RAYS Auto Care

RAYS Auto Care Trust is our first.

🚘🚘...... HELLO......🚘🚘မိမိတို့ပိုင်ဆိုင်ထားသည့် မော်တော်ယာဉ်နှင့်ပတ်သတ်ပြီး SERVICE ဆောင်ရွက်ပေးရန်ရှိပါက ကျွန်တော်တို့ ...
23/02/2023

🚘🚘...... HELLO......🚘🚘

မိမိတို့ပိုင်ဆိုင်ထားသည့် မော်တော်ယာဉ်နှင့်ပတ်သတ်ပြီး SERVICE ဆောင်ရွက်ပေးရန်ရှိပါက ကျွန်တော်တို့ Rays ကိုသတိရလိုက်ပါ......

ကားပိုင်ရှင် ကြီးများအနေနဲ့မိမိ၏ကားနဲ့ပတ်သတ်၍ပြသာနာများအား​ဆွေး​နွေးတိုင်ပင်နိုင်ရန် ကျွန်တော်တို့ Auto Care က စေတနာရှေ့ထားဆောင်ရွက်ပေးနေတဲ့Technician တွေဆီလှမ်းလာခဲ့ ဖို့ ဖိတ်ခေါ်ပါရစေခင်ဗျာ

🏠 Address
🚦အမှတ်(ခ-၁/၂) သိင်္ဂီလမ်း နှင့် သိင်္ဂီလမ်းသွယ် (၉) ထောင့်၊ရပ်ကွက်ကြီး (၁၀) ပြင်ဦးလွင်မြို့
📲09-884053344, 09771271401

🚙ကားလေး   ကိုင်​ပေးလိုက်တယ်ခင်ဗျာ🚘ကားပစ္စည်းစျေး​တွေ​ကတော့ အားလုံးတက်ဘက်သွားနေပါတယ်ခင်ဗျာ 🥴🛠️⚙️အင်ဂျင်အလုံးလိုက်အသစ်လဲဖိ...
05/12/2022

🚙ကားလေး ကိုင်​ပေးလိုက်တယ်ခင်ဗျာ

🚘ကားပစ္စည်းစျေး​တွေ​ကတော့ အားလုံးတက်ဘက်သွားနေပါတယ်ခင်ဗျာ 🥴

🛠️⚙️အင်ဂျင်အလုံးလိုက်အသစ်လဲဖို့ဆိုရင်ခုလို​ငွေ​စျေးနဲ့အများကြီးအကုန်အကျရှိနိုင်ပါတယ်
ဒါ​​ကြောင့် ကားပိုင်ရှင်လည်း အသုံးစရိတ်သက်သာ​အောင် ပြန်ကိုင်​ပေးလိုက်ပါတယ်
(ကျွန်တော်တို့ ရဲ့ customerများအပေါ်စေတနာရှေ့ထားဆောင်ရွက်ပေးမှုပါခင်ဗျာ)

တစ်လုံးကို ပြန်ကိုင်လုပ်တဲ့အခါ…
🙏💸ကုန်ကျစရိတ်ကို ခန့်မှန်းသာ ပြောလို့ရပါတယ်ခင်ဗျာ
အတွင်းပိုင်း ကလိစာ ရဲ့ ပစ္စည်းအနေ အထားပေါ်
မူတည်ပြီး ကုန်ကျစရိတ်သည်ကွာခြားနိုင်ပါတယ်ခင်ဗျာ

တစ်ဆိုင်နှင့် တစ်ဆိုင်သည်လည်း စျေးနူန်းမတူနိုင်ပါဘူးခင်ဗျာ။အသုံးပြု သည့်ပစ္စည်း ပေါ်မူတည်ပြီး အနည်းအများ စျေးကွာခြားနိုင်ပါတယ်ခင်ဗျာ…

ကားပိုင်ရှင် ကြီးများအနေနဲ့မိမိ၏ကားနဲ့ပတ်သတ်၍ပြသာနာများအား​ဆွေး​နွေးတိုင်ပင်နိုင်ရန် ကျွန်တော်တို့ Auto Care က စေတနာရှေ့ထားဆောင်ရွက်ပေးနေတဲ့Technician တွေဆီလှမ်းလာခဲ့ ဖို့ ဖိတ်ခေါ်ပါရစေခင်ဗျာ

