MiMe Online Store

MiMe Online Store Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MiMe Online Store, 21 လမ္​း, Mandalay.

22/03/2023

🍀🍀♥️♥️

ဆရာကြီးတော့ လွင့်နေတော့မှာပဲ 🤣
01/11/2022

ဆရာကြီးတော့ လွင့်နေတော့မှာပဲ 🤣

ဒီတိုင်းကြည့်ရင်တော့ A နဲ့ B က အရောင်မတူတာမြင်ရပါလိမ့်မယ် A နဲ့ B ကလွဲ​ပြီး ကျန်တဲ့ အကွက်တွေကို အရောင်တူဆေးချယ်ကြည့်မယ် ...
01/11/2022

ဒီတိုင်းကြည့်ရင်တော့ A နဲ့ B က အရောင်မတူတာမြင်ရပါလိမ့်မယ်

A နဲ့ B ကလွဲ​ပြီး ကျန်တဲ့ အကွက်တွေကို အရောင်တူဆေးချယ်ကြည့်မယ် ဆိုရင်တော့

A နဲ့ B ဟာ အရောင်တူတူပဲဆိုတာ မြင်ရမှာ
ပါ
ကဲ လုပ်ကြည့်ပြီး အဖြေလေးတွေ ပြောခဲ့ဦးနော်

ဒီအချိန် ရာသီဥတုနဲ့ အကိုက်ညီဆုံး ဘာနဲ့တွဲဝတ်ဝတ်လှတဲ့ V-Neck Sweater အပါးလေးတွေ ရောင်းပါရစေရှင့် အားပေးကြပါဦး အရောင်လေးတွ...
06/02/2022

ဒီအချိန် ရာသီဥတုနဲ့ အကိုက်ညီဆုံး

ဘာနဲ့တွဲဝတ်ဝတ်လှတဲ့ V-Neck Sweater

အပါးလေးတွေ ရောင်းပါရစေရှင့် အားပေးကြပါဦး

အရောင်လေးတွေလည်း အကုန်လှ ကြိုက်တာရွေးလိုက်တော့

Instock

Free size
Lb 90-150 ထိရပါတယ်
9000 ks

😛😛😂😂
16/01/2022

😛😛😂😂

ချစ်မိတာ ကိုယ့်အမှားလား 🥰🥰🌺💐🍀☘️☘️
12/01/2022

ချစ်မိတာ ကိုယ့်အမှားလား 🥰🥰🌺💐🍀☘️☘️

Hi ♥️♥️♥️
25/12/2021

Hi ♥️♥️♥️

Cute 🥰🥰🌻🌼🌸🌸🌺
09/09/2020

Cute 🥰🥰🌻🌼🌸🌸🌺

02/09/2020

အစ်ကိုချန်ရစ်ခဲ့တဲ့ လျှာထိုးဦးထုပ် အနက်ရောင်ကိုဆောင်းပြီး Mask အနက်ရောင်ကို မျက်နှာအုပ်လိုက်တယ်။ ခဏနေရင် ကျမ Delivery သွားပို့တော့မယ်။ ဒီနေ့ ကျမချက်ထားတဲ့ Bak K*t Teh ကသိပ်ကောင်းတယ်အစ်ကိုရဲ့။ ဟင်းရဲ့အသက် အရိုးပြုတ်ရည်ဟာ ချိုပြီးဆိမ့်မွှေးနေတာပဲ ... မွှေးမှာပေါ့ အစ်ကို့ ရိုးတွင်းချဉ်ဆီတွေပဲဟာ။ ပြီးမှ ဝက်သားနဲ့တခြားအရသာတွေနဲ့ ရောပစ်လိုက်တာ။ အချိန်အကြာကြီးပြုတ်ထားလို့ နူးမြည့်နေတဲ့ အရိုးတွေကိုတော့ Blender နဲ့ မွှေပစ်ပြီး ခဏသိမ်းထားရတယ်။ ခွေးကလေးတွေအတွက် ဘီစကစ်ဖုတ်ရင် သုံးလို့သိပ်ကောင်းတယ်လေ။

အစ်ကိုဟာ ပလတ်စတစ်ဘူးပေါင်းများစွာနဲ့ ကျမကားနောက်ခန်းမှာ စီပြီးရောက်နေပြီးပြီ။ ဘယ်သူကထင်ထားမှာလဲ... Online shop လုပ်ပြီး စားစရာတွေကို ဘူးနဲ့ထည့်ရောင်းတတ်တဲ့ မိန်းကလေး‌လှလှရဲ့ကားနောက်ခန်းမှာ လူ့အသားနဲ့ ချက်ထားတဲ့ စားစရာတွေ ရှိနေတယ်ဆိုတာကို။

ကျမရဲ့ အသားငါးတွေထည့်ထားတဲ့ Freezer အကြီးကြီးထဲက ခဲထားတဲ့ အစ်ကို့အသားဘူးတွေအကြောင်း ကျမမှမပြောရင် ဘယ်သူကသိမှာတဲ့လဲ။ အခုတော့ သိပ်လည်း မကျန်တော့ဘူးပဲဟာ... တစ်နေ့နည်းနည်း ထည့်ချက်ပစ်နေတာနဲ့ ကုန်ခါနီးနေပြီပဲ။ အစ်ကိုလည်ပင်းကို ဖြတ်လိုက်တုန်းက ကျလာတဲ့သွေးခဲလေးတွေကတော့ မနေ့ကနောက်ဆုံးချက်တဲ့ အုန်းနို့ခေါက်ဆွဲထဲမှာ ပါသွားခဲ့ပြီးပြီ။ လူတွေကတော့ ပဲသွေးလို့ ထင်ကြတာပေါ့။

