Future Mobile MDY

Future Mobile MDY  ဆိုရင် Future ကို သတိရလိုက်ပါ ❤️ all apple products available in Future
(320)

14/06/2026

Model အသစ်တွေ ထွက်လာလည်း Dynamic Island ကြီး မပျောက်သေးလို့ စိတ်တိုင်းမကျတဲ့ Apple ရဲ့ Fan တွေအတွက်
Apple က Dynamic Island ကို ဖြုတ်ပြီး Under display Face ID သုံးဖို့ အပြင်းအထန် ကြိုးစားနေပါပြီ။ 😱

ဘာလို့ ဒီလိုပြောလဲဆိုတော့ Apple ဟာ ဒီနည်းပညာနဲ့ ပတ်သက်တဲ့ မူပိုင်ခွင့်တွေကို တရားဝင် တင်ထားပြီးသား ဖြစ်ပါတယ်။ မျက်နှာပြင်အောက်ကနေ Infrared Light ဖြတ်သန်းနိုင်မယ့် နည်းပညာတွေကို Display ပံ့ပိုးပေးတဲ့ ကုမ္ပဏီတွေနဲ့ တစိုက်မတ်မတ် သုတေသနလုပ်နေလို့ပါပဲ။ 📌

ဘယ်အချိန်လောက် မြင်ရမလဲဆိုတဲ့ Tech Analyst တွေရဲ့ ခန့်မှန်းချက်တွေကတော့ အမျိုးမျိုး ထွက်နေပါတယ်။

Dynamic Island ကို ဖြုတ်ချပြီး Full Screen စစ်စစ်နဲ့ iPhone တွေကို ၂၀၂၈ ကနေ ၂၀၃၀ အတောအတွင်းမှာ မြင်ရဖို့ ရှိနေတယ်ဆိုတဲ့ ခန့်မှန်းချက်က‌တော့ Apple ချစ်သူတွေအတွက် ဝမ်းသာစရာသတင်းလေးဖြစ်မှာ အသေအချာပါ။

မျှော်လင့်နေကြတဲ့ Dynamic Island ကြီး မကြာခင် နှစ်အတွင်း ပြုတ်တော့မယ်ဆိုတော့ ဝမ်းသာကြရဲ့လားဗျာ။ 🤝

𝐅𝐮𝐭𝐮𝐫𝐞 𝐌𝐨𝐛𝐢𝐥𝐞 𝐌𝐝𝐲

📍လိပ်စာ - 🏡 လမ်း 30၊ 77×78 ကြား၊ မန္တလေးမြို့(မန်းမြို့တော်လက်ဖက်ရည်ဆိုင်ဘေးကပ်ရက်)

☎️ 09-258171717 , 09-798817988

#ပါကင်

တော်တော်များများ ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်ဝင်စားနေကြမှာ သေချာပါတယ်။Apple ဘက်က တရားဝင် ထုတ်ပြန်ထားတာမရှိပေမဲ့ Rumors တွေ...
11/06/2026

တော်တော်များများ ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်ဝင်စားနေကြမှာ သေချာပါတယ်။

Apple ဘက်က တရားဝင် ထုတ်ပြန်ထားတာမရှိပေမဲ့ Rumors တွေကတော့ အမျိုးမျိုး ထွက်နေကြတာပါပဲ။

ဒီနေ့တော့ Future က ဖြစ်နိုင်ချေရှိတဲ့ ခန့်မှန်းချက်တစ်ခုနဲ့ သုံးသပ်ဆုံးဖြတ်ပြပါမယ်။

✅Apple ဟာ ပြုတ်ကျရင် အလိုအလျောက် ပြန်ပိတ်သွားမယ့် ခေါက်ဖုန်း နည်းပညာတွေ၊ Screen ကြားမှာ အရာ လုံးဝမထင်စေမယ့် နည်းပညာတွေရဲ့ မူပိုင်ခွင့်တွေကို တင်ထားပါတယ်။

✅နာမည်ကြီး Tech Analyst တွေကတော့ Apple ရဲ့ ပထမဆုံး Foldable Device ကို ၂၀၂၆ စက်တင်ဘာမှာ တွေ့ရနိုင်တယ်လို့ ထွက်မယ်ဆိုတဲ့ Rumors ရှိနေပါတယ်။ ဒါက သေချာသလောက်နီးနီးဖြစ်နေပါပြီ။

