Azure Online Shop

Azure Online Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Azure Online Shop, Shopping & retail, No. 289/A, 29st, 62st*63st between, Mandalay.

🙏🙏🙏
29/06/2019

🙏🙏🙏

😂 တမလွန်မှ မယ်ခွေ့ ကဗျာ 😂
16/06/2019

😂 တမလွန်မှ မယ်ခွေ့ ကဗျာ 😂

ကုလားထိုင်မှာ ထိုင်နေတဲ့ ကလေးမလေးတစ်ယောက်ရဲ့ လက်တဖက်စီမှာ ပန်းသီးတစ်လုံးစီကိုင်ထားတယ်။ သူ့အမေက သူ့ရှေ့မှာ လာထိုင်လိုက်ပြ...
15/06/2019

ကုလားထိုင်မှာ ထိုင်နေတဲ့ ကလေးမလေးတစ်ယောက်ရဲ့ လက်တဖက်စီမှာ ပန်းသီးတစ်လုံးစီကိုင်ထားတယ်။ သူ့အမေက သူ့ရှေ့မှာ လာထိုင်လိုက်ပြီး ခုလိုပြောလိုက်တယ်…

”သမီးလေးရေ…မေမေ့ကို ပန်းသီးတစ်လုံး ကျွေးပါလားကွယ်…”

ကလေးမလေးဟာ ခဏကြာအောင် စဉ်းစားလိုက်တယ်။ပြီးမှ ပန်းသီးတစ်လုံးစီကို တစ်ကိုက်စီကိုက်လိုက်တယ်။

အမေဟာ အတော်လေးစိတ်မကောင်းဖြစ်သွားတယ်။

အမေ့ကို မသဒ္ဓါတဲ့ သမီးလေးပါလားနော်။ဒါပေမယ့် ဟန်ဆောင်ပြီး ပြုံးနေလိုက်တယ်။

ခဏလေးအကြာမှာ ကလေးမလေးက သူ့ညာဖက်လက်ထဲက ပန်းသီးကို သူ့အမေကိုထိုးပေးရင်း…

"အမေ…ဒီဟာစား ဒီပန်းသီးက ပိုချိုတယ်”လို့ပြောတယ်

ကျွန်တော်တို့ရော လူတစ်ယောက်ရဲ့လုပ်ရပ်ကို သေချာစောင့်မကြည့်ဘဲ အလျင်စလို အကဲဖြတ် ဆုံးဖြတ်တာမျိုး လုပ်မိဘူးပါသလား???

15/06/2019

📢 မစ်စတင်းလာပါပီရှင်…

ယူတို့💉 ဆေးလောကကို သိုင်းလောကလောက် အထင်ကိုမကြီးတော့တာ 👩‍🔬😁
12/06/2019

ယူတို့💉 ဆေးလောကကို သိုင်းလောကလောက် အထင်ကိုမကြီးတော့တာ 👩‍🔬😁

“စိတ်ချမ်းသာအောင် နေတတ်ခြင်း စိတ်ကျန်းမာရေး”ဘယ်အာရုံနဲ့တွေ့တွေ့ ဘယ်အဖြစ်အပျက်နဲ့ကြုံကြုံ တုန်လှုပ်မှုမရှိဘဲ “စိတ်ချမ်းသာအေ...
08/06/2019

“စိတ်ချမ်းသာအောင် နေတတ်ခြင်း စိတ်ကျန်းမာရေး”

ဘယ်အာရုံနဲ့တွေ့တွေ့ ဘယ်အဖြစ်အပျက်နဲ့ကြုံကြုံ
တုန်လှုပ်မှုမရှိဘဲ “စိတ်ချမ်းသာအောင်
နေတတ်ခြင်းဟာ စိတ်ကျန်းမာရေး” ပါပဲ

ထစ်ခနဲရှိ ဝမ်းသာတတ်
ထစ်ခနဲရှိ ဝမ်းနည်းတတ်တာဟာ
စိတ်ကျန်းမာရေး မကောင်းခြင်းရဲ့ လက္ခဏာပါ

စိတ်ထိခိုက်လွယ်ခြင်းဟာ
စိတ်ကျန်းမာရေး မကောင်းခြင်းပါပဲ

ဝမ်းသာလွယ်ဝမ်းနည်းလွယ်
စိတ်ညစ်လွယ် စိတ်ပျက်လွယ်
ခံစားလွယ်ကြေကွဲလွယ်ချစ်လွယ် မုန်းလွယ်တဲ့
သူတွေဟာ စိတ်ကျန်းမာရေးချို့တဲ့နေသူတွေပါ