🏠 Address
🚦အမှတ်(၈-၁/၂) သိင်္ဂီလမ်း နှင့် သိင်္ဂီလမ်းသွယ် (၉) ထောင့်၊ရပ်ကွက်ကြီး (၁၀) ပြင်ဦးလွင်မြို့
📲09-884053344,09-5021421,09-403711916

🙏အားလုံးပဲ မင်္ဂလာပါဗျ🙏ကျွန်တော် တို့ Rays ကိုရောက်ရှိလာတဲ့ Customer တိုင်းကို သေချာ အချိန်ပေးရှင်းပြပေးတတ်တာကတော့ Rays ...
28/10/2022

🙏အားလုံးပဲ မင်္ဂလာပါဗျ🙏

ကျွန်တော် တို့ Rays ကိုရောက်ရှိလာတဲ့ Customer တိုင်းကို သေချာ အချိန်ပေးရှင်းပြပေးတတ်တာကတော့ Rays ရဲ့ customerတွေအပေါ်ထားတဲ့စေတနာတစ်ခုပါ ခင်ဗျာ🙏

အသေးစိတ်လိုအပ်တာတွေ ရှင်းပြ ၊နောက် လုပ်ရမယ့်အပိုင်းတွေ နဲ့ စျေးလေးတွေ ပြောပြတော့ Customer ကလက်ခံတာနဲ့ ဂီယာဘောက်ချ အားလုံး အသစ်လဲလယ် ပြီး customerစိတ်ကြိုက်ရအောင်ပြုပြင်ပေးလိုက်ရသောကားလေးများပါ. ခင်ဗျာ

🚗လူကြီးတို့၏ Company ကားများ …
🚙အဖိုးတန်အိမ်စီးကားများ…
🚕အချိန်မှီလိုရာပို့ဆောင်ပေးနေသောTaxi များ…

စစ်ဆေးဖို့ ၊ပြုပြင် ဖို့လိုအပ်လာတဲ့ အခါ မှာ ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ

🏠 Address
🚦အမှတ်(၈-၁/၂) သိင်္ဂီလမ်း နှင့် သိင်္ဂီလမ်းသွယ် (၉) ထောင့်၊ရပ်ကွက်ကြီး (၁၀) ပြင်ဦးလွင်မြို့
📲09-884053344,09-5021421,09-403711916

ကားဘထ္ထရီ (Battery) နဲ့ Charging Voltage လေးတွေ အကြမ်းမျဉ်းသိအောင်လုပ်ထားပါဗျာ …ဘထ္ထရီဆိုင်တွေမှာ ဘထ္ထရီလဲရမယ်ပြောတိုင်း...
23/10/2022

ကားဘထ္ထရီ (Battery) နဲ့ Charging Voltage လေးတွေ အကြမ်းမျဉ်းသိအောင်လုပ်ထားပါဗျာ …

ဘထ္ထရီဆိုင်တွေမှာ ဘထ္ထရီလဲရမယ်ပြောတိုင်း တန်းလက်မခံဘဲ …

ဒိုင်နမို အားဝင်မဝင် သေချာအောင်မေးပါ
အားဝင်တာ သေချာမှ ဘထ္ထရီမကောင်းဘူးဆို လဲပါဗျာ

