Buddhist

Buddhist အေးချမ်းပါစေ 🙏

23/09/2025

ဘဝခရီးကို ​လျှောက်လမ်းဖို့အတွက် ဘာကိုအားကိုးရမလဲ.....

#သစ္စာရွှေစည်ဆရာတော်

ပုတီးစိပ်ပြီးငွေဝင်နိုင်လား......?????ပုတီးစိပ်ရုံနဲ့ ငွေမဝင်နိုင်ဘူးလို့ထင်နေတဲ့သူတွေကိုရသေ့ကြီးဦးခန္တီအကြောင်းကိုပြောပ...
07/07/2023

ပုတီးစိပ်ပြီးငွေဝင်နိုင်လား......?????

ပုတီးစိပ်ရုံနဲ့ ငွေမဝင်နိုင်ဘူးလို့
ထင်နေတဲ့သူတွေကို
ရသေ့ကြီးဦးခန္တီအကြောင်းကို
ပြောပြမယ်

#ရသေ့ကြီးဦးခန္တီ ဆိုတာ
ဦးဇင်းလေးဘဝကနေစပြီး

ရှမ်းတောင်တန်းကြီးတွေပေါ်တတ်ပြီး
တရားတွေကျင့်
တရားအားထုတ်ရာကနေစပြီး

သာသနာပြုမယ်ဆိုတဲ့စိတ်နဲ့
သာသနာပြုရင်ဘုန်းကြီးဝတ်နဲ့
ပိုက်ဆံတွေဘာတွေကိုင်ရတာ
အဆင်မပြေဘူး

ရသေ့ဝတ်မယ်ဆိုပြီး
ရသေ့ဝတ်ပြီး မန္တလေးကိုကြွပြီး

တောင်ခွင်သာသနာပိုင်ကျောင်းတိုက်က
ဆရာတော်ကြီးဆီကိုသွားပြီး
အရှင်းဘုရား တပည့်တော်
ဘုရားတည်ကျောင်းဆောက်
သာသနာပြုချင်လို့ပါဘုရား

တပည့်တော်ကို
နေရာတစ်နေရာပေးပါဘုရားလို့
လျှောက်ထားလိုက်တော့

တောင်ခွင်ဆရာတော်ကြီးက
ဦးခန္တီ ခင်ဗျားအကြောင်းလည်း
ကျုပ်မသိသေးဘူး

"ခင်ဗျားအစွမ်းသတ္တိ
ဘယ်လောက်ရှိလို့
သာသနာပြုချင်ရတာလဲ

ခင်ဗျားအစွမ်းသတ္တိလေး
နည်းနည်းလောက်ပြစမ်းပါလို့
ဆရာတော်ကြီးကပြောလိုက်တော့

အရှင်ဘုရား တပည့်တော်အစွမ်းကို
ဘာကြည့်ချင်တာလဲဘုရားလို့
ဦးခန္တီကပြန်လျှောက်တယ်

ခင်ဗျားအစွမ်း
ဘယ်လောက်ရှိလဲသိရအောင်
မနက်ဖြန်သံဃာ ၅၀၀
ဆွမ်းကပ်ချင်တယ် ကျွေးနိုင်မလားပေါ့

ရသေ့ကြီးဦးခန္တီက ၅၀၀ မက
၁၀၀၀လည်းကျွေးနိုင်ပါတယ်ဘုရားတဲ့

အဲဒါနဲ့ ဆရာတော်ကြီးက
သံဃာ ၅၀၀ ပင့်ထားလိုက်တယ်

ဦးခန္တီက
အခန်းတစ်ခန်းတောင်းပြီး
ပုတီးစိပ်နေပါတယ်တဲ့

ညနေပိုင်းရောက်တဲ့အထိ
မနက်သံဃာတွေဆွမ်းကပ်ဘို့
ဆွမ်းချက်မယ့်သူတွေလည်းမလာဘူး

ညလည်းပေါ်မလာ
မနက်အစောလည်းပေါ်မလာတော့
ပင့်ထားတဲ့သံဃာ ၅၀၀ကို
ဘယ်လိုလုပ်ရတော့မလဲဆိုပြီး
ဆရာတော်ကြီးက
စိတ်တွေအရမ်းပူနေပြီ

