Hello July Online Shopping Mdy

Hello July Online Shopping Mdy ဘဝမှာ စိတ်ချမ်းသာစရာကိစ္စတွေပဲ ရှိချင်တော့တယ် 🥰🤩

လုံးဝကို မယူတော့ဘူး 😁🤣
16/10/2025

လုံးဝကို မယူတော့ဘူး 😁🤣

 ျို့တဲ့ခြင်း
14/10/2025

ျို့တဲ့ခြင်း

💠G6PDချို့တဲ့ခြင်း (G6PD Deficiency) အကြောင်းသိကောင်းစရာ

G6PD ရဲ့ နာမည်အရှည်ကတော့ Glucose-6-Phosphate-Dehydrogenase Enzyme ဖြစ်ပါတယ်။ G6PD ချို့တဲ့ခြင်းကိုတော့ G6PD Deficiency လို့ခေါ်ပါတယ်။ G6PD ချို့တဲ့ခြင်းဟာ အဖြစ်အများဆုံး သွေးနီဥနဲ့ဆိုင်တဲ့ Enzyme ချို့တဲ့ခြင်းဖြစ်ပြီး ကမ္ဘာပေါ်မှာရှိတဲ့လူသန်းပေါင်း ၄၀၀ ခန့်မှာ G6PD deficiency ရှိပါတယ်။

💠G6PD ဆိုတာဘာလဲ?

G6PD ဆိုတာ Enzyme တစ်ခုပါ။ ပုံမှန်ဆိုရင် G6PD enzyme ဟာ လူတွေမှာအလုံအလောက်ရှိနေရမှာဖြစ်ပြီး သူ့ရဲ့တာဝန်ကသွေးနီဥတွေကို ဓာတ်တိုးပစ္စည်းတွေရဲ့ ဘေးအန္တရာယ်ကနေကာကွယ်ပေးတာပါ​။ သွေးနီဥတွေ သက်တမ်းစေ့နေနိုင်အောင် ကာကွယ်ပေးပါတယ်။

သွေးနီဥဆိုတာကတော့ ကိုယ်ခန္ဓာကို အောက်ဆီဂျင်တွေရောက်ရှိအောင်လုပ်ဆောင်ပေးပါတယ်။ G6PD ချို့တဲ့တဲ့အခါ သွေးနီဥတွေကို free radical လို့ခေါ်တဲ့ဓာတ်တိုးပစ္စည်းတွေက ဖျက်ဆီးလိုက်နိုင်ပါတယ်။ ဒါကြောင့် သွေးနီဥတွေ ပေါက်ကွဲပျက်စီးနိုင်ပါတယ်။ ဆီးမည်းမည်းတွေသွားပြီး ကလေးကချက်ချင်းဖြူဖျော့သွားတာမျိုးရှိပါတယ်။

မိဘတွေပြောလေ့ရှိတဲ့စကားရှိပါတယ်။ ကျွန်တော်တို့ကလေးက G6PD ရှိတယ်ဆိုပြီးပါ။ တကယ်တော့ G6PD Deficiency ရှိတယ် သို့မဟုတ် G6PD ချို့တဲ့နေတယ်ဆိုပြီးပြောရမှာပါ။

G6PD ချို့တဲ့ခြင်းဟာ ယောကျာ်းလေးမှာအဖြစ်များပါတယ်။ Genetic disorder လို့ခေါ်တဲ့ မျိုးဗီဇဆိုင်ရာ ချို့ယွင်းမှုကြောင့်ဖြစ်ပါတယ်။ X chromosome မှာ mutation လို့ခေါ်တဲ့ ထွန်းခြင်း ဖြစ်ပေါ်နေတာကို မျိုးရိုးလိုက် လက်ဆင့်ကမ်းလာတာမျိုးပါ။

💠G6PD ချို့တဲ့ခြင်း​၏လက္ခဏာများ

G6PD ချို့တဲ့တဲ့လူနာများမှာ မတည့်တာနဲ့မတွေ့မချင်း လက္ခဏာမပြတာများပါတယ်။ G6PD ချို့တဲ့တဲ့မွေးကင်းစကလေးများမှာတော့ အသားဝါခြင်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

မတည့်တဲ့အစားအစာ၊ ဆေးဝါး တိုက်ကျွေးမိရင် သို့မဟုတ် ရောဂါပိုးတစ်ခုခုဝင်ရင် သွေးနီဥပျက်စီးပြီး သွေးအားနည်းခြင်းမျိုးဖြစ်တတ်ပါတယ်။