✅ Apple အနေနဲ့ ပိတ်ထားတဲ့အချိန်မှာ ၅.၅ လက်မ စခရင် ရှိမှာဖြစ်ပြီး စာအုပ်တစ်အုပ်လို ဖွင့်လိုက်တဲ့အချိန်မှာတော့ ၇.၈ လက်မ စခရင်ရှိတဲ့ iPhone Fold ဖြစ်လာမယ်လို့ Rumors တွေ ထွက်နေပါတယ်။

✅ နောက်တစ်ခုကတော့ iPad နဲ့ iPhone ပေါင်းစပ်ထားတဲ့ပုံစံမျိုးနဲ့ အလုပ်လုပ်နိုင်တယ်လို့ ခန့်မှန်းနေကြတာတွေ ရှိနေပါတယ်။

ဆိုတော့ နောက်ဆုံးပိတ်ပြောရရင် အားလုံးမျှော်လင့်တဲ့အတိုင်း Apple အနေနဲ့ ခေါက်လို့ရတဲ့ Foldable Device တွေ ထွက်လာပါတော့မယ်။

ဒါပေမဲ့ ဘယ်လိုပုံစံ ဘယ်လိုအနေအထားနဲ့ အကောင်းဆုံးချပြသွားမလဲဆို‌တာတော့ စောင့်ကြည့်ရပါဦးမယ်။

ကိုယ့်အနေနဲ့ဆိုရင်ရော ခေါက်လို့ရတဲ့ iPhone ကိုင်ချင်လားဆိုတာ Comment မှာ ပြောခဲ့ပါဦးခင်ဗျာ။ 💬

𝐅𝐮𝐭𝐮𝐫𝐞 𝐌𝐨𝐛𝐢𝐥𝐞 𝐌𝐝𝐲

📍လိပ်စာ - 🏡 လမ်း 30၊ 77×78 ကြား၊ မန္တလေးမြို့(မန်းမြို့တော်လက်ဖက်ရည်ဆိုင်ဘေးကပ်ရက်)

☎️ 09-258171717 , 09-798817988

#ပါကင်

ဇွန်လ (၈)ရက်နေ့မှာ အားလုံးစောင့်မျှော်နေကြတဲ့ WWDC26 ပွဲကြီး အောင်အောင်မြင်မြင်နဲ့ ကြေညာပြီးစီးသွားခဲ့ပါတယ်။ Live မမီလို...
10/06/2026

ဇွန်လ (၈)ရက်နေ့မှာ အားလုံးစောင့်မျှော်နေကြတဲ့ WWDC26 ပွဲကြီး အောင်အောင်မြင်မြင်နဲ့ ကြေညာပြီးစီးသွားခဲ့ပါတယ်။

Live မမီလိုက်တဲ့သူတွေအတွက် လိုရင်း တိုရှင်း Recap တစ်ခုအနေနဲ့ ပြန်လည်မျှဝေပေးသွားပါမယ်။

ဒီနှစ်ပွဲမှာတော့ ဖုန်းသုံးရတာ ပိုအဆင်ပြေ၊လွယ်ကူလာစေမယ့် အပိုင်းတွေကို iOS27 မှာ ထည့်သွင်းထားကြောင်း ချပြသွားတာပါ။

☑️ Safety & Trust Feature

ကလေးတွေကို ဖုန်းပေးသုံးတဲ့အခါ ကလေးတွေ မမြင်စေချင်တဲ့ ညစ်ညမ်းစာသားတွေ ၊ video တွေနဲ့ အကြမ်းဖက်တာနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို အလိုအလျောက် တားဆီးပေးမယ့် Communication Safety Tool ပါဝင်လာပါတယ်။

☑️ Siri AI

Siri ရဲ့ Interface က Dynamic Island ထဲ ရောက်သွားပြီး ပိုသပ်ရပ်သွားပါတယ်။ စကားပြောရတာ ပိုသဘာဝကျလာပြီး အနှေးအမြန်နဲ့ လေသံကိုပါ စိတ်ကြိုက်ချိန်လို့ ရလာပါပြီ။ အသံတင်မကဘဲ Screen ပေါ်က အခြေအနေကိုပါ နားလည်ပေးနိုင်တဲ့အပြင်၊ Google Gemini နဲ့ပါ ပူးပေါင်းထားလို့ ခက်ခဲတဲ့မေးခွန်းတွေကို Gemini ဆီ လှမ်းမေးလို့ရမှာ ဖြစ်ပါတယ်။ သီးသန့် Siri App အနေနဲ့ပါ Text ကော Voice ပါ ပုံစံမျိုးစုံ သုံးနိုင်တော့မှာပါ။

