Adora Bookstore

Adora Bookstore stay at home

ဖေဖော်ဝါရီ ၇ ၈မှာထွင်မယ့် "ကခ သင်ကြမယ်" မြန်မာစာ 7-in-1 activity book (For Pre KG, KG)မြန်မာစာ Alphabet activity book လေ...
20/01/2021

ဖေဖော်ဝါရီ ၇ ၈မှာထွင်မယ့်

"ကခ သင်ကြမယ်"
မြန်မာစာ 7-in-1 activity book (For Pre KG, KG)

မြန်မာစာ Alphabet activity book လေးပါ

KG မြန်မာစာ အတွက် မေးနေတဲ့သူတွေ အဆင်ပြေမှာပါ😍

ဖေဖော်ဝါရီ ၇-၈လောက်မှာထွက်မယ့်Reading Comprehension (Lower Primary for Grade 1&2)Reading comprehension skill က English မ...
20/01/2021

ဖေဖော်ဝါရီ ၇-၈လောက်မှာထွက်မယ့်

Reading Comprehension (Lower Primary for Grade 1&2)

Reading comprehension skill က English မှာ အရမ်းအဓိကကျပါတယ်။
ဒီစာအုပ်လေးက ကလေးတွေ reading ကို ပျော်ပျော်ရွှင်ရွှင် အခက်အခဲမရှိလုပ်နိုင်မယ့်စာအုပ်လေးပါ။ 🥰🥰
Lower အတွက်ဆိုရင်လည်း Lower နဲ့သင့်လျော်တဲ့ Topics လေးတွေကစပြီး သုံးတဲ့ vocab, grammar လေးအထိ G-1&2ကလေးငယ်လေးတွေအတွက် သေချာလေးရွေးသုံးပေးထားတာပါ။

ဒီနိုင်ငံမှာက inter schoolကလေးတွေအတွက်သာ ဒီလိုစာအုပ်လေးတွေများပေမယ့် မြန်မာကျောင်းကလေးတွေနဲ့အဆင်ပြေတဲ့ စာအုပ်လေးတွေရှားပြီး နိုင်ငံခြားစာအုပ်တွေဝယ်သုံးတော့လည်း မြင့်ပြီး နည်းနည်းအခက်တွေ့ကြရပါတယ်။

ဒီစာအုပ်လေးကတော့ ကလေးတွေအခက်အခဲမရှိပဲ ပျော်ပျော်ရွှင်ရွှင်နဲ့
❤️စာပိုဒ်လေးတွေဖတ်ကြမယ် ။
❤️စာပိုဒ်က လွယ်လွယ်တိုတို sentences လေးတွေဖြစ်မယ်။
❤️ပုံလေးတွေကြည့်ရင်းမေးခွန်းလေးတွေဖြေမယ်။
❤️colour လေးတွေခြယ်ရင်း ဖြေမယ်။
❤️comprehension questionလေးတွေဖြေကြရမှာပါ။

မေးခွန်းတည်ဆောက်ပုံကအစ အသေးစိတ်ဂရုစိုက်ထားတာမို့ Lower နဲ့ Upper တောင်မတူပါဘူး။
Lower မှာက comprehension (နားလည်နိုင်စွမ်း)ကိုသာအဓိကသွားထားတာမို့ မေးခွန်းလေးတွေက wh que တွေမများပဲ လွယ်ကူပါတယ်။

ခု Reading comprehension(Lower primary)ထဲမှာက reading ပုံစံ(၃)မျိုးပါပါမယ်နော်။
💙1.Read and colour
💙2.Read and match
💙3.Reading comprehension ဆိုပြီး ၃မျိုးပါပါမယ်နော်။

ပုံလေးတွေ နဲ့ ပျော်စရာ activities လေးတွေမို့ ကလေးတွေပျော်ကြမှာပါနော် ။
Keys လည်း ပါတာမို့ အိမ်မှာ သင်ပေးချင်တဲ့ မေမေတွေအတွက်လည်း သင်ကြားရတာလွယ်ကူစေမှာပါရှင့်။
ဒီစာအုပ်လေးတွေကလည်းgrammarတုန်းကလိုပါပဲ
​သားသားမီးမီးတို့က G3&4ပေမယ့်လည်း အခြေခံကပြန်လုပ်ပေးချင်တယ်ဆိုရင် Lower ကိုအရင်သင် ပြီးမှ Upper ကိုသွားစေချင်ပါတယ်။
တကယ်လို့ သားသားမီးမီးတို့က G-1&2ပေမယ့် Lower ကို ကျေသွားပြီဆိုရင်လည်း Upper ဆက်လုပ်ဖို့အကြံပြုပါတယ်နော် 🧡🧡

Price-4000ks

ကလေးကို စကားပြောသင်ရအောင်^*^*^*^*^  ^*^*^*^*^  ^*^*^*^*^ကလေးတစ်ယောက် စကားပြောတတ်ဖို့ ဖြတ်သန်းရာခရီးလမ်းသည် ရှည်လျားသည်။ ...
02/01/2021