လက္ခဏာများအနေနဲ့

နှလုံးခုန်မြန်ခြင်း
မောခြင်း
ဆီးအရောင်ရင့်ခြင်း/ဆီးမည်းမည်းသွားခြင်း
​ဖျားခြင်း
နုံးခြင်း
မူးဝေခြင်း
ဖြူဖျော့ခြင်း
အသားဝါခြင်း စတဲ့လက္ခဏာများတွေ့ရနိုင်ပါတယ်။

💠G6PD ချို့တဲ့ခြင်းဖြစ်နိုင်ခြေများသူများကတော့

အမျိုးသားများ
အာဖရိကန်လူမျိုးများ
အရှေ့အလယ်ပိုင်းဒေသမှဆင်းသက်သူများ
G6PD ချို့တဲ့ခြင်းမျိုးရိုးရှိသူများ ပဲဖြစ်ပါတယ်။

💠G6PD ချို့တဲ့ခြင်းရှိမရှိဘယ်လိုသိရှိနိုင်မလဲ?

ခုနောက်ပိုင်းမှာတော့ မွေးကင်းစကလေးများအသားဝါရင် G6PD ချို့တဲ့မှုကြောင့်ဟုတ်မဟုတ် သိရအောင် သွေးဖောက်စစ်ဆေးကြပါတယ်။ ဒီလို blood test ကနေတဆင့်သိရှိနိုင်ပါတယ်။ မလိုအပ်ရင်တော့ မစစ်ပါဘူး။

-မွေးကင်းစကလေးအသားဝါခြင်းဟာ Phototherpy ပေးသော်လည်း အဝါဓာတ်မလျော့သေးတဲ့အခါမျိုး

-မိသားစုထဲမှာ G6PD ချို့တဲ့သောရောဂါရာဇဝင်ရှိတဲ့အခါ

-တောင်ကြီးပဲလှော်လိုအစားအစာ၊ Sulphur ပါတဲ့ဆေးဝါး တိုက်ကျွေးပြီးရင်/ ပရုတ်လုံးလိုအရာတွေနဲ့ထိတွေ့ပြီးရင် ကလေးနဲ့မတည့်ဘဲသွေးနီဥပျက်စီးမှုဖြစ်တဲ့အခါမျိုးမှာ G6PD Deficiency ရှိမရှိစစ်ဆေးကြပါတယ်။

💠G6PD ချို့တဲ့မှုအဆင့်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးဖြစ်တဲ့ WHOက G6PD ပြောင်းလဲမှုမျိုးကွဲများကို အဆင့်၅ဆင့်သတ်မှတ်ထားပါတယ်။

Class I - G6PD ချို့တဲ့မှုပြင်းထန်သူ (enzyme 10% အောက်သာ အလုပ်လုပ်သူ)

Class II - G6PD ချို့တဲ့မှုပြင်းထန်သူ (သွေးအားနည်းမှုဖြစ်လိုက်ပျောက်လိုက်ရှိနေသူ၊ enzyme 1-10 % သာ အလုပ်လုပ်သူ)

Class III - G6PD ချို့တဲ့မှု အလယ်အလတ်ပြင်းထန်သူ ( သွေးအားနည်းမှုဖြစ်လိုက်ပျောက်လိုက်ရှိနေသူ၊ enzyme 10-60 % အလုပ်လုပ်သူ)

Class IV - G6PD ချို့တဲ့မှုမရှိသူ ( enzyme 60-150% အလုပ်လုပ်သူ)

Class V - Enzyme အလုပ်လုပ်မှုများနေသူ (>150%ကျော် activity ရှိသူ)

💠ကုသနည်း

G6PD ချို့တဲ့ခြင်းဟာ မွေးရာပါရောဂါမို့ပျောက်ကင်းအောင်ကုသလို့မရပါ။ ကာကွယ်တဲ့နည်းလမ်းကတော့ မတည့်တဲ့အစားအစာတွေနဲ့ ဆေးဝါးတွေကို မှတ်သားပြီးရှောင်ကြဉ်တာဟာ ကာကွယ်ရာရောက်သလို ကုသရာပါရောက်ပါတယ်။ မတည့်တာတစ်ခုခုစားမိပြီး သွေးနီဥပေါက်ကွဲခြင်းဖြစ်ရင်တော့ အမြန်ဆုံးဆေးရုံပြရပါမယ်။

