20/02/2014
ကလေးငယ်များဖျားလျှင် ဆောင်ထားသင့်သည့်အရာများ
၁။ သာမိုမီတာ
၂။ ပါရာစီတမောဆေးရည်၊ ဆေးတောင့်၊ ဆေးပြား (Paracetamol suspension, Suppository and Tablet)
၃။ ဓာတ်ဆားထုပ် (ORS - Oral Rehydration Salt)
၎။ နှာစေး၊ ချောင်းဆိုးပျောက်ဆေးရည်။
ကလေးဖျားနေပြီဟု သံသယရှိလျှင်
၁။ သာမိုမီတာကို ကလေး၏ ချိုင်းတွင်ဖြစ်စေ၊ လျှာအောက်တွင်ဖြစ်စေ တစ်မိနစ်ခန့်ထားပြီးတိုင်းပါ။(ချိုင်းတွင်တိုင်းပါက ၁ ဒီဂရီဖာရင်ဟိုက်ထပ်ပေါင်းပါ။)
၂။ ၉၈.၆ ဒီဂရီဖာရင်ဟိုက် အထက်ရှိနေလျှင် ဖျားနေသည်ဟု သတ်မှတ်သည်။
၃။ ၁၀၀ ဒီဂရီဖာရင်ဟိုက်ဖြစ်နေလျှင် ပါရာစီတမော
ဆေးရည်တိုက်ပါ။
၎။ ဆေးတိုက်မရလျှင် စအိုအတွင်းသို့ပါရာစီတမော ဆေးတောင့် ထည့်ပါ။ (အဖျား ၁၀၂ ဒီဂရီဖာရင်ဟိုက်ဖြစ်မှထည့်ပါ။)
၅။ အဖျားမကျမချင်း ပါရာစီတမော ဆေးရည်ကို ၄ နာရီခြား တစ်ခါတိုက်ပါ။
၆။ ပေါ့ပါးသော ချည်ထည်အ၀တ်အစား များကိုသာ ၀တ်ဆင်ပေးပါ။ (သတိ။ သိုးမွှေးအနွေးထည် နိုင်လွန်ပါသော အ၀တ်အစာများ မ၀တ်ပေးရပါ။)
၇။ လေ၀င်လေထွက်ကောင်းသော အခန်းတွင်ထားပါ။ လေအေးစက်၊ ပန်ကာများရှိက ဖွင့်နိုင်သည်။
၈။ အရည်များများတိုက်ပါ၊ ဓာတ်ဆားရည်၊ အရောင်မပါသောဖျော်ရည်၊ နို့၊ ဆန်ပြုတ်၊ စွတ်ပြုတ်၊ ထမင်းရည် များများတိုက်ပါ။ အန်လျှင်နားပြီးတိုက်ပါ။
၉။ အဖျားမကျသေးလျှင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ပြီးဆေးကုသမှု ခံယူပါ။
Source:
(BabiMild Child Care Volume 6 မှ ကောက်နှုတ်ဖေါ်ပြခြင်းဖြစ်ပါသည်။)
ဆက်လက် ဖော်ပြပါဦးမည်...