Just about Normal

Just about Normal DIY everything

1989,(April15~June4)🇨🇳ထျန်းအန်းမင် အရေးအခင်း(၁၉၈၉)ကို အနောက်တိုင်းနိုင်ငံများတွင် ထျန်းအန်းမင် သတ်ဖြတ်မှု (Tiananmen Squ...
05/10/2021

1989,(April15~June4)🇨🇳
ထျန်းအန်းမင် အရေးအခင်း(၁၉၈၉)ကို အနောက်တိုင်းနိုင်ငံများတွင် ထျန်းအန်းမင် သတ်ဖြတ်မှု (Tiananmen Square massacre)ဟု လူသိများပြီး တရုတ်အသိုင်း
အဝိုင်းတွင်(ဇွန် ၄)အရေးအခင်း(六四事件)
သို့မဟုတ်(၈၉)အရေးအခင်းဟု ခေါ်ဝေါ်ကြသည်။မြန်မာနိုင်ငံတွင်ရှစ်လေးလုံး အရေးအခင်းဖြစ်ပွားပြီးသည့် နောက်တစ်နှစ် (၁၉၈၉)ခုနှစ်တွင်
တရုတ်ပြည် မြို့တော်ပေကျင်းမြို့မှ တက္ကသိုလ် ကျောင်းသားများ၊ပညာတတ်များနှင့် မြို့ခံများ
ထျန်းအန်းမင်ရင်ပြင်၌ စုဝေးဆန္ဒပြခဲ့သည့် အရေးအခင်းတရပ်ဖြစ်သည်။ဆန္ဒပြလှုပ်ရှားမှုသည်
ပေကျင်းမှ တရုတ်ပြည် တစ်နိုင်ငံလုံးသို့ ကူး
စက်ပျံ့နှံ့သွားပြီး နောက်ဆုံးတွင် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ပေကျင်းမြို့
သို့ ရောက်ရှိလာကာ လူစုလူဝေးအား
အုပ်စုခွဲကာ ဆန္ဒပြမှုကို ချေမှုန်းခဲ့သည်။
အကြောင်းရင်းခံမှာ ဟူယောက်ပန်း သေဆုံးခြင်း၊
စီးပွားရေးကျဆင်းခြင်း၊လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ပိတ်ပင်ခြင်း တို့ကြောင့်ဖြစ်သည်။
ရည်မှန်းချက်မှာ တရုတ်ကွန်မြူနစ်ပါတီ
ပျက်သုဉ်းရေး၊ဒီမိုကရေစီရရှိရေး၊ကွန်မြူနစ်
စီးပွားရေးစနစ် အဆုံးသတ်ရေး။
ထျန်းအန်းမင် အရေးတော်ပုံကြီးသည်
(၁၉၈၇)ဒီဇင်ဘာလမှာ တရုတ်ကွန်မြူနစ်
ပါတီ အထွေထွေအတွင်းရေးမှူး ဟူယောက်ပန်း (Hu Yaobang) ကိုပါတီမှအတင်းအကျပ်
အနားယူခဲ့စေခြင်းမှ စတင်ခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ဟူယောက်ပန်း (Hu Yaobang) သည်လွတ်လပ်စွာဟောပြောမှု၊ လွတ်လပ်စွာပုံနှိပ်ထုတ်ဝေခွင့်များကို နိုင်ငံအတွင်းအတိုင်းအတာတခုအားပေးခွင့်ပြု
ခဲ့ခြင်းမှတရုတ်ကျောင်းသားလူငယ်များ၊ ပညာတတ်လူလတ်တန်းစားများနှင့် ပါတီအတွင်း ပြုပြင်ပြောင်းလဲမှု လိုလားသူများ၏ ထောက်ခံမှုများကို ရရှိခဲ့သည်။ဤသို့ ပြုပြင်ပြောင်းလဲမှုကို လိုလားသူတယောက် ဖြစ်ခြင်းကြောင့် ပါတီအတွင်း သဘောထားတင်းမာသော ရှေးရိုးစွဲ အစွန်းရောက် ပါတီခေါင်းဆောင်းများအကြား သဘောထားတင်းမာမှုများ၊ပဋိပက္ခများ ကြီးထွားလာခဲ့ကြသည်။ဤကဲ့သို့ သဘောထားတင်းမာမှုများ၊ ပဋိပက္ခများ ကြီးထွားလာမှုကြောင့်(၁၉၈၇)
ခုနှစ်မှာ ပါတီမှ အတင်းအကျပ်အနားယူမှု