💠G6PD ချို့တဲ့မှုရှိတဲ့ကလေးများ ရှောင်ကြဉ်ရမည့် အစားအစာများ/ဆေးဝါးများ

အစားအစာ

* Fava Beans (တောင်ကြီးပဲ)

ဆေးဝါးများ

* 2-Naphthol
* Acetylphenylhydrazine
* Aldesalfone Sodium
* Arsine
* Ascorbic acid
* Beta Naphthol
* Brizolamide
* Bupivacaine
* Ciprofloxacin
* Dapsone
* Diethylamine
* Dimenidrinato
* Dimercaprol
* Dorzolamide
* Enoxacin
* Furazolidone
* Gliclazide
* Glimeripride
* Glipizide
* Glucosulfone
* Hydroxychloroquine
* Lomefloxacin
* Mefloquine
* Menadione
* Menadione sodium bisulfite
* Methylene blue
* Naphtalene,Pure
* Niridazole
* Nitric oxide
* Nitrofural
* Nitrofurantoin
* Nitroglycerin
* Noramidopyrine
* O-Acetylsalicylic acid + Ascorbic Acid
* O-Acetylsalicylic acid +Paracetamol
* Pamaquine
* Pefloxacin
* Pentaquine
* Phynylhydrazine
* Pipemidic acid
* Probenecid
* Primaquine
* Quinidine+Phynylhydrazine
* Sodium Nitroprusside
* Spiramycin
* Stibophen
* Sulfacetamide
* Sulfadimidine
* Sulfamethoxazol
* Sulfanilamide
* Sulfapyridine
* Sulfasalazine
* Thiamphenicol
* Tolonium chloride
* Trimethoprim+Sulfamethoxazole

အထက်ပါဆေးဝါးများဟာ G6PD Deficiency Association မှထုတ်ပြန်ထားတဲ့ G6PD ချို့တဲ့သူများအားလုံးအတွက် high risk ဖြစ်တဲ့ ရှောင်သင့်တဲ့ဆေးဝါးတွေဖြစ်ပါတယ်။ Medium Risk ဖြစ်တဲ့ဆေးဝါးတွေရှိနေပါသေးတယ်။

ဒါပေမယ့်အထက်ပါဆေးဝါးများ အများစုဟာ ဆရာဝန်ညွှန်ကြားနဲ့မှသာပေးတဲ့ဆေးတွေဖြစ်ပါတယ်။ OTC drugs လို့ခေါ်တဲ့ မိမိဘာသာ ဆေးကောင်တာမှာဝယ်နိုင်တဲ့ဆေးတွေမပါတာများပါတယ်။ ဒါကြောင့် စိတ်ပူစရာအများကြီးမလိုဘူးလို့ပြောတာဖြစ်ပါတယ်။ မိဘများအနေနဲ့ မိမိရဲ့ကလေးကို ဆေးခန်းပြတဲ့အခါ G6PD ချို့တဲ့ကြောင်း ဆရာဝန်ကိုပြောပြဖို့လိုအပ်ပါတယ်။

💠G6PD ချို့တဲ့မှုနဲ့ပတ်သက်ပြီး အမေးများသောမေးခွန်းများ

▪️G6PD ချို့တဲ့သောကလေးငယ်တွေမှာ ကာကွယ်ဆေးထိုးလို့ရမရ?

G6PD ချို့တဲ့သော ကလေးငယ်တိုင်းဟာ National Immunization Program (အမျိုးသားကာကွယ်ဆေးထိုးဆေးတိုက်အစီအစဉ်)မှာပါတဲ့ သူတို့ထိုးရမယ့်ကာကွယ်ဆေးအားလုံးနဲ့တည့်ပါတယ်။ စိတ်ချလက်ချထိုးနိုင်ပါတယ်။

▪️G6PD ချို့တဲ့တာကို ပထမတစ်ကြိမ်စစ်ပြီးရင်ပြန်စစ်ဖို့လိုလား?

