10/01/2022
ရင်သွေးငယ်တိုင်းအတွက်
သိလိုစိတ်ပြင်းတဲ့ကလေးလေးတွေဖြစ်ဖို. (How to raise curious kids)
====================================
ကလေးတိုင်းကလေးတိုင်းဟာ မွေးရာပါသိလိုစိတ်၊စပ်စုလိုစိတ်ရှိကြပါတယ်။ ခွက်ထဲမှာဘာရှိလဲဖွင့်ကြည့်တာ ဗူးကိုလှုပ်ခါပြီး အထဲကပစည်းကိုအပြင်ရောက်အောင်လုပ်တာ၊ အ၀တ်စောင် တခုခုအောက်မှာဘာရှိလဲ လှန်ကြည့်ချင်တာတွေက ကလေးတိုင်းလုပ်လေ့ရှိတဲ့အမူအကျင့်လေးတွေပါ။ သူတို.ရဲ.မွေးရာပါသိလိုစိတ်လေးတွေကို ဘယ်လိုနည်းလမ်းမှန်မှန်နဲ.ပြုစုပျိုးထောင်ပေးမလဲဆိုတာ The Montessori Toddler စာအုပ်ထဲမှာပါတဲ့အချက် ၇ချက်ကို ယူပြီးမေမေဖေဖေတွေအလွယ်ဖတ်နိုင်အောင်ကောက်နှုတ်ဘာသာပြန်ပေးထားပါတယ်။
1. Follow the child : let them lead. ကလေးကို ဒီအရွယ်မှာတော့ဖြင့်ABC သင်မယ် ဒီအရွယ်မှာအရောင်တွေသင်မယ်၊တိရိစ္ဆာန်နာမည်လေးတွေသင်မယ်၊ Math သင်မယ်၊စာရေးတတ်အောင်သင်မယ်စသဖြင့် Timeline အတိုင်းမသွားပဲ သူသိလိုစိတ်ပြင်းပြနေတဲ.အရာတခုကို သိချင်တဲ့အချိန်မှာပြောပြသင်ပြပေးတာပိုကောင်းပါတယ်။ ( ဥပမာ- ကလေးလေးတွေကို စာအုပ်ဖတ်ပြတဲ့အခါ စာအုပ်ပုံပြင်ထဲကအတိုင်းမသွားပဲ သူလက်ညိုးထိုးတာကို ပြောပြပါ။သူစိတ်၀င်စားနေတဲ့အရာတခုခုနဲ.ဆော့နေတဲ့အချိန်မှာ မေ့မေ့ကိုဒါလေးလုပ်ပြပါအုန်းဟိုဟာလေးလုပ်ပြပါအုန်းလို.ခိုင်းတာ၊ ဒါဘာလဲဆိုပြီးခဏခဏquiz လုပ်တာတွေက ကလေးတွေရဲ.အာရုံစူးစိုက်မှုကို အဟန်.အတားဖြစ်စေတဲ့အတွက်တတ်နိုင်သမျှ ရှောင်ကျဉ်ပေးသင့်ပါတယ်။ ကလေးအရွယ်မှာသူတို.လုပ်ချင်တဲ့အရာလုပ်နေရတာကိုက သူတို.အတွက်သင်ယူမှုတခုပါ။
2. Encourage hands on learning: let them explore ကလေးကိုငယ်သေးတာပဲ သူတို.နဲ.မဆိုင်ဘူးဆိုပြီး ထမင်းဟင်းချက်တာ သန်.ရှင်းရေးလုပ်တာ တွေမှာ ဘေးဖယ်ထားပြီး သူ.အရွယ်အလိုက်ဆော့ရမယ့်အရုပ်လေးပဲပေးဆော့တာမျိုးဆိုရင် သူတို.ရဲ. သိလိုစိတ်ကို ပျိုးထောင်ပေးရာမရောက်ပါဘူး။ ကလေးဘယ်လောက်ငယ်ငယ်သူ စိတ်၀င်စားတဲ့ပုံပြရင် သူနဲ.ကိုက်တဲ့ အရွယ်အသေးစား တံမျက်စည်းလေးတွေ အန္တရာယ်မရှိတဲ့ အိုးခွက်ဒန်အိုးတွေနဲ.ကစားတာကိုခွင့်ပြုပေးပါ။ သူတို.သိလိုတဲ့အရာတခုကို သူတိုကိုယ်တိုင်ကိုင်တွယ် ရှာဖွေခွင့်ပေးပါ။ (ဥပမာ- ထမင်းကဘယ်ကရတာလဲမေမေဆိုရင် ထမင်ကဆန်ကရတာပေါ့လို.