Mandalay Book Shop

Mandalay Book Shop 📚အနာဂတ်အတွက် စာဖတ်ပါ။📖

ဘဝကို အကောင်းဆုံး နေထိုင်နိုင်ဖို့📍 အတိတ်ကို ပြန်မလှည့်ပါနဲ့ရွေးချယ်မှု မှားသွားရင် မှားသွားပါပြီ။ "ငါသာ အဲဒီတုန်းက အဲလိ...
11/05/2026

ဘဝကို အကောင်းဆုံး နေထိုင်နိုင်ဖို့

📍 အတိတ်ကို ပြန်မလှည့်ပါနဲ့
ရွေးချယ်မှု မှားသွားရင် မှားသွားပါပြီ။ "ငါသာ အဲဒီတုန်းက အဲလိုမလုပ်ခဲ့ရင်..." ဆိုပြီး တစ်ချိန်လုံး ပြန်မတွေးပါနဲ့။ တွေးလည်း အပိုပါပဲ၊ နောင်တဟာ ဘဝကို အထူးတလည် ပြောင်းလဲမသွားစေပါဘူး။ ရှေ့ဆက်မမှားဖို့ပဲ လိုတာပါ။ ငယ်ရွယ်ချိန်မှာ အမှားဆိုတာ ရှိစမြဲမို့ ဘာမှမဖြစ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပါ။ မှတ်ထားပါ... မျက်လုံးဆိုတာ ရှေ့ကိုကြည့်ဖို့ပါ၊ အနောက်ကို ခဏခဏ ပြန်လှည့်ကြည့်ဖို့ မဟုတ်ပါဘူး။

📍 ခွဲခွာခြင်းကို လက်ခံပါ
လူတွေနဲ့ ခွဲခွာရတဲ့အခါ "ငါ့အမှားလား" ဆိုပြီး တစိမ့်စိမ့် ပြန်မတွေးနဲ့၊ အများကြီးလည်း ဝမ်းမနည်းပါနဲ့။ လူတွေနဲ့ အတူရှိရခြင်းက တစ်ယောက်ကိုတစ်ယောက် အလင်းရောင်ပေးနိုင်ဖို့ပါ။ အဲလိုမှ မဟုတ်ရင်လည်း တစ်ယောက်တည်း ထမင်းစား၊ တစ်ယောက်တည်း လမ်းလျှောက်တာ အဆင်ပြေပါတယ်။ ဘယ်ပစ္စည်းမှ တစ်သက်လုံး မတည်မြဲသလို လူတွေလည်း သင့်အနားမှာ တစ်သက်လုံး ရှိမနေနိုင်ပါဘူး။ ဆုံတွေ့ရချိန် ခဏတာလေးကိုပဲ ကျေနပ်ပါ။ ရေစက်ဆိုတာ ကြိုမသိနိုင်သလို လမ်းခွဲခြင်းဆိုတာလည်း ကြိုတင်ပြင်ဆင်လို့ မရပါဘူး။

📍 ကြိုတင်မစိုးရိမ်ပါနဲ့
အတွေးလွန်ခြင်းကြောင့် လက်ရှိစိတ်အခြေအနေကို အဖျက်ဆီးမခံပါနဲ့။ အားလုံးက ဖြစ်ချိန်တန်ရင် ဖြစ်လာတာပါပဲ။ မယုံရင် အတိတ်ကို ပြန်လှည့်ကြည့်ပါ၊ အဲဒီတုန်းက သိပ်ခက်ခဲတယ်ဆိုတဲ့ အရာတွေကိုတောင် သင် အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့တာ မဟုတ်လား။ အခုလည်း အားလုံး အဆင်ပြေသွားမှာပါ။

📍 ကိုယ့်လမ်းကြောင်းနဲ့ကိုယ် လျှောက်ပါ
အကောင်းဆုံး အသက်အရွယ်ဆိုတာ မရှိဘူး၊ အကောင်းဆုံး စိတ်ထားပဲ ရှိတာပါ။ လူတိုင်းရဲ့ ဘဝပေးအခြေအနေချင်း မတူကြဘူး။ သင့်ထက် မြန်မြန်ပြေးနေသူရှိသလို၊ သင့်လောက် မပြေးနိုင်သူလည်း ရှိပါတယ်။ ဒါကြောင့် သင့်ဘဝကို တခြားသူရဲ့ တာထွက်ချိန်နဲ့ လိုက်တိုင်းစရာမလိုဘူး။ အရေးကြီးတာက သင့်အလုပ်ကို သင်မရပ်ဘဲ ဆက်လုပ်သွားဖို့ပါပဲ။

📍 ကျန်းမာရေးနှင့် စိတ်ချမ်းသာမှုကို ဦးစားပေးပါ

လူ့ဘဝမှာ ကျန်းမာရေးမကောင်းရင် ဘာကိုမှ ကြွားဝါလို့ မရပါဘူး။ ဒေါသတွေလျှော့ပါ၊ အငြိုးအတေးတွေ မထားပါနဲ့။ စိတ်ချမ်းသာမှ လူရဲ့ကံကလည်း မြင့်လာတတ်တာပါ။ ပျော်ရင် ရယ်ပါ၊ ပင်ပန်းရင် အိပ်ပါ၊ ဝမ်းနည်းရင် အားတင်းထားပါ။

စိတ်အဆင်မပြေတိုင်း၊ စိတ်ခွန်အား လိုအပ်တိုင်းမှာ ဒီစာကို ခဏခဏ ပြန်ဖတ်ပါ။ ဘဝထဲမှာ မိမိစိတ်ကို နိုင်အောင် ထိန်းကျောင်းပြီး နေတတ်သူဟာ တခြားသူတွေထက် တစ်ပန်းသာနေမှာ အမှန်ပါပဲ။

#နူးနူးအောင်

လွှတ်ချသင့်တာ လွှတ်ချပြီး ရှေ့ဆက်တတ်ဖို့🌷၁၅မိနစ် စာဖတ်ပါ📚 #စာမြည်း
02/05/2026

လွှတ်ချသင့်တာ လွှတ်ချပြီး ရှေ့ဆက်တတ်ဖို့🌷
၁၅မိနစ် စာဖတ်ပါ📚

#စာမြည်း

“ လူဆိုတာ တော်မှတတ်တာ မဟုတ်ဘူး ။ ကြိုးစားရင်လဲ တတ်တာပါပဲ ။ ကျွန်တော့် လုပ်ဆောင်နေမှုတွေကို တချို့လူတွေက အကောင်းမမြင်ကြဘူ...
01/05/2026