ကလေးငယ်ရဲ့ကျန်းမာရေးအခြေအနေအရ အဖြေမသေချာနိုင်တဲ့အခြေအနေမျိုးဆိုရင် နောက်တစ်ကြိမ်ပြန်စစ်ရပါတယ်။ ၄ပတ်မှ ၆ပတ် သို့မဟုတ် ၂လအကြာမှာပြန်စစ်တာမျိုးရှိကောင်းရှိနိုင်ပါတယ်။ဒါကို ဆရာဝန်များကဆုံးဖြတ်ရပါတယ်။ ဒါသည်လည်း ကလေးငယ်မှာဖြစ်နေတဲ့ ကျန်းမာရေးအခြေအနေအရ G6PD ချို့တဲ့တာကို ချို့တဲ့မှုမရှိဘူးလို့ထွက်လာမှာစိုးလို့ပါ။ အဖြေသည် ဆရာဝန်က confirm လို့ပြောရင် တစ်သက်လုံးအတွက် confirm ဖြစ်ပါတယ်။

▪️G6PD ချို့တဲ့တဲ့ကလေးဟာ ပုံမှန်လူလိုပဲနေနိုင်မှာလား? စိုးရိမ်ရလား?

ကလေးတွေအတွက်သတိထားရှောင်ကြဥ်ရမယ့်အစားအစာနဲ့ဆေးဝါးတွေကို လိုက်နာပေးရင် ကျန်းမာသောဘဝကိုပုံမှန်အတိုင်းနေနိုင်ပါတယ်။ အများကြီးထူးပြီး စိုးရိမ်ပူပန်စရာ၊ ဝန်ထုပ်ဝန်ပိုးဖြစ်စရာမရှိပါဘူး။ ရောဂါပြင်းထန်မှုလည်း G6PD ချို့တဲ့တဲ့ကလေးတိုင်းမတူနိုင်ပါဘူး။ ဒါကြောင့်လွန်ကဲစွာစိုးရိမ်ပူပန်စရာမလိုပါဘူး။

▪️ကလေးနဲ့မတည့်တဲ့ပရုပ်လုံးကိုလူကြီးရောသုံးလို့ရလား?

ကလေးကိုအနီးကပ်ပြုစုထိန်းကျောင်းတဲ့ လူကြီးတွေကတော့ ပရုပ်လုံးမသုံးသင့်ပါဘူး။ ပရုပ်ဆီလည်းမသုံးသင့်ပါဘူး။

▪️ကလေးကို ကျွေးဖို့ ပဲအမျိုးအစားအကုန်လုံးရှောင်ရမှာလား?

အဓိကရှောင်ရမှာကတော့ ပဲကြား၊တောင်ကြီးပဲဖြစ်ပါတယ်။ အချို့သောကလေးများကတော့ ပဲပိစပ်မတည့်ပါဘူး။ တခြားသောပဲ (ဥပမာ ပဲနီလေး၊ စားတော်ပဲ၊ ကုလားပဲ ကျွေးချင်ရင် ကျွေးကြည့်နိုင်ပါတယ်။) ဒါပေမယ့် Hemolysis သွေးနီဥပြိုကွဲခြင်းဖြစ်တဲ့လက္ခဏာများဖြစ်တဲ့ ဖြူဖျော့ခြင်း၊ ဆီးအရောင်ရင့်ခြင်းများဖြစ်ရင်တော့ ဆေးရုံပြရပါမယ်။

​▪️G6PD ချို့တဲ့သောကလေးဟာ အပြင်စာတွေနဲ့တည့်လား?

ဆိုးဆေးတွေပါနိုင်တဲ့အစားအစာများ၊ အရောင်ဆိုးထားသောအသီးခြောက်၊ဟင်းသီးဟင်းရွက်ခြောက်များမကျွေးသင့်ပါဘူး။

▪️G6PD ချို့တဲ့တာက ပြန်ကောင်းမှာလား?

G6PD ချို့တဲ့ခြင်းဟာ Genetic disorder လို့ခေါ်တဲ့ မျိုးဗီဇဆိုင်ရာ ချို့ယွင်းမှုကြောင့်ဖြစ်ပါတယ်။ X chromosome မှာ mutation လို့ခေါ်တဲ့ ထွန်းခြင်း ဖြစ်ပေါ်နေတာကို မျိုးရိုးလိုက် လက်ဆင့်ကမ်းလာတာမျိုးပါ။ ကလေးအထူးကုဆရာဝန်က သေချာတယ် G6PDချို့တဲ့တယ်လို့ပြောရင် ပြန်စစ်စရာမလိုပါဘူး။ တစ်သက်လုံးချို့တဲ့မှာဖြစ်ပါတယ်။

▪️ကလေးမှာ G6PD ချို့တဲ့မှုမဖြစ်အောင် ကိုယ်ဝန်ဆောင်မိခင်ကရော ဘာတွေဆောင်ရရှောင်ရမလဲ?