မနက်လေးနာရီလောက်ကြမှ
ရသေ့ကြီးဦးခန္တီက
ကြေးစည်တီး အမျှဝေလိုက်တော့

အမျှလည်းဝေပြီးရော
ဆွမ်းအုပ်တွေနဲ့
ဒကာ ဒကာမတွေ
ရွက်ပြီးရောက်လာကြပါတယ်

ဆွမ်းအုပ်ပေါင်း ၁၀၀၀ ကျော်
ရောက်လာပါတယ်တဲ့

အဲ့ဒီကနေစပြီး
ရသေ့ကြီး ဦးခန္တီက
သာသနာပြုခွင့်ရပြီး

ဘုရားတွေတည်
ကျောင်းတွေဆောက်

မန္တလေးတောင်က
စောင်းတန်းကြီးတွေ

ရန်ကင်းတောင်
မန်းစက်တော်တောင်
တစ်နိုင်ငံလုံးလှည့်ပြီး
ပိုက်ဆံတစ်ကျပ်မှမပါပဲနဲ့
သာသနာပြုခဲ့ပါတယ်

ဒီသတင်းကိုကြားတဲ့
အင်္ဂလိပ်အရေးပိုင်မင်းက
ရသေ့ကြီးဆီကိုရောက်လာပြီး

ရသေ့ကြီးဦးခန္တီကို စစ်ဆေးဖို့အတွက်
ပုလိပ်အဖွဲ့နဲ့အတူ
ကျောင်းကိုရောက်လာပါတယ်တဲ့

ပြီးတော့ ရသေ့ကြီးကိုလျှောက်တယ်

တပည့်တော်တို့က
တာဝန်အရ လာရတာပါဘုရား

အရှင်ဘုရားဟာ ဝင်ငွေ မရှိပဲနဲ့
ဘုရားတည် ကျောင်းဆောက်
လုပ်နေတာတွေဟာ အများကြီးပါ

ဘယ်က ပိုက်ဆံတွေနဲ့
ဆောက်နေတာပါလဲဘုရား ဆိုပြီး
လျှောက်ပြီး

ပြီးတော့ အခုလည်း
တန်ဆောင်းဆောက်ဖို့
ဂျာမဏီကိုမှာပြီး
သံမဏိဒေါက်တိုင်ကြီးတွေ
ဝယ်နေတယ်လို့လည်း
ကြားသိရပါတယ်တဲ့

အဲ့ဒီလောက်များတဲ့ ငွေတွေကို
ဘယ်ကနေများရပါသလဲဘုရား တဲ့။

ရသေ့ကြီးက
သိချင်ရင် ခဏစောင့်ဆိုပြီး
ဘုရားခန်းထဲဝင်ပြီး
( ၄၅ ) မိနစ်လောက်
ပုတီးစိပ်ပြီး ပြန်ထွက်လာပြီး

အချိန်ခဏလေးနဲ့
အရေးပိုင်မင်းရှေ့မှာတင်
လူတွေက တဖွဲဖွဲရောက်လာကြပြီး

ရွှေနားကပ်တွေ ရွှေဆွဲကြိုးတွေ
ရွှေလက်ကောက်တွေ
ဝတ္ထုငွေတွေလှူကြတာ

ရွှေတွေ ငွေတွေ
အပုံလိုက်ကြီးဖြစ်သွားပြီး

အဲဒီတော့မှ အရေးပိုင်မင်းက
တပည့်တော်သဘောပေါက်ပါပြီဘုရား ဆိုပြီး ပြန်သွားပါတယ်တဲ့

တစ်ကယ်တော့ ကျွန်တော်တို့က
ကိုယ်လုပ်တဲ့အလုပ်တစ်ခုပေါ်မှာ
အာရုံ ၃ပါးနဲ့ ထိန်းချုပ်နိုင်သွားပြီဆိုရင်