☑️ macOS Golden Gate

Mac အသုံးပြုသူတွေအတွက်လည်း OS အသစ်ကို "Golden Gate" လို့ အမည်ပေးထားပြီး Sidebar ဒီဇိုင်းတွေကို ပိုမိုကျယ်ဝန်းသပ်ရပ်ပြီး အသုံးပြုရလွယ်ကူအောင် ပြောင်းလဲပေးထားပါတယ်။

☑️ Liquid Glass Design
Liquid Glass Design မှာတော့ Slider ပါဝင်လာပြီဖြစ်ပါတယ်။ Liquid Glass UI ကို Upgrade လုပ်လိုက်တဲ့အတွက် icon တွေက ပိုကြွ ပိုလှလာပါမယ်။

ဒီနှစ်မှာ Apple က Performance ပိုင်းကို အဓိကထားလို့ Appsတွေ ဖွင့်ရတာ 30% ပိုမြန်လာမယ်၊ Photo Library ထဲ ပုံပေါ်တာ 70% နဲ့ AirDrop ပို့တာ 80% အထိ ပိုမိုမြန်ဆန်လာမှာပါ။ Wi-Fi, Data နဲ့ iMessage တွေ အကုန်လုံးလည်း ပိုမိုချောမွေ့သွားမှာ ဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ iOS27 ကို iPhone 11 တွေအထိပါ အသုံးပြုလို့ရအောင် Support ပေးသွားမှာပဲဖြစ်ပါတယ်။

ဒါတွေကတော့ WWDC26 ရဲ့ Recap တချို့ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ ဘယ် Feature ကို စိတ်ကျေနပ်လဲ၊ ဘယ်ဟာကို စိတ်တိုင်းမကျဖြစ်မိလဲဆိုတာ ပြောသွားကြပါဦးခင်ဗျာ။

𝐅𝐮𝐭𝐮𝐫𝐞 𝐌𝐨𝐛𝐢𝐥𝐞 𝐌𝐝𝐲
📍လိပ်စာ - 🏡 လမ်း 30၊ 77×78 ကြား၊ မန္တလေးမြို့(မန်းမြို့တော်လက်ဖက်ရည်ဆိုင်ဘေးကပ်ရက်)

☎️ 09-258171717 , 09-798817988

#ပါကင်

သိပ်လှတဲ့ iPhone 17 Pro Max ကြီးပါ။ 🤪ကြည့်ကြည့်ပြီး ကြွေနေလို့ ကယ်ကြပါဦးဗျို့။မနာလိုတဲ့သူတွေကတော့ iPhone မဟုတ်ဘူးလို့ ပြ...
07/06/2026

သိပ်လှတဲ့ iPhone 17 Pro Max ကြီးပါ။ 🤪

ကြည့်ကြည့်ပြီး ကြွေနေလို့ ကယ်ကြပါဦးဗျို့။

မနာလိုတဲ့သူတွေကတော့ iPhone မဟုတ်ဘူးလို့ ပြောကြမှာပဲ။ 🤭

𝐅𝐮𝐭𝐮𝐫𝐞 𝐌𝐨𝐛𝐢𝐥𝐞 𝐌𝐝𝐲

📍လိပ်စာ - 🏡 လမ်း 30၊ 77×78 ကြား၊ မန္တလေးမြို့(မန်းမြို့တော်လက်ဖက်ရည်ဆိုင်ဘေးကပ်ရက်)

☎️ 09-258171717 , 09-798817988

#ပါကင်

iPhone ကြော်ငြာတွေနဲ့ Product box ပေါ်က iPhone screen ပေါ်မှာ  9:41 AM ဆိုတာကို အမြဲတွေ့နေရလို့ သတိထားမိကြမယ်လို့ ထင်ပါတ...
05/06/2026

iPhone ကြော်ငြာတွေနဲ့ Product box ပေါ်က iPhone screen ပေါ်မှာ 9:41 AM ဆိုတာကို အမြဲတွေ့နေရလို့ သတိထားမိကြမယ်လို့ ထင်ပါတယ်။

ဒါပေမဲ့ ဘာကြောင့် အမြဲတမ်း 9:41 AM လို့ ထားတာလဲဆိုတာကိုတော့ သိကြသူနည်းမယ်ထင်ပါတယ်။❓