“ လူဆိုတာ တော်မှတတ်တာ မဟုတ်ဘူး ။ ကြိုးစားရင်လဲ တတ်တာပါပဲ ။ ကျွန်တော့် လုပ်ဆောင်နေမှုတွေကို တချို့လူတွေက အကောင်းမမြင်ကြဘူး ။ ဒီကောင်အရူးပါ။ ငပေါဘဲ ကွယ်ရာမှာ ဒီလိုသွားပုဒ် လေးလွင့်ပြောတာတွေ ပြန်ကြားရတယ် ။ အေး...တစ်နေ့တော့ မင်းတို့ပြောပြောနေတဲ့ ငပေါ ၊ အရူး ၊ ခပ်ကြောင်ကြောင်အကောင်အကြောင်း သိစေရမယ် ။ ဒီလိုစိတ်မျိူးနဲ့ ကြိုးစားခဲ့တယ် ။ ”
(နှာ- ၆၇)

ဒီစာပိုဒ်လေးကတော့ ကျွန်တော် ကြိုက်တဲ့စာပိုဒ်လေးပေါ့ ။ ဒီစာအုပ်ကို ဖတ်ချင်နေတာတော့ အတော်ကြာပါပြီ ။ ဒါမဲ့ လက်ထဲက ဘတ်ဂျက် အခြေအနေအရမို့ မဝယ်ဖြစ်ခဲ့ဘူး ။ လွန်ခဲ့တဲ့ တစ်ပတ်က အကို အိမ်သွားတော့ ဒီစာအုပ်ရှိတာနဲ့ မ" လာခဲ့တယ်လေ ။ စာအုပ်နာမည်ကြောင့်လဲ ပိုပြီး ဖတ်ဖြစ်သွားတယ် ။ စာရေးဆရာ ညီပုလေးရဲ့ ရေးဟန်လဲ အရမ်းတော်တယ် ဆိုတာကို ဒီစာအုပ်မှာ တွေ့ရပါတယ် ။ အဓိက ဇာတ်ကောင်ကတော့ ဒေါက်တာ သိန်းလှိုင် ခေါ် နာဂသိန်းလှိုင် ။ နာဂသိန်းလှိုင်ရဲ့ ဘဝဇာတ်ကြောင်းကို ရေးထားတယ်ဆိုပေမဲ့ အတ္တုပ္ပတ္တိ မဟုတ်သလို အတ္တုပ္ပတ္တိ လုပ်တယ် ။ ဘယ်လုပ်လဲဆိုရင် အတ္တုပတ္တိဆန်ဆန် ရေးထားတာမျိုးမဟုတ်ဘဲ ခံစားမူရသကို ရောယှက်ပြီးရေးထားတာမို့ပါ ။ စာရေးဆရာ ညီပုလေးရဲ့ စာရေးမူအတတ်ပညာ တော်တာလဲ ပါပါတယ် ။ သူတို့ခေတ်ကတော့ ဆရာ ကျော်အောင်ရဲ့ နှလုံးလှ ဆရာဝန်ကို မဖတ်ဖူးတဲ့ ဆေးကျောင်းသားဆိုရင် ဘောင်မဝင်ဘူး တဲ့ ။ ခု ဒီဆရာညီပုလေးတဲ့ ထက်မြက်တဲ့ဓားသွား စာအုပ်ကို ဆေးကျောင်းသား ဆေးကျောင်းသူတွေ တော်တော်လေး ဖတ်သင့်တဲ့စာအုပ်လို့ ထင်မိတယ် ။ ဘာလို့လဲဆို တချို့စာတွေက မှတ်သားစရာအရမ်းကောင်းတယ် ။

“ အနောက်တိုင်းဆရာဝန်တွေက သူတို့ တွေ့ရှိချက်တွေကို ရေးသားပြုစုခဲ့တဲ့ ဆေးကျမ်းတွေကို မြန်မာနိုင်ငံမှာ သင်ရိုးလက်စွဲလုပ်ကြရတယ် ။ တစ်ခုစဥ်းစားကြဖို့ကောင်းတာကတော့ အနောက်တိုင်းသားတွေ နဲ့ ကျနော်တို့မြန်မာလူမျိုးတွေနဲ့ ရာသီဥတု နေထိုင်စားသောက်ကြပုံ ဓလေ့စရိုက်စတာတွေ တစ်ခုမှမတူကြဘူး ။ ကာလဒေသံပေါ်မှာ မူတည်ပြီး ကိုယ့်အရပ် ကိုယ့်အခြေအနေနဲ့အတွေ့အကြုံပေါင်းစပ်ပြီး သင်ကြားတဲ့သင်ရိုးဆို ပိုကောင်းမယ် ” ဘယ်လောက်မှတ်သားဖို့ကောင်းလဲ ။

စာဖတ်နေရင်းနဲ့ “ ဒီဆရာဝန်က ကြမ်းလိုက်တာ ၊ ရမ်းလိုက်တာ ” လို့ တွေးမိတဲ့အပိုင်းတွေ ရှိတယ် ။ ကိုယ်ကတော့ သူ ဒီလိုကြမ်းနိုင် ၊ ရမ်းနိုင်တာက သူ့မိဘချမ်းသာလို့ဆိုတာလည်း တွေးမိတယ် ။ သူတို့က ဘိုးစဉ်ဘောင်ဆက်ချမ်းသာပုံပါပဲ ။ အဲ့ဒီခေတ်မှာ နိုင်ငံခြားကို ခရီးတွေသွားနိုင်တာ ၊ ရန်ကုန်မှာ သားတွေကျောင်းတက်ဖို့ စိတ်ကြိုက် အိမ်လိုက်ဝယ်ပေးတာ ၊ ဒေါက်တာသိန်းလှိုင် ဆေးကျောင်းတက်ဖို့ ကြိုက်တဲ့ကားကို ရွေးဝယ်ပေးနိုင်တယ် ဆိုတဲ့ အပိုင်းတွေ ဖတ်ရတော့ ဒေါက်တာသိန်းလှိုင် မိဘများလက်ထက်က တော်ရုံမဟုတ်ဘူး တော်တော့်ကို ချမ်းသာတယ်လို့ ခံစားရတယ်