ကလေးကို စကားပြောသင်ရအောင်
^*^*^*^*^ ^*^*^*^*^ ^*^*^*^*^

ကလေးတစ်ယောက် စကားပြောတတ်ဖို့ ဖြတ်သန်းရာခရီးလမ်းသည် ရှည်လျားသည်။ ကလေးတစ်ဦးနှင့် တစ်ဦး စကားစပြောချိန်များမှာလည်း အလွန်ကွာခြားပါသည်။ စကားပြော အနည်းငယ် နောက်ကျလျှင် စိတ်ပူမလွန်ပါနှင့်။ အချို့ကလေးများက စကားပြောနောက်ကျသော်လည်း စပြောသည်နှင့် ရုတ်တရက် အများကြီးပြောနိုင်သူများရှိပါသည်။

ကလေး အသံလေးများနှင့် ကလေးစကားတတ်လာပုံ အဆင့်ဆင့်ကို လေ့လာကြပါစို့။

မွေးစ- ၃ လ
ခိုးခိုးခစ်ခစ်ရယ်တတ်သည်။
သူ့လိုအင်ပေါ်မူတည်ပြီး ငိုသံလေးများကွဲပြားသည်။
မေမေနှင့် ဖေဖေ့ကို ပြုံးပြသည်။

၄-၆ လ
ဗလုံးဗထွေး စရွတ်တတ်ပြီ။ အထူးသဖြင့် ပ သံ, ဘ သံ နှင့် မ သံ လေးများပြုတတ်သည်။ ခိုးခိုးခစ်ခစ်ပို ရယ်တတ်ပြီ။ စိတ်လှုပ်ရှားလျှင် မကျေနပ်လျှင် အသံပေးသည်။ တစ်ယောက်ထဲ ဆော့လျှင် တဝူးဝူး တကူကူးနှင့် အသံထွက်တတ်သည်။

၇ လ - ၁ နှစ်
ခိုးခိုးခစ်ခစ်သံများ ရှည်လာမည်။ ဥပမာ- တာ့တာ, ဘာဘား, အားအား, ပီပီပီပီ စသော အသံတို့ပါထွက်လာမည်။
သူ့တို့ကို အာရုံစိုက်အောင် အသံပြုတတ်ပြီ။ အသက် ၉ လမှ ၁နှစ် ပတ်ဝန်းကျင်တွင် မေမေ ဖေဖေ တစ်လုံးနှစ်လုံးစပြောကောင်းပြောပြီ။ အချို့လည်း ၃ လုံးထိ ပြောသည်။

သတိကြီးကြီးပြုရန်- ပထမတစ်နှစ်တွင် ကလေးက စကားမပြောသော်လည်း မေမေနဲ့ဖေဖေ ပြောသမျှ နားထောင်နေပါသည်။ ဒုတိယနှစ်တွင် ပြောတတ်ဖို့ရာ စကားလုံးများကို မှတ်မိဖို့ကြိုးစားနေသည်။ ထို့ကြောင့် ကလေးကို အချိန်မီ စကားပြောစေလိုလျှင် ပထမတစ်နှစ်တွင် ကလေးထိန်းရင်း ရိုးရှင်း၍ အသုံးဝင်သော နေ့စဉ်သုံး စကားလေးများကို ဖြေးဖြေးနှင့် ပုံမှန်ပြောပေးပါ။
ဥပမာ- မေမေ ရေချိုးပေးမယ်နော်, သားမျက်နှာလေး သန့်အောင် သုတ်ပေးမယ်, ရေက နွေးတယ်, နုိ့စို့တော့နော်, အော် သားလေး ဗိုက်ဝပြီလား စသည်ဖြင့် အမြဲပြောပါ။

၁ နှစ်မှ ၂ နှစ်
***ပထမဆင့်
နှစ်လုံးတွဲ စကားလုံးများတိုး၍ ပြောမည်။ ဥပမာ- ရုပ်ရုပ်, မန်းမန်း, တာ့တာ
လတိုင်းလတိုင်း စကားလုံး အသစ်များတိုး၍ ပြောလိမ့်မည်။
ဥပမာ- ကား, ယူ, စား, ရ

*** နောက်တဆင့်
အသက် ၂ နှစ်နီးလာလျှင် နှစ်လုံးပူး မဟုတ်သော စကားလုံးများ ပူးတွဲပြောနိုင်လာမည်။
ဥပမာ- မေမေ မောပီ, ဖေဖေ မုန့်မုန့်ဝယ်

သတိပြုရန်- မသင်ရင် မပြောတာ မဆန်းပါ။ မြင်မြင်သမျှကို ဘယ်လို ခေါ်သည်သင်ပေးပါ။ ဟ(ဥပမာ-ဟုတ်, ဟိုဘက်), ဝ(ဝုတ်ဝုတ်, အာဝါး), သ (သိ, သွား, သူ), န (နဲ, နိုင်, နိုး), ဒ (ဒီမှာ, ဒီလို)-ဟ, ဝ, သ, န, ဒ သံပါသော စကားလုံးများသင်ပေးလို့ရပါသည်။ လမ်းလျှောက်ထွက်လျှင် ကား, သစ်ပင်, မြက်ခင်း, တို့ကို ပြပြီး နာမည်ပြောပြပါ။ အကြိမ်ကြိမ်ပြောလျှင် ကလေးက ကားမြင်လျှင် ကားဟု ပြောလာမည်။ နောက်တစ်ဆင့် တိုးသင်ပါ။ ဟုတ်တယ် အဲ့ဒါ ကား, ကားရဲ့ အရောင်က အနီရောင်ပေါ့ သားရယ် စသည်ဖြင့် သင်ပါ။ ကလေးက ခွေးမြင်၍ ခွေးဟု ရွတ်လျှင် ဟုတ်တယ် ခွေးက အကြီးကြီး (သို့) ခွေးက သေးသေးလေး စသည်ဖြင့် တိုးသင်ပါ။