တကယ်တော့ 9:41 AM ထားတယ်ဆိုတာ အကြောင်းအရင်း တစ်ခု ရှိပါတယ်။ 😉

၂၀၀၇ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့မှာ Steve Jobs က ကမ္ဘာ့ပထမဆုံး iPhone ကို မိတ်ဆက်ခဲ့ပါတယ်။

Apple ဟာ Keynote Presentation တွေမှာ Product အသစ် မိတ်ဆက်မယ့်အချိန်ကို Event စတင်ပြီး မိနစ် ၄၀ လောက်အကြာမှာ ရောက်မယ်လို့ ကြိုတင်တွက်ချက်ထားပြီး Screen ပေါ်က အချိန်ကိုလည်း အဲဒီအချိန်နဲ့ ကိုက်ညီအောင် သတ်မှတ်ခဲ့ပါတယ်။

ပထမဆုံး iPhone မိတ်ဆက်တုန်းက Marketing Image တွေမှာ 9:42 AM ကို အသုံးပြုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ Apple က 9:41 AM ကို Standard Time အဖြစ် ပြောင်းလဲအသုံးပြုလာခဲ့ပါတယ်။

ဘာလို့လဲဆိုရင် ၂၀၁၀ ခုနှစ် iPad ကို ထပ်ပြီး မိတ်ဆက်တဲ့အချိန် Steve Jobs စင်ပေါ်တက်ပြီး ၄၁ မိနစ်မြောက်မှာ iPad ပုံ ပေါ်လာခဲ့လို့ပါပဲ။

ဒါကို မူတည်ပြီး 9:41 AM ကို Standard Time အဖြစ် ထားလိုက်တာပဲဖြစ်ပါတယ်။ ⏰

Apple ကတော့ သူတို့ရဲ့ အောင်မြင်မှုမှတ်တိုင်ကို အမှတ်ရနေဖို့ အသေးစိတ်ကအစ ဂရုစိုက်တာကို တွေ့ရတဲ့အတွက် လေးစားစရာ ကောင်းလွန်းလှပါတယ်ခင်ဗျာ။

𝐅𝐮𝐭𝐮𝐫𝐞 𝐌𝐨𝐛𝐢𝐥𝐞 𝐌𝐝𝐲
📍လိပ်စာ - 🏡 လမ်း 30၊ 77×78 ကြား၊ မန္တလေးမြို့(မန်းမြို့တော်လက်ဖက်ရည်ဆိုင်ဘေးကပ်ရက်)

☎️ 09-258171717 , 09-798817988

#ပါကင်

iPhone သမိုင်းတစ်လျှောက်မှာ ဘယ် Series က ကိုယ့်အတွက် အကောင်းဆုံး Legend ဖြစ်ခဲ့လဲဆိုတာ Comment မှာ ပြောကြည့်ရအောင်လားခင်...
30/05/2026

iPhone သမိုင်းတစ်လျှောက်မှာ ဘယ် Series က ကိုယ့်အတွက် အကောင်းဆုံး Legend ဖြစ်ခဲ့လဲဆိုတာ Comment မှာ ပြောကြည့်ရအောင်လားခင်ဗျာ။ 👏

iPhone 12 series ကို အကြိုက်ဆုံးဖြစ်ခဲ့တဲ့သူတွေများရှိဦးမလား သိချင်မိလို့။😁

𝐅𝐮𝐭𝐮𝐫𝐞 𝐌𝐨𝐛𝐢𝐥𝐞 𝐌𝐝𝐲

📍လိပ်စာ - 🏡 လမ်း 30၊ 77×78 ကြား၊ မန္တလေးမြို့(မန်းမြို့တော်လက်ဖက်ရည်ဆိုင်ဘေးကပ်ရက်)

☎️ 09-258171717 , 09-798817988

#ပါကင်

27/05/2026

ဒီနေ့ခေတ်မှာ SMS တွေ ပို့နေကြပေမဲ့ ကမ္ဘာ့ပထမဆုံး SMS ကိုတော့ သိသူနည်းမယ်ထင်ပါတယ်။✉️

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ကျော်၊ ၁၉၉၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့မှာ Neil Papworth က ကမ္ဘာ့ပထမဆုံး SMS ကို ပို့ခဲ့တာပါ။