ပုံမှန် ဘထ္ထရီအိုးကောင်းတလုံး ရဲ. Voltage က 12.35 V လောက်ပျမ်းမျှရှိပြီး ၊ ကားစက်စစနှိုးလိုက်တဲ့ အချိန် Starter Motor ကိုစဆွဲလိုက်တဲ့အချိန်မှာ ထိုးကျသွားတဲ့ ဗို.အား Votlage Drop က 11. V ကနေ 10. V ထိပဲဆင်းသွားပါတယ် ။ ဒါက အားပြည့်နေတဲ့ ဘထ္ထရီအိုးကောင်းတစ်လုံးအတွက်ပါ ။ ဒါကို Digital Multimeter နဲ.တိုင်းတာကြည့်ရပါတယ် ။ 11.V ကနေ 10.V အထိပဲ ဆင်းတယ်ဆိုရင်တော့ ဒီ ဘထ္ထရီကို စိတ်ချလက်ချ အသုံးပြုနိုင် ခရီးသွားနိုင်ပါတယ် ။ သင့်ကား လမ်းမှာ ဘထ္ထရီဝပ်စရာ မရှိနိုင်ပါ ။
အသုံးပြုထားတာအနည်းငယ်ကြာပြီဖြစ်တဲ့ အိုးတွေကို တိုင်းတာကြည့်ရင်တော့ ကားစက် စနှိုးလိုက်တဲ့အချိန်မှာ 9.5V ကနေ 8.5 V လောက်ထိ ဗို.အားထိုးကျသွားတတ်ပါတယ် ။ ဒီလောက်ဆို စိတ်ချလက်ချ အသုံးပြုနိုင်သေးတဲ့အဆင့်မဟုတ်တောင့် အသင့်အတင့်သုံးရပါတယ် ။ ပုံမှန်အားဖြင့် ဒီလောက်ဆို ဘထ္ထရီအိုးအားထိုးကျသွားတာ ဖြစ်ခဲပါတယ် ။

ကားစက်စနှိုးလိုက်တဲ့အချိန် သင့်ကားဘထ္ထရီ ဗို.အားက 8V အောက်ဆင်းသွားတယ်ဆိုရင်တော့ ၊ ခရီးသွားဖို. ဘယ်လိုမှ စိတ်မချရတော့ပါဘူး ၊ ကားမောင်းနေတဲ့အချိန်တော့ အဆင်ပြေနေပြီး ၊ ကားစက်သတ် ရပ်နားပြီး ပြန်နှိုးချိန်မှာ ဘထ္ထရီအားကျပြီး စက်ပြန်နှိုးလို.မရတဲ့ ပြဿနာနဲ. ကြုံ.တွေရနိုင်ပါတယ် ။

ပုံမှန်ကောင်းမွန်တဲ့ ကားအော်တာနေတာတစ်လုံးရဲ. Voltage က 13.50 V ကနေ 14.50 V လောက်ထိ ပျမ်းမျှရှိပါတယ် ။ ကားစက်နှိုးထားပြီး ဘထ္ထရီမှာ တိုင်းတာလိုက်လို. 13 V အောက်ကျနေတာ ဒါမှမဟုတ် 14.50 V ထက်ကျော်လွန်နေတာမျိုးဆိုရင်တော့ သင့်ကား အော်တာနေတာရဲ. အားသွင်စနစ်တခုခုပျက်ယွင်းနေပြီး ဖြုတ်စစ်ဆေးဖို.လို.နေပါပြီခမျာ ။

ဒါလေးလောက် အခြေခံသိထားတယ်ဆိုရင် သင့်ကား ဘထ္ထရီနဲ.အားသွင်းစနစ်ကြောင့် (သူများ) ဂျင်းထည့်ခံရတာ ကင်းဝေးမှာပါဗျာ ။ 🙂🙂🙂

🏠 Address
🚦အမှတ်(၈-၁/၂) သိင်္ဂီလမ်း နှင့် သိင်္ဂီလမ်းသွယ် (၉) ထောင့်၊ရပ်ကွက်ကြီး (၁၀) ပြင်ဦးလွင်မြို့
📲09-884053344,09-5021421,09-403711916

Respectfully credit

😂ကားတစ်စီး မနက် စက်စနှိုးပြီးရင် ဒိုင်ခွက်ထဲက coolant Temperature (စိမ်း/ပြာ) မီးလေး ပိတ်သွားမှ ကားစပြီးထွက်ရမယ်လို့ ဘယ်...
13/09/2022

😂ကားတစ်စီး မနက် စက်စနှိုးပြီးရင် ဒိုင်ခွက်ထဲက coolant Temperature (စိမ်း/ပြာ) မီးလေး ပိတ်သွားမှ ကားစပြီးထွက်ရမယ်လို့ ဘယ်သူတွေဂျင်းထည့်ခဲ့လဲမသိပါဘူးဗျာ🤪