စိတ်ကျန်းမာရေး ညံ့ဖျင်းရတာဟာ အရာရာကို
အဆိုးဘက်ကနေကြည့်တတ်လို့ပါ

အရာရာကိုအကောင်းဘက်ကနေ
ကြည့်တတ်မြင်တတ်၊နှလုံးသွင်းတတ်တဲ့
“ယောနိသော မနသိကာရ” မရှိခြင်းကြောင့်
စိတ်ကျန်းမာရေး ချို့ယွင်းရတာပါ

စိတ်ကျန်းမာရေး ချို့ယွင်းသူတွေရဲ့
အဓိကအားနည်းချက် ကတော့ အရာရာကို
နားလည်မှု ခွင့်လွှတ်မှု ခေါင်းပါးခြင်းပါပဲ

ဆရာတော် အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)

👴👵ရှိနေစဉ်တန်ဖိုးထားစောင့်ရှောက်ပါ🙏🙏🙏
07/06/2019

👴👵ရှိနေစဉ်တန်ဖိုးထားစောင့်ရှောက်ပါ🙏🙏🙏

🚗🛵 မော်တော်ကား/ဆိုင်ကယ်ရဲ့ ဆီစားနှုန်း ဘယ်လောက်ရှိသလဲ?ဆီတိုင်ကီ ဘယ်လောက်ဝင်ဆံ့လည်းလို့ မေးလာခဲ့ရင် လူတော်တော်များများဟာေ...
05/06/2019

🚗🛵 မော်တော်ကား/ဆိုင်ကယ်ရဲ့ ဆီစားနှုန်း ဘယ်လောက်ရှိသလဲ?

ဆီတိုင်ကီ ဘယ်လောက်ဝင်ဆံ့လည်းလို့ မေးလာခဲ့ရင် လူတော်တော်များများဟာ ဝေဝေဝါးဝါးလောက်ဘဲ ဖြေနိုင်ကြပါတယ်။ တချို့က တစ်သောင်းဖိုးဆို ၃ရက်လောက် စီးရတယ်ဆိုတဲ့ ကိုးယိုးကားယားအဖြေမျိုးတွေ ဖြေတတ်ကြပါသေးတယ်။ အနိစ္စသဘောတရား ရှိတဲ့ လောင်စာဆီဈေးနှုန်းကို လက်ကိုင်ထားပြီး ကိုယ့်ကား၊ ဆိုင်ကယ်ရဲ့ ဆီစားနှုန်းကိုတွက်ချက်တာဟာ လုံးဝမှားယွင်းတယ်လို့ဘဲ ဆိုပါရစေ။ ကိုယ့်မော်တော်ယာဉ်ရဲ့ အမှန်တကယ် ဆီစားနှုန်းကို အလွယ်တကူတွက်ချက်နိုင်တဲ့ နည်းလမ်းလေးတစ်ခု ပြောပြပေးပါမယ်။ပထမဦးစွာ မိမိမော်တော်ယာဉ်ရဲ့ odometer ဟာ ကောင်းနေဖို့လိုအပ်ပါတယ်။ အလွယ်ပြောရင် mile ledge မိုင်လစ်ပြ ဒိုင်ခွက်နဲ့ ဆီဂိတ် fuel gauge ပေါ့။ ဆိုင်ကယ် အများစုကတော့ ကီလိုမတတ်အောင် ဖြုတ်ထားတတ်ကြပါတယ်။ ဒီလိုဆိုရင်တော့ အဆင်မပြေပါဘူး။

ပထမဆုံး ဆီဆိုင်ကိုသွားပြီး ဆီတိုင်ကီအပြည့် နှုတ်ခမ်းဝအထိ ရောက်အောင်ဖြည့်ပါ။ ပြီးတာနဲ့ မိုင်လစ်မှ ရောက်ရှိ ကီလိုမီတာကို မှတ်ထားပါ (ဥပမာ- 56000km ဆိုပါစို့)ဆီဂိတ်ပြတံ အလယ်တိတိရောက်တဲ့ အထိမောင်းနှင်အသုံးပြုပါ။ ဆီဆိုင်ကိုပြန်သွားပြီး ဆီအပြည့်ပြန်ထည့်ပါ။ ဒီတခါထည့်တာမှာတော့ ကိုယ်ထည့်လိုက်တဲ့ ဆီပမာဏကို ဆီပန့်မှာ သေချာမှတ်သားပါ (ဥပမာ- 22.5L ထည့်လိုက်ရတယ်ဆိုပါစို့)။ ဆီဆိုင်မှ မထွက်ခင် မိုင်လစ်ကို ကြည့်ပါ။ ဆီတိုင်ကီတစ်ဝက်ထိမောင်းပြီးတဲ့ ကီလိုကို မှတ်သားပါ (ဥပမာ-56500 km ဖြစ်နေပြီ ဆိုပါစို့)။ ဒါဆိုရင် သင့်ကားရဲ့ ဆီစားနှုန်နဲ့ ဆီဝင်ဆံ့မှုကို တွက်ချက်လို့ရပါပြီ။