၂ နှစ်မှ ၃ နှစ်
စကားလုံး ၃ လုံးတွဲများစပြောပြီ။ ပစ္စည်းနှင့် ကစားစရာတောင်းတတ်ပြီ။ ဖ သံ, ဂ သံ, န သံ, ဒ သံများ ပို၍ ပီသလာနိုင်ပြီ။ အချို့က ဘာကြောင့်လဲ လို့ မေးတတ်ပြီ။

သတိပြုရန်- စကားကို ဆက်သင်ပါ။ အရောင်, နံပါတ်, မိသားစုဝင် အမည်လေးများ, နေ့စဉ် အစားအသောက်များ သင်ကြားပါ။ ကဗျာတိုတိုနှင့် ကလေး သီချင်းလေးများ စသင်ပါ။ စာလုံးအပြင် စာကြောင်းများ ပိုသင်ပါ။ ပြောအောင်လည်း မေးခွန်းများများမေးပါ။ မေးပြီးရင်လည်း ဖြေတာကို နားထောင်ပေးပါ။ မရှင်းရင် ထပ်မေးပါ။ လျစ်လျူမရှုပါနှင့်။
ဥပမာ- သားရေသောက်မလားထက် သားရေ ရေနဲ့နို့ ဘယ်ဟာသောက်ချင်လဲ?

၃ နှစ်မှ ၄ နှစ်
စကားလုံး ၄-၅ လုံးပါဝင်သော စာကြောင်းတိုလေးများ အတော်ပြောတတ်ပြီ
မူကြို ပို့လျှင် တနေ့တာ လုပ်ဆောင်မှုများကို မေးလျှင် ပြောပြလိမ့်မည်
ဘယ်သူလဲ, ဘာလဲ, ဘယ်မှာလဲ စသည်တို့ ဖြေနိုင်ပြီ
ဘယ်လိုလုပ်မလဲ, ဘာကြောင့်လဲတို့ မေးနိုင်ပြီ

သတိပြုရန်- စကားကို ဆက်သင်ပါ။ ပုံပြင်လေးများ နေ့စဉ် ပြောပြပါ။ကလေးကို ပြန်ပြောပြခိုင်းပါ။ ဉာဏ်စမ်း ရိုးရိုးလေးများမေးပါ။
မိသားစု ဓာတ်ပုံများပြပြီး မိသားစု ရာဇဝင်လေးမိတ်ဆက်ပေးပါ။
ဥပမာ- သားရေ ဒါက မေ့မေ့ ဖေဖေနဲ့ မေမေ, သားရဲ့ ဖိုးဖိုး ဖွားဖွား, မေမေ့မှာ ညီမတစ်ယောက် အစ်ကို တစ်ယောက်ရှိတယ်။ ဒါဆို သားက ဦးဦးနဲ့ ဒေါ်ဒေါ်ရှိတယ်။

၃ နှစ်ကျော်ထိ အချို့အသံများကို မှန်အောင်မထွက်နိုင်သူ ကလေးများလည်း ရှိပါသည်။ ပုံမှန်ပါ။ မပီလျှင် ချစ်စရာကောင်းသော်လည်း မပီတဲ့ အခါတိုင်းပြင်ပေးပါ။

၄ နှစ်မှ ၅ နှစ်
ကကြီး, ခကွေး, ABCD စာလုံးလေးများ ဖတ်တတ်ပြီ, ၁,၂,၃,၄ ဂဏန်းလေးများ ရေတွက်တတ်မည်။ စာကြောင်း ၂ ဆင့် သို့ ၂ ကြောင်းကို ပေါင်း ပြောတတ်ပြီ။
ဥပမာ- သားမှာ ကားရုပ်လေး အများကြီးရှိပေမယ့် ညီမလေးမှာ ၂ စီးပဲရှိတယ်။

သတိပြုရန်- စကားကို ဆက်သင်ပါ။ အဖြူ အမည်း, အမြင့် အနိမ့်, အကြီးအသေးစတဲ့ ဆန့်ကျင်ဘက် အခေါ်အဝေါ်များ သင်ပေးပါ။ အသီးများ, အသားများရဲ့ အခေါ်အဝေါ်ကို အုပ်စုလိုက် သင်ပေးပါ။ စားပွဲ, ထိုင်ခုံ, မီးလုံးစသော အိမ်ရှိ ပစ္စည်းများကို မြင်ရသလောက် ပြောပြပါ။ တစ်ခုခု ခိုင်းရင် နှစ်ဆင့်ခိုင်းပါ။ ဥပမာ- သားရေ ကြမ်းပြင်က အရုပ်တွေကို ပုံးထဲကောက်ထည့်ပြီးရင် ပုံးကို သူ့နေရာနဲ့ သူပြန်ထားပါ။

ကလေးစကားပြောရင် နားထောင်ပါ, အသိအမှတ်ပြုပါ, ချီးကျူးပါ, အားပေးပါ။
စကားပြော ချောမွေ့သော, စကားလုံးကြွယ်ဝသော, ယဉ်ကျေးစွာ ပြောတတ်သော, အခြားသူ နားလည်အောင် ပြောနိုင်သော မြန်မာကလေးများ ဖြစ်ကြစေရန် ရည်ရွယ်ရေးပါသည်။