အထက်မှာပြောထားသလို မျိုးဗီဇကြောင့်ဖြစ်တဲ့အခြေအနေမို့ မိခင်အနေနဲ့ ဘာမှလုပ်လို့မရပါဘူး။ အစားအသောက်ရှောင်လို့ G6PD ကိုလည်းမကာကွယ်နိုင်ပါဘူး။ အချို့သော တိုင်းရင်းဆေးတွေကတော့ သွေးနီဥပေါက်ကွဲခြင်းကိုဖြစ်စေတတ်လို့ ကိုယ်ဝန်ဆောင်မိခင်တွေကိုရှောင်ခိုင်းတာပါ။

🔶ကလေးမှာ G6PD ချို့တဲ့မှုပါလာတယ်ဆိုတာ ရောဂါတစ်ခုမဟုတ်ပါဘူး။ Enzyme ဓာတ်တစ်ခု ချို့တဲ့ရုံပဲဖြစ်တဲ့အတွက် အကြံပြုချက်တွေကို အတတ်နိုင်ဆုံး လိုက်နာသွားမယ်ဆိုရင် လုံလောက်ပါပြီ။

ဒါဆိုရင်တော့ G6PD ချို့တဲ့တယ်ဆိုတာဘာလဲနဲ့ ဆောင်ရန်၊ရှောင်ရန်လေးတွေကို သိရှိသွားပြီလို့ထင်ပါတယ်ရှင်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။


ျို့တဲ့ခြင်း

ဈေးမရောင်းဖြစ်သေးတော့ ဒီpage ကနေ ဒေါ်လှဝင်အောင် post တွေပဲ ထိုင်တင်နေရတော့မလားပဲ ဘာမှမလုပ်ရပဲနဲ့ star တွေဘာတွေ ပွင့်လို့
14/10/2025

ဈေးမရောင်းဖြစ်သေးတော့ ဒီpage ကနေ ဒေါ်လှဝင်အောင်
post တွေပဲ ထိုင်တင်နေရတော့မလားပဲ
ဘာမှမလုပ်ရပဲနဲ့ star တွေဘာတွေ ပွင့်လို့

14/10/2025

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

Bp serum ခရမ်းချဉ်သီးရောက်ပီPrice - 8000အခုလို နွေရာသီမှာ gel type ဖြစ်တဲ့ BP Serumလို lotionတွေပဲ လိမ်းနိုင်တော့တယ် လိမ...
22/11/2022

Bp serum ခရမ်းချဉ်သီးရောက်ပီ

Price - 8000

အခုလို နွေရာသီမှာ gel type ဖြစ်တဲ့ BP Serumလို lotionတွေပဲ လိမ်းနိုင်တော့တယ် လိမ်းလိုက်ရင်လဲ အေးအေးလေးနဲ့ lightweight ဖြစ်တယ်

BP Serum Lycopane Thai Bloggerတွေ Reviewsတွေနဲ့
အရမ်း ဟော့နေတဲ့ BP Serumလေး အနံ့နဲ့တင် မိုက်တယ်

မျက်နှာချည်းပဲ Skin Care ပီး Body ကို ပစ်မထားကြပါနဲ့နော် 😢

BP ကုမ္ဗဏီကထုတ်တာဆိုတော့နာမည်ကြီးပြီးသား စျေးလည်းအမြဲတန်တယ်လုံးဝကို Glow Skin ရပီး ဖြူကြည်လာမှာနော်

🍅 Tomato & တ်ထားတာဖစ်လို့ ခရမ်းချဥ်သီး အဆီအနှစ်တွေချည်းပဲ ရွှေမှုန်လေးတွေလဲ ပါတယ်