😅😅 တချို့က လိုက်လုပ်ကြပါတယ်။
တကယ်ကတော့ ကားစက်စနှိုးပြီးရင် ချက်ချင်းမထွက်စေဘဲ အင်ဂျင်ဝိုင်တွေ ထိပ်ထိတက်အောင် စောင့်ခိုင်းတာပါ။ အင်ဂျင်ဝိုင်တက်ဖို့ တကယ်တမ်း စက္ကန့် ၂၀ ထက်ပိုပြီး မကြာပါဘူး။ ဒါ့ကြောင့် စက္ကန့် ၃၀ စောင့်ရင် လုံလောက်ပါပြီ။ တစ်မိနစ်ထက်ပိုရင်တော့ ဆီစားစေတဲ့အပြင် CO2 တွေကို ထုတ်လွှတ်နေတာပဲဖြစ်ပါတယ်။ ကားသွားပြီးလမ်းမှာ ကားရပ်ပြီး စောင့်တာ/ စျေးဆင်းဝယ်တာပဲဖြစ်ဖြစ် ကားစက်ကို ရပ်ထားရပါမယ်။ တချို့နိုင်ငံတွေမှာ ကားရပ်ထားပြီး စက်မသတ်ထားရင် ဒဏ်ငွေဆောင်ရတာတွေရှိပါတယ်။ သဘာဝပတ်ဝန်းကျင်အတွက်လည်းပါပါတယ်။ Dချိန်မှာတော့ (Smart Stop) Auto Start/Stop function ပါတဲ့ ကားတွေက အဆင်ပြေပါမယ်။ ဒါပေမယ့် Smart Stop မှာလည်း Starter Motor နဲ့ ပြန်နှိုးတဲ့ စနစ်ဆိုရင်တော့ သဘာဝပတ်ဝန်းကျင် အတွက်သာကောင်းပြီး ဆီစားသိသိသာသာမသက်သာစေပါဘူး။

🏠 Address
🚦အမှတ်(၈-၁/၂) သိင်္ဂီလမ်း နှင့် သိင်္ဂီလမ်းသွယ် (၉) ထောင့်၊ရပ်ကွက်ကြီး (၁၀) ပြင်ဦးလွင်မြို့
📲09-884053344,09-5021421,09-403711916

ဒီတစ်ခေါက်မှာတော့ Engine တွေမှာ ထွက်လေ့ရှိတဲ့ မီးခိုးတွေ အကြောင်း နည်းနည်းရှင်းပြပါရစေခင်ဗျာ.Exhaust က ထွက်တဲ့ မီးခိုးအရ...
24/08/2022

ဒီတစ်ခေါက်မှာတော့ Engine တွေမှာ ထွက်လေ့ရှိတဲ့
မီးခိုးတွေ အကြောင်း နည်းနည်းရှင်းပြပါရစေခင်ဗျာ.
Exhaust က ထွက်တဲ့
မီးခိုးအရောင် ၃မျိုး ရှိတယ်

၁။ Black smoke - မိးခိုးမဲ
၂။ Blue smoke - မိးခိုးပွာ
၃။ White Smoke - မီးခိုးဖြူ

1️⃣Black Smoke
မီးခိုးမဲတွေ ဘာလို့ထွက်လဲ
Nozzle ဘဲ ဖြစ်ဖြစ် injector ဘဲဖြစ်ဖြစ်
ဖြန်းလိုက်တဲ့ ဆီ Complete Combustion
ပြီးပြည့်စုံတဲ့ မီးလောင်ပေါက်ကွဲမှု မရှိလိုဘဲ.....
အဲဒါကြောင့် residual gas အဖြစ်
မီးခိုးမဲတွေလိုက်လာတယ်ဆိုပါတော့.....
EFI-Engine တွေဆို Alarm တက်နေရင်လည်း
မီးခိုးမဲလိုက်တက်တယ်......