#နေနေမိုးဆွေ ( Child Health Myanmar Page)

Reference: American Speech-Language-Hearing Association, Speech Pathology Australia.
Credit to Google Images

"သင့်ကလေးရဲ့ ရင်ထဲမှာ ဘာဖြစ်နေလဲ သင်သိရဲ့လား"ကလေးတွေ ငယ်ငယ်တုန်းကဆို သူတို့ရဲ့ ရင်ထဲက ခံစားချက်တွေကို အလွယ်တကူ သိနိုင်ပါ...
02/01/2021

"သင့်ကလေးရဲ့ ရင်ထဲမှာ ဘာဖြစ်နေလဲ သင်သိရဲ့လား"

ကလေးတွေ ငယ်ငယ်တုန်းကဆို သူတို့ရဲ့ ရင်ထဲက ခံစားချက်တွေကို အလွယ်တကူ သိနိုင်ပါတယ်။ ကလေးငယ် (၄ – ၅ နှစ်အောက်) အရွယ်တွေဟာ သူတို့ရဲ့ ခံစားချက်တွေကို ဖုံးကွယ်လို့ မထားတတ် ကြပါဘူး။ သူတို့ရဲ့ ဝမ်းနဲမှု၊ အလိုမကျမှု၊ စိတ်အားငယ်မှု စတဲ့ ခံစားချက်တွေကို ကိုယ်အမူအရာ၊ မျက်နှာအမူအရာတွေနဲ့ ဖေါ်ပြရုံသာမက ပါးစပ်ကလဲ ထုတ်ဖေါ်ဖွင့်ဟ ပြောပြတတ်ကြပါတယ်။ ဒါပေမယ့် ကလေးအသက် ကြီးလာတာနဲ့ အမျှ တဖြည်းဖြည်း မိဘကို ရင်ဖွင့်ပြောပြတာတွေ နည်းလာတတ်ကြပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ခံစားမှုတွေကိုလဲ မိဘတွေရှေ့မှာ သိုဝှက်ဖုံးကွယ်လာ တတ်ကြပါတယ်။ တစ်ခါတစ်လေများ ကလေးက ငေးမှိုင်နေလို့ ဘာဖြစ်နေတာလဲ မေးရင် မဖြေပဲ ငြင်းတာကို ခံရတဲ့ မိဘလုပ်သူရဲ့ ခံစားချက်ကို ကြုံဖူးမှ သိပါလိမ့်မယ်။ ကိုယ့်သားသမီး တစ်ခုခု ဖြစ်နေမှန်းလဲ မိဘလုပ်သူက သိတယ်၊ ဘာဖြစ်နေမှန်းလဲ မသိ၊ သိအောင်မေးတော့လဲ မဖြေဆိုတော့ စိတ်ပူတာရော၊ စိတ်တိုတာရော ပေါင်းပြီး တော်တော် ခံရခက်တဲ့ ခံစားမှုပါ (ကလေးမရှိသေးသူတွေ၊ ကလေးငယ်ငယ်လေးပဲ ရှိသေးတဲ့ မိဘတွေ ရီမနေ ကြပါနဲ့၊ သိပ်မကြာခင် ကြုံရမှာမို့ အားမွေးထားကြပါ)။ ဒီထက်ပိုဆိုးတာကတော့ မိဘလုပ်သူက သတိမထားမိလို့ ကိုယ့်သားသမီး ရင်ထဲမှာ တစ်ခုခု ခံစားနေရတာ မသိလိုက်ပဲ နောက်ကျမှ သိတာမျိုးဆိုရင် မကောင်းပါဘူး။ ဒါ့ကြောင့် မိဘလုပ်သူတွေ အနေနဲ့ ကိုယ့်သားသမီး ရင်ထဲမှာ ဘာတွေခံစားနေရတယ်၊ ဘာတွေဖြစ်နိုင်မလဲဆိုတာ မှန်းဆကြည့်ဖို့ အကြံဉာဏ်လေးတွေ ပေးလိုက်ပါရစေ။