တွက်နည်းကတော့...ဆီတိုင်ကီတစ်ဝက် အထိမှာ ကုန်သွားတဲ့ ဆီပမာဏက 22.5 liter ဖြစ်ပါတယ်။ မောင်းနှင်လိုက်တဲ့ ကီလိုက 56000-56500=500 Km ဖြစ်ပါတယ်။ အဲ့ဒီတော့ 500 kilometer ကို 22.5liter နဲ့စားလိုက်တော့ 22.2 km ခရီးကို 1 liter ဆီစားတယ်ဆိုတာ သိရပါမယ်။ နည်းပညာ အခေါ်အဝေါ်နဲ့ ပြောရရင် 22.2Km/L ပေါ့ဗျာ။ မြန်မာပြည်သုံး ယူနစ်က mile/gallon ဖြစ်တဲ့ အတွက် unit converter နဲ့ ပြောင်းကြည့်လိုက်ယုံပါဘဲ။ ဒါမှမဟုတ်ရင် calculator လေးနဲ့ ဒီလို တွက်လို့ရပါသေးတယ်။



1mile=1.61km (or) 1km=0.621mile ရှိပါတယ်။ 500km ဆိုတော့ 310.5mile ဖြစ်ပါတယ်။ တွက်နည်းကတော့ (500/1.61) ဒါမှမဟုတ် (500*0.621) ဒီလိုတွက်ရပါတယ်။1gallon(UK)=4.5Liter ဖြစ်ပါတယ်။ 22.5Liter ဆိုတော့ 5gallon ပေါ့လေ။ ဒါဆိုရင် အခုနက ဆီစားနှုန်းကို ဂါလံတွေ မိုင်တွေနဲ့ သိချင်ရင် 310.5mile/5gallon=62.1M/Gal ပေါ့ဗျာ။ တစ်ဂါလံကို ၆၂ မိုင်လောက် ရတာပေါ့လေ။ တော်တော်ဆီစားသက်သာတာဘဲနော် ဘာကားလည်း သိချင်လား??? ဥပမာပေးတာပါဗျာ.....



ဆီတိုင်ကီတဝက်ကို ၅ဂါလံဆံ့ရင် ဆီတိုင်ကီ တစ်ခုလုံးဆို ၁၀ ဂါလံ ဆံ့တယ်လို့ ယေဘုယျ မှတ်ထားနိုင်ပါတယ်။ ကားထုတ်လုပ်သူတွေ ဟာ ဆီဂိတ်မှာ E ပြနေရင်းနဲ့ အကွာအဝေး တစ်ခုထိ သွားလို့ရအောင် ဆီတိုင်ကီထဲမှာ အနည်းအကျဉ်း ချန်ထားရအောင်လို့ ဆီဂိတ်ကို adjust လုပ်ထားပေးပါတယ်။ ဒါကြောင့် ၁၀ ဂါလန်လို့ဘဲ ယေဘုယျ ပြောတာပါ တကယ်က ခံဆီနဲ့ပေါင်းရင် ၁၁ဂါလံလောက်တော့ဆံ့ပါတယ်။



( 2000 model နောက်ထွက်တဲ့ ကားတွေအကုန် နည်းပါးမှာ odometer ဟာ digital ဖြစ်သွားပြီ ဖြစ်တဲ့အတွက် ပိုပြီး လွယ်ကူတဲ့ နည်းနဲ့ မှတ်လို့ ရလာပါပြီ။ Trip meter နဲ့ မှတ်တဲ့နည်းပါ။ ဒိုင်ခွက်မှာ လှည့်တဲ့ အတံကလေးကို နှိပ်ပါ တစ်ချက်နှိပ်ရင် odo trip A ၊ odo trip B ၊ odo ဆိုပြီး ပြောင်းကြည့်လို့ရပါတယ်။ မသိသေးတဲ့သူတွေအတွက် အကြမ်းမျဉ်းရှင်းပြ ရရင် Tripmeter ဆိုတာ ကိုယ်သွားတဲ့ ခရီးစဉ် အကွာအဝေးကို အတိအကျမှတ်သားနိုင်ဖို့ သုံးရတဲ့ function လေးပါ။ ခရီးစထွက်တယ်ဆိုတာနဲ့ odo Trip A မှာ ထားပြီး လှည့်တဲ့အတံလေးကို ၃ စက္ကန့်လောက်ဖိထားလိုက်ရင် 0.0km ဖြစ် သွားပါလိမ့်မယ်။ ခရီးက ပြန်ရောက်တဲ့အခါ ကြည့်လိုက်ရင်ကိုယ်သွားခဲ့တဲ့ခရီးစဉ်အစအဆုံး အကွာဝေးကို သိနိုင်ပါပြီ။ အင်ဂျင်ဝိုင်ကို ကီလို ၅၀၀၀ ပြည့်တိုင်းလဲချင်တယ်ဆိုလည်း ဒီ trip meter လေးကို အင်ဂျင်ဝိုင် လဲပြီးတာနဲ့ Reset ချထားလိုက်ရင် ကိုယ်လဲရမယ့် ကီလိုရောက်/မရောက် အလွယ်တကူ သိနိုင်တာပေါ့ဗျာ။



