Oris Blue

Oris Blue like and follow Oris Blue

ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး။ငါ့မိသားစုမှာ ငါဟာ မလုံခြုံတဲ့ထရံ။ငါ့ကြိုးကို တီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်။ငါ့မိသား...
27/06/2024

ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး။
ငါ့မိသားစုမှာ ငါဟာ မလုံခြုံတဲ့ထရံ။

ငါ့ကြိုးကို တီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်။

ငါ့မိသားစုမှာ
မိုးယိုပေါက်လေးတစ်ပေါက်ရှိနေတယ် ဆိုရင်လည်း
ငါပဲဖြစ်မှာ။

ငါ့မိသားစုမှာ
ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ။

မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ။
မဝင်တဲ့ဂိုးတွေက ငါသွင်းခဲ့တာ။

_စိုင်းဝင်းမြင့်

ဆန်ပေးရင် ဆီပြန်ရမှာပါ လို့မျှော်လင့် မထားတဲ့ လူမို့အရောင်ပါမှ မေတ္တာ လို့ ထင်တဲ့ လူတွေ နဲ့ခဏခဏကျွန်တော် ပဋိပက္ခဖြစ်တယ်။...
27/06/2024

ဆန်ပေးရင် ဆီပြန်ရမှာပါ လို့
မျှော်လင့် မထားတဲ့ လူမို့
အရောင်ပါမှ မေတ္တာ လို့ ထင်တဲ့ လူတွေ နဲ့
ခဏခဏကျွန်တော် ပဋိပက္ခဖြစ်တယ်။

ကျွန်တော်ကလဲ ကျွန်တော်ပါပဲ
ဒီငရဲမှာမှ ကိုယ်ပိုင် ဗာရာဏသီထူထောင်နေချင်တာမျိုး။

#ဒဿ 2024
-pic crd

သစ္စာတရားကိုပဲ ဘာလို့မက်မော တာလဲ''တဲ့ဖောက်ပြန်ခံလိုက်ရတဲ့ ခံစားချက်ကို မင်းတို့မှမသိတာ
27/06/2024

သစ္စာတရားကိုပဲ ဘာလို့မက်မော တာလဲ''တဲ့
ဖောက်ပြန်ခံလိုက်ရတဲ့ ခံစားချက်ကို မင်းတို့မှမသိတာ

ကိုယ့်အတွက်ကတော့သိမ်ငယ်ရမယ့် ရပ်ဝန်းဆိုတာမရှိဘူး...$အာရုံနောက်လာရင်$ဂရုကိုမစိုက်တဲ့ ရပ်ဝန်းပဲရှိတယ်လူအချင်းချင်း ဘာ သိမ်...
27/06/2024

ကိုယ့်အတွက်ကတော့
သိမ်ငယ်ရမယ့် ရပ်ဝန်းဆိုတာ
မရှိဘူး...
$အာရုံနောက်လာရင်
$ဂရုကိုမစိုက်တဲ့ ရပ်ဝန်းပဲရှိတယ်
လူအချင်းချင်း ဘာ သိမ်ငယ်စရာရှိလဲ
သိမ်ငယ်နေရအောင်
ကိုယ်က ဘာ အမှားမှ လုပ်ထားတာလဲ
မဟုတ်...

ကိုယ်ဟာ ကမ်းခြေသောင်ပြင်ကခြေရာလေးတွေလိုပဲ။အချိန်တန်ရင် ပျောက်ကွယ်ပေးရမှာ မလား။ကျနော်တို့ကို သဘောကျပါတယ်ပြောတဲ့သူတွေကကျနေ...
24/06/2024

ကိုယ်ဟာ ကမ်းခြေသောင်ပြင်က
ခြေရာလေးတွေလိုပဲ။
အချိန်တန်ရင် ပျောက်ကွယ်ပေးရမှာ မလား။

ကျနော်တို့ကို သဘောကျပါတယ်ပြောတဲ့သူတွေက
ကျနော်တို့ထက် သဘောကျစရာကောင်းတဲ့
လူကိုတွေ့သွားတဲ့အခါကျရင်

ကျနော်တို့ကို ထားပစ်ခဲ့အုန်းမှာပဲ ။

- လင်းညိုသွေး

အနာဂတ်မှာ ဘာဖြစ်ချင်လဲလို့ မေးရင်ဟိုဟာ ဒီဟာဖြစ်ချင်တယ်လို့ မပြောတော့ဘူးပျော်ရွှင်ချင်တယ်ပဲ ဖြေမိတော့တယ် ဘယ်နေရာ ဘယ်အခြေန...
24/06/2024

အနာဂတ်မှာ ဘာဖြစ်ချင်လဲလို့ မေးရင်
ဟိုဟာ ဒီဟာဖြစ်ချင်တယ်လို့ မပြောတော့ဘူး

ပျော်ရွှင်ချင်တယ်ပဲ ဖြေမိတော့တယ်

ဘယ်နေရာ ဘယ်အခြေနေမှာ ဘာပဲလုပ်လုပ်
ကိုယ်ပျော်ရာအရပ်မှာ ကိုယ်ချစ်တဲ့သူတွေနဲ့ပဲ
ရှိချင်တော့တယ် ။

အကျိုးလိုလို့ ညောင်ရေသွန်းကြတဲ့ လူတွေချည်းပါပဲ။ဘယ်ဆက်ဆံရေးမှ ရွှေရည်စိမ်နဲ့ မကင်းဘူး။လူဆိုတာ ကိုယ့်အကျိုးလေးပါမှ စေတနာထာ...
23/06/2024