ခရမ်းချဥ်သီးက အသားရေလှစေတယ်ဆိုတာ သိတယ်ဟုတ်

🍃 အနံ့လဲ အရမ်းသင်းတယ် စားချင်စရာအနံ့လေး

ဘာကောင်းလဲ ဆို.... 👇👇

🔹 အသားဖြူမယ် အမဲစက်တွေသက်သာမယ်

🔹 အကြောပြတ်ရာတွေသက်သာမယ်

🔹အသားအရေ စိုပြည်ပီး Bright ဖစ်လာစေမယ်

📌 ဒီတိုင်းပဲလိမ်းလိမ်း Lotion နဲ့ပဲရောလိမ်း စိတ်ကြိုက်ဆွဲ😙

Serum Type မလို့ အသားထဲစိမ့်ဝင်လွယ်တယ်
တစ်ဘူးဆို ၃လလောက်လူးရလို့ save ဖြစ်တယ်နော်
( ချွေတာလို့ရ )

Lebelage Foam  (100ml)💫💦 သုံးရတာ ပိုကောင်းတဲ့ ရောက်ပါပြီရှင်🥰 ဈေးသက်သာပြီး Quality ကောင်းတဲ့ Korea brand ကို သုံးချင်ရင်...
22/11/2022

Lebelage Foam (100ml)
💫💦
သုံးရတာ ပိုကောင်းတဲ့
ရောက်ပါပြီရှင်🥰

ဈေးသက်သာပြီး Quality ကောင်းတဲ့ Korea brand
ကို သုံးချင်ရင်တော့
Lebelage တွေပဲရွေးနော် မျက်နှာသစ်ပြီးလဲချိန်စိုစိုအိအိလေးတွေ

လက်လီ - 5000

Lebelage Foam  (180ml)💫💦သုံးရတာ ပိုကောင်း ပိုတန်တဲ့ Sizeကြီးတွေ ရောက်ပါပြီရှင်🥰ဈေးသက်သာပြီး Quality ကောင်းတဲ့ Korea bran...
22/11/2022

Lebelage Foam (180ml)
💫💦သုံးရတာ ပိုကောင်း ပိုတန်တဲ့
Sizeကြီးတွေ ရောက်ပါပြီရှင်🥰

ဈေးသက်သာပြီး Quality ကောင်းတဲ့ Korea brand
ကို သုံးချင်ရင်တော့
Lebelage တွေပဲရွေးပါ 😘

မျက်နှာသစ်ပြီးရင် စိုစိုအိအိလေးတွေ ကျန်နေခဲ့မှာ
အမှန်အကန်နော်

လက်လီ- 8000

Cavier Perfume Lotion (200Ml)လက်လီ - 3200💖 ရေမွှေးသုံးစရာမလိုတော့လောက်အောင် အနံ့လေးသင်းပြီးဆွဲဆောင်မှုရှိနေစေဖို့ Cavier...
22/11/2022

Cavier Perfume Lotion (200Ml)

လက်လီ - 3200

💖 ရေမွှေးသုံးစရာမလိုတော့လောက်အောင် အနံ့လေးသင်းပြီးဆွဲဆောင်မှုရှိနေစေဖို့ Cavier Perfume Lotion လေး ညွှန်းပေးပါရစေနော်

💯စေးကပ်မှုမရှိဘဲ အသားအရေကိုနူးညံ့ချောမွေ့နေမှာ အသေချာပါဘဲ

👉ဒီLotion ကတော်တော်ကြီးကို မွှေးပါတယ် သူနဲ့ဆိုperfumeတွေbodymist တွေ မဖြန်းရင်တောင်ရပါတယ်သူနဲ့တင်လုံလောက်ပါတယ်

👉တနေကုန် သင်းသင်းလေးနဲ့ မွှေးနေတာပါBodywash-ရေချိုးပြီးရင်တောင်သူ့အနံလေးစွဲပြီးကျန်နေခဲ့ပါတယ်

👉တခုလောက်ပဲစမ်းသုံးကြည့်ပါ တနေကုန် မွှေးကြိုင်လန်းဆန်းနေလို့ ထပ်ခါထပ်ခါ သုံးချင်နေပါလိမ့်မယ် 💯

👉အရောင်ကလဲ2 ရောင်ရှိလို့ စိတ်ကြိုက်ရနံ့ရွေးယူရုံပဲနော်💯

Direct from Bkk

💙Aron Vitamin E Cream (ထိုင်းမိတ်စစ်စစ်)လက်လ​ီ-3500သွေးကြောလေးတွေ ဖျာနေအောင် အသားဖြူ ချင်ပါသလား? မျက်နှာတင်မက ၁ကိုယ်လုံး...
22/11/2022

💙Aron Vitamin E Cream (ထိုင်းမိတ်စစ်စစ်)

