30/07/2021
'Thwe Collection Page 'ကနေပီး မေတ္တာရပ်ခံချင်ပါတယ်ရှင်
ဒီကာလဒီလိုအခြေအနေ မှာ ရောဂါတွေထပ်ဖြစ်တာနဲ့ ရေကြီးတာတွေနဲ့ ဆုံသွားတော့ဂိတ်တွေပိတ်ထားတာနဲ့ ရွှေလီက LD ချထားနဲ့ အဲ့မှာပဲပစ္စည်းတွေကသောင်တင်နေတာရယ် ကားအဝင်နောက်ကျတာဖြစ်တဲ့အတွက် Preorder အထည်တွေကနောက်ကျသွားဖို့ရှိပါတယ်ရှင် 6 လပိုင်း Order တင်တဲ့သူတွေက 8 လပိုင်းရဲ့ ပထမအပတ် ( သို့မဟုတ်) ဒုတိယအပတ်မှာရပါမယ်ရှင်
7 လပိုင်းနဲ့ နောက်ကျပီးတင်တဲ့သူတွေက 9 လပိုင်း လောက်မှ ရမှာဖြစ်ပါတယ် အားလုံးတဦးတယောက်ချင်းစီကိုပြောပြချင်ပေမယ့်များတဲ့အတွက်ကြောင့်မို့ Page ကနေတင်လိုက်ရခြင်းဖြစ်ပါတယ် ဆက်စောင့်ပေးကြတဲ့သူတွေကိုလဲ ကျေးဇူးတင်သလို မစောင့်နိုင်တော့လို့Cancel လုပ်ချင်တဲ့သူတွေရှိရင်လဲ လာပြောပါနော် ၃ ရက်အတွင်းငွေပြန်အမ်းပေးပါ့မယ်ရှင် ငွေမလွှဲရသေးတဲ့လူတွေကို Cencle မလုပ်ပေးပါဘူးနော် 🙏
Customer တစ်ဦးတယောက်ချင်းစီကိုကျေးဇူး အထူးတင်ပါတယ်ရှင့် ။