ပြုလုပ်ခြင်းခံခဲ့ရသည်။
တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ဟူယောက်ပန်းကို(၁၉၈၇)ခုနှစ်မှာ ပါတီမှ
အတင်းအကျပ်အနားပေးစဉ်က တရုတ်ကျောင်းသားကျောင်းသူများ၊တက္ကသိုလ်ကျောင်းဆရာ၊ဆရာမများက ထျန်းအန်းမင် စကွဲယားမှာ ဆန္ဒပြ
မှု အနည်းအကျဉ်း ပြုလုပ်ခဲ့ကြသည်။(၁၉၈၇)
ခုနှစ် ထျန်းအန်းမင် စကွဲယား ဆန္ဒပြပွဲမှာ
ပီကင်းတက္ကသိုလ် ကျောင်းဆရာမ
တယောက်က အခုလို ဟောပြောခဲ့သည်။
“ငါတို့ ကမ္ဘာကြီးကို သိစေချင်တယ်။ငါတို့သည်
ငါတို့တိုင်းပြည်မှာ အကျဉ်းသားများ ဖြစ်နေကြပြီ” – “ We want the world to know that
we are prisoners in our own country.”
သူမ၏ ဟောပြောလှုံ့ဆော်မှုသည် တရုတ်လူငယ်များ၊ ဒီမိုကရေစီလိုလားသူများ၊ ပြုပြင်ပြောင်း
လဲမှု လိုလားသူများအနေနှင့် တရုတ်ကွန်မြူနစ်ပါတီအတွင်း သဘောထားတင်းမာသူများကို ဆန့်ကျင်ကြဖို့ တပ်လှန့်နှိုးဆော်ခဲ့သည်။
(၁၉၈၉)ခုနှစ်မှာ အထွေထွေ အတွင်းရေးမှူး ဟူသည် နှလုံးရောဂါနှင့် ကွယ်လွန်ခဲ့သည်။
ထျန်းအန်းမင် စကွဲယားမှာ ပြုလုပ်ခဲ့သောသူ့၏ ဈာပနအခမ်းအနားကို တရုတ်လူငယ်များ၊ကျောင်းသူကျောင်းသားများ၊ပညာတတ်
လူလတ်တန်းစားများ၊ပြုပြင်ပြောင်းလဲမှုလိုလား
သူများက မကျေမနပ်ဖြစ်ကာ စတင်ဆန္ဒပြမှု
များကို ပြုလုပ်လာခဲ့ကြသည်။ဤဆန္ဒပြပွဲကို
ဟူယောက်ပန်း (Hu Yaobang) ရာထူးကိုဆက်ခံခဲ့သူ ကျောက်ကျိယန် (Zho Ziyang) လာရောက်တွေ့ဆုံခဲ့သည်။ဆန္ဒပြသူများ၏ ခံစားချက်များကို နားလည်ပါကြောင်းနှင့် ဆန္ဒပြပွဲများကို ရပ်ပေးဖို့ မေတ္တာရပ်ခံခဲ့သည်။ဆန္ဒပြသူများကို စာနာစိတ်ပြသခဲ့မှုကြောင့် တရုတ် ကွန်မြူနစ်ပါတီက အထွေထွေ အတွင်းရေးမှူး ကျောက်ကျိယန် (Zho Ziyang) ကို ကွယ်လွန်ချိန်ထိ နေအိမ်၌ အကျယ်ချုပ် ဖမ်းဆီးထိန်းသိမ်းခဲ့သကဲ့သို့၊ဆန္ဒပြပွဲများသည်လည်း တနေ့ထက်တနေ့ ကြီးထွားလာခဲ့သည်။နောက်ဆုံးမှာတော့ဆန္ဒပြမှုများသည် တရုတ်ကွန်မြူနစ်ပါတီ အမိန့်အာဏာအရ စစ်တပ်က ဖြိုခွဲ
ခြင်းကို ခံခဲ့ရသည်။
အရေးအခင်းမှာ ဒီမိုကရေစီလိုလားသူ
အဂတိတိုက်ဖျက်ရေး သမားတရုတ်အရာရှိ
ဟူယောက်ပန်း (胡耀邦) ကွယ်လွန်သည်
က စတင်ခဲ့သည်။ပေကျင်းမြို့ရှိ တက္ကသိုလ် အသီးသီးမှ ကျောင်းသားများသည် ဟူယောက်ပန်းအတွက် ဝမ်းနည်းလွမ်းဆွတ်မှုအထိမ်းအမှတ်ပွဲများ ကျင်းပရာမှရက်ပိုင်းအတွင်းအတိုင်းအတာ ကြီးမားသည့်ဆန္ဒပြလှုပ်ရှားမှုကြီးအသွင် ပြောင်းလဲခဲ့သည်။ဝမ်းနည်းလွမ်းဆွတ်မှု အထိမ်းအမှတ်ပွဲ ကျင်းပသည့်နေ့တွင် ထျန်းအန်းမင်ရင်ပြင်၌ စုဝေး
