘက်ထိပ်ကို ရောက်တဲ့အခါမှာ သင်မဟုတ်တော့။ တခြားလူတစ်ယောက် ဖြစ်သွားပြီ။

တံတားတွေကို ဖြတ်ရတာဟာ ကြေကွဲစရာလည်း အ‌လွန်ကောင်းတယ်။ အထူးသဖြင့် တံတားပေါ်မှာ သင်တစ်ယောက်တည်း ဖြစ်နေခဲ့ရင်ပေါ့။ တံတားပေါ်မှာ ကျရောက်နေတဲ့ အလင်းရောင်ဟာ သင်မြင်နေကျ အလင်းရောင်မျိုးမဟုတ်။ အလင်းထဲမှာ အရောင်တွေ ပျော်ဝင်နေတဲ့ အလင်းရောင်မျိုး။ အလင်းရောင်ရှိပေမဲ့ မှောင်မိုက်နေတဲ့ အလင်းရောင်မျိုး။ နှင်းတွေ ထူထပ်စွာ ကျဆင်းနေရင်တော့ တံတားဟာ သင့်ရှေ့မှာ ပျောက်နေတတ်တယ်။ အဲ့ဒီလို အခါမျိုးဆိုရင်တော့ သင်ဟာ သင့်ရှေ့က ဘာမှမမြင်ရတဲ့ မရှိမှုထဲကို ဖြည်းဖြည်းချင်း လှမ်းလျှောက်ဝင်ရလိမ့်မယ်။

#အောင်ခင်မြင့်

စာရေးသူဟာ ဘာကြောင့် တံတားကို ဒီလို ရှုထောင့်က ရေးဖြစ်ခဲ့သလဲ မသိပေမဲ့ ကျွန်တော်ကတော့ Banana Yoshimoto ပရိသတ်မို့ Moonlight Shadow ဝတ္ထုကိုပဲ ပြေးသတိရမိတယ်။ ဒီလိုပါပဲ ဖြတ်သန်းလာရင်း ပြင်ပက လှုံ့ဆော်မှုတစ်ခု ရှိလာတဲ့အခါ ကိုယ်စီထိတွေ့ခဲ့တဲ့ အကြောင်းအရာတွေသာ မှတ်ဉာဏ်မှာ ဦးဆုံးထင်ဟပ်ဆဲပဲ မဟုတ်လား။

စာရေးသူရဲ့ ‌မှတ်ဉာဏ်ထင်ဟပ်မှု စကားပြေ ၃၁ ပုဒ် ပါဝင်တဲ့

အရေးအသားများ
-အောင်ခင်မြင့်
-မတ် ၂၀၂၂ ( ဒုကြိမ် )
-နှစ်ကာလများတိုက်ထုတ်

တန်ဖိုး - ၃၀၀၀ ကျပ်

Stock - ၄ အုပ်ရပါမယ်။

မိတ္ထီလာမြို့တွင်း cod ရပါတယ်။ ရပ်ဝေး ရပ်နီး ဂိတ်တင် သို့မဟုတ် delivery ပို့ပေးပါတယ်။ မှာယူအားပေးမှုများအတွက် အထူး ကျေးဇူးတင်ရှိပါတယ်ရှင်။

-Thoon's Bookstock

26/03/2023

🦋 ကဗျာ - နွေဦးပေါက်ရင် (ကဗျာ့ဆရာစိတ်ကူး)

#နေမျိုး

နေရောင်ခြည် လရောင်ခြည်တို့သည် လူသားတို့၏ ခံစားမှုအပေါ် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ရှိနေလိမ့်မည်လား။ ကုမုဒြာပန်းကတော့ လရောင်နှင့် ပွင့်သည်တဲ့။ နေကြာပန်းတွေကတော့ နေရောင်ခြည်ရှိရာ အစဉ်လိုက်ပါ မျက်နှာမူကြသတဲ့လေ။ နွေရက်တွေကို ဖြတ်သန်းရတာ ပူလောင်ပေမယ့် စိတ်လှုပ်ရှားစရာ ကောင်းလှသည်ဟု ထင်မိသည်။

ကောက်နုတ်ချက် - မင်းကို အကြောင်းပြုပြီး အားလုံးကို သံယောဇဉ်ဖြစ်ရတယ်

https://m.facebook.com/story.php?story_fbid=609809817827525&id=100063955363776&mibextid=Nif5oz

ဖျတ်ခနဲ ကုန်သွားမယ့်နေ့တွေကို မလိုအပ်တဲ့ ဝမ်းနည်းမှု၊ကြောက်ရွံ့မှုတွေနဲ့ ကျွန်မတို့ ဘာလို့ တို့ထိကြပါလိမ့်။နေ့ရဲ့သဘာဝကို...
25/03/2023

ဖျတ်ခနဲ ကုန်သွားမယ့်နေ့တွေကို မလိုအပ်တဲ့ ဝမ်းနည်းမှု၊
ကြောက်ရွံ့မှုတွေနဲ့ ကျွန်မတို့ ဘာလို့ တို့ထိကြပါလိမ့်။
နေ့ရဲ့သဘာဝကိုက ညရောက်ဖို့လေ။
မနက်ဖြန်ကျရင် ဒီနေ့ဆိုတာ မရှိတော့။

-ဗီးစ်ဝါဗာ ရှင်ဘော်စကာ (Wislawa Szymborska)
-ကိုကိုသက် မြန်မာမှုပြုသည်။

06/01/2023

ကြာကြာကြည့်ဖို့ဆိုတာကလည်း မပျင်းမရိ နှလုံးသားရှိမှပဲ
ဘဝဆိုတာကလည်း ပင်လယ်ဆန်ဆန် ရောက်ပြန်ပဲ။ ။

▪️စိုင်းဝင်းမြင့်

Address

Meiktila

Telephone

+959965662851

Website

Alerts

Be the first to know and let us send you an email when Its MOCHA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category