နာဂသိန်းလှိုင်က ချမ်းသာရုံတွင်မကဘူး ။ နိုင်ငံရေးလောကမှာလည်း အချိတ်အဆက် ရှိတယ် ။ သူ ရန်ကုန်မှာ သပိတ်ခေါင်းဆောင်ပြီးမှောက်တော့ ဝန်ကြီးချုပ်ဦးနုဆီကို ကားမောင်းပြီး သွားတွေ့တယ်လို့ ရေးထားတယ် ။ ပြီးတော့ သူ့မိခင် နဲ့ ဦးနုက ခင်မင်ရင်းနှီးကြောင်းကိုလည်း ရေးသားထားတယ် ။ သူ့ဦးလေးတစ်ယောက်ကလည်း ဗိုလ်မှူးကြီး (ဗိုလ်မှူးကြီး သောင်းကြည်) အဆင့်ရှိတဲ့လူ ။

ပိုက်ဆံကလည်းရှိ ၊ အဆက်အသွယ်တွေကလည်း ကောင်း ၊ နောက်လှည့်ကြည့်စရာလည်း မလို ၊ လူကလည်း လူတော် ၊ စိတ်ကောင်းစိတ်မှန်ရှိသူဆိုတော့ ဆရာဟာ ဗျူရိုကရက်ကို ဒူးနဲ့တိုက်ရမှာ စိတ်ဖြောင့်ဖြောင့်နဲ့ တိုက်နိုင်ခဲ့ပုံပေါ်ပါတယ် ။

နာဂတောင်တန်းတလျှောက် ဆေးကျောပိုးအိတ်လွယ်ပြီး ဆေးလိုက်ကုပေးတာ ဖတ်ရတော့လည်း အားကျရတယ် ။ ၆ နှစ်တာကာလအတွင်း ဆရာဟာ ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ပြည်သူအပေါ်ကို အစွမ်းကုန် အလင်းပေးခဲ့တဲ့လူဆိုတာတော့ ယုံမှားဖွယ် မရှိပါဘူး ။ နာဂတွေက နတ်ဆေးဆရာလို့ တင်စားခေါ်ခံရတဲ့ ဆရာက နာဂတွေပြောတဲ့ဘာသာစကားကို ပြောတတ်ရင် နာဂတွေကြား ပိုပြီး စီးမျောနေနိုင်လိမ့်မယ်လို့ ထင်မိတယ် ။

ဆရာက သူ့အမှားတချို့ နဲ့ သူ့စကားလွန်သွားတာ တချို့ကိုပါ မချွင်းမချန် ပြောသွားတယ် ။ တော်ရုံလူဆို ကိုယ့်အမှားကို လူသိရှင်ကြား ဝန်ခံတာမဟုတ်ဘူးရယ် ။ ဆရာဟာ သူ့တယ်တယ်ကြောင့် ၊ ပြီးတော့ သူ့ဇနီးအုန်းအုန်းကြောင့် သူလုပ်ချင်တာတွေကို စိတ်ဖြောင့်ဖြောင့်နဲ့ လုပ်ခွင့်ရတယ်လို့ ပြောပြရင် ပိုပြီး လူသားဆန်မယ်လို့ ထင်တယ် ။ ခြုံပြောရရင်တော့ နတ်ဖြစ်ဖို့က ဆေးကုတတ်ရုံနဲ့မပြီးဘူး ။ စိတ်စေတနာကောင်းရှိသလို ၊ နောက်ကနေ
ဖြည့်ဆည်းပေးနိုင်မဲ့ နောက်ခံကောင်းတွေလည်း လိုပါတယ် ။

ဒါကြောင့် ဆရာဝန်ကောင်းဆိုတာ ဆေးပညာတတ်ရုံ နဲ့ မဖြစ်နိုင်သလို ပရဟိတဆိုတာလဲ ပိုက်ဆံရှိရုံနဲ့ မဖြစ်နိုင်ပါဘူး ။ ဒါကြောင့် ဆရာနာဂသိန်းလှိုင်ဟာ အတ္တနဲ့ ပရ မျှတအောင်ဆောင်ရွက်ခဲ့ပြီး ဆေးလောကမှာ စံပြုနမူနာယူထိုက်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါကြောင်း....

#ညီပုလေး
#ထက်မြက်တဲ့ဓားသွားပေါ်ကချိုမြမြပျားရည်စက်

ကောင်းတဲ့စွမ်းအင်တွေပဲဖြစ်ဖြစ်..ဆိုးတဲ့စွမ်းအင်တွေပဲဖြစ်ဖြစ်…စွမ်းအင်တွေရဲ့သဘောဟာ ကူးစက်တတ်တယ်ဆိုတာကို ကိုယ်က သိထားရင် က...
29/04/2026

ကောင်းတဲ့စွမ်းအင်တွေပဲဖြစ်ဖြစ်..ဆိုးတဲ့စွမ်းအင်တွေပဲဖြစ်ဖြစ်…စွမ်းအင်တွေရဲ့သဘောဟာ ကူးစက်တတ်တယ်ဆိုတာကို ကိုယ်က သိထားရင် ကိုယ့်ရဲ့စွမ်းအင်ကို ကောင်းတဲ့သူတွေဆီကနေ ကူးစက်ယူနိုင်သလို…အဆိုးစွမ်းအင်တွေ ကိုယ့်ဆီ ကူးစက်မလာအောင် ကာကွယ်တားဆီးလို့ရပါတယ်…။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ..အကောင်းမြင်စိတ်ရှိတဲ့သူ…မေတ္တာစိတ်အားကြီးသူ…စိတ်ကြည်လင်အေးချမ်းစွာနေတတ်သူ..ပျော်ပျော်ရွှင်ရွှင်နေတတ်သူ…အခက်အခဲတွေကို ဟာသဥာဏ်နဲ့ရင်ဆိုင်ဖြေရှင်းတတ်သူ စတဲ့စွမ်းအင်မြင့်မားသူတွေနဲ့ ဝန်းရံထားဖို့ လိုပါတယ်…။