2️⃣Blue smoke
မီးခိုးပြာလိုက်နေပီဆိုရင်
Combustion Chamber ထဲမှာ Engine oil တွေရောက်
မီးလောင်ပေါက်ကွဲပီး မီးခိုးပြာအဖြစ်နဲ့ ထွက်
Combustion Chamber ထဲ
Engine oil တွေဘယ်နည်းနဲ့ရောက်လဲ?
Turbo engine တွေမှာ ဆို shaft seal ပေါက်ပီးရောက်တယ်
Liner၊ piston ring တွေ မကောင်းရင်ရောက်တယ်
အဲ့တော့ Engine oil မရောက်အောင်
မကောင်း တဲ့ part တွေလဲလိုက်ပေါ့.....

3️⃣White smoke
ဥပမာ ရေနွေးအိုး ဆူရင် မီးခိုဖြူထွက်သလိုမျိုးပေါ့
Combustion Chamber ထဲကို
ဆီလိုင်းကသော်လည်းကောင်း လေလိုင်းကသော်လည်းကောင်း
ရေ နှင့် ရေငွေ့ များဝင်ရောက်ပြီး မီးလောင်ပေါက်ကွဲပြီးနောက်
မီးခိုးဖြူ အဖြစ် ထွက်လာခြင်းဖြစ်သည်....

🟩 ကားအမျိုးအစား အစုံအလင်ကို အစီးရေ
ရာပေါင်းများစွာ လုပ်ဆောင်ထားပြပြီမို့
ကျွမ်းကျင်မှုနှင့် စိတ်တိုင်းကျမှုကို အပြည့်အဝ
အာမခံပေးနိုင်ပါသည်။

🏠 Address
🚦အမှတ်(၈-၁/၂) သိင်္ဂီလမ်း နှင့် သိင်္ဂီလမ်းသွယ် (၉) ထောင့်၊ရပ်ကွက်ကြီး (၁၀) ပြင်ဦးလွင်မြို့
📲09-884053344,09-5021421,09-403711916

🙄ဥပဒေသစ်တွေထုတ်လိုက်ပြီနော်..အားလုံးဆင်ခြင်နိုင်ကြပါစေ....🙏သိထားတော့ ဆောင်ရန်ရှောင်ရန် လေးတွေနားလည်😜ရအောင် ကျွန်တော်တို့...
11/08/2022

🙄ဥပဒေသစ်တွေထုတ်လိုက်ပြီနော်..အားလုံးဆင်ခြင်နိုင်ကြပါစေ....🙏

သိထားတော့ ဆောင်ရန်ရှောင်ရန် လေးတွေနားလည်😜
ရအောင် ကျွန်တော်တို့ RAYS ရဲ့ ကျေးဇူးရှင် Customers အတွက် စေတနာဖြင့် ပြန် လည် Sharing လုပ်လိုက်ပါတယ် ခင်ဗျာ 🙏

(2022-ဥပဒေသစ်)
--------------------------

#ယာဉ်နံပါတ်မထင်ရှား = ကျူးလွန်သည့်ပုဒ်မ(၈၄-က)။ အရေးယူသည့်ပုဒ်မ-၉၄ = ဒဏ်ငွေသုံးသိန်း. ထောင် သုံးလ။

#အခြားနံပါတ်တပ် = ကျူးလွန်သည့်ပုဒ်မ(၈၄-ခ)။ အရေးယူသည့်ပုဒ်မ-၉၄ = ဒဏ်ငွေ သုံးသိန်း.
ထောင်သုံးလ။

#ယာဉ်နံပါတ်ပြားမတပ်= ကျူးလွန်သည့်ပုဒ်မ(၈၄-ဂ)။ အရေးယူသည့်ပုဒ်မ-၉၄ = ဒဏ်ငွေ
သုံးသိန်း. ထောင် သုံးလ။

#ဝှီးတက်သက်တမ်းကုန် = ကျူးလွန်သည့်ပုဒ်မ(၈၀)။ အရေးယူသည့်ပုဒ်မ-၉၁ = ဒဏ်ငွေ
တစ်သိန်း. ထောင် တစ်လ။