လက်လ​ီ-3500
သွေးကြောလေးတွေ ဖျာနေအောင် အသားဖြူ ချင်ပါသလား?
မျက်နှာတင်မက ၁ကိုယ်လုံးမှာရှိတဲ့ အမာရွတ်တွေ
ပျောက်ချင်ပါသလား?
အကြောပြတ်ဒဏ်ရာဒဏ်ချက်တွေကို ပျောက်ချင်ပါသလား
ဂျိုင်းတင်မက မဲနေတဲ့ အကြိုအကြားတွေကို ပြန်
ဖြူ ချင်ပါသလား?
ဝက်ခြံ၊ ဖုကြီးတွေ အမဲစက်တွေကိုရောပျောက်ချင်
ပါသလား?
ဗိုက်ကြောပြတ်နေလား?
ဟိုကြား၊ ဒီကြား မဲနေလားပြော😏
အသားရေ ဖြူ ဖွေးချင်လို့ lotion လေးလိုပဲလိမ်းလိမ်း💁
ကြိုက်တဲ့နေရာလိမ်း၊ လိမ်းတဲ့နေရာ ဖြူ တယ်နော်👍👍

Vitamin E အဓိကပါ၀င်တဲ့အတွက် လိမ်းလိုက်တာနဲ့ အသားအရေရဲ့ နူးညံ့မှု နဲ့ စိုပြည် မှုကိုဖြစ်စေပါတယ်.
ခြောက်သွေ့ခြင်း အသားအရောင်မညီညာခြင်း အမဲအစက် အပြောက်များရှိခြင်း အမာရွတ်များရှိခြင်းကို လျော့ပါးလာစေပါတယ်..
ခန္ဓာကိုယ်အရေပြားပေါ်မှာဖြစ်ပေါ်လာတဲ့အရေးကြောင်းတွေကို သိသာပျောက်ကင်းစေပါတယ်

လိမ်းလိုက်တာနဲ့ ကပ်စီးကပ်စီးမဖြစ်ဘဲ အေးအေးလေးမို့အရမ်းအဆင်ပြေပါတယ်ရှင့်

💁သုံးဖူးသူတိုင်း 💯အကြိုက်တွေ့စေပါတယ်နော်
🤗😘😘

ထိုအရာတွေ အကုန်ပျောက်ကင်းပြီး ကလေးလေး
တယောက်ရဲ့အသားရေလိုပြန်ဖြစ်ဖို့ တကယ့်ကို
အသုံးတည့်ဆုံးဖြစ်တဲ့ Vitamin E cream လေးပါ

Thailand မှာ Bestsellerဖြစ်သလို ကလေးလူကြီး
အသက်ရွယ်မရွေး အန္တရယ်ကင်းစွာ အသုံးပြုနိုင်ပါတယ်


💥💥တရုတ်လုံးဝမဟုတ်ပါ
အရမ်းကောင်းတဲ့ ရောက်ကုန် creamလေး💁🏼‍♀️အခုလာတော့မဲ့ဆောင်းရာသီအတွက် ခရင်မ် အကောင်းလေး မိတ်ဆက်ပေးလိုက်ပြီနော်🥳

AR Vitamin E sun protect creamPrice-3500ယောက်ျားလေး မိန်းကလေးမရွေး သုံးလို့ရတဲ့ Sun protect cream လေးပါ နေရောင်အောက်အထွက...
22/11/2022

AR Vitamin E sun protect cream

Price-3500

ယောက်ျားလေး မိန်းကလေးမရွေး သုံးလို့ရတဲ့ Sun protect cream လေးပါ

နေရောင်အောက်အထွက်များတဲ့သူတွေဆို နေလောင်ဒဏ်တွေကြောင့် အသားရည်မပျက်စီးအောင် လိမ်းထားလို့ရပါတယ်

Vitamin E , Q10 plus ပါလို့ အသားရည်ကိုထိန်းသိမ်းပေးပြီး ဘယ်အသားရည်မျိုးမဆို အသုံးပြုလို့ရပါတယ်

Body cream ဖြစ်လို့ ခန္ဓာကိုယ်သီးသန့်ပဲလိမ်းပါနော်

Thailand made စစ်စစ်ဖြစ်ကြောင်း အာမခံပါတယ်

🍓🍏🥛 Watson body lotion 🍓🍏🥛လက်လီ- 7500အသားဖြူမြန်ချင်တယ် တဖြည်းဖြည်းကြည်လာပြီးဖြူ ချင်တယ်ဆို Watson lotion လေးကို သုံးဖို...
22/11/2022