ဒီနည်းလမ်းနဲ့ မိမိမော်တော်ယဉ် ဆီစားနှုန်းကို အတိအကျတွက်ချက်နိုင်ပါတယ်။ နည်းပညာတွေ မြင့်တဲ့ကားတွေမှာတော့ ဒီလောက်အလုပ်မရှုပ်ပါဘူး။ ဆီစားနှုန်းတခါထဲ တွက်ပြပေးတဲ့ function ပါပါတယ်။ japan ကားတွေက km/l နဲ့ဘဲပြတဲ့အတွက် MPG ကို အပေါ်က တွက်နည်းနဲ့ ပြောင်းတွက်ကြည့်လို့ရပါတယ်။ဆီစားနှုန်းဟာ မြို့တွင်းမောင်းနှင်တာနဲ့ အဝေးပြေး မောင်းတာနဲ့လည်း ကွာခြားပါတယ်။ ဒါကြောင့် မြို့တွင်းအတွက် တစ်ခါ ၊ အဝေးသွားတဲ့အခါ တစ်ခါတိုင်းတာထားမယ်ဆိုရင်ကိုယ့်ကားရဲ့ ဆီစားနှုန်းကို သိရှိနိုင်ပြီဖြစ်တဲ့အတွက် ခရီးအကွာအဝေးကို တွက်ပြီး ဆီချင့်ချိန်မောင်းနှင်သွားလို့ရပြီဖြစ်ပါတယ်။ဒီနည်းလမ်းကို အသုံးပြုပြီး ၃ နှစ်လောက်နေရင် ပြန်ဆန်းစစ်ကြည့်ခြင်းအားဖြင့် မိမိမော်တော်ယာဉ်ရဲ့ အင်ဂျင်အခြေအနေကို သုံးသပ်ရာမှာပါ အထောက်အကူ ဖြစ်စေနိုင်ပါသေးတယ် ဆိုတာကို အကြံပြုတင်ပြလိုက်ရပါတယ်။

🥇စာမေးပွဲခန်းထဲ သယ်ရင်းကို အားကိုမိသောအခါ 🤣
02/06/2019

🥇စာမေးပွဲခန်းထဲ သယ်ရင်းကို အားကိုမိသောအခါ 🤣

😃ပြုံးပြုံးလေးနေတာက🙆‍♂️ သင့်ကို ပုံမှန်ထက် ပိုတောက်ပစေတဲ့အပြင် သင့်ခန္ဓာကိုယ်ကိုလည်း ကောင်းကောင်း အလုပ်လုပ်စေပါတယ်။ အပြုံ...
02/06/2019

😃ပြုံးပြုံးလေးနေတာက🙆‍♂️ သင့်ကို ပုံမှန်ထက် ပိုတောက်ပစေတဲ့အပြင် သင့်ခန္ဓာကိုယ်ကိုလည်း ကောင်းကောင်း အလုပ်လုပ်စေပါတယ်။ အပြုံးကြောင့် သင့်ကျန်းမာရေး ကို ကောင်းမွန်စေသလို ဖိစီးမှုအဆင့်ကို လျော့ကျ ကာ ဆွဲဆောင်မှု ရှိစေပါတယ်။

(၁) အပြုံးက သင့်ကို ဆွဲဆောင်မှုရှိစေပါတယ်

လူတွေကို ပြုံးနေတဲ့ပုံဆွဲလိုက်တဲ့အခါ တည်တဲ့ပုံတွေ ထက် ပိုပြီးဆွဲဆောင်မှုရှိတာကို လေ့လာမှုတွေအရ သိရ ပါတယ်။ မျက်မှောင်ကြုတ်တာ၊မျက်စောင်းထိုးတာ စတဲ့ အပြုအမူတွေက မျက်နှာကို ရှိရင်းစွဲ အသက်ထက် ပိုရင့် သလို ဖြစ်စေကာ ပြုံးတာက ငယ်နုတဲ့အသွင်ရစေတာ
ကြောင့်ပါ။

(၂) အပြုံးက စိတ်ကိုပြောင်းစေနိုင်တယ်

နောက်တစ်ခါ သင်စိတ်ဓာတ်ကျနေရင် ပြုံးနိုင်အောင် ကြိုးစားပြီး ပြုံးကြည့်လိုက်ပါ။ စိတ်ခံစားမှုက အကောင်းဘက်ကို ပြောင်းလဲသွားပါလိမ့်မယ်။ ပြုံးတာက စိတ်ကို ပြောင်းလဲစေတဲ့ လှည့်ကွက်တစ်ခုပါပဲ။