(၁) ကလေးကို စောင့်ကြည့်ပါ

ကျွန်တော်ကျွန်မတို့ မြင်တဲ့ကြားတဲ့ အရာတိုင်းကို ဂရုပြု မှတ်သားမိကြရဲ့လား။ ကိုယ့်ရှေ့မှာ မြင်တာကြားတာကို ဂရုမပြုမိတာမျိုး ဘယ်နှစ်ခါ ကြုံဖူးကြပါသလဲ။ အထူသဖြင့် အခုခေတ်လို အင်တာနက်တွေ၊ Facebook တွေ၊ မိုဘိုင်းဖုန်းပေါ်က ဂိမ်းတွေနဲ့ အချိန်ကုန်နေတဲ့ ခေတ်ကြီးမှာ တစ်ခါတစ်လေ ကိုယ့်ရှေ့တင် ဖြစ်သွားတာကို သတိမထားလိုက်မိတာ၊ တစ်ဖက်သား ကိုယ့်ကိုပြောတဲ့ စကားကို မကြားလိုက်မိတာမျိုးဟာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေပါပြီ။ ဒီလို ကိုယ်ကတစ်ခုခုကို အာရုံစိုက်နေမိတဲ့ အချိန်မျိုးမှာ ကိုယ့်ကလေးက မျက်စေ့မျက်နှာ ပျက်နေတာမျိုး၊ ငေးမှိုင်နေတာမျိုး၊ တိတ်တဆိတ် ငိုယိုနေတာမျိုးတွေကို သတိမထားလိုက်မိရင် ဒီလို သားသမီးက ကိုယ့်ရဲ့ အားပေးမှုကို အလိုအပ်ဆုံးအချိန်မှာ ကိုယ့်က အားပေးခွင့်၊ ကလေးရဲ့ ပြဿနာကို ဖြေရှင်းပေးခွင့် မရလိုက်တာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒါမျိုး မကြာခဏ ဖြစ်လာပြီဆိုရင် ကလေးက ကိုယ့်ကို အားကိုးချင်တဲ့စိတ် လျှော့နည်းသွားပြီး နောက်ကျရင် တစ်ခုခုဆို ကိုယ့်ဆီလာ ရင်ဖွင့်ဖို့ ဝန်လေးသွားနိုင်ပါတယ်။ ဒါ့ကြောင့် မိုဘိုင်းဖုန်းကို မဖြတ်နိုင်ဘူး ဆိုရင်တောင် သားသမီးတွေနဲ့ ရှိနေတုန်းမှာ ဖုန်းသုံးတာ ခနလျှော့ထားပြီး ကလေးကို အာရုံစိုက်ပြီး သူရင်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ တချက်လောက်တော့ စောင့်ကြည့်လိုက်ပါ။

(၂) ကလေးတွေနဲ့ (နှလုံးသားချင်း) နီးနီးကပ်ကပ် ဆက်ဆံပါ

ကလေးတွေကို သူတို့နဲ့ ပါတ်သက်တဲ့ မေးခွန်းတွေမေးဖို့ မမေ့ပါနဲ့။ ရဲက တရားခံစစ်သလိုမျိုး စစ်ခိုင်းတာကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် နေ့စဉ်သူတို့ရဲ့ ဖြတ်သန်းမှု၊ လုပ်ဆောင်မှု၊ ခံစားရမှုတွေနဲ့ ပါတ်သက်ပြီး စိတ်ဝင်တစား ရှိဖို့ကို ဆိုလိုပါတယ်။ ကလေးငယ်ငယ်လေးကတဲက သူတို့ရဲ့ နေ့တဒူဝ ဖြစ်စဉ်တွေနဲ့ ပါတ်သက်ပြီး မေးခွန်းလေးတွေမေးပါ။ ကလေးအသက် ကြီးသွားမှ စမယ်ဆို ကလေးက အလေ့အကျင့် မရှိခဲ့တော့ ကိုယ့်မေးခွန်းတွေကို အမှန်အတိုင်း ဖြေဖို့ ဝန်လေးပါလိမ့်မယ်။ ဒါပေမယ့် ဘယ်တော့မှတော့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ကိုယ်က စိတ်ရှည်ရှည်ထားပြီး သူတို့ရဲ့ ဘဝအပေါ် စိတ်ဝင်စားမှု ပြတယ်ဆိုရင် ကလေးလုပ်သူကလဲ ကိုယ့်ပေါ် ပွင်းလင်းလာပါလိမ့်မယ်။ ဘယ်က စရမှန်းမသိရင် ဒီလိုမေးခွန်းမျိုးလေးတွေနဲ့ အစပြုနိုင်ပါတယ်။

“ဒီနေ့လယ် ကျောင်းမှာ ဘယ်သူနဲ့ အတူထမင်းစားလဲ”

“ဘယ်သူငယ်ချင်းက ခင်စရာ အကောင်းဆုံးလဲ”

“ဘယ်သူငယ်ချင်းက ရီစရာ အကောင်းဆုံးလဲ”

“ဒီစနေနေ့ သူငယ်ချင်းတွေနဲ့ ဘယ်သွားဖို့ စိတ်ကူးလဲ”

ဒါမျိုးလေးတွေကနေ အစပြုပြီး တဖြည်းဖြည်း အကျင့်လုပ်သွားလို့ ရပါတယ်။ အစပိုင်းမှာ ဘာအဖြေမှာ ရချင်မှာ ရမှာပါ။ တဖြည်းဖြည်း ကိုယ်နဲ့ ကလေးအကြားမှာ နားလည်မှု တည်ဆောက်သွားဖို့ လိုပါတယ်။ နောက်အရေးကြီးတဲ့ အချက်တစ်ခုကတော့ ကလေးရဲ့ အဖြေပေါ်မှာ ကိုယ်က ဝေဖန်ချက် မပေးဖို့ပဲ ဖြစ်ပါတယ်။ သူက အကြံဉာဏ် မတောင်းပဲ ကိုယ်က ဒါကတော့ မှန်တယ်၊ ဒါကတော့ မှားတယ် မပြောဖို့လိုပါတယ်။ နှုတ်အားဖြင့်သာမကပဲ မျက်နှာအမူအရာ၊ ကိုယ်အမူအရာတွေနဲ့လဲ မပြမိဖို့ လိုပါတယ်။ ကလေးက ကိုယ့်မေးခွန်းကို ဖြေတဲ့နေရာမှာ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ၊ အယူအဆတွေနဲ့ ပါတ်သက်လို့ မိဘလုပ်သူက မကောင်းတဲ့ (Negative) အမြင် ဖြစ်ပေါ်မှာကို ကလေးတွေ အစိုးရိမ်ဆုံးပါ။ ကိုယ်က ဒီလို Negative ဖြစ်တဲ့ တုန့်ပြန်မှုမျိုး ပေးမိရင် ကလေးက နောက်ဆို ကိုယ့်မေးခွန်းကို အမှန်အတိုင်း ဖြေတော့မှာ မဟုတ်ပါဘူး။