အကျိုးလိုလို့ ညောင်ရေသွန်းကြတဲ့ လူတွေချည်းပါပဲ။

ဘယ်ဆက်ဆံရေးမှ ရွှေရည်စိမ်နဲ့ မကင်းဘူး။

လူဆိုတာ ကိုယ့်အကျိုးလေးပါမှ စေတနာထားတတ်ကြတာ။

ဆီပေးလို့ ဆန်ရတာပါ။
ဒါကိုပဲ စကားလုံးလှအောင်
တစ်ဦးကစေတနာ တစ်ဦးကမေတ္တာ လို့
သုံးနှုန်းပြောဆိုနေကြတာ။

တကယ်တမ်းကျတော့ လူတွေဟာ
ဆရာတာရာမင်းဝေရဲ့ ကဗျာထဲကလို
လူတွေချစ်တယ်ဆိုတာက သူတို့ကို မထိခိုက်သရွေ့ပဲ မဟုတ်လား။

#အလင်းသစ်(သဲကုန်း)

သတိရချင်သလိုလိုဖြစ်လာရင်ချစ်ခြင်းမေတ္တာကို ထပ်အစော်ကားခံနိုင်သလားလို့ပဲ တွေးပါတယ်ဒီလောက်ပါပဲ။       ။🌻🤍
23/06/2024

သတိရချင်သလိုလိုဖြစ်လာရင်
ချစ်ခြင်းမေတ္တာကို
ထပ်အစော်ကားခံနိုင်သလားလို့ပဲ တွေးပါတယ်
ဒီလောက်ပါပဲ။ ။

🌻🤍

ရှည်လာတဲ့ ဆံပင်တွေကို ညှ_ပ်ရမယ်ဆေးလိပ်သောက်တာလည်း ရပ်ရမယ်မင်းကိုလည်း မေ့ပစ်ရဦးမယ်အရင်လိုပြန်ဖြစ်ဖို့ အတော်ကိုကြိုးစားယူရ...
19/06/2024

ရှည်လာတဲ့ ဆံပင်တွေကို ညှ_ပ်ရမယ်
ဆေးလိပ်သောက်တာလည်း ရပ်ရမယ်

မင်းကိုလည်း မေ့ပစ်ရဦးမယ်
အရင်လိုပြန်ဖြစ်ဖို့ အတော်ကိုကြိုးစားယူရဦးမယ်... ။

အမေ မသိဘူးမလား။လူတွေရဲ့အပြုံးမှာ ကုန်ဈေးနှုန်းတွေပါတယ် အမေရဲ့။ဧည့်ခန်းနဲ့ အင်္ကျီ ကောင်းမှဆက်ဆံတတ်တဲ့ လူတွေရဲ့သဘောထားကို...
19/06/2024

အမေ မသိဘူးမလား။
လူတွေရဲ့အပြုံးမှာ
ကုန်ဈေးနှုန်းတွေပါတယ် အမေရဲ့။

ဧည့်ခန်းနဲ့ အင်္ကျီ ကောင်းမှ
ဆက်ဆံတတ်တဲ့ လူတွေရဲ့သဘောထားကို
သား တူတူးခါးခါး မုန်းတယ်အမေ။

-မောင်ချောနွယ်

လုပ်သင့်တာကိုလုပ်ဖို့ရှက်သင့်တာကိုရှက်ဖို့ကြောက်ရမှာ မကြောက်ရမှာကိုသိဖို့ဆိုတာကလည်း"ဉာဏ်ရည်ကလိုသေးတယ်"။ဘဝမှာဆိုရှယ်ကျဖို...
19/06/2024

လုပ်သင့်တာကိုလုပ်ဖို့
ရှက်သင့်တာကိုရှက်ဖို့
ကြောက်ရမှာ မကြောက်ရမှာကိုသိဖို့ဆိုတာကလည်း
"ဉာဏ်ရည်ကလိုသေးတယ်"။

ဘဝမှာဆိုရှယ်ကျဖို့မလိုဘူး။(ကျွန်တော့်အတွက်)
နာမည်ကြီးဖို့မလိုဘူး။
ကိုယ့်ဘဝလေးနဲ့ကိုယ်
ရှက်သင့်တာကိုရှက်!!
ကြောက်သင့်တာကိုကြောက်!!
လုပ်သင့်တာကိုလုပ်ပြီး!!
အေးအေးချမ်းချမ်းနေရဖို့သာ အရေးကြီးတယ်..။

ဒီလိုနေထိုင်ရဖို့ သောက်သုံးမကျတဲ့
လူတစ်ယောက် မဖြစ်ဖို့ဆိုတာကလည်း
ဉာဏ်ရည်ကလိုသေးတယ်..။

#ရိုးတံ

သုညနဲ့ မြှောက်ခံရတဲ့ခေတ်ကျမှ ငါတို့က ဘာဖြစ်ချင်ရဦးမှာလဲ
19/06/2024

သုညနဲ့ မြှောက်ခံရတဲ့ခေတ်ကျမှ
ငါတို့က ဘာဖြစ်ချင်ရဦးမှာလဲ

Address

Mandalay
126189

Website

Alerts

Be the first to know and let us send you an email when Oris Blue posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share