(၃) အပြုံးက ကူးစက်တတ်ပါတယ်

လူတစ်ယောက်က ပြုံးနေရင် အဲဒီအခန်းက လင်းနေသလိုပဲ တခြားလူတွေရဲ့စိတ်ကိုပါ ပျော်ရွှင်လာစေပါ တယ်။ ပြုံးနေတဲ့သူဟာ တခြားလူတွေဆီ ပျော်ရွှင်မှုကို သယ်ဆောင်လာတာပါ။

(၄) အပြုံးက စိတ်ဖိစီးမှုကို သက်သာစေပါတယ်

စိတ်ဖိစီးမှုဖြစ်နေရင် မျက်နှာမှာပေါ်လွင်နေပါတယ်။ အဲဒီအချိန်မှာ ပြုံးလိုက်ရင် သင်ရဲ့ ပင်ပန်းစိတ်ဓာတ် ကျပြီး နွမ်းနယ်နေတဲ့ပုံပျောက်သွားပါလိမ့်မယ်။

(၅) အပြုံးက ကိုယ်ခံစွမ်းအားစနစ်ကိုမြင့်တက်စေပါတယ်

ပြုံးတာကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းကောင်းအလုပ်လုပ်အောင် ကူညီနိုင်ပါတယ်။
ပြုံးလိုက်တဲ့အခါ ခုခံအားဆိုင်ရာလုပ်ငန်းဆောင်တာတွေက ကောင်းမွန်သွားတာကြောင့် အပန်းပြေစေပါ တယ်။

(၆) အပြုံးက သွေးဖိအားကိုလျော့ကျစေပါတယ်

ပြုံးလိုက်တဲ့အခါ သွေးဖိအားက သိသိသာသာလျော့ကျသွားပါတယ်။ အိမ်မှာ မိနစ်အနည်းငယ်ကြာထိုင်ပြီး
သွေးပေါင်တိုင်းကြည့်ပါ။ တစ်မိနစ်လောက်ပြုံးပြီး ပြုံးနေရင်းမှာပဲ သွေးပေါင်ထပ်တိုင်းကြည့်ပါ။ ခြားနားချက် ကို သင်တွေ့ရပါလိမ့်မယ်။

(၇) အပြုံးက ကောင်းတဲ့အရာတွေထွက်စေတယ်

လေ့လာမှုတွေအရ ပြုံးတာကြောင့် အန်ဒေါ်ဖင်၊ သဘာဝ အကိုက်အခဲပျောက်ဆေးနဲ့ ဆီရိုတိုနင်စတဲ့
ကောင်းတဲ့ဓာတ်တွေ ထွက်ရှိလာတာကို တွေ့ရပါတယ်။ ဒါကြောင့် ပြုံးတာကို သဘာဝဆေးဝါး တစ်လက် လို့ ဆိုကြတာပါ။

(၈) အပြုံးက မျက်နှာကို ပင့်တင်ပေးပြီး နုပျိုစေပါတယ်

ပြုံးလိုက်တဲ့အခါမှာ ကျွန်မတို့သုံးလိုက်တဲ့ ကြွက်သားတွေက မျက်နှာကို ပင့်တင်ပေးလိုက်သလိုဖြစ်စေတာကြောင့် ပိုနုပျိုတဲ့ ပုံဖြစ်သွားစေပါတယ်။

(၉) အပြုံးက အောင်မြင်သူတစ်ဦးလို ထင်ရစေတယ်

ပြုံးနေတဲ့သူတွေကို ကြည့်ရတာ ယုံကြည်မှုပိုရှိတဲ့ဟန်ပေါက်စေပြီး လုပ်ငန်းကိစ္စတွေမှာ စိတ်ချရတဲ့ပုံပေါက်စေပါတယ်။ အစည်းအဝေးတွေနဲ့ အရေးကြီးတဲ့ တွေ့ဆုံမှုတွေမှာ များများပြုံးလိုက်ပါ။ အရင်နဲ့မတူတဲ့တုံ့ပြန် မှုကို ရရှိလာပါလိမ့်မယ်။

(၁၀) အပြုံးက အကောင်းမြင်စေပါတယ်

ပြုံးပြုံးလေးနေရင်း တစ်ခုခုကို အဆိုးဘက်က တွေးကြည့်ဖို့ မလွယ်ပါဘူး။ သင်ပြုံးလိုက်တဲ့အခါမှာ ဦးနှောက် ဆီကို “ဘ၀က နေပျော်စရာကောင်းတယ်” ဆိုတဲ့ သတင်းပေးပို့မှု ရောက်ရှိသွားတာကြောင့် ဖြစ်ပါတယ်။

သူငယ်ချင်းတို့ အားလုံးလဲ ပြုံးပြုံးလေးနေရင်း စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုနဲ့ ပူပင်သောကတွေကို ဖယ်ရှားလိုက်ပါ။