အဆိုးမြင်စိတ်တွေအရမ်းများပြီး…ကိုယ့်ဆီကနေ စွမ်းအင်တွေ စုပ်ထုတ်ယူတတ်တဲ့သူတွေကိုတော့…လိမ္မာပါးနပ်စွာ ရှောင်ရှားတတ်ဖို့လိုပါတယ်…။ အကယ်၍ သူက ကိုယ့်ကိုယ့်ရဲ့မိသားစုဝင်ထဲကဖြစ်မယ်…ကိုယ့်အနားမှာ နီးနီးကပ်ကပ်ရှိနေမယ့် ကိုယ့်ရဲ့အရင်းနှီးဆုံး အိမ်ထောင်ဖက်ဖြစ်မယ်…မိတ်ဆွေသူငယ်ချင်း…ကိုယ့်ရဲ့အလုပ်ရှင် စသဖြင့် ရှောင်လွှဲလို့မရနိုင်တဲ့သူမျိုးဆိုရင်လည်း…ကိုယ့်ရဲ့စွမ်းအင်တွေ သူ့ဆီပါမသွားအောင်..သူ့ဆီက အဆိုးစွမ်းအင်တွေ ကိုယ့်ဆီကူးစက်မလာအောင်…ကာကွယ်တတ်ဖို့လိုပါတယ်…။ ဥပမာပြောပြရရင်…သူပြောနေတဲ့အကြောင်းအရာတွေ..ခေါင်းစဉ်တွေကို သူနဲ့အပြိုင် မဆွေးနွေးဘဲ အလိမ္မာလေးနဲ့ရှောင်ရှားတတ်ဖို့ အရေးကြီးပါတယ်…။ သူနဲ့ထိပ်တိုက်တွေ့ဆုံစကားပြောရတာ..အပြိုင်အဆိုင် ငြင်းခုန်ရတာမျိုး မလုပ်ဘဲ…ဥပေက္ခာလေးနဲ့နေတတ်အောင် ကြိုးစားနိုင်ရပါမယ်…။ ဒါဆိုကိုယ့်ရဲ့စွမ်းအင်ကို ကာကွယ်ထားရာရောက်ပါတယ်…။

လူတချို့ရှိပါတယ်…။ ငါကတော့ ဒီလိုပဲ ပြောတတ်တယ်…နေတတ်တယ်..ဒါငါ့စရိုက်ပဲ…မပြင်နိုင်ဘူး..ငါ့ကိုနားလည်ပေးနိုင်ဖို့ကြိုးစားပါ…လို့ စကားအကုန်ပြောထားပြီး..သူ့စိတ်ထဲရှိတဲ့အတိုင်း အတားအဆီးမရှိ..စည်းမရှိ ပြောတတ်ဆိုတတ် စည်းကျော်တတ်တဲ့သူမျိုး တွေ့ဖူးပါလိမ့်မယ်…။ တို့ကတော့ အလိုက်မသိတတ်ဘူး…သူများကျေနပ်အောင် ယဉ်ယဉ်ကျေးကျေးလည်းမပြောတတ်ဘူး..စိတ်ထဲရှိတဲ့အတိုင်း ဘွင်းဘွင်းပဲပြောတတ်တယ်..ဆိုတဲ့ ဆင်ခြေစကားမျိုးသုံးပြီး သူများအရှိုက်ကိုထိုးနှက်သလို.. ကြမ်းကြမ်းရမ်းရမ်း ပြောတတ်တဲ့သူမျိုးတွေနဲ့လည်း ဆုံဖူးပါလိမ့်မယ်…။ တကယ်တော့ မလုပ်တတ်ဘူးဆိုတာ မရှိပါဘူး…မလုပ်ချင်တာသာရှိပါတယ်…။ အလိုက်မသိဘူး..မယဉ်ကျေးတတ်ဘူး…အထိမ်းအကွပ်မရှိပြောချင်ရာပြောမယ်ဆိုတာဟာ… အလိုက်တသိမရှိချင်လို့…မယဉ်ကျေးချင်လို့…စည်းမရှိဘောင်မရှိ အထိမ်းအကွပ်မရှိ ပြောချင်လို့သာဖြစ်ပါတယ်…။ ဒါတွေဟာ မွေးရာပါ သဘာဝတွေ မဟုတ်ပါဘူး…။ ကိုယ်ပြင်ဆင်ယူလို့ရပါတယ်…။ ပြင်ဆင်ချင်တဲ့စိတ်ရှိဖို့ပဲ လိုပါတယ်…။ ကိုယ့်ကြောင့် သူများမှာ စိတ်အနှောင့်အယှက်မဖြစ်ရအောင် နေပေးမယ်…ဆိုတဲ့ အသိစိတ်ကလေးတစ်ခုရှိမယ်ဆိုရင်… ဒီအသိစိတ်ကြောင့် သူများ စိတ်အနှောင့်အယှက်ဖြစ်စေမယ့်စကားမျိုး..သူများထိခိုက်နစ်နာသွားစေမယ့်အပြုအမူမျိုး မပြောတော့ မလုပ်တော့ပါဘူး…။ ဒါဟာ အလိုက်သိခြင်း..ယဉ်ကျေးမှုရှိခြင်းဖြစ်ပါတယ်…။

ကိုယ့်စိတ်ထဲမှာ ဘယ်လောက်ပဲ စိတ်အနှောင့်အယှက်ဖြစ်စရာ အဖြစ်အပျက်တွေရှိနေပါစေ..မကျေနပ်စရာ အကြောင်းအရာတွေရှိနေပါစေ…ကိုယ့်ရဲ့ အဆိုးစွမ်းအင်တွေ..သူများဆီကို သွန်မချမိအောင် ထိန်းချုပ်လိုက်ခြင်းဟာ….အသိစိတ်လေးရှိခြင်းပဲဖြစ်ပါတယ်..။ သူများဆီကနေအဆိုးစွမ်းအင်တွေ ကိုယ့်ဆီကူးစက်မလာအောင် ကာကွယ်နိုင်သလို..ကိုယ့်ဆီကနေ အဆိုးစွမ်းအင်တွေ သူများဆီ မကူးစက်အောင်လည်း ထိန်းချုပ်နိုင်ရပါမယ်…။ ထိန်းချုပ်ချင်တဲ့ အသိစိတ်လေးရှိရပါမယ်…။ ကိုယ့်ဆီကနေ ကောင်းတဲ့စွမ်းအင်တွေ မျှဝေကူးစက်ပေးနိုင်တဲ့သူလည်း ဖြစ်ဖို့လိုပါတယ်။ မေတ္တာဓါတ်တွေ.. အကြည်ဓါတ်တွေ.. အေးမြငြိမ်းချမ်းတဲ့ဓါတ်တွေ…ကူးစက်ပေးနိုင်တဲ့သူဖြစ်ပါစေ…။