(၃) နားထောင်ပါ

ကလေးပြောတာတွေကို ဂရုတစိုက် နားထောင်ဖို့ လိုပါတယ်။ ကလေးက ကိုယ့်ကို စကားပြောနေတဲ့ အချိန်မျိုးမှာ ဖုန်းပွတ်နေတာမျိုးဆို ကြာရင် ကလေးက ကိုယ့်ကိုလာပြီး စကားပြောတော့မှာ မဟုတ်ပါဘူး။ ကလေးပြောသမျှကို ပြန်ပြီး တုန့်ပြန်မှု (response) ပေးစရာ မလိုပါဘူး။ ဒါပေမယ့် သူပြောတာတွေကို ဂရုတစိုက် နားထောင်ပြီး ကိုယ်က လိုအပ်တဲ့ နောက်ဆက်တွဲ မေးခွန်းတွေ မေးတာမျိုး၊ သင်လျော်တဲ့ တုန့်ပြန်မှု ပေးတာမျိုး (ဥပမာ ကလေးက ရီစရာ အဖြစ်အပျက် တစ်ခုကို ပြောရင် ကိုယ်က ကိုယ့်အတွက် ရီစရာ မဟုတ်ရင်တောင် အလိုက်သင့် လိုက်ရီတာမျိုး၊ အံ့ဩစရာ ပြောရင် မျက်နှာအမူအရာနဲ့ ပြတာမျိုး၊ အစရှိသဖြင့်ပေါ့) အစရှိတာတွေကို လုပ်ဆောင်ဖို့လဲ လိုပါတယ်။ ကလေးပြောတာအပေါ်မှာ ကလေးကို အပြစ်တင်တာမျိုးလဲ မလုပ်မိဖို့ လိုပါတယ်။ နောက်ကလေးက ကိုယ့်ဆီက အကြံဉာဏ် မတောင်ပဲ ကိုယ်က အကြံဉာဏ်တွေ ပေးတာမျိုးလဲ မလုပ်ဖို့ လိုပါတယ်။ ကလေးက ကိုယ့်ကိုလာ စကားပြောတယ်ဆိုတာ ကိုယ့်ဆီက အကြံဉာဏ် လိုချင်လို့ မဟုတ်ပါဘူး။ ကိုယ့်ကသူ့ကို နားလည်မယ်လို့ ယုံကြည်လို့၊ သူနဲ့ထပ်တူ ခံစားစေချင်လို့ ကိုယ့်ကို သူ့ရဲ့ အတွေအကြုံတွေ မျှဝေတာပါ။ ဒါကိုကိုယ်က နားလည်ဖို့ လိုပါတယ်။ ဒါ့ကြောင့် ကလေးပြောတာ နားထောင်တဲ့ အခါမှာ သူ့ကိုကိုယ်က အကြံဉာဏ်ပေးချင်တဲ့ စိတ်ကို ချိုးနှိမ်ထားပါ။

(၄) စိတ်ရှည်ပါ

မိဘတွေဟာ အများအားဖြင့် ကိုယ့်သားသမီးက သတို့ကြုံရတဲ့ ပဿနာတွေကို ရင်ဖွင့်လာရင် ကိုယ့်အတွေ့အကြုံပေါ် မူတည်ပြီး အကြံဉာဏ် ပေးချင်တတ်ကြပါတယ်။ အထူးသဖြင့် ကလေးဆီက အချက်အလက်တွေ ပြည့်ပြည့်စုံစုံ မသိရသေးခင် ကောက်ချက်ဆွဲပြီး အကြံပေးချင်း ကြပါတယ်။ ဒီလိုမျိုးဆို ကလေးတွေ (အထူးသဖြင့် ကလေးကြီးတွေ) ဟာ သူတို့ ပြောချင်တာကို ပြည့်ပြည့်စုံစုံ မပြောတော့ပဲ ရှောင်ဖယ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်က အဆုံးသတ် ကောက်ချက်မဆွဲမှီမှာ ကလေးပြောတာတွေကို ပြည့်ပြည့်စုံစုံ နားထောင်ဖို့ လိုအပ်ပါတယ်။ ဒါမှ ကလေးက သူပြောတာကို မိဘက အလေးပေး နားထောင်တယ်၊ မပြည့်စုံတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး ကောက်ချက်ဆွဲတာမျိုး မလုပ်ဘူး ဆိုတာ သဘောပေါက်ပြီး ကိုယ့်ကိုရင်ဖွင်လိုစိတ်၊ ပွင့်ပွင့်လင်းလင်း ပြောလိုစိတ် ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကိုယ့်ကလေးရင်ထဲ ဘာတွေဖြစ်နေလဲ သိအောင် “ကြည့်ပါ၊ မေးပါ၊ နားထောင်ပါ၊ စိတ်ရှည်ပါ”။

🙏🙏🙏
01/01/2021

🙏🙏🙏

နတ်တော်လပြည့် (ဓမ္မ စာဆိုတော်နေ့)မြတ်စွာဘုရားရှင်နှင့် ရဟန္တာ အရှင်သူမြတ်တို့အားဆွမ်းခဲဘွယ် ပန်း ရေချမ်း ဆီမီး ဆန်ဆီဆေးဆ...
29/12/2020