#ယဉ်မောင်းလိုင်စင်မရှိ = ကျူးလွန်သည့်ပုဒ်မ(၈၁-က)။အရေးယူသည့်ပုဒ်မ-၉၁ = ဒဏ်ငွေတစ်သိန်း. ထောင် တစ်လ။

#တခြားသူ၏ယာဉ်မောင်းလိုင်စင်သုံး = ကျူးလွန်သည့်ပုဒ်မ(၈၁-ဂ)။ အရေးယူသည့်ပုဒ်မ-၉၁။ဒဏ်ငွေတစ်သိန်း. ထောင် တစ်လ။

#ယာဉ်မဆင်မခြင်မောင်း =ကျူးလွန်သည့်ပုဒ်မ(၈၁-င)။ အရေးယူသည့်ပုဒ်မ ၉၁ = ဒဏ်ငွေ တစ်သိန်း. ထောင် တစ်လ။

#မူးယစ်ဆေးဝါးသုံးအရက်အမူးလွန်းမောင်း ပုဒ်မ(၈၁-ဇ)။ အရေးယူသည့်ပုဒ်မ ၉၁ = ဒဏ်ငွေ တစ်သိန်း. ထောင် တစ်လ

#ယဉ်မောင်းလိုင်စင်မပါ ပုဒ်မ(၇၅-က)။ အရေးယူသည့်ပုဒ်မ-၈၆ = ဒဏ်ငွေ သုံးသောင်း။

#ယဉ်မောင်းလိုင်စင်သက်တမ်းလွန် = ကျုးလွန်
သည့်ပုဒ်မ(၇၅-ဂ)။ အရေးယူသည့်ပုဒ်မ- ၈၆ = ဒဏ်ငွေ သုံးသောင်း။

#မီးပိုတပ် = ကျုးလွန်သည့်ပုဒ်မ(၇၅-ဆ)။
အရေးယူသည့်ပုဒ်မ-၈၆ = ဒဏ်ငွေ သုံးသောင်း။

#ယာဉ်မောင်းစဉ်ဖုန်းအသုံးပြု = ကျုးလွန်သည့်ပုဒ်မ(၇၅-ဋ)။ အရေးယူသည့်ပုဒ်-၈၆ = ဒဏ်ငွေ
သုံးသောင်း။

#ဘက်မှန်မပါ = ကျူးလွန်သည့်ပုဒ်မ(၇၆-က)။ အရေးယူသည့်ပုဒ်မ ၈၇ = ဒဏ်ငွေ သုံးသောင်း။

#ရှေ့မီးအနိမ့်နေ့/ညဖွင့်မောင်းရန်ပျက်ကွက် = ကျူးလွန်သည့်ပုဒ်မ(၇၆-ခ)။
အရေးယူသည့်ပုဒ်မ ၈၇ = ဒဏ်ငွေသုံးသောင်း။

#ပါဝါအိတ်ဇောအသံထိန်းမပါ = ကျူးလွန်သည့်ပုဒ်မ(၇၆-က)။
အရေးယူသည့်ပုဒ်မ ၈၇ = ဒဏ်ငွေ သုံးသောင်း။

#ဦးထုပ်မဆောင်း =ကျူးလွန်သည့်ပုဒ်မ(၇၆-ဂ)။ အရေးယူသည့်ပုဒ်မ ၈၇= ဒဏ်ငွေသုံးသောင်း။
တို့ဖြစ်သည်။

Crd #

မိုးတွင်း ကာလ ရောက်နေပြီ ဆိုတော့ ကား ထိန်းသိမ်းမှုနှင့် ပတ်သတ်၍ လိုအပ်သည် များကို အချိန်မရွေး တိုင်ပင်ဆွေးနွေးရန်   Auto...
01/08/2022