လိုတိုင်းတပြီး
တစ်ကယ်ကို တတိုင်းရပါတယ်

ကျွန်တော်ညတိုင်းစိပ်တိုင်းလည်း

ဤဂုဏ်တော်ကို
စောင့်ရှောက်တော်မူသော
နတ်ကောင်းနတ်မြတ်များအားလုံးနဲ့

ဤပုတီးကိုစောင့်ရှောက်တော်မူသော
နတ်ကောင်းနတ်မြတ်များအားလုံး

ကြှနျုပျ၏လိုရာဆန်ဒမြားအား
ရက်ပိုင်းအတွင်း အမြန်ဆုံး
စောင့်ရှောက် ယူဆောင်
ဖြည့်စည်းပေးတော်မူကြပါလို့
ဆုတောင်းပါတယ်

တစ်ကယ်လည်း နေ့တိုင်းပြည့်ပါတယ်

ကုသိုလ်လုပ်တာစွဲသွားရင်
အကုသိုလ်တွေတော်တော်များများကို
လုပ်လည်းမလုပ်ချင်တော့ဘူး
ဝင်လည်းမဝင်လာနိုင်တော့ပါဘူး

ကံ ဥာဏ် ဝီရိယဆိုတာ

ကိုယ်လုပ်နေတဲ့ကုသိုလ်က=ကံ

လုပ်ချင်စိတ်ဖြစ်အောင်
တိုက်တွန်းပေးနေတဲ့စိတ်က=ဥာဏ်

စိတ်အားထက်သန်သန်နဲ့
လုပ်နေတဲ့အလုပ်က=ဝီရိယ

ဘာပဲလုပ်လုပ် အဲ့ဒီ ၃ခုကိုသာ
ပေါင်းပြီးတော့လုပ်ပါ

လိုတတိုင်းတပြီး ရကိုရလာပါလိမ့်မယ်
Credit.
🌹🙏🌹

စျေးအကုနိမိုးပေါိရောကိနေတဲ့အချိနိ အာလာဒငိ ကတော့ Discount တေပဲ ရှယ်ရောင်းနေတယ် နော် 😁😍ဟူဒီပုံစုံအသားညီတယ် အသားလဲမိုက် ပေါ...
07/09/2022

စျေးအကုနိမိုးပေါိရောကိနေတဲ့အချိနိ အာလာဒငိ ကတော့ Discount တေပဲ ရှယ်ရောင်းနေတယ် နော် 😁😍

ဟူဒီပုံစုံအသားညီတယ် အသားလဲမိုက် ပေါက်စျေးထက် 800 .1000 သက်သာ အဆင်တေလဲရှိုးအူး✌

ရောင်စုံ လုံးဝလူံးဝရွေးမရ

free lb 120-140

3300(5ထည်တစီး)ရာစျေး cb

အသားညီတယ်နော်

လက်ဖျောက်ပုံသီးသန့် ယူလိုချင်လဲရ

ရနိကုန် မန်းလေး စစ်ကိုင်း မေမြို့ နေပြည်တော်ထအိမ်အရောက်ပို့ပေးပါတယ်ရှင့်

ကျန်မြို့တွေကတော့ ငွေကြိုလွှဲပါ နယိတွေ ဂိတ် ပိုခ 1500နဲ့ တနိဆာခ ရှိပါ့မယ်

ဆက်သွယ်မှာယူလိုပါcb နော်

Viber 09444763737.09401005441

Address

Chanmyatharzi
Mandalay
05041

Telephone

+95444763737

Website

Alerts

Be the first to know and let us send you an email when Buddhist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share