😁
28/05/2019

😁

MMအရက်ပြန်ကို အသုံးချနိုင်သော အံ့သြဖွယ်ရာ နည်းလမ်းများ========================================အရက်ပြန်က အိမ်တိုင်းရဲ့ ဆေ...
28/05/2019

MMအရက်ပြန်ကို အသုံးချနိုင်သော အံ့သြဖွယ်ရာ နည်းလမ်းများ
====================
====================

အရက်ပြန်က အိမ်တိုင်းရဲ့ ဆေးသေတ္တာထဲမှာ ထားထားသင့်တဲ့ ပစ္စည်းပါ။ သူက ပိုးသတ်တာ၊ ချွေးပေါက်ကျဉ်းတာ၊ လင်နမင်လိုမျိုး အသုံးဝင်တာ၊ ပစ္စည်း မျက်နှာပြင်ပေါ်က ပိုးတွေကို သေစေတာတွေအတွက် ထိထိရောက်ရောက် အသုံးဝင်ပါတယ်။

သူက အခြေခံအားဖြင့် ပျော်ဝင်ပစ္စည်းဖြစ်တဲ့အတွက် ဖုန်မှုန်နဲ့ အဆီတွေကိုလည်း ပျော်ဝင်စေနိုင်ပါတယ်။ Isopropyl alcohol နဲ့ ရေနှင့်မက်သနော့ ရောစပ်ထားပြီး ဆေးရုံသုံးပစ္စည်းအပြင် အိမ်သုံးပစ္စည်းအဖြစ်လည်း အောက်ပါတို့အတွက် အသုံးပြုနိုင်ပါတယ်။

Swimmer Ear ကို ကာကွယ်ပေးခြင်း

အတွင်းနားထဲကို ရေ၀င်တဲ့အခါမှာ ရေပြန်ထွက်အောင် လုပ်ဖို့အတွက် ခက်ခဲနိုင်တာကြောင့် နားထဲကို ရောဂါပိုးတွေ ၀င်ရောက်နိုင်ခြေများကာ Swimmer Ear (နားပြည်တည်)ဖြစ်လာပါတယ်။ ဒီလိုမဖြစ်အောင် အရက်ပြန်က ကာကွယ် ပေးနိုင်ပါတယ်။ အရက်ပြန်က ရေထက် အငွေ့ပြန်လွယ်တာကြောင့်ပါ။ ရေ၀င်တဲ့ နားထဲကို အရက်ပြန်အနည်းငယ် ထည့်ပေးလိုက်ရင် ရေနဲ့ အရက်ပြန်ရောပြီး အငွေ့ပြန်သွားတဲ့အတွက် နားက ခြောက်သွေ့သွားပြီး ရောဂါပိုးမ၀င်အောင် ကာ ကွယ်ပေးပါတယ်။

ပြုလုပ်ပုံ – ရေ၀င်နေတဲ့ နားကို အပေါ်ဘက် ထားပြီး ဘေးစောင်းအိပ်ပါ။ အရက်ပြန်နဲ့ ရှလကာရည်ကို တစ်ဆစီ ရောထားတဲ့ အရည်ကို နားအစက်ချပြွန်နဲ့ နားထဲကို နှစ်စက်မှ လေးစက် ထည့်ပြီး ၁၀ မိနစ်စောင့်ပါ။ ပြီးရင် ရေထွက်အောင် နားကို တစ်ဖက်ပြန်စောင်းလိုက်ပါ။

ကုတ်ရာခြစ်ရာနှင့်ပြတ်ရှဒဏ်ရာကိုသန့်စင်နိုင်ခြင်း

အရက်ပြန်က ပိုးသတ်နိုင်တဲ့ဂုဏ်သတ္တိရှိတဲ့အတွက် ဒဏ်ရာမျက်နှာပြင်ပေါ်က ဘက်တီးရီးယားတွေ ထပ်မံပေါက်ဖွားမှုမရှိအောင် ကာကွယ်ပေးနိုင်ပြီး ရှိပြီးသား ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်ပါတယ်။ ကျုံ့စေတဲ့ ဂုဏ်သတ္တိလည်း ရှိတဲ့အတွက် သွေးတိတ်စေနိုင်ပါတယ်။

ပြုလုပ်ပုံ – ၀ါဂွမ်းအသုံးပြုပြီး ဒဏ်ရာပေါ်ကို အရက်ပြန်သုတ်လိမ်းပါ။ မိနစ် အနည်းငယ်ခန့်ထားပြီး အစိုဓာတ်လိမ်းဆေး ထပ်မံလိမ်းပေးပါ။ (အရက်ပြန်က အရေပြားခြောက်သွေ့နိုင်တဲ့အတွက် အစိုဓာတ်လိမ်းခရင်မ်ကို အသုံးပြုရပါမယ်)