🍓🍏🥛 Watson body lotion 🍓🍏🥛

လက်လီ- 7500

အသားဖြူမြန်ချင်တယ် တဖြည်းဖြည်းကြည်လာပြီးဖြူ ချင်တယ်ဆို Watson lotion လေးကို သုံးဖို့ မင် recommend ပေးတယ်နော်

🥛yogurtပါလို့နေလောင်ပျက်စီးနေတဲ့အသားအရေတွေကို repair လုပ်တာတအားမြန်တယ်.... တစ်ဗူးနဲ့တစ်ဗူး အာနိသင်ကတော့တူတူဘဲ အနံ့လေးတွေပဲကွာတာနော်

🌟Vitamin E ပါလို့အသားရေကိုလှပဖြူဖွေးလာစေပါတယ်

✅အသားထဲစိမ့်ဝင်တာအရမ်းမြန်ပြီးတော့ချွေးအရမ်းထွက်ရင်တောင်ချွေးနဲ့ရောပြီး ကပ်စေးစေးဖြစ်နေတာမျိုး မရှိဘူး

✅လိမ်းထားတဲ့အချိန်ဆိုအသားရေကစိုစိုပြောင်ပြောင်လေးနဲ့ဖြစ်လို့အသားရေခြောက်တဲ့သူတွေအတွက်လည်းအရမ်းကောင်းပါတယ်

530ml တောင်ပါတာဆိုတော့ အသုံးလည်းအရမ်းခံတယ် စိတ်ကြိုက်သုံးပါလိမ့်
Strawberry လေးကbest seller 🥰‼️

💯 quality ကောင်းပြီး ဈေးလည်းသင့် လို့နာမည်ကြီးတဲ့lotion လေးပါ

Blogger တွေရဲ့ Review အကောင်းတွေအများကြီး ရထားတာနော် ☺️

TONYMOLY Clean Drew Foam (180ml)လက်လီ- 8500180mlကို ဒီစျေးနဲ့ အရမ်းတန်နေပါပီ အကြာကြီးလည်းသုံးလို့ရတယ် 🍏🍋🍊သဘာ၀သစ်သီးလေးတွ...
22/11/2022

TONYMOLY Clean Drew Foam (180ml)

လက်လီ- 8500

180mlကို ဒီစျေးနဲ့ အရမ်းတန်နေပါပီ
အကြာကြီးလည်းသုံးလို့ရတယ်
🍏🍋🍊သဘာ၀သစ်သီးလေးတွေကို အခြေခံပြီးထုတ်လုပ်ထားတဲ့ မျက်နှာသစ်လေးတွေပါသစ်လိုက်တာနဲ့ အဆီတွေပြောင်ပီးမျက်နှာရှင်းလင်းသွားတဲ့ Feel 😍

🌵Alovera Form Cleanser - ရှားစောင်းလက်ပတ်ကို အခြေခံပြီးထုတ်ထုပ်ထားတာကြောင့် အသားအရေကိုနုပျိုစေပြီး moisture ဓာတ်ကိုလည်း အပြည့်အ၀ ပေးစွမ်းနိုင်ပါတယ်။

🍡Blueberry Form Cleanser - များစွာသော Vitamin နဲ့ Minerals တွေပါ၀င်ပါတယ်။အသားအရေတင်းမာမှုတွေကို ပြေလျှော့စေပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။

🍒Acerola - ေသွးလည်ပတ်မှုေကာင်းမွန် ေစပီး အသားအ ေရတင်းေစပါတယ်

🍋Lemon Form Cleanser – Vitamin C ပေါများစွာပါ၀င်ပါတယ်။ ၀က်ခြံကင်းပြီး တောက်ပတဲ့ အသားအရေကိုပိုင်ဆိုင်စေမှာပါ။

🍇Rea Grapefruit - အနီရောင် ဂရိတ်ဖုသီး က antioxidant တွေများစွာပါ၀င်လို့ အရေအကြောင်းဖြစ်ခြင်းကင်းစေမှာပါ။

Address

Mandalay
05013

Telephone

+959975304920

Website

Alerts

Be the first to know and let us send you an email when Hello July Online Shopping Mdy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hello July Online Shopping Mdy:

Share