Hsu

Hsu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hsu, Shopping & retail, Pyi Thar Yar Road, Maymyo.

10/03/2026

လှလှလေးနဲ့ အသုံးဝင်တဲ့ handmade bag 🧶
Marchလ တစ်လလုံး 10%discount
#ချည် #ချည်ထိုး

08/03/2026

“Cute bag လေးရှာနေပြီလား?” 💗
Handmade Crochet Bag 🧶
Daily use အတွက် perfect ✨
Order open 📩
#ချည်

05/03/2026

Handmade ဆိုတာ လွယ်လွယ်နဲ့ မရနိုင်တဲ့အရာပါ 🧶✨
အချိန်ပေးရတယ်၊ စိတ်ရှည်ရတယ်၊ အထူးသဖြင့် စေတနာနဲ့ ဝါသနာ ပါမှပဲ လှပတဲ့အရာတစ်ခုကို ဖန်တီးနိုင်တာပါ။

ကြိုးတစ်ချောင်းချင်းစီမှာ အချိန်တွေပါသလို
အလုပ်တစ်ခုချင်းစီမှာလည်း ဖန်တီးသူရဲ့ စေတနာတွေ ထည့်ထားပါတယ် 💕

ဒါကြောင့် Handmade ပစ္စည်းတစ်ခုဆိုတာ
ပစ္စည်းတစ်ခုထက်ပိုပြီး အချိန်၊ စိတ်ရှည်မှု၊ ဝါသနာ တွေရဲ့ တန်ဖိုးပါဝင်နေတဲ့ အရာလေးပါ။

Handmade ကို ချစ်ပေးကြတဲ့သူတိုင်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့် 🤍

04/03/2026

💗 Daily Use အတွက် Perfect ဖြစ်တဲ့ Handmade Crochet Bag 💗

နေ့တိုင်းသုံးဖို့ ပေါ့ပါးပြီး လှပတဲ့ Design လေးကို ကြိုက်တဲ့သူများအတွက် အထူးသင့်တော်ပါတယ် ✨
Handmade Crochet နဲ့ သေချာဖန်တီးထားလို့ ခိုင်ခံ့ပြီး အသုံးခံပါတယ်။

✔ ပေါ့ပါးလို့ နေ့စဉ်သယ်ဆောင်ရ လွယ်ကူ
✔ Phone, Wallet, Cosmetic လေးတွေ ထည့်ဖို့ အရွယ်အစားကွက်တိ
✔ Simple Outfit နဲ့တောင် Fashion Look ပိုတက်စေတဲ့ Cute Style
✔ Handmade ဖြစ်လို့ တစ်ခုချင်းစီ Unique ✨

နေ့တိုင်းသုံးလည်း မငြီးငွေ့တဲ့ Design လေး 💕
Daily Use + Fashion Look ကို တစ်ခါတည်းရယူလိုက်ပါရှင့်။

📩 Order Chat Box or viber-09791384000 မှာ မေးမြန်းနိုင်ပါတယ်။
#ချည်

01/03/2026

#ချည်

You Can Order Now.ဗမာချည်- ၂၀၀၀၀ကျပ်ထိုင်းအိတ်ထိုးချည်-၂၅၀၀၀ကျပ်ကြာချိန်- ၂-၃ပတ်မိမ်ကြိုက်နှစ်သက်ရာ အရောင်နဲ့ မှာယူနိုင်...
21/05/2024

You Can Order Now.

ဗမာချည်- ၂၀၀၀၀ကျပ်
ထိုင်းအိတ်ထိုးချည်-၂၅၀၀၀ကျပ်
ကြာချိန်- ၂-၃ပတ်
မိမ်ကြိုက်နှစ်သက်ရာ အရောင်နဲ့ မှာယူနိုင်ပါတယ်ရှင့်

.

အားတဲ့အချိန်ကျရင် ပြန်လုံးပေးပါ့မယ် ကိုကိုရယ်photo crd
20/05/2024

အားတဲ့အချိန်ကျရင် ပြန်လုံးပေးပါ့မယ် ကိုကိုရယ်
photo crd

ကိုဗစ်နဲ့ နောက် ဆက်တွဲသွေးခဲမှု ပြဿနာ🟢 ကိုဗစ်က နလံထပြီးချိန်မှာ       🧳ခရီးထွက်တာ လုံးဝမလုပ်ပါနဲ့။🟢 ကိုဗစ်က နလံထပြီးချိန...
22/08/2021