အသား၊ ငါးတွေဆိုတာ Freezer ထဲ အကြာကြီးထားလို့ မကောင်းဘူးမှတ်လား အစ်ကို။ ဒီတော့ ဟင်းတွေကို ပိုပိုချက်ပြီး အိမ်ရာမဲ့တွေဆီကို ဝေပေးတယ်။ မနေ့ကတောင် Media တစ်ခုပေါ်မှာ ကျမသွားလှူနေတဲ့အကြောင်း အင်တာဗျူးပါလာခဲ့သေးတယ်။ အစားအသောက်ရောင်းနေတဲ့ နာမည်ကြီး Online shop ပိုင်ရှင်ကလေးဟာ Covid 19 ကာလမှာ လမ်းပေါ်ကလူတွေအတွက် စားစရာဝေတဲ့အကြောင်း တကူးတကရေးပြီး တင်ပေးတဲ့သူတစ်ယောက်ကြောင့် လူတွေပိုပြီးသိလာကြတယ်။ မီဒီယာသမားတွေက ကျမရဲ့မီးဖိုဆောင်ထဲအထိ လာလေ့လာပြီး အင်တာဗျူးလုပ်ခဲ့တာ။ အဲ့ဒီ့အချိန်က ပွက်ပွက်ဆူနေတဲ့အိုးထဲမှာ ပြုတ်ထားတာဟာ အစ်ကို့နံရိုးတွေဆိုတာကို သူတို့သိမသွားခဲ့ဘူး။ ကျမချက်ကျွေးတဲ့ ကြေးအိုးဆီချက်ကို အားရပါးရစားကြပြီး ပြန်သွားတယ်။ အစ်ကို့ ကလီစာလေးတွေတော့ သူတို့အစာအိမ်ထဲမှာ ပါသွားခဲ့တာပေါ့။ အရမ်းစားကောင်းတယ်တဲ့။

အဲ့ဒါကြောင့် ကျမရော၊ ကျမအလုပ်လေးရောကို လူတွေအများကြီးသိသွားလို့ ဒီနေ့အော်ဒါတွေ အရမ်းတက်တယ်။ အစ်ကိုဟာ သေသွားတာတောင်မှ ကျမအတွက် ကောင်းကျိုးတွေအများကြီး ဖန်တီးပေး‌နေတုန်းပဲ။ ဒါကြောင့်မို့ အစ်ကို့ကိုကျမက ဘယ်သူ့ဆီကိုမှ မပေးလိုက်နိုင်တာပါ။

ကျမချက်ထားတဲ့ဟင်းကို အားရပါးရစားနေတဲ့ ဦးလေးကြီးရယ် ဘေးကပြုံးကြည့်နေတဲ့ ကျမရဲ့ ဓာတ်ပုံရယ်က Facebook ပေါ်မှာ အရမ်းကို Hot ဖြစ်သွားတယ်။ "ပီတိတွေနဲ့ ပြုံးကြည့်နေခဲ့တဲ့ အလှူရှင်လေးရဲ့ မျက်လုံးတွေက အရမ်းအသက်ဝင်တာပဲ" လို့ .. လူတစ်ယောက်က ကျမကို Comment ပေးထားတယ်။ ဟုတ်တယ်အစ်ကို ကျမ အရမ်းကို ပျော်တယ်။ ဆင်သတ်အရပ်ဝေတာ မဟုတ်ဘူး၊ ကျမက အစ်ကို့ကိုသတ်ပြီး အရပ်ကိုဝေပစ်တာ။ ကျမအပေါ်ကိုကလွဲရင် ကျန်တဲ့မိန်းမတကာအပေါ် သဒ္ဓါလွန်တဲ့ အစ်ကို့ကို ဒီလိုပဲလုပ်ပစ်လိုက်တော့ အစ်ကို ဘာတတ်နိုင်သေးလဲ... ကဲ။ ကျမမှမရရင် အစ်ကို့ကို ဘယ်သူမှလည်း မရစေရဘူး။

မနက်ဖြန်ကျရင် နောက်ဆုံးကျန်တဲ့အသားတွေကိုကြိတ်ပြီး ဘာဂါလုပ်မယ် အစ်ကို။ ကျမလုပ်ကျွေးတဲ့ဟမ်ဘာဂါကို အစ်ကိုအရမ်းကြိုက်တယ်ဆိုတာ ကျမသိတယ်လေ။ အစ်ကို့မိန်းမနဲ့ကလေးနှစ်ယောက်ဆီကိုလည်း ကျမသွားပို့ပေးဦးမယ်။ အစ်ကိုပျောက်နေလို့ သောကရောက်နေတဲ့မိသားစုကို မုန့်တွေနဲ့နှစ်သိမ့်ပေးတဲ့ စေတနာရှင်မကလေး အဖြစ်နဲ့ပေါ့။

ချစ်တယ်အစ်ကို။


#မယ်လွင့်

20/05/2020

Address

21 လမ္​း
Mandalay
012345

Opening Hours

09:00 - 17:00

Telephone

+959444029743

Website

Alerts

Be the first to know and let us send you an email when MiMe Online Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share