ဝက်ခြံကိုကာကွယ်နိုင်ခြင်း

အရက်ပြန်ရဲ့ ရောဂါပိုးသေစေတာနဲ့ အေးစေတဲ့ ဂုဏ်သတ္တိကြောင့် ၀က်ခြံမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ မွေးညင်းပေါက်တွေကို ပိတ်ဆို့ထားတဲ့ ဖုန်မှုန့်တွေကို ဖယ်ရှားဖို့ အရက်ပြန်က ကူညီပေးနိုင်ပါတယ်။

ပြုလုပ်ပုံ – ၀က်ခြံဖုပေါက်တာကို သတိထားမိမိချင်း အဖုပေါ်မှာ အရက်ပြန် တို့လိုက်ပြီး ၁၀ မိနစ်ခန့်ထားထားပါ။ ပြီးရင် ရေနွေးနဲ့ ရေဆေးကြောပြီး အစိုဓာတ် ထိန်းခရင်မ်လိမ်းပေးပါ။ တစ်နေ့ နှစ်ကြိမ် အသုံးပြုနိုင်ပါတယ်။

IVY အဆိပ်တက်ခြင်းအတွက် ကုသနိုင်ခြင်း

IVY အပင် ဒါမှမဟုတ် တခြားနွယ်ပင်တွေကြောင့် အရေပြားယားယံပြီး နီရဲလာရင် အရက်ပြန်ကို အသုံးပြုနိုင်ပါတယ်။ အရက်ပြန်က အေးစေတဲ့ ဂုဏ်သတ်္တိရှိပြီး အရေပြားပေါ်မှ ပိုးတွေ သေစေနိုင်တဲ့အတွက် တခြားရောဂါပိုး တွေ မ၀င်ရောက်အောင်လည်း ကာကွယ်နိုင်ပါတယ်။

ပြုလုပ်ပုံ – စက္ကူပေါ်မှာ အရက်ပြန်ဆွတ်ပြီး အဆိပ်မိနေတဲ့ အရေပြားပေါ်မှာ သုတ်လိုက်ပါ။ အရေပြား လုံးဝခြောက်သွေ့သွားရင် ရေနွေးဆပ်ပြာနဲ့ ဆေးကြောပါ။ နှစ်ရက်၊ သုံးရက်အထိ ပြုလုပ်ပေးနိုင်ပါတယ်။

ခြေသည်းမှိုပိုးဝင်ခြင်းအတွက်ကုသနိုင်ခြင်း

ပိုးသေစေတဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် ခြေသည်းမှိုရောဂါအတွက်လည်း ကုသနိုင်ပါတယ်။ ခြောက်သွေ့လွယ်တဲ့အတွက် ပူနွေးစွတ်စိုတဲ့ ပတ်ဝန်းကျင်ကို နှစ်ခြိုက်ကြတဲ့ ဖန်းဂတ်စ်ပိုးတွေ ပေါက်ဖွားမှုကိုလည်း တားမြစ်ပေးနိုင်ပါတယ်။

ပြုလုပ်ပုံ – အရက်ပြန်နဲ့ ရှလကာရှည်ကို ဆတူရောထားပါ။ အဲဒီအရည်ကို ၀ါဂွမ်းဆွတ်ပြီး မှိုရှိနေတဲ့ ခြေသည်းပေါ်မှာ တင်ထားပါ။ ၀ါဂွမ်းနေရာမရွေ့အောင် ပတ်တီးနဲ့ ထိန်းထားပေးပါ။ မိနစ် ၃၀-၄၅ ခန့် ထားပြီး ခြေသည်းကို အမွေးနု သွားပွတ်တံနဲ့ ပွတ်တိုက်ကာ ရေဆေးချပါ။

ဦးခေါင်းမှသန်းများသေစေနိုင်ခြင်း

အရက်ပြန်က သန်းတွေကို ထိထိရောက်ရောက် သေစေနိုင်တဲ့ ဂုဏ်သတ်္တိရှိပါတယ်။

ပြုလုပ်ပုံ – သန်းရှိတဲ့ ဆံပင်ပေါ်ကို အရက်ပြန် အနည်းငယ် လောင်းချပါ။ ပြီးရင် သင့်လက်တွေနဲ့ ဦးခေါင်းအရေပြားနဲ့ ဆံပင်ပေါ် အရက်ပြန်တွေ နှံ့သွားအောင် ပွတ်ပေးပါ။ ၅-၁၀ မိနစ်ခန့် ထားပြီး ဆံပင်ပျော့ဆေးကို ဦးရေပြားအနှံ့ ပွတ်ပေးပါ။ ပြီးရင် ဘီးနဲ့ ဖြီးချကာ ခေါင်းလျှော်လိုက်ပါ။ တစ်ပတ် တစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