အဲအချိန်တုန်းက ဖုန်းတွေမှာ စာစီဖို့ Keyboard မပါတာကြောင့် ကွန်ပျူတာကနေတစ်ဆင့် Orbitel 901 ဖုန်းဆီကို ပို့ခဲ့တာဖြစ်ပါတယ်။

သူပို့ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး SMS လေးကတော့ “ Merry Christmas ” ဆိုတာပါပဲ။🎄

ကိုယ်ရဲ့ဖုန်းထဲက နောက်ဆုံးပို့ထားတဲ့ SMS ကရော ဘာများဖြစ်မလဲခင်ဗျာ။ ❓💬

𝐅𝐮𝐭𝐮𝐫𝐞 𝐌𝐨𝐛𝐢𝐥𝐞 𝐌𝐝𝐲

📍လိပ်စာ - 🏡 လမ်း 30၊ 77×78 ကြား၊ မန္တလေးမြို့(မန်းမြို့တော်လက်ဖက်ရည်ဆိုင်ဘေးကပ်ရက်)

☎️ 09-258171717 , 09-798817988

#ပါကင်

25/05/2026

Airpods ဝယ်ပြီးတိုင်း ‌ မကြာခဏ ပျောက်တတ်တဲ့သူတွေရှိလား။ ❓

Airpods Pro (2nd gen)မှာဆိုရင် Airpods ပျောက်မှာ ကြောက်စရာမလိုတော့တဲ့ Feature တစ်ခု ပါလာပါတယ်။ 📌

အဲဒါကတော့ Precision Finding ဆိုတဲ့ Feature ပါပဲ။ Apple ရဲ့ U1 chip ကြောင့် ကိုယ့်ရဲ့ iPhone ကနေတစ်ဆင့် Airpods ဘယ်နေရာမှာ ရှိနေလဲဆိုတာကို စင်တီမီတာအလိုက် တိတိကျကျ လမ်းညွှန်ပေးနိုင်တဲ့ စနစ်ပါ။

ဖုန်းစခရင်ပေါ်မှာ မြားလေးနဲ့ ဘယ်နှစ်ပေအကွာ၊ ဘယ်ဘက်ကို သွားရမယ်ဆိုတာ တိတိကျကျ ပြပေးပါတယ်။

Airpods Case မှာလည်း Speaker ပါဝင်လာတာကြောင့် ရှာရတာ ပိုလွယ်ကူသွားမှာပါ။

ဒါကြောင့် Airpods Pro (2nd gen)နဲ့ဆိုရင် ခဏ ခဏ ဘယ်နားထားမိမှန်းမသိဘဲ ပျောက်တဲ့ ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။

Apple နဲ့ ပတ်သက်သမျှ Future Mobile မှာ အစုံအလင်ရလို့ ဆိုင်ကို လာရောက်ကြည့်ရှုပြီး ဝယ်လို့လည်း ရပါတယ်ခင်ဗျာ။ 🤝

𝐅𝐮𝐭𝐮𝐫𝐞 𝐌𝐨𝐛𝐢𝐥𝐞 𝐌𝐝𝐲

📍လိပ်စာ - 🏡 လမ်း 30၊ 77×78 ကြား၊ မန္တလေးမြို့(မန်းမြို့တော်လက်ဖက်ရည်ဆိုင်ဘေးကပ်ရက်)

☎️ 09-258171717 , 09-798817988

#ပါကင်

အေးချမ်းဖို့ဆိုတာက ပူလောင်မှုတွေ မရှိရင် ဖြစ်နိုင်ပါတယ်။ 🤭ဘယ်လိုပူလောင်မှုတွေလဲဆိုရင်တော့ဖုန်းတွေက အခွန်ဆောင်ပြီးသားဖြစ်...
21/05/2026

အေးချမ်းဖို့ဆိုတာက ပူလောင်မှုတွေ မရှိရင် ဖြစ်နိုင်ပါတယ်။ 🤭

ဘယ်လိုပူလောင်မှုတွေလဲဆိုရင်တော့
ဖုန်းတွေက အခွန်ဆောင်ပြီးသားဖြစ်ပါ့မလားဆိုတဲ့ စိတ်ပူပန်မှု မရှိချင်ရင် Future Mobile မှာ ဝယ်ပါ။😉

Brand New ဖုန်းတွေကို အခွန်ဆောင်ပြီး တရားဝင် တင်သွင်းတာကြောင့် စိတ်ပူစရာမလိုပါဘူး။🙆‍♂️
မန္တလေးနွေရဲ့ အပူဒဏ်ကို မခံစားချင်ရင် Future Mobile မှာ ဖုန်းဝယ်ပါ။✅