ဖြေတာထက် ကလေးကို ဆန်အိုးနားခေါ်သွားပြီး ဒါကဆန် ဒါကထမင်းအိုးပြီးရင်ရေထည့်ပြီးဒီလိုခလုပ်နှိပ်ရင် ထမင်းဖြစ်တယ်ဆိုပြီး သူတို.ကိုလေ့လာကိုင်တွယ်ခွင့်ပေးပါ။ ကလေးမေးတဲ့မေးခွန်းရဲ.အဖြေကိုသိနေရင်တောင်တခါတလေ lets find out together ဆိုပြီး အတူတူအဖြေရှာတာက ကလေးတွေရဲ.သိလိုမှုကိုပျိုးထောင်ပေးရာရောက်ပါတယ်။
3. Include the child in daily life : let them be included နေ.တဓူ၀လုပ်တဲ့အလုပ်တွေမှာသူတို.ကိုလဲပါ၀င်ခွင့်ပေးပါ။ သူတို.က မေမေဘာလုပ်နေလဲဆိုတာ သိပ်စပ်စုချင်ကြပါတယ်။ သူတို.ကိုယ်တိုင်လဲ အရေးပါတဲ့မိသားစု၀င်တယောက်သိပ်ဖြစ်ချင်ကြပါတယ်။ အဲ့လို သိလိုစိတ်ပျင်းပျတဲ့အချိန်မျိုးမှာ ကလေးက ကလေးလိုနေ ဆိုတာထက်သူလုပ်နိုင်မယ့်အရာလေးတွေကို ခိုင်းစေပေးသင့်ပါတယ်။ (ဥပမာ- ထမင်းပွဲပြင်တော့မယ်ဆို ပန်းကန်တွေယူသွားခိုင်းတာ ဆေးပြီးသာပန်းကန်တွေသုတ်ပေးတာ၊ အ၀တ်လျော်တာ၊သူနဲ.အရပ်မှီမဲ့နေရာလေးမှာ အ၀တ်လှန်းတာ) ကလေးတွေနဲ.တူတူအလုပ်လုပ်ရတာ ရှုပ်ပြီး အလုပ်မတွင်ဘူးလို. မေမေတွေထင်ကြပါလိမ့်မယ်။ ဒါပေမယ့်ဒီလိုကလေးတွေစိတ်၀င်စားတဲ့အချိန်မျိုးမှာအလုပ်ဖြစ်ဖြစ်မဖြစ်ဖြစ် သင်ထားပေးတာက ကလေးနဲ.မေမေရင်းနှီးမှုပိုရှိစေသလို ကလေးတွေရဲ.မိမိကိုယ်ကိုယုံကြည်မှုတိုးစေပြီး အရွယ်ရောက်တဲ့အချိန်မှာ အိမ်မှုကိစ္စတွေကိုကောင်းကောင်းကူညီနိုင်မှာဖြစ်ပါတယ်။
4. Go slow: let them set their own pace ကလေးလေးတွေက သူတို.လုပ်နေတဲ့အရာတခုကိုလောတာကိုမကြိုက်ပါဘူး ။သူတို.ကEnjoy the process rather than the product.ကျမတို.လူကြီးတွေကအလုပ်တခုမြန်မြန်ပြီးဖို..အရေးကြီးပါတယ်။ (ဥပမာ-ကျောင်းသွားခါနီးအကျီ၀တ်တာဖိနပ်စီးတာ၊ သူတို.အတွက်ကြာပေမယ့် မိဘတွေကလောလေလေ သူတို.က ပိုပြီးမလုပ်လေလေပို ကြာလေလေဖြစ်တတ်တာမို. သူတို.ကိုမလောမိဖို.လိုပါတယ်။ နောက်ကျတတ်ရင်စောစောပြင်ဆင်ပါ)
5. Help me to help myself: let them be independent and responsible ကလေးကို သူ.ဘာသာသူလုပ်တတ်ဖို. အခွင့်အရေး ပတ်၀န်းကျင်အနေအထားကိုပေးပါ။ အပြင်သွားလို.သူ.ဘာသူဖိနပ်စီးစေချင်ရင် သူမှီမယ့်နေရာမှာ ဖိနပ်ကိုထားပါ။ သူ.