ခဲ့သည့်လူဦးရေမှာ သိန်းနှင့်ချီရှိသည်။ရည်မှန်းချက် တသမတ်တည်းမရှိ၊ ဦးဆောင်သူမဲ့ ဖြစ်နေသော်လည်း ဆန္ဒပြသူလူထုကြီး ကအစိုးရ
အတွင်းတည်ရှိနေသည့် အာဏာရှင်စနစ်ကိုဆန့်ကျင်ကြကာစီးပွားရေး ပြုပြင်ပြောင်းလဲရေး
နှင့် ဒီမိုကရေစီ
ရရှိရေးအတွက် တောင်းဆိုကြသည်။
ပေကျင်း ထျန်းအန်းမင်ရင်ပြင် တွင်သာမက တရုတ်ပြည် အခြားမြို့ကြီးများတွင်လည်း အတိုင်းအတာ ကြီးမားသည့် ဆန္ဒပြ လှုပ်ရှား
မှုများ ဆက်လက် ဖြစ်ပွားလာခဲ့သည်။
ရက်သတ္တပတ်(၇)ပတ်ကြာခဲ့သည့် ဆန္ဒပြလှုပ်ရှားမှုသည်(ဧပြီလ ၁၅)ရက်နေ့တွင်
စတင်ခဲ့ပြီး(ဇွန်လ ၄)ရက်နေ့တွင်အဆုံး
သတ်ခဲ့သည်။တရုတ်အစိုးရသည် စစ်တပ်
ကို အသုံးပြုကာဆန္ဒပြလှုပ်ရှားမှုကို ခြေမှုန်း
ခဲ့ရာ အသေပျောက်များရှိခဲ့သည်။ တရုတ် အာဏာပိုင်များ၏ တရားဝင်ထုတ်ပြန်ချက်အရစစ်သားများ အပါအဝင်လူပေါင်း(၂၄၁)
ဦးသေဆုံး၊(၇၀၀၀)ကျော် ဒဏ်ရာရသည် ဟုဆိုသည်။သို့သော် တရုတ်ကြက်ခြေနီအသင်းနှင့် ကျောင်းသားအဖွဲ့အစည်းများက လူပေါင်း (၂၀၀၀ မှ ၃၀၀၀)အထိ သေဆုံးခဲ့သည်ဟု ဆိုသည်။
ထျန်းအန်းမင် ရင်ပြင်မှ လူထုအားအုပ်စုခွဲ
ပြီးနောက်တွင် တရုတ်အစိုးရသည် နှိပ်ကွပ်
မှု တသီတတန်းကြီးကို စတင်တော့သည်။ အရေးအခင်းတွင် ပါဝင်ပတ်သက်သူများ
အား ဖမ်းဆီးခြင်း၊အခြားဒေသမှဆန္ဒပြမှု
များကိုလည်း အလားတူလူစုခွဲခြေမှုန်းခြင်း၊ နိုင်ငံခြားသား သတင်းထောက်များကို ကန့်သတ်ခြင်း၊ပြည်တွင်းမီဒီယာများ၏ သတင်းဖော်ပြချက်ကို ထိန်းချုပ်ခြင်းများ ရှိလာသည်။ဆန္ဒပြမှုဖြစ်ပွားစဉ် လူထုအကြားသွားရောက်ကာ လူထု၏ ခံစားချက်ကိုစာနာနားလည်နိုင်ကြောင်း၊ထောက်ခံကြောင်း လူသိရှင်ကြား ဖော်ပြခဲ့သူများအား ဝေဖန်မှုများရှိလာသည်။ကျောက်ကျိယန်(趙紫陽) အပါအဝင် ထိပ်တန်းအရာရှိများ နေအိမ် အကျယ်ချုပ် ချခံရသည်။တရုတ်အစိုးရ၏ ဤကဲ့သို့သော အပြုအမူများကို ကမ္ဘာ
တဝှမ်းမှ ပြစ်တင်ရှုံ့ချခဲ့သည်။
Source- Google Wikipedia

❄️🎄Marry Christmas ⛄🎄🎉
24/12/2020

❄️🎄Marry Christmas ⛄🎄🎉

🇲🇲🙏🙏🙏
20/11/2020

🇲🇲🙏🙏🙏

01/11/2020

အကိတ်မမများ

01/11/2020

အချောအလှလေးများ စုစည်းမှု

01/11/2020

အမောပြေလေးများ

01/11/2020

ဘရဏီ အချောလေးများ ❤️

31/10/2020

😂😂ဟာသလေးများ 😂😂

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Just about Normal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Just about Normal:

Share