မိုးတွင်း ကာလ ရောက်နေပြီ ဆိုတော့

ကား ထိန်းသိမ်းမှုနှင့် ပတ်သတ်၍

လိုအပ်သည် များကို အချိန်မရွေး တိုင်ပင်ဆွေးနွေးရန် Auto Care

အသင့်ရှိပါသည် ခင်ဗျာ.....🙏🙏🙏

သာလွန်ကောင်းမွန်တဲ့ ဝန်ဆောင်မှုများ ပေးနိုင်အောင်

အစဉ်ကြိုးစားနေပါအုံးမည် 🙏🙏🙏

🏠 Address
🚦အမှတ်(၈-၁/၂) သိင်္ဂီလမ်း နှင့် သိင်္ဂီလမ်းသွယ် (၉) ထောင့်၊ရပ်ကွက်ကြီး (၁၀) ပြင်ဦးလွင်မြို့
📲09-884053344,09-5021421,09-403711916

ဒီနေ့၁၊ ဂီယာဘောက်ချပြုပြင်ခြင်း၂၊ ကလပ်ပြား လဲလှယ်ပေးခြင်း၃၊ ဆီယို ပြုပြင်ပေးခြင်း၄၊ အင်ဂျင်ဝိုင် စစ်ဆေးလဲလှယ်ပေးခြင်း၅၊ ...
25/07/2022

ဒီနေ့

၁၊ ဂီယာဘောက်ချပြုပြင်ခြင်း
၂၊ ကလပ်ပြား လဲလှယ်ပေးခြင်း
၃၊ ဆီယို ပြုပြင်ပေးခြင်း
၄၊ အင်ဂျင်ဝိုင် စစ်ဆေးလဲလှယ်ပေးခြင်း
၅၊ Start Motor Pinion ဂီယာဘောက်ထဲကျ လို့ ဂီယာဘောက်ချ ပြုပြင်ပေးခြင်း
၆၊ brake shoe စစ်ဆေးလဲလှယ်ပေးခြင်း တို့အား

ယုံကြည်စွာလာရောက် ကားစစ်ဆေးပြုပြင်ရန် ဝန်ဆောင်မှုပေးခွင့်ရလို့ ကျွန်တော်တို့ RAYS Auto Care မှ အထူးကျေးဇူးတင်ပါတယ် ကားရှင်များဗျာ.......

အကောင်းမွန်ဆုံးAuto Car Service နဲ့ ပတ်သတ်လာရင်တော့
Care ကိုသတိရလိုက်ပါခင်ဗျာ
🏠 Address
🚦အမှတ်(၈-၁/၂) သိင်္ဂီလမ်း နှင့် သိင်္ဂီလမ်းသွယ် (၉) ထောင့်၊ရပ်ကွက်ကြီး (၁၀) ပြင်ဦးလွင်မြို့
📲09-884053344,09-5021421,09-403711916

Dynamo လား?Alternator လား? ဘာတွေ ကွာခြားသလဲ?ကျနော်တို့ယနေ့ လက်ရှိ မြင်နေတွေ့နေရတဲ့ ကားတွေမှာသုံးတာဟာ Dynamo လား? Alterna...
18/07/2022

Dynamo လား?
Alternator လား?
ဘာတွေ ကွာခြားသလဲ?

ကျနော်တို့ယနေ့ လက်ရှိ မြင်နေတွေ့နေရတဲ့ ကားတွေမှာသုံးတာဟာ Dynamo လား?
Alternator လား?
ဆိုပြီး အခေါ်အဝေါ်အမျိုးမျိုး ကွဲကြပါတယ်။

တကယ်တော့ ကျနော်တို့လက်ရှိမြင်တွေ့နေရတဲ့ မော်ဒယ်မြင့်ကားအားလုံးမှာ တပ်ဆင်ထားတာဟာ Alternator ပါ။
Dynamo မဟုတ်ပါဘူး။
ဒါပေမယ့် အပြင်လောကမှာတော့ အများနှုတ်ကျိုးပြီး ဒိုင်နမိုလို့ခေါ်နေကြတာပါ။😜ခင်ဗျာ 😜