#လွန်းထားထား
#စွမ်းအင်တွေကကူးစက်တတ်တယ်။

#တန်ဖိုးရှိတဲ့ဘဝ

တစ်ယောက်တည်းဖြစ်နေတာ တန်ဖိုးကြီးပါတယ်✴တကယ်တော့ တစ်ယောက်တည်း ဖြစ်နေတယ်ဆိုတာတွေက တစ်ချိန်ချိန်မှာ မင်းရဲ့အနားမှာ အတုယောင်တ...
29/04/2026

တစ်ယောက်တည်းဖြစ်နေတာ တန်ဖိုးကြီးပါတယ်✴

တကယ်တော့ တစ်ယောက်တည်း ဖြစ်နေတယ်ဆိုတာတွေက တစ်ချိန်ချိန်မှာ မင်းရဲ့အနားမှာ အတုယောင်တွေ နည်းနေမယ်ဆိုတာကို ပြောပြနေခြင်းနဲ့ အတူတူပါပဲ ။

ကိုယ့်မပြည့်စုံသေးခင် ကိုယ့်အနားလူတွေ အများကြီးကို ခေါ်မထားပါနဲ့ ။ ကိုယ့်မှာ ကိုယ့်ကိုယ်ကိုယ်နဲ့ ပတ်သက်လို့ လုံလောက်တဲ့ ဂရုစိုက်ခြင်းတွေကို မလုပ်နိုင်သေးခင်မှာ တခြားသူကို ကိုယ့်ထက်ပိုပြီး ဂရုစိုက်ပေးတာတွေ မလုပ်မိပါစေနဲ့ ။

တကယ်တော့ တစ်ယောက်တည်း ဖြစ်နေတယ်ဆိုတဲ့ အချိန်တွေက မင်းကိုယ်မင်း ဒီထက်ပိုတိုးတက်နေ ၊ ပိုပြီး မင်းကိုယ်မင်း စိတ်တိုင်းကျနေအောင်တည်ဆောက်နေနော်လို့ခနခန သတိပေးနေခြင်းပါပဲ

ဒါကြောင့်မို့ စိတ်ဓာတ်မကျပါနဲ့ ၊ ဘေးနားမှာ လူတွေ အများကြီးမရှိသေးခင် ၊ တစ်စုံတစ်ယောက်ကို မချစ်မိသေးခင် ကိုယ့်ကိုကိုယ် တည်ဆောက်နေပါ ။

ရိုးရိုးလေးပါပဲ....
လူတွေ ကိုယ့်ဆီကိုမလာချင်ကြသေးတဲ့အချိန်မှာ ကိုယ်က အဲ့လူတွေ နောက်လိုက်နေရင်လည်း
သူတို့က ထွက်ပြေးနေအုံးမှာပါပဲ ။

အဲ့တော့ လုပ်ရမှာကတစ်ခုတည်းပဲ ။

တစ်ယောက်တည်း ဖြစ်နေရင်တောင် ကိုယ့်ကိုယ်ကိုယ် တစ်ယောက်တည်း တည်ဆောက်နေပါ ။

တစ်နေ့ပြီးတစ်နေ့ ပိုကောင်းလာဖို့ကိုအာရုံစိုက်လိုက်ပါ ။

#မင်းပြောင်းလဲနိုင်ပါတယ်

တစ်ယောက်တည်း ဘယ်လို ရှင်သန်ရတယ်ဆိုတာ မေ့မသွားစေနဲ့ “ ဒဏ်ရာတွေရလိုက်တိုင်း ၊ဘဝ သင်ခန်းစာတစ်ခုခု ကြုံလိုက်တိုင်း အသက်တစ်နှ...
27/04/2026

တစ်ယောက်တည်း ဘယ်လို ရှင်သန်ရတယ်ဆိုတာ
မေ့မသွားစေနဲ့ “

ဒဏ်ရာတွေရလိုက်တိုင်း ၊ဘဝ သင်ခန်းစာတစ်ခုခု ကြုံလိုက်တိုင်း အသက်တစ်နှစ်ကြီးလာတိုင်း သိလာတဲ့အချက်က ကိုယ့်ဘဝမှာ ကိုယ်ကပဲ အရေးအကြီးဆုံး ဆိုတာပဲ ။ တစ်ယောက်ယောက်အပေါ် တွယ်တာမိပြီး ကိုယ့်ရဲ့ရှင်သန်ရပ်တည်ချက် ပျောက်ဆုံးသွားရတာမျိုးမဖြစ်စေနဲ့ ။

ဆယ်ကျော်သက်အရွယ်တုန်းကလည်း ကိုယ့်ဘာသာ တစ်ယောက်တည်း ရှင်သန်ရပ်တည်ဖို့ကို မသိခဲ့လို့ နာကျင်မှုတွေပိုခံစားရတယ်၊ သိလာပြီးနောက် အကြောင်းအရာတစ်ခုခုကြောင့် ပြန်ပြီး တစ်ယောက်တည်းဘယ်လိုရပ်တည်ရမလဲ
မေ့သွားတဲ့အခါတိုင်းလည်း နောက်ဆုံး
လမ်းပျောက်ရတာပဲ များပါတယ်။

တစ်ခါတလေ တစ်ချိန်လုံးတစ်ယောက်တည်း အကုန်ကောင်းကောင်း ကျော်ဖြတ်လာပြီးမှ အမှီအခိုလေးတစ်ခုရလို့၊ကျောထောက်နောက်ခံလေး
တစ်ခုရတဲ့ အခိုက်အတန့်မှာ မှီခိုလိုက်မိတဲ့ အခါ အဲ့ကျောထောက်နောက်ခံကပြန်ပြိုလဲသွားရင် ခြေမကိုင်မိလက်မကိုင်ဖြစ်ရတတ်တယ်။

ဒါကြောင့်ဘဝမှာ တစ်ယောက်တည်း ဘယ်လိုရှင်သန်ရမလဲဆိုတာကို မေ့မသွားစေနဲ့။ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့က အဓိကပဲ ဆိုတာကို မမေ့သွားစေနဲ့ ၊ ကိုယ့်ရဲ့မာနက လိုတာထက်ပိုလာရင် မကောင်းပေမဲ့ ကိုယ့်ကို
မထိခိုက်အောင်ကာကွယ်ပေးထားတဲ့အရာဆိုတာလည်း မှန်တယ်ဆိုတာကို မမေ့သွားစေနဲ့။