ခြင်ကိုက်ရာအတွက် အယားသက်သာစေခြင်း

အရက်ပြန်ဟာ ခြင်ကိုက်ဒဏ်ရာအတွက်လည်း အသုံးဝင်ပါတယ်။ ယားယံတာ၊ ရောင်ရမ်းတာနဲ့ နာကျင်မှုဝေဒနာတွေ သက်သာစေတဲ့အပြင် ခြင်ကိုက်ဖုလည်း အမြန်လျော့ကျသွားနိုင်ပါတယ်။

ပြုလုပ်ပုံ – ခြင်ကိုက်ဒဏ်ရာပေါ်မှာ အရက်ပြန်နဲ့ တစ်မိနစ်ခန့် နှိပ်ပြီး ပွတ်ပါ။ ၁၀ မိနစ်ခန့်ထားပြီး ရေအေးနဲ့ ဆေးချပါ။ ပြီးရင် အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးပါ။

ကွက်သားနာကျင်ခြင်းအတွက်ကုသနိုင်ခြင်း

အရက်ပြန်ကို လင်နမင်လို အသုံးပြုနိုင်တဲ့အတွက် ကြွက်သားကိုက်ခဲတာ ဒါမှမဟုတ် အဆစ်နာကျင်တာတွေအတွက်လည်း အလွန်အသုံးဝင်ပါတယ်။ ဒဏ်ရာရတဲ့ကြွက်သား ဒါမှမဟုတ် အဆစ်နေရာကို သွေးလှည့်ပတ်မှုကောင်းမွန်စေတဲ့အတွက် ဝေဒနာသက်သာသွားတာပါ။

ပြုလုပ်ပုံ – နာကျင်တဲ့ ကြွက်သားပေါ်မှာ အရက်ပြန်ပွတ်လိမ်းပါ။ ၁၀ မိနစ်ခန့် စက်ဝိုင်းပုံသဏ္ဌာန်နှိပ်ပေးပြီး မျက်နှာသုတ်ပ၀ါနဲ့ မိနစ် ၃၀ ခန့် ပတ်ထားပေးပါ။ တစ်နေ့ကို ၂-၃ ကြိမ် ပြုလုပ်နိုင်ပါတယ်။

မင်စွန်းရာကိုဖျက်နိုင်ခြင်း

အရက်ပြန်ဟာ အ၀တ် ဒါမှမဟုတ် ကော်ဇောပေါ်မှ မင်စွန်းရာတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

ပြုလုပ်ပုံ – မင်စွန်းနေတဲ့နေရာမှ စက်္ကူနဲ့ မင်စုပ်သွားအောင် ဖိကပ်ပေးပါ။ ပြီးရင် အရက်ပြန်ဆွတ်ပေးပါ။ အရက်ပြန်ဆွတ်လိုက်၊ စက္ကူနဲ့ ဖိပြီး စုပ်ယူလိုက်နဲ့ အ၀တ်မှာ မင်တွေ ကုန်စင်သွားတဲ့အထိ ပြုလုပ်ပေးပါ။ ပြီးရင် ရေအေးနဲ့ လျှော်ချလိုက်ပါ။ ကော်ဇောပေါ်မှ မင်စွန်းရာကို ဖယ်ရှားလိုရင် ဆပ်ပြာရည် နှစ်ဆ၊ အရက်ပြန် တစ်ဆ ရောစပ်ပြီး အသုံးပြုရပါမယ်။

မှန်များကိုကြည်လင်စေနိုင်ခြင်း

အရက်ပြန်ဟာ ခြောက်သွေ့နှုန်းမြန်ဆန်ပြီး စွန်းထင်းရာတွေ မကျန်နိုင်တဲ့အတွက် မှန်တွေကို ကြည်လင်စေဖို့ အသုံးပြုနိုင်ပါတယ်။ လက်ပ်တော့၊ ကီးဘုတ်နဲ့ ဖုန်းမျက်နှာပြင်တွေကိုလည်း အရက်ပြန်အသုံးပြုပြီး သန့်စင်နိုင်ပါတယ်။

ပြုလုပ်ပုံ – ရေ နှစ်ခွက်၊ အရက်ပြန် ခွက်ရဲ့ လေးပုံတစ်ပုံနဲ့ ရှလကာရည် ခွက်ရဲ့ လေးပုံတစ်ပုံတို့ ရောစပ်ထားတဲ့ အရည်ကို သင် သန့်စင်ချင်တဲ့ မှန်၊ ဖန်ခွက် အစရှိတာ တွေပေါ်မှာ ဖျန်းပြီး သတင်းစာ စက္ကူနဲ့ သုတ်ပေးပါ။

ဒေါက်တာခင်မိုးမိုး

==========

Address

No. 289/A, 29st, 62st*63st Between
Mandalay

Telephone

0931718608

Website

Alerts

Be the first to know and let us send you an email when Azure Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share