နတ်တော်လပြည့် (ဓမ္မ စာဆိုတော်နေ့)

မြတ်စွာဘုရားရှင်နှင့် ရဟန္တာ အရှင်သူမြတ်တို့အား

ဆွမ်းခဲဘွယ် ပန်း ရေချမ်း ဆီမီး
ဆန်ဆီဆေးဆား တို့ဖြင့် ကပ်လှူပူဇော်ခြင်းကုသိုလ် 🙏

ဂုဏ်တော် အဓိဋ္ဌာန်ဝင်ခြင်းကုသိုလ်🙏

ကုသိုလ်အမျှ ရကြ၍.....
နှလုံး စိတ်ဝမ်း အေးချမ်း ကြပါစေ 🙏

ဒီနေ့ရောက် All instockရောက်တာနဲ့ ချက်ချင်း ၄အုပ် Sold outcb or 📲095292769
05/12/2020

ဒီနေ့ရောက် All instock

ရောက်တာနဲ့ ချက်ချင်း ၄အုပ် Sold out

cb or 📲095292769

Big Sale အတွင်း အားပေးကြသော customerတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။အခုမှပုံလာတင်နိုင်လို့ပါ🥰
02/12/2020

Big Sale အတွင်း အားပေးကြသော customerတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
အခုမှပုံလာတင်နိုင်လို့ပါ🥰

Upper Primary (G-3&4)Upper primary က မြန်မာကျောင်းသင်ရိုး Englishဖတ်စာ Grade-3&4 ကိုအခြေခံပါတယ်။အခုပုံမှာတင်ထားတာလေးတွေက...
02/12/2020

Upper Primary (G-3&4)

Upper primary က မြန်မာကျောင်းသင်ရိုး Englishဖတ်စာ Grade-3&4 ကိုအခြေခံပါတယ်။
အခုပုံမှာတင်ထားတာလေးတွေက Upper primary (Grade-3&4)အတွက်ပါ။

ဒီစာအုပ်လေးက ဘာထူးခြားလဲဆိုတော့
📍မြန်မာကျောင်း အစိုးရသင်ရိုး Eng textbookရဲ့ grammar pointsတွေကို coverage ဖြစ်စေပါတယ်။
📍grammar ကို အရောင်စုံပုံလေးတွေပါတဲ့ fun learning activities လေးတွေနဲ့လေ့ကျင့်လို့ရပါတယ်။
📍ဖတ်စာအုပ်ကိုအခြေခံပြီး Parts of speech လေးတွေ အတက်နိုင်ဆုံး စုံအောင်ထည့်ပေးထားပါတယ်။
📍ကိုယ်တိုင်သင်ကြားရေးလုပ်ရင်း ဖန်တီးထားတာမို့ ကလေးတွေသင်ရတာ အခက်အခဲမတွေ့စေဖို့သုံးထားတဲ့ voacbတွေက အစ သူတို့အရွယ်အလိုက် သိမယ့် vocabလေးတွေသာ ရွေးသုံးပေးထားပါတယ်။
📍စာအုပ်ကိုစလုပ်မယ့်အချိန်မှာ trတွေက eng ဘာသာနဲ့ပဲ ထုတ်စေချင်တယ် တချို့မေမေတွေကျတော့ အင်္ဂလိပ်-မြန်မာ(၂)ဘာသာနဲ့ထုတ်စေချင်တယ် ။ဒါ့ကြောင့် ၂ဖက်လုံးအဆင်ပြေအောင်
ရှေ့မှာ grammar rules တွေကို အင်္ဂလိပ်လိုပဲထည့်ပေးထားပါတယ်။မေမေတွေ ကိုယ်တိုင် အိမ်မှာပြန်သင်ပေးလို့ရအောင် ကကျတော့နောက်မှာ တစ်ခန်းချင်းစီအတွက် မြန်မာလို Parent's guide ပုံစံလေးထည့်ပေးထားတယ်။
📍သင်ကြားပြီးရင်သင်ယူတတ်မြောက်မှုစစ်ဆေးဖို့ လည်း Assessment testတွေထည့်ပေးထားပါတယ်။

4000ks
Cb or 📲095192769

💛My Alphabet Book💛 ဒီစာအုပ်လေးရဲ့ထူးခြားချက်က အရမ်းချစ်စရာကောင်းပြီး ကလေးတွေပျော်မယ့် fun learning တွေအများကြီးပါတာပါ။ အ...
02/12/2020

💛My Alphabet Book💛

ဒီစာအုပ်လေးရဲ့ထူးခြားချက်က အရမ်းချစ်စရာကောင်းပြီး ကလေးတွေပျော်မယ့် fun learning တွေအများကြီးပါတာပါ။ အစိုးရကျောင်းKG သင်ရိုး ကိုအခြေခံထားတာမို့ KG အတွက် ထုတ်ပေးဖို့ ပူဆာထားတဲ့မေမေများလည်း ကျေနပ်လိမ့်မယ်ထင်ပါတယ် ။