ပြဿနာတွေကို တစ်ယောက်တည်းဖြေရှင်းတတ်ဖို့ ၊
ရည်မှန်းချက်တွေ ပြည့်အောင်တစ်ယောက်တည်း ကြိုးစားတတ်ဖို့ ၊ ထမင်းတစ်ယောက်တည်းစားတတ်ဖို့
ရုပ်ရှင်တစ်ခုကို တစ်ယောက်တည်းကြည့်တတ်ဖို့ မမေ့သွားစေနဲ့ ။

မေ့သွားခဲ့ရင် မလုပ်နိုင်ဘူးလို့ထင်လာလိမ့်မယ်၊ တစ်ယောက်တည်းဖြတ်သန်းဖို့ရာ ကြောက်စရာကောင်းတယ်လို့ထင်လာလိမ့်မယ်၊ သင့်ကိုယ်သင်ယုံကြည်မှု ကျဆင်းလာလိမ့်မယ်။ ဒါကြောင့် သင့်ဘဝမှာ သင်ကိုယ်သင်နဲ့ သင်နဲ့ကသာ သူငယ်ချင်းပဲ ၊ချစ်သူပဲ၊မိသားစုပဲဆိုတာကိုလည်း မမေ့သွားစေနဲ့။ တခြားလူတွေရှိလိမ့်မယ် ဒါပေမဲ့ သင်ကိုယ်တိုင်ကသာ အရင်ပဲ အဓိကပဲ ။

ဘယ်သူမှမရှိတာမဟုတ်ဘူး ။ ဘယ်သူ့ကိုမှမမှီခိုရဘူး ဘဝကြီးကို တစ်ယောက်တည်းသာ ရင်ဆိုင်ကွာလို့လည်း ပြောတာမဟုတ်ဘူး ဒါပေမဲ့ တစ်ယောက်တည်း နေထိုင်တတ်ဖို့ကို မေ့မသွားစေနဲ့၊ ဒါတကယ်
အကြံပေးတာ။

ကျွန်တော်တို့အားလုံးမှာ ကျွန်တော်တို့တစ်ယောက်လုံး ရှိနေသေးတာကိုကော၊ တစ်ယောက်တည်းဆိုလည်း ဘာမဆိုလုပ်နိုင်တယ်၊ ဘယ်အရာမဆို ကောင်းကောင်းကျော်ဖြတ်နိုင်တယ်ဆိုတာကို မမေ့သွားစေနဲ့။



အမျိုးသမီးတစ်ယောက်ရဲ့တန်ဖိုး -စာအုပ်မှ

ဘယ်လောက်ပဲ ခင်မင်ပါစေ ဒီစကား ၈ခွန်းကိုတော့ မပြောပါနဲ့။ပြောရင် ကိုယ့်အတွက် ဘာအကျိုးမှ မရှိဘဲ အခန့်မသင့်ရင် ဒုက္ခရောက်စေပါ...
27/04/2026

ဘယ်လောက်ပဲ ခင်မင်ပါစေ ဒီစကား ၈ခွန်းကိုတော့ မပြောပါနဲ့။
ပြောရင် ကိုယ့်အတွက် ဘာအကျိုးမှ မရှိဘဲ အခန့်မသင့်ရင် ဒုက္ခရောက်စေပါတယ်။
တစ်သက်လုံး ရင်ထဲ သိမ်းထားရမယ့်အချက်တွေ ဖြစ်တယ်။

1) အဆင်မပြေကြောင်း မညည်းပါနဲ့

ဘယ်လောက်ပဲ အဆင်မပြေ ဖြစ်နေပါစေ မညည်းပြနဲ့။
ဆင်းရဲဒုက္ခတွေကို အလွယ်တကူ
မပြောနဲ့။မင်းညည်းပြလည်း
ဒီအရာတွေ အဆင်ပြေသွားတာ
မဟုတ်ဘူး။နောက်ပြီး လူတွေ မင်းကို ကူညီလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ခက်ခဲတဲ့အချိန်မှာ ပိုပြီးသန်မာရပါတယ်။

2) မင်းရဲ့အားနည်းချက်ကို မသိစေနဲ့

မင်းရဲ့အားနည်းချက်က ဘာလဲဆိုတာ မသိစေနဲ့။ယုံကြည်ပြီး ပြောလိုက်မှ ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးသူ ဖြစ်နေတတ်တယ်။ဒီအရာတွေကို အသုံးပြုပြီး ကိုယ့်ကို အောက်ဆုံးထိရောက်အောင် ထိုးနှက် တတ်ကြတယ်။လူတွေရဲ့စိတ်က
သိပ်ကြောက်စရာကောင်းပါတယ်။

3) မင်းရဲ့အိမ်တွင်းရေးကို မပြောပြနဲ့

ဒီအချက် အတော် အရေးကြီးတယ်။အိမ်မှာ ဘယ်လောက်ပဲ အဆင်မပြေ ဖြစ်နေပါစေ။
အများရှေ့မှာ အဆင်ပြေတဲ့ပုံ ပြရတယ်။အိမ်မှာ ဖြစ်ခဲ့သမျှ အတွင်းကျကျ အကုန်မပြောရဘူး။
အိမ်တွင်းရေးနဲ့ပတ်သက်ပြီး ရင်မဖွင့်ပါနဲ့။လူတွေရဲ့ဟားတိုက်လှောင်ပြောင်ခြင်းပဲ ခံရလိမ့်မယ်။

4) ကိုယ့်စီးပွါးရေးလမ်းကြောင်း
အကုန်မပြောပါနဲ့

လူ့စိတ်ဆိုတာ မနာလိုဖို့ အလွယ်ဆုံးပဲ။
ဝေမျှ ပြောပြလို့ရတယ်။ဒါပေမယ့် အကုန်မပြောရဘူး။မထင်ရင် ကိုယ့်လမ်းကြောင်းကို ပိတ်တတ်တယ်။
ကိုယ့်အတွက် အသက်ရှင်လမ်း ချန်ထားရတယ်။

5) အတင်းမပြောနဲ့

လူတွေ ကောင်းကောင်းဆိုးဆိုး
အတင်းမပြောပါနဲ့။
မဝေဖန်ပါနဲ့။အတင်းပြောမယ့်အစား ကိုယ့်ဘဝ တိုးတက်ရေးကိုပဲ
အာရုံစိုက်ပါ။လုပ်ဆောင်ပါ။
အတင်းပြောခြင်းက စိတ်အကြည်ဓာတ် ပျောက်စေတယ်။
လူတွေ ကောင်းလည်း ကိုယ်နဲ့မဆိုင်သလို လူတွေ မကောင်းလည်း
ကိုယ်နဲ့မဆိုင်ပါ။ကိုယ့်လမ်းကို လျှောက်။ကိုယ့်အလုပ်ကို လုပ်ပါ။

6) စကားပြောတာ သတိထားပါ

ပါးစပ်ပါတိုင်း ပြောရတာမဟုတ်ဘူး။စကားဆိုတာ ပြောသင့် မပြောသင့်ရှိပါသေးတယ်။
ပါးစပ်စည်း စောင့်ပါ ပြောရင်
ပိုမှန်ပါတယ်။စကားနည်းလေ အမှားနည်းလေ။များများနားထောင်ပြီး နည်းနည်းပြောပါ။

7) ကြွားဝါခြင်း မလုပ်နဲ့

ကိုယ့်မှာ ဘယ်လောက်ရှိကြောင်း၊
ဘယ်လောက်သုံးနိုင်ကြောင်း
မပြောရဘူး။မကြွားရဘူး။
တကယ်ရှိတဲ့လူတွေက မကြွားတတ်ဘူး။ကိုယ့်မှာ ရှိရင်လည်း တိတ်တိတ်နေပါ။ကိုယ့်မှာ မရှိလည်း တိတ်တိတ်လေး နေပါ။ဒါအကောင်းဆုံး ဘဝ
နေထိုင်နည်းပါပဲ။

8)အချိန်မီ နောက်ပြန်လှည့်ပါ

လျှောက်တဲ့လမ်း မှားနေတယ်သိရင်
ချက်ချင်းနောက်ပြန်လှည့်ပါ။
ပေကပ်ပြီး အဆုံးထိ မလျှောက်ရဘူး။မှားချစ်မိရင် ကိုယ့်မေတ္တာတွေကို အချိန်မီ ပြန်လည်ရုတ်သိမ်းပြီး
နောက်ကို ခြေလှမ်းတစ်လှမ်း ဆုတ်ပြီး ပြန်လှည့်ထွက်ပါ။
လမ်းဆိုတာ အဆုံးထိ လျှောက်ရတယ်။ဒါပေမယ့် လမ်းမှားကို မဆိုလို။
ချစ်ရင် တစ်သက်လုံးချစ်ရတယ်။
ဒါပေမယ့် မကောင်းတဲ့လူကို မဆိုလို။

ဘဝနေနည်း ၈ နည်းပါ။
ကိုယ်တိုင်လည်း ကြိုးစားပြုပြင်
နေပါတယ်။
အားလုံးအတွက် အကျိုးရှိစေမယ်လို့ မျှော်လင့်ပါတယ်။

#နူးနူးအောင်

ကလေးဘဝတုန်းက ပိုက်ဆံကောက်ရရင်ကံအကောင်းဆုံးပဲလို့ တွေးဖူးတယ်။ခုအရွယ်ရောက်လာတော့ မညည်းမညူကိုယ့်လက်ကို တင်းကျပ်စွာ ဆုပ်ကိုင...
27/04/2026

ကလေးဘဝတုန်းက ပိုက်ဆံကောက်ရရင်
ကံအကောင်းဆုံးပဲလို့ တွေးဖူးတယ်။

ခုအရွယ်ရောက်လာတော့
မညည်းမညူ
ကိုယ့်လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး
ဘဝခရီးလမ်းကို အတူတူလက်တွဲမဲ့လူမျိုး
ပိုင်ဆိုင်ရရင်ကို ကံအကောင်းဆုံးပဲလို့ခံစားမိလာတယ်။

ဒါကြောင့် ငယ်ဘဝမှာ ချိုချဉ်စားရတာပိုက်ဆံလေး တစ်ရာလောက် ကောက်ရတာက
ကံကောင်းခြင်းတစ်မျိုးဖြစ်ပြီး ကြီးလာတဲ့အခါကျ လူသားဆန်တဲ့လက်တွဲဖော်မျိုး ပိုင်ဆိုင်ခွင့်
ရတာက ကံကောင်းခြင်းတစ်မျိုးဖြစ်တယ်။

ကံကောင်းတယ်ဆိုမှတော့ လူလည်း အလိုလို
ပျော်ရွှင်လာပါတယ်။ကံကောင်းခြင်းနောက်ကွယ်မှာ
ပျော်ရွှင်ခြင်းလေး ကပ်ပါနေတယ်။

ဘဝမှာလေ စိတ်ပင်ပန်းလာတဲ့အခါ မင်းအနားမှာ
ကိုယ်ရှိတယ်နော် ပြောပြီး မှီစရာပခုံးတစ်စုံ
အဖြစ်ရှိနေပေးတာက ကံကောင်းခြင်းတစ်မျိုး
ပဲနော်။အဲဒီပခုံးတစ်စုံက သင့်ဒဏ်ရာတွေကို
ကုစားပေးတယ်။နှစ်သိမ့်ပေးတယ်။နွေးထွေးစေတယ်။ဒါကြောင့် ဒဏ်ရာတွေ
သက်သာစေမဲ့ ပခုံးတစ်စုံတော့ ဘဝမှာ ရှိဖို့လိုပါမယ်။

#စိတ်အကြည်ဓာတ်ရရှိပါစေ
#နူးနူးအောင်

Friend Zone ဆိုတာ တကယ်ရှိတယ်...။စကားတွေကို ထိန်းပြောစရာမလိုတဲ့ ဆက်ဆံရေးတစ်ခုဟာ ပျော်စရာကောင်းတယ်။ခံစားချက်တွေကို စိတ်လွတ...
25/04/2026

Friend Zone ဆိုတာ တကယ်ရှိတယ်...။

စကားတွေကို ထိန်းပြောစရာမလိုတဲ့ ဆက်ဆံရေးတစ်ခုဟာ ပျော်စရာကောင်းတယ်။

ခံစားချက်တွေကို စိတ်လွတ်လက်လွတ် ပြောပြလို့ရမဲ့ဆက်ဆံရေးမျိုး။

အခြားသူတွေထက် ကိုယ့်ကိုပိုပြီး နားလည်ပေးနိုင်တဲ့ သူငယ်ချင်းတွေပေါ့။

အရာအားလုံးထက်ပိုပြီး ကိုယ့်ကို ပိုဦးစားပေးတတ်တဲ့သူငယ်ချင်းမျိုး။

အားလပ်ချိန်မှာ အနာဂတ်ကိစ္စတွေတိုင်ပင်မယ်။
ခရီးတွေအတူတူသွားဖို့ ပိုက်ဆံတွေစုမယ်
ပြီးရင် ခရီးအတူတူသွားကြမယ်။

ရိုးသားခြင်းအပြည့် ဖြူစင်ခြင်းပကတိနဲ့
ခင်မင်ရင်းနှီးကြတယ်။
ဒုတိယမိသားစုဆိုလည်း မှားမယ် မထင်ဘူး။

သူငယ်ချင်းဆိုပေမဲ့ သူငယ်ချင်းထက်ပိုတဲ့ သံယောဇဉ်တွေရှ်ိကြတယ်။

စကားတွေပြောဖြစ်ကြတယ် ဟာသတွေပြောရင်း ရယ်မောကြတယ်။

တစ်ယောက်နဲ့တစ်ယောက် အပေါ်ယံသာ မ ကော င်း ဘူးပြောနေပေမဲ့ ရင်ထဲမှာ အချစ်တွေပိုကြတယ်။

ဘယ်လောက်ချောချော "ငါ့သူငယ်ချင်း ချောတယ်"လို့တော့ ယောင်လို့တောင်မပြောကြဘူး 😂

အပြင်တွေအတူတူသွားကြတယ်
မုန့်တွေအတူတူစားကြမယ်

အပြန်အလှန် ဓါတ်ပုံတွေရိုက်ကြမယ်
ပြီးရင် ပုံတွေက မ လှ ဘူးလို့ ပြောကြတယ်😂

ငါတို့ရဲ့ သူငယ်ချင်းဆိုတဲ့ကမ္ဘာသာ အအေးချမ်းဆုံးနဲ့ ပျော်စရာအကောင်းဆုံးပါဘဲ။

Friend Zone ဟာ ချစ်သူထားရခြင်းထက်ပိုပြီး ပျော်စရာကောင်းတယ်။

လိုအပ်သမျှ မဖြစ် ဖြစ်အောင် ဖြည့်ဆည်းပေးကြတယ် ကူညီပေးကြတယ်။

အဲ့လိုမျိုး Friend Zone တွေ တကယ်ရှိတယ်။

#ပိုမိုကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်ဖို့ စာအုပ်
#သဟာဆွေလှိုင်း

ကိုယ့်ဘဝက ကိုယ့်လက်ထဲမှာပါ💜🌻 #စာမြည်း
25/04/2026

ကိုယ့်ဘဝက ကိုယ့်လက်ထဲမှာပါ💜🌻

#စာမြည်း

စာဖတ်တဲ့သူတွေက စကားပြောလို့ကောင်းတယ်....စာဖတ်တဲ့သူတွေ စကားပြောရင် တည်ငြိမ်တယ်...။သူတို့ပြောတဲ့စကားလုံးတိုင်းက စိတ်ဝင်စား...
18/04/2026

စာဖတ်တဲ့သူတွေက စကားပြောလို့ကောင်းတယ်....
စာဖတ်တဲ့သူတွေ စကားပြောရင် တည်ငြိမ်တယ်...။

သူတို့ပြောတဲ့စကားလုံးတိုင်းက စိတ်ဝင်စားစရာကောင်းတယ်...။

သူတို့စကားပြောနေတဲ့အခါ ဆွဲဆောင်မှုရှိတယ်
တစ်ဖက်သားကို ငြိမ်ပြီး စိတ်ဝင်စားစေတဲ့အထိ စကားပြောကောင်းကြတယ်... ။

သူတို့နဲ့ တိုင်ပင်လို့ရတယ်
သူတို့က အရာရာကို အဘက်ဘက်ကနေ သုံးသပ်ပေးနိုင်တယ်...
အကြံပေးနိုင်တယ်...။

သူတို့က အေးချမ်းတယ်
သူတို့မျက်နှာက အမြဲ ကြည်လင်နေတယ်...။

သူတို့ကို ကြည့်ရတာ Sweet ဖြစ်တယ် ဆက်ဆံရေးတိုင်းမှာလည်း Solid ဖြစ်တယ်...။

အပူအပင်မရှိသလိုနဲ့ ပူပင်စရာမှန်သမျှကို အပြုံးနဲ့ ဖုံးကွယ်ထားကြလေရဲ့...။

အပေါင်းအသင်း သူငယ်ချင်းတွေထဲမှာ စာဖတ်တဲ့သူရှိရင် သင်ဟာ သိပ်ကို ကံကောင်းတာပါ...။

စာဖတ်တဲ့သူနဲ့ ခင်မင်ရတာက
ကံအကောင်းဆုံးမဟုတ်လား...။

တစ်ခါတစ်လေ စကားပြောရင်း သူတို့ဖတ်ဘူးတဲ့အကြောင်းအရာလေးတွေ ပြန်ပြောပြတယ်...။

စာဖတ်တဲ့သူနဲ့ စကားပြောရတာ စိတ်ကြည်လင်တယ် ဗဟုသုတလည်းရတယ်

တစ်ခါတစ်လေ ကိုယ်ဝမ်းနည်းနေရင်လည်း နှစ်သိမ့်ပေးကြသေးတယ်...။

တစ်ခြားသူတွေထက်တော့...
စာဖတ်တဲ့သူတွေက စကားပြောလို့ကောင်းတာကို လက်ခံရမယ်...။

စာဖတ်တဲ့သူနဲ့ စကားပြောရတာ အရမ်းကိုကျေနပ်စရာကောင်းတယ်...။

တကယ်ပါ... စာဖတ်တဲ့သူတွေက စကားပြောလို့ကောင်းတယ်...။

#မူရင်းရေးသာသူကိုခရေးဒစ်ပေးပါတယ်
#လူငယ်တွေအောင်မြင်ဖို့
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#ဘဝစာပေ

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Mandalay Book Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category