ဆိုင်ရှေ့မှာ နှစ်ပေါင်းသက်တမ်းကြာပြီဖြစ်တဲ့ ကုက္ကိုပင်ကြီးရဲ့ အေးမြတဲ့ အရိပ်ကြောင့် အပူဒဏ်က ကင်းဝေးနိုင်ပါတယ်။❄️

ဒါကြောင့် အေးချမ်းစွာ ဖုန်းဝယ်ချင်ရင် Future Mobile ကိုလာပါလို့ ဖိတ်ခေါ်ပါရစေ။ 🤝

𝐅𝐮𝐭𝐮𝐫𝐞 𝐌𝐨𝐛𝐢𝐥𝐞 𝐌𝐝𝐲

📍လိပ်စာ - 🏡 လမ်း 30၊ 77×78 ကြား၊ မန္တလေးမြို့(မန်းမြို့တော်လက်ဖက်ရည်ဆိုင်ဘေးကပ်ရက်)

☎️ 09-258171717 , 09-798817988

#ပါကင်

ဖုန်းတွေတော့ သုံးနေပြီး ဖုန်းခေတ်ဖြစ်စေဖို့ ဖန်တီးခဲ့တဲ့ ပဲ့ကိုင်ရှင်ကို မသိရင်တော့ မဖြစ်ဘူးနော်။ 💥သူ့နာမည်က Alexander G...
18/05/2026

ဖုန်းတွေတော့ သုံးနေပြီး ဖုန်းခေတ်ဖြစ်စေဖို့ ဖန်တီးခဲ့တဲ့ ပဲ့ကိုင်ရှင်ကို မသိရင်တော့ မဖြစ်ဘူးနော်။ 💥

သူ့နာမည်က Alexander Graham Bell တဲ့။ Bell ဟာ ၁၈၇၆ ခုနှစ်မှာ တယ်လီဖုန်းကို ပထမဆုံး မူပိုင်ခွင့်တင်ပြီး တီထွင်ခဲ့တဲ့သူပါ။ ✅

Bell တစ်ယောက် ဖုန်းတွေကို တီထွင်ဖို့ဖြစ်လာတဲ့ အဓိကအကြောင်းက သူ့မိခင်နဲ့ ဇနီးသည်ကြောင့်ပါပဲ။

Bell ရဲ့ မိခင်နဲ့ ဇနီးသည်တို့ဟာ အကြားအာရုံချို့ယွင်းနေတဲ့သူတွေဆိုပါတော့။

ဒီတော့ အသံလှိုင်းတွေကို လျှပ်စစ်စီးကြောင်းအဖြစ် ပြောင်းလဲပေးပို့နိုင်ဖို့ ကြိုးစားရင်းကနေ ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့တဲ့ "ဖုန်း" ဆိုတာကို တီထွင်နိုင်ခဲ့တာပါပဲ။

လွန်ခဲ့တဲ့ ရာစုနှစ်ကျော်က နံရံကပ်ကြိုးဖုန်းကြီးတွေကနေ အခု Future Mobile မှာ မြင်တွေ့နေရတဲ့ ပါးလွှာတဲ့ စမတ်ဖုန်း တွေအထိဖြစ်စေခဲ့တဲ့ နည်းပညာတွေကတော့ မယုံနိုင်လောက်အောင် ခရီးပေါက်လာတယ်လို့ ဆိုရမှာပါ။ ✨

နောက်ထပ် ဖုန်းနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတွေကို မျှဝေပေးသွားမှာမို့ Follow လုပ်ထားကြပါဦးနော်။ ‼️

𝐅𝐮𝐭𝐮𝐫𝐞 𝐌𝐨𝐛𝐢𝐥𝐞 𝐌𝐝𝐲
📍လိပ်စာ - 🏡 လမ်း 30၊ 77×78 ကြား၊ မန္တလေးမြို့(မန်းမြို့တော်လက်ဖက်ရည်ဆိုင်ဘေးကပ်ရက်)

☎️ 09-258171717 , 09-798817988

#ပါကင်

Address

No. E-1 , 30st , Bet 77x78
Mandalay
100102

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 21:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959258171717

Website

Alerts

Be the first to know and let us send you an email when Future Mobile MDY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Future Mobile MDY:

Share