ကိုဗစ်နဲ့ နောက် ဆက်တွဲသွေးခဲမှု ပြဿနာ

🟢 ကိုဗစ်က နလံထပြီးချိန်မှာ

🧳ခရီးထွက်တာ လုံးဝမလုပ်ပါနဲ့။

🟢 ကိုဗစ်က နလံထပြီးချိန်မှာ

🏌‍♀️အားကစား လုံးဝ မလုပ်ပါနဲ့။

🟢 ကိုဗစ်က နလံထပြီးချိန်မှာ

🤷‍♀️ဝရံတာထွက်ပြီးအအေးခံတာ
လုံးဝမလုပ်ပါနဲ့။

🟢 ကိုဗစ်က နလံထပြီးချိန်မှာ


🧗 ပြင်းပြင်း ထန်ထန်လှုပ် ရှားမှု လုံးဝမလုပ်ပါနဲ့။

စင်ကာပူမှာအသက် (၄၁) နှစ်အရွယ်
အမျိုးသားတစ်ယောက်ဟာ

ကိုဗစ္ကေန
ပြန်ကောင်းလာပြီး

ဆေးရုံဆင်းတာနှစ်ပတ်ကျော်ပြီးမှ

🫁 အဆုတ်မှာသွေးခဲပြီးသေ ဆုံးသွားခဲ့ပါ
တယ်။

အဆုတ်ထဲက
pulmonary artery ထဲမှာ

thromboembolism သွေးခဲလေးကသွားပိတ်တာပေါ့။

စင်ကာပူ NTU တက္ကသိုလ်က သုသေသနပညာရှင်များဟာ

ကိုဗစ်ကနေပြန်ကောင်းလာတာ တစ်လလောက်ရှိပြီဖြစ်တဲ့

လူနာအယောက် (၃၀) ကို သွေးနမူနာယူစစ်ဆေးကြည့်ခဲ့ပါတယ်။

သိပ္ပံဂျာနယ် eLife မှာတင်ပြထားရာမှာ

အဲ့ဒီလူနာအယောက် (၃၀) လုံးမှာ

သွေးကြောတွေပျက်စီးထားတာတွေ့ရပါတယ်တဲ့။

ဒါဟာ ကိုဗစ်ကိုပြန်တိုက်ရင်း lingering immune response ကနေ

သွေးခဲလေးတွေဖြစ်စေခဲ့ပုံရပါတယ်တဲ့

အဲ့ဒီကိုယ်ခန္ဓာထဲမှာကိုဗစ်ကိုတိုက်ရင်း ရှိနေတဲ့သွေးခဲသေးသေးလေးဟာ

ရုတ်တရက်ပြုတ်ထွက်သွားပြီး

တစ်နေရာမှာသွားပိတ်ရင် အသက်အန္တရာယ်ရှိပါတယ်။

သဘောကတော့ အဲ့ဒီသွေးခဲလေးဟာ

🫀နှလုံးသွေး ကြောမှာသွားပိတ်ရင် heart attack

ရုတ်တရက် နှလုံးထိခိုက်တာဖြစ်ပြီး အသက်ဆုံးနိုင်တယ်။

🧠 ဦးနှောက်ထဲမှာသွားပိတ်ရင်

ရုတ်တရက် လေဖြတ်နိုင်တယ်။

အသက်ဆုံးနိုင်တယ်။

အခြားကိုယ် အင်္ဂါတစ်ခုခုမှာ သွားပိတ်ရင်

အဲ့ဒီကိုယ်အင်္ဂါပျက်စီးပြီးအသက်ဆုံးရှုံးနိုင်ပါတယ်။

အဲ့ဒီတော့.....

ကိုဗစ်ကနေ ပြန်ကောင်းလာပြီးရင်လည်း ဂရု စိုက်ကြပါ။

အထူးသဖြင့် နှလုံး၊ သွေးတိုး၊ ဆီးချိုရှိသူတွေ အဝလွန်သူတွေ
ပိုသတိထားကြပါခင်ဗျား

Richard Myo Thant
23-July-2021
-

လူတစ်ယောက်အဆုတ်ပြန်ကောင်းဖို့

👧 အသက်ငယ် 3 လ

👵 အသက်ကြီး 4 လ ကြာပါတယ်။

သတိ !!!
ခုတစ်လောကြားနေရတာက

အဖျားပျောက်ပြီး အနံ့တွေပြန်ရပြီးမှ

ရုတ်တရက်ဆုံးသွားရခြင်းအကြောင်းအရင်းကတော့

ဖြစ်နေစဉ်မှာပိုးကဝင်ထားတာကြောင့်

အဆုတ်မှာဂျတ်ခဲကြီးဖြစ်နေတာပါ။

ဒါပေမဲ့....
အဖျားကကျပီးကောင်းသွားလို့

လူကောင်းတစ်ယောက်လို
လှုပ်ရှားမူများများလုပ်တာရယ်

အလေးအပင်မတာရယ်ကြောင့်
အဆုတ်မှာဒဏ်ဖြစ်နေတာက

မခံနိုင်ပဲ
ရုတ်တရက်သေဆုံးရခြင်းဖြစ်နေတာပါ။

ဒါကြောင့်
အဲ့လိုအဖျား/အနံ့ပျောက်ပီး
ပြန်သက်သာလာသောသူများ

အနည်းဆုံး ၃ လထိ အကြမ်းမခံနိုင်ပါဘူး။

တတ်နိုင်သမျှငြိမ်ငြိမ်နေရပါ့မယ်။

( ဘာလေ့ကျင့် ခန်းလှုပ်ရှားမှုမှမလုပ်ကြပါရန် )