ဘာသာအကျီ၀တ်တတ်စေချင်တယ် ကလေးက ကျယ်သီးမချွတ်တတ်သေးရင် အဆင်သင့် ကျယ်သီးဖြုတ်ပေးထားပါ။ ကလေးအကူအညီလိုရင် ကူညီဖို. ဘေးနားမှာ အသင့်နေပါ။ အားမလိုအားမရဖြစ်ပြီး ကလေးမမေးပဲ ၀င်ကူတာမျိုးမလုပ်မိအောင်ကြိုးစားပါ။ ကလေး မလုပ်တတ်သေးတဲ့အရာကို သင်ပေးချင်ရင် စကားပြောရင်း လုပ်ပြတာကိုရှောင်ပါ။ (ဥပမာ- ဖိနပ်ကြိုးချည်တတ်အောင်သင်ချင်ရင် ဒီကြိုးကိုဒီဘက်ကိုထိုးဟိုဘက်ကိုပြန်လာဆိုပြီးပြောရင်လုပ်မယ့်အစား ကြည့်နော် ဆိုပြီး တိတ်ဆိတ်စွာတဆင့်ပြီးတဆင့်လက်တွေ.ပြသပေးမယ်ဆိုပိုတတ်လွယ်ပါတယ်) ကလေးလုပ်တာ၀င်မကူရဘူးဆိုပေမယ့် သတ်မှတ်ချိန်အတွင်းမှာ မပြီးတော့ဘူးဆိုရင်တော့ ဒီနေ.တော့ မေမေကူပေးတော့မယ် နောက်နေ.ကျ ပြန်ပြီးလေ့ကျင့်မယ်နော်ဆိုပြီး လုပ်ပေးလို.ရပါတယ်။
6. Encourage creativity: let them wonder တကယ့်လက်တွေ့အသုံး၀င်တဲ့လှုပ်ရှားမှုတွေကို ကလေးကပိုပြီးလုပ်ရလေလေ ကလေးရဲ.ထိုးထွင်းဉာဏ်ပိုပြီးရင့်သန်လေလေပါပဲ (ဥပမာ- အသံမြည်တဲ့battery operated မီးရောင်စုံအရုပ်တွေကို လက်နဲ.နှိပ်ပြီးကစားတာထက် ဘူးလေးတွေခွက်လေးတွေကို ဖွင့်ပိတ်တာ zip အဖွင့်အပိတ်လုပ်တာ ဖိနပ်ကြိုးကို အပေါက်ကနေ ဟိုဘက်ဒီဘက်ထိုးတာတွေကစေ◌ျးသက်သာတဲ့ Montessori ကစားစရာတွေပါပဲ) Pretend play ဆရာ၀န်လုပ်တန်းကစားတာ၊ ဆရာမလုပ်တန်းကစားတာ ဟင်းချက်တန်းကစားတာ ပန်းချီဆွဲဖို. လိုအပ်တဲ့ပစည်းတွေကိုပေးထားတာကလည်းကလေးရဲ.ဖန်တီးနိုင်မှုကို အားပေးရာရောက်ပါတယ်။ ကလေးတွေပျင်းလို.ဂျီကျတဲ့အခါ TV ဖွင့်ပြတာ game ကစားတာမျိုးတန်းမလုပ်ခိုင်းပဲ ခဏစောင့်ပါ။allow boredom. ကလေးတွေက လုပ်စရာမရှိပျင်းတော့မှသူတို.ရဲ. စိတ်ကူးစိတ်သန်းတွေကိုသုံးပြီး ရှိတဲ့ကစားစရာနဲ.ဘယ်လိုကစားရမလဲဆိုတဲ့ စဉ်းစားတွေးခေါ်မှုကိုဖြစ်စေပါတယ်။
7. Observe: let them show us ကလေးတွေသူ.ဘာသာကစားတာကိုကြည့်ပြီးေ၀ဖန်မှုမလုပ်မိအောင်ကြိုးစားပါ။ သူ.ဘာသာသူကစားနေတာကိုပဲ video camera တလုံးလိုကြည့်နေခြင်းအားဖြင့် ကလေးရဲ. သူမတူတဲ့ ကစားနည်းဆန်းဆန်းတွေကိုတွေ့ရမယ်၊ ပစ္စည်းတခုသုံးရင်ဘယ်လက်နဲ.ကိုင်လားညာနဲ.ကိုင်လား၊ ကလေးကဘယ်အရာကိုစိတ်၀င်စားလဲဆိုတာကိုလေ့လာပြီး သူ.အတွက်အနှောက်အယှက်ဖြစ်စေမယ့်အရာကိုဖယ်ရှားမယ်၊လိုအပ်တဲ့ပစ္စည်းတွေကို၀ယ်ပေးမယ်ဆိုရင် သိလိုစိတ်ကိုပိုပြီးပျိုးထောင်ပေးရာရောက်ပါတယ်။
လွပ်လပ်စွာ share နိုင်သည်
Burmese American Home
Ref:The Montessori Toddler