✔️ဘယ်အရွယ်လေးတွေနဲ့သင့်တော်မလဲ?
❣️Alphabets တွေကိုစပြီးလေ့လာတော့မယ့် Pre-Kg အရွယ်လေးတွေက letter recognition ရအောင် စသင်လို့ရမယ် ။ word လေးတွေရဲ့ အခေါ်အဝေါ်တွေစသင်ပေးလို့ရမယ်။
❣️Capital letter အရေးစသင်မယ့် Kg တန်းမှာ ဆိုရင်လည်း ပျော်ပျော်ရွှင်ရွှင် activities တွေနဲ့ A-Z ကို လေ့လာလို့ရမယ်။
❣️Small letter (a-z) သင်မယ့် G-1 လေးတွေအထိ အဆင်ပြေစေမယ့်စာအုပ်လေးပါ။

✔️ဘယ်လိုလေ့ကျင့်ခန်းလေးတွေပါမလဲ။
စာအုပ်လေးက Happy Mom & Genius ရဲ့ထုံးစံအတိုင်း ကလေးတွေပျော်မယ့် activities တွေကို 7-in-1 လုပ်ထားပေးပါတယ်။
1. Maze
2. Colouring
3. Tracing
4. Dot-to-dot
5. Letter search
6. Letter identification
7. Exercises တွေ အစုံပါမှာပါနော်။

အရောင်စုံစုံ ချစ်စရာပုံလေးတွေနဲ့ စာလုံးကြီးကြီးထင်းထင်းလေးတွေနဲ့ ပြည့်စုံတဲ့ Alphabet bookလေးကို ကလေးတွေအရမ်းကြိုက်ကြမှာပါနော်။

Capital letter A-Z, Small letter a-z အတွက် activities တွေအပြင် review activities တွေလည်းအများကြီး ပါပါသေးတယ်။
ကျောင်းပိတ်ထားလို့ Kgမတက်လိုက်ရပဲ G-1တန်းတက်ရမှာမို့ သားသားမီးမီးတို့စာမကျေမှာ စိုးရိမ်နေတဲ့ မေမေတို့အတွက်တော့ အရမ်းအဆင်ပြေစေမှာပါ။

စာအုပ်sizeကလည်း A-4 size မို့ ပေးရတာနဲ့တန်မယ့်စာအုပ်လေးပါ။

4000ks

Cb or📲095192769

Lower Primary Grammar (Grade-1&2)အတွက်ပါ ။မြန်မာကျောင်သင်ရိုး Grade -1&2ကိုအခြေခံပြီးထုတ်ဝေထားတာပါ။Grammar က ဘာသာရပ်တစ်ခ...
02/12/2020

Lower Primary Grammar (Grade-1&2)အတွက်ပါ ။
မြန်မာကျောင်သင်ရိုး Grade -1&2ကိုအခြေခံပြီးထုတ်ဝေထားတာပါ။

Grammar က ဘာသာရပ်တစ်ခုမှာ အခြေခံအရမ်းကျပါတယ်။
ဒါမယ့် အခုသင်ရိုးအထောက်အကူပြု grammar ကိုပျော်ပျော်ရွှင်ရွှင် လွယ်လွယ်ကူကူ သင်ယူချင်တယ်ဆိုရင်-
❣️သင်ရိုးထဲက သူ့သက်ဆိုင်ရာ အတန်းက vocabularyလေးတွေ ကျေညက်ရမယ်
❣️Textbook အခြေခံထားတာမို့ text ကိုလည်းလေ့လာရမယ်။ တွဲပြီးလေ့လာကြမယ်။ဒါဆိုရင်ပိုပြီးအထောက်အကူဖြစ်စေမှာပါနော်။

ပြီးတော့ grammar စာအုပ်လေးတွေက G-1to4ကို အတန်း သင်ရိုးနဲ့ level ညှိပြီးလုပ်ထားတာမို့လို့ နိုင်ငံခြား grammar စာအုပ်လေးတွေနဲ့တော့မတူပါဘူးနော်။
ဥပမာ - Demonstrative pronouns အကြောင်းကိုစသင်မယ်ဆိုရင် Lowerမှာ This & That ပဲ ပါပါတယ်။
Upper ရောက်မှ This,That,These,Thoseအကုန်ပါပါမယ်နော်။

တကယ်လို့ မေမေတို့ရဲ့သားသားမီးမီးက g-3/4 ရောက်နေပေမယ့် ဒီ Lower က grammar points လေးတွေကို မကျေညက်ခဲ့ဘူးဆိုရင် အခက်အခဲမရှိအောင် Lowerက စသင်ပေးပါနော်။ တကယ်လို့ G-1/2ပေမယ့်လည်း Lower ကို ကျေညက်နေပြီဆိုရင်လည်း Upperကိုဆက်တက်ပေးလို့ရပါတယ်နော်။

ဒီစာအုပ်လေးမှာ
📍Grammar rules
📍 Activities
📍Exercises
📍Assessment test(Middle test& End test)
📍Keys
📍Parent's Guide တွေပါပါမယ်နော်။

​ကျောင်းတွေပိတ်ထားတုန်းမှာ အကျိုးရှိအောင် ကျောင်းကြီးဖွင့်ရင် readyဖြစ်နေအောင် ပျော်ပျော်ရွှင်ရွှင် fun learning လုပ်ကြရအောင်နော် ကလေးလေးရေ 🥰🥰

4000ks

Cb or📲095192769

Address

Ziwaka Street
Maymyo

Telephone

+9595192769

Website

Alerts

Be the first to know and let us send you an email when Adora Bookstore posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category