တစ်ဆင့်စကားတစ်ဆင့်ပြောပြရတာပါ။

သတိလက်လွတ်မဖြစ်စေချင်လို့
စေတနာဖြင့်ရေးပြခြင်းပါ။

မြန်မာပြည်သူ ပြည်သားအား လုံးကပ်ကြီး သုံးပါးမှ

အမြန်ကင်းလွတ်ပီးခံစားရသောစိတ်သောကများ
အမြန်ပျောက် ကင်းရကြပါစေ။

Credit to original writer

(◑_◑)မင်္ဂလာ ညချမ်းပါဘုရားရှိခိုး မပျင်းပါနဲ့🙏🙏🙏🙏🙏🙏ဘုရားရှိခိုးမပျင်းနဲ့။အချိန်ဖြုန်းတဲ့အလုပ်မဟုတ်ဘူး။တစ်နေ့လုံး သုံးဖို့...
21/08/2021

(◑_◑)မင်္ဂလာ ညချမ်းပါ

ဘုရားရှိခိုး မပျင်းပါနဲ့
🙏🙏🙏🙏🙏🙏

ဘုရားရှိခိုးမပျင်းနဲ့။
အချိန်ဖြုန်းတဲ့
အလုပ်မဟုတ်ဘူး။
တစ်နေ့လုံး သုံးဖို့
စိတ်တန်ခိုး ထုတ်လုပ်တာ
စိတ် ဓါတ်ဆီထည့်တာ၊
စိတ် စက်ဆီဖြည့်တာ။

သန့်စင်တဲ့ စိတ်ဖြစ်အောင်
ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုရေနဲ့ဆေးတယ်လို့မှတ်။
စက်ကရိယာတွေကို
ဆေးကြောသန့်စင်တယ်လို့
စိတ်ထဲမှာ နှလုံးသွင်းထား။

ဘုရားရှိခိုးတာ
ဘုရားဂုဏ်တော်ပွားတာ၊
မေတ္တာပို့တာ
ထွက်လေဝင်လေ
စူးစိုက်ပြီးမှငါးမိနစ်
ဆယ်မိနစ် တရားထိုင်တာဟာ
ကျန်းမာရေးလဲရ၊
စိတ်ခွန်အားလဲကောင်း
စိတ်ကြံ့ခိုင်ရေးလဲတိုးတက်တယ် ကိုယ်ခန္ဓာကြံ့ခိုင်ရေးလဲတိုးတက်တယ်
အကုန်လုံး အကောင်းတွေချည်းပါပဲ။

ဒီကနေ့ကစပြီး
ကုသိုလ်အလုပ်၊
တရားအလုပ် လုပ်တာမှာ
ဝတ်ကျေတန်းကျေ
လုပ်မနေနဲ့တော့။

အရေးကြုံလာပြီဆိုရင်
ကိုယ့်မှာ အားကိုးစရာ
အသင့်ရှိထားအောင်
ဘုရားရှိခိုးတာမှ
စိတ်ပါလက်ပါရှိခိုး။

ကုသိုလ်အလုပ်
တရားအလုပ်လုပ်တာမှာ
စိတ်ပါလက်ပါ
အရည်အသွေးပါအောင်လုပ်။

ဘယ်အရာမဆို
စူးစူးစိုက်စိုက်လုပ်။
ပစ္စုပ္ပန်တိုင်း အရေးကြီးတယ်လို့ သဘောထား။

ကိုယ့်သန္တာန်မှာ
အကောင်းဓာတ်တွေ
ရှိသင့်သလောက်ရှိထားမှ
စိတ်အေးရမှာ။

ဘုရားရှိခိုးခိုင်းတယ်
တရားထိုင်ခိုင်းတယ်ဆိုတာ
သက်သက်မဲ့ အချိန်ဖြုန်းခိုင်းတာ မဟုတ်ဘူး။

ဘေးရန်အလွန်ပေါတဲ့ လောကကြီးမှာ
ဘေးရန်လုံလုံခြုံခြုံနဲ့
စွမ်းအားပြည့်ပြည့်ဝဝ နေနိုင်အောင်လို့။

အရည်အသွေးတွေ
မြင့်မားတောက်ပြောင်လာအောင်လို့
ချီးမြှောက်ပေးတာနော်..။


တိပိဋကဓရ
ယောဆရာတော်ဘုရားကြီး🙏🙏🙏

Crd original uploader
ပြန်လည်မျှဝေပါသည်

Address

Pyi Thar Yar Road
Maymyo

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 17:00
Friday 09:00 - 21:00
Saturday 09:00 - 21:00

Telephone

+959969898669

Website

Alerts

Be the first to know and let us send you an email when Hsu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share