ဒိုင်နမိုနဲ့ အော်တာနေတာမှာ တူညီတဲ့ အချက်တွေရှိပါတယ်။ ဘာတွေတူညီသလဲဆိုရင် mechanical (စက်မှု) စွမ်းအင်ကို electrical (လျှပ်စစ်) စွမ်းအင်အဖြစ်ပြောင်းလဲပေးတာတူတယ်။ နောက် electromagnetic ဆိုတဲ့ လျှပ်စစ်သံလိုက်စွမ်းအင်ကိုသုံးပြီး လျှပ်စီးကြောင်းတွေထုတ်လုပ်ပေးတာတူတယ်။

ဒိုင်နမိုနဲ့ အော်တာနေတာ ဘာတွေကွာခြားသလဲဆိုရင် အခြေခံအားဖြင် ဒိုင်နမိုက DC (Direct Current ) ကိုထုတ်ပေးပြီး Alternator က AC (Alternating Current) ကို ထုတ်လုပ်ပါတယ်။ ကျနော်တို့ လက်ရှိကားတွေရဲ့ အီလက်ထရစ်ကယ်နဲ့ အီလက်ထရောနစ် စနစ်အားလုံး (Example..ကားအဲကွန်း စနစ်၊ ကားအတွင်းပိုင်း ကက်ဆက်၊ ကားမီး၊ ကားတံခါးအဖွင့်အပိတ်၊ ကားဟွန်းစနစ်) ဟာ DC voltage နဲ့ပဲ အလုပ်လုပ်ပါတယ်။ ဒီလိုဆို alternator က AC ထုတ်လုပ်တာဆိုတော့ ဘယ်လိုသုံးစွဲသလဲဆိုရင် alternator ကထုတ်လုပ်တဲ့ AC voltage ကို DC voltage ဖြစ်အောင် diode တွေနဲ့ DC voltage အဖြစ် ပြောင်းလဲပြီး ကားအတွင်းပိုင်း အီလက်ထရောနစ်စနစ်တွေ အသုံးပြုနိုင်အောင်ဖန်တီးပေးပါတယ်။ အခုနောက်ပိုင်းမှာတော့ IC regulator type alternator တွေကို သုံးစွဲလာကြပါပြီ။

ပုံမှန်အားဖြင့် ကျနော်တို့ ကားတွေမှာ အသုံးပြုထားတဲ့ ဘက်ထရီအိုးတွေဟာ ကားစတင်စက်နှိုးဖို့အတွက်သာ အသုံးပြုနိုင်ပြီး ကားမှာပါဝင်တဲ့ အခြားအီလက်ထရစ်ကယ်နဲ့ အီလက်ထရောနစ် စနစ်တွေကို အချိန်အကြာကြီးအသုံးပြုဖို့ လုံလောက်တဲ့ စွမ်းအင်မရှိပါဘူး။ ဒါကြောင့် ကျနော်တို့ကားတွေမှာ ပါဝင်တဲ့ လျှပ်စစ်နဲ့အခြားနည်းပညာပိုင်းဆိုင်ရာပစ္စည်းတွေကို ဆက်လက်အသုံးပြုနိုင်ဖို့ ကားဘက်ထရီကို အမြဲပြန်လည်အားဖြည့်သွင်းတဲ့ charging system ကားဘက်ထရီအားသွင်းစနစ်ကို မဖြစ်မနေလိုအပ်တာပါ။ Charging စနစ်မကောင်းဘဲ ဘက်ထရီအိုးထဲကအားတွေကို အကုန်သုံးစွဲလိုက်မယ်ဆို လမ်းမှာကားမောင်းနေရင်းစက်ထိုးရပ်တဲ့ ပြဿနာကို ကြုံတွေ့ရမှာပါ။
အကောင်းမွန်ဆုံးAuto Car Service နဲ့ ပတ်သတ်လာရင်တော့
Care ကိုသတိရလိုက်ပါခင်ဗျာ
🏠 Address
🚦အမှတ်(၈-၁/၂) သိင်္ဂီလမ်း နှင့် သိင်္ဂီလမ်းသွယ် (၉) ထောင့်၊ရပ်ကွက်ကြီး (၁၀) ပြင်ဦးလွင်မြို့
📲09-884053344,09-5021421,09-403711916

Address

Maymyo
085

Website

Alerts

Be the first to know and let us send you